နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 30 April 2010

တွေးမိတဲ့အမေ့အကြောင်း

ဒီနေ့ အိမ်မှာ ရှမ်းခေါက်ဆွဲ လုပ်စားကြတယ်..။ အရင်တုန်းက အမေလုပ်တာ အခန့်သားစားလာခဲ့တာ ခုကိုယ်တိုင်လဲ လုပ်ရော အမေ့ရဲ့ စီမံခန့်ခွဲမှုတွေကိုလုံးဝမမှီသေးမှန်းသိလိုက်ရတယ်..။ ခရီးထွက်နေတဲ့ အမေ့ကို မြန်မြန်ပြန်လာ ဖို့ဆုတောင်းနေမိတယ်..။ ဒါပင်မဲ့ ကိုယ်တိုင်လုပ်လို့ အလုပ်ပြီးမြောက်သွားတဲ့ အခါ၊ အဖေနဲ့ အကိုတွေက မြိန်ရေယှက်ရေစားတဲ့အခါ ရလာတဲ့ ၀မ်းမြောက်မှု ကိုဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ခံစားမှုဖြစ်သွားတာတော့ သတိထားမိလိုက်တယ် ..။ အမေ့တုန်းကလဲ ဒီလိုပဲလားလို့ မဆီမဆိုင်တွေးလိုက်မိတယ်..:P မနက်စာ စားပြီးတော့ နေ့ခင်းနဲ့ ညနေမှာစားဖို့ ဟင်းချက်ဖို့တွေးလိုက်တာနဲ့တင် ခုဏကတွေးနေတာတွေ ဘယ်ပျောက်သွားမှန်းမသိတော့ဘူး..။အင်း..ဈေးသွားလိုက်အုံးမယ် ..။ရှမ်းခေါက်ဆွဲ အတွက်တန်ဆာပလာတွေက မနေ့ကတည်းက လုပ်ထားတာ ဆိုတော့ ဒီနေ့အတွက် ဘာမှမစီမံရသေးဘူးဖြစ်နေတယ်… အမေရယ်မြန်မြန်ပြန်လာပါတော့လို့ အသံထွက်ပြီး ငြီးလိုက်တော့ အဖေ နဲ့ အကိုကရီနေလေရဲ့..။ဈေးထဲ ရောက်တော့ အမေ၀ယ်နေကြဆိုင်တွေ မှာမ၀ယ်ပဲ ကြုံတဲ့ဆိုင်မှာ ၀ယ်လိုက်မိတယ်..အဲဒီမှာစတွေ့တော့တာပဲ..ကြက်သွန်နီ ၁ ပိသာ ၄၀၀ ပဲရှိတာကို ၅၀၀ နဲ့ဝယ်လာမိတယ်..စားမဲ့သူက အဖေရယ်၊ကိုကိုရယ်၊ကျွန်မရယ် ၃ယောက်ပဲစားမှာဆိုတော့ ကြက်သားက ဘယ်လောက်သားဝယ်ရမှန်းမသိတော့ ၄၀ သားဝယ်လိုက်တယ်..အိမ်ရောက်မှ ပြန်ချိန်လိုက်တော့ ၃၀ သားတောင်သိပ်မပြည့်ဘူးဖြစ်နေတယ်..ချိန်ကြည့်တာကလဲ အမေက အိမ်မှာကိုယ်ပိုင်ချိန်ခွင်ဝယ်ပြီးနေ့တိုင်း ချိန်နေတော့ အမေကိုအားကျပြီးချိန်လိုက်ကာမှ ကိုယ်အညာခံလိုက်ရမှန်းသိတော့တယ်..။ဒီနေ့အတွက်တော့ အိမ်ကတက်ချဉ်ရှိတာနဲ့ ကြက်ကတက်ချက်မယ်…ဘူးသီးဟင်းခါးချက်မယ်..ငံပြာရည်ချက်လေးချက်မယ်စိတ်ကူးလိုက်တယ်..။ ချက်လိုက်ပြုတ်လိုက်နဲ့ နာရီကြည့်လိုက်တော့..၁၁း၃၀ သွားတယ်..အမေတနေ့တနေ့ မီးဖိုချောင်ကနေမထွက်နိုင်ရခြင်းအကြောင်းကို ခုမှ ကိုယ်တိုင်ခံစားသိလိုက်ရတယ်… ဒါတောင်တခါတလေကျွန်မစားချင်တာတွေကိုအမေ့ကိုပြောပြီးချက်ခိုင်းနေတာတွေကိုမငြီးမငြူချက် ကျွေးနေတဲ့အမေကိုခုမှ ကျေးဇူးတွေလှိမ့်တင်နေမိတယ်..ကျွန်မ အမေကိုမှီဖို့တော်တော်ကြိုးစားရအုံးမယ်…။ ကျောင်းတွေပြန်ဖွင့်ခါနီးလေ ကျွန်မပိုမောလေဖြစ်တော့မှာကိုတွေးရင်း အမေကိုမြန်မြန်ပြန်လာဖို့ ဖုံးဆက်ပြောနေမိတယ်…။


Tuesday 27 April 2010

မိသားစု

မိသားစုမှာ
တစ်ယောက်တိုးလာရင် မသိသာဘူး
တယောက်လျှော့သွားကြည့် သိပ်သိသာတယ်
အဖေမရှိတော့
အဖေ့နေရာ ဘာနဲ့ အစားထိုးမလဲ
အမေမရှိတော့
မိဘရင်ငွေ့ ဘယ်အင်ဂျင်အနွေးဓာတ်နဲ့ ဖြည့်မလဲ
ကျန်ရစ်သူ ကျွန်တော်တို့ မောင်နှမ
ပြိုသွားတဲ့ ကမ်းတွေက
ကျွန်တော်တို့ဆီ ဘယ်တော့သောင်ထွန်းပါ့မလဲ
မျောနေတဲ့ တစ်ခြမ်းပဲ့လ
တစ်နေ့တော့ ပြည့်မဲ့လပြည့်ညမျိုး မဟုတ်ဘူး။
မိသားစုမှာ
ကြောင်နဲ့ကြွက်လို အစာအတွက် အသက်မလုဘူး ။
အကြီးမက မီးမွှေးရင် ကျွန်တော်က ထင်းရှာမယ်
အလတ်မက ချက်ပြုတ်ဖို့ ပြင်တယ်
ပြီးရင်လက်ရည်တပြင်တည်းပဲ
ငါတို့သွေး မကွဲဘူး စုန်းပြူးမပါဘူး ။
ငါ့ညီလေး အဝေးရောက်တယ်
ရောက်တဲ့ အရပ်ကစာပို့တယ်
ငါတို့မတွေတာ အနှစ် နှစ်ဆယ်
ဒါပင်မဲ့ ငါ့ညီဟာ ငါ့ညီပဲ ။
ငါလည်း အဝေးရောက်တယ်
အဖေနဲ့ မတွေ့တာ ၁၈ လ
အဝေးရောက်တော့မှ အဖေဆုံးတယ်
ရောက်တဲ့ အရပ်က အိမ်ပြန်တယ်
ကိုယ်ငွေ့တောင် မတွေ့တော့ဘူး
ဒါပင်မဲ့ ငါ့အဖေဟာ ငါ့အဖေပဲ ။
သုံးချောင်းထောကိတဲ့ စားပွဲ
တစ်ချောင်းကျိုးရင် လဲတယ်
ငါတို့ ရဲ့ခေါင်းခါးခြေလက်
ခြေထောက်ကျိုးရင် ခြေကျိုးလို့ခေါ်တယ်
လက်ပြတ်ရင် လက်ပြတ်လို့ခေါ်တယ်
လေးပင်စိုက်တဲ့ အိမ်
တစ်ဖက်နိမ့်လို့ မဖြစ်ဘူး ။ ။

ပင်လယ်ကမ်းခြေ

ပင်လယ်ဟာ
မသန့်တဲ့အရာ ဘာကိုမှ
သူ့ကိုယ်ထဲမှာ ကြာကြာမထားဘူးတဲ့
ကမ်းခြေမှာနေသူတဦးက ပြောဖူးတယ်
ဒါကြောင့်
ကမ်းခြေတစ်ဝိုက်မှာ
အမှိုက်သရိုက်တွေ
ခွေးသေကောင်ပုပ်တွေကို
တွေ့တွေ့နေရတာလေ
ပြီးတော့ ကမ်းခြေမှာ
ဘန်ဂလိုတွေရှိတယ်
ဘီယာဘူးခွံတွေရှိတယ်
ဘီကီနီ နဲ့ကောင်မလေးတွေလည်းရှိတယ်
ကျွန်တော်တို့တွေဟာ
ပင်လယ်ထဲမှာ
ခဏတာ ဆင်းစိမ်နိုင်ပင်မဲ့
အမြဲတမ်းအတွက်တော့
ကမ်းခြေပေါ်ကိုပဲ
ပြန်ပြန်တက်ခဲ့ရတယ်မဟုတ်လား..။ ။

မင်းချစ်သူ(ရုပ်ရှင်တေးကဗျာ)

ကျွန်မ နှင့် ကျွန်မ မိသားစု

ကျွန်မက နှင်းမိုးမိုး ပါ..အဖေက ဗမာ၊ အမေက ကချင်မစစ်စစ်ပေါ့..အဲကျွန်မကတော့ အောက်ကလိအာပေါ့… :P ဘာလုပ်လဲလိုမေးရင် ခုထိကျောင်းသူ လုပ်နေပါတယ်… ကျောင်းကတော့နည်းပညာတက္ကသိုလ်(မှော်ဘီ) မှာ (Electronics Communication) ဆိုတဲ့ Field ကိုအထူးပြုပြီး B-Tech ဒုတိယနှစ်တက်နေပါတယ်…ကျောင်းပြီးဖို့ ၁ နှစ်ခွဲလောက်လိုပါသေးတယ် (ကျောင်းသူ ၁နှစ်ကျော်ကျော် လောက်ထပ်လုပ်ရအုံးမှာပါ :P) ။ ခုပြောချင်တာက နားလည်မှုနဲ့တည်ဆောက်ထားတဲ့ ကျွန်မမိသားစုအကြောင်းပြောချင်ပါတယ်။ ကျွန်မ အဖေက ဗမာဗုဒ္ဒ ဘာသာ ပါ…အဲအမေ ကတော့ ကချင်စစ်စစ်ဆိုတော့ ခရစ်ယာန်ပေါ့နော်.. ပြီးတော့ ကျွန်မ မှာ အကိုကြီးပဲ ၄ ယောက်ရှိပါတယ်.. ။ ကျွန်မက တဦးတည်းသောအငယ်ဆုံးသမီး ပါ..။ ကျွန်မ အကိုအကြီးဆုံး ၂ယောက်က ဗုဒ္ဒဘာသာ ကိုကိုးကွယ်ပါတယ်..ကျန်တဲ့၂ယောက်ကတော့ ခရစ်ယာန်ပေါ့…ဒီလို ဝေမျှပြီး ကိုးကွယ်ကြတာမဟုတ်ပါဘူး.. အဖေ နဲ့ အမေက လွတ်လပ်စွာ ရွှေးချယ်ခွင့်ပေးထားပါတယ်..။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ကိုးကွယ်ကြတာပါ..။ အဲ..တဦးတည်းသော သမီးဖြစ်တဲ့ ကျွန်မ အလှည့်ရောက် တော့ ကျွန်မ အတွက် ဆုံးဖြတ်ရ ရွှေးချယ်ရ ခက်ခဲပါပြီ ။ အရင်တုန်းက ဆိုရင် ကျွန်မက ၂ ဘာသာကိုးကွယ်ပါတယ်..အမေခေါ်တဲ့နောက်လိုက်ရင် ခရစ်ယာန်ပေါ့.. အဖေအမျိုးတွေဆီသွားရင် ကျွန်မက ဗုဒ္ဒဘာသာ ပေါ့..။ငယ်ငယ်က ဆိုကျွန်မ Sunday school အပတ်တိုင်းတက်ပါတယ်..။ ပြီးတော့ ဗုဒ္ဒဘာသာ ယဉ်ကျေးမှုသင်တန်းကို Advance level ထိတက်ပြီးပါပြီ ။ကျွန်မ ၈ တန်းအောင်ပြီး ၉ တန်းတက်တဲ့ အချိန်မှာ အဖေ နဲ့ အမေ ကကျွန်မကို တခုခု ကိုရွေးဖို့ ပြောလာပါတယ်… ကျွန်မအတွက် တော်တော်ခက်ခဲပါတယ် ..ပြီးတော့ ကလေးအတွေးတွေးမိပါတယ်.. ကျွန်မ ဗုဒ္ဒဘာသာကိုများ ရွေးချယ်ခဲ့ ရင် အမေ နဲ့ အကို ၂ ယောက်က ကျွန်မကို မချစ်တော့မှာလဲ စိုးရိမ်မိခဲ့ပါတယ် …အဲ ခရစ်ယာန် ကိုများရွေးခဲ့ရင်လဲ… ပြီးတော့ ၂ ဘာသာစလုံးရဲ့ အနှစ်သာရတွေကလဲ တူမလိုနဲ့ ကွဲနေပါတယ်…(ကျွန်မရဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို ပိုစ့်တခုသတ်သတ်ရေးပါမယ်)။
ကျွန်မ အဖေ နဲ့ အမေ က ကျွန်မကို ဒီစကားပြောပါတယ်..တသက်လုံးမမေ့နိုင်တဲ့ စကားပါ “သမီးဘာ ဘာသာပဲ ကိုးကွယ် ကိုးကွယ် အဖေနဲ့အမေက သမီးကို အချစ်မလျှော့ပါဘူး..။ပြီးတော့ သမီး ကိုကိုတွေကလဲ သမီးတူတူပဲ ဆက်ချစ်နေမှာ ပါပဲသမီး..“ အဲတုန်းက ကျွန်မ ငိုခဲ့ပါတယ်… ကျွန်မအပေါ်ထားရှိတဲ့ ချစ်ခြင်းတွေကို ခံစားမိလို့ပါ..။ဒီမိသားစုလေးထဲမှာ လူဖြစ်ခွင့်ရတာကြောင့် ကျွန်မ ဒီလောကကြီးမှာ နေပျော်ပါတယ်..။ခုတော့ ကျွန်မ မိသားစုလေးမှာ Sunday တိုင်း church တက်တဲ့ အမေ နဲ့ အကိုတွေရှိသလို လပြည့်နေ့တိုင်း အဖေက ဘုရားသွားပါတယ်… ကိုးကွယ်ယုံကြည်မှု မတူပင်မဲ့ နားလည်မှုဆိုတဲ့ စိတ်ရင်းတွေကို အရင်းခံပြီး အားလုံးကို ပုံမှန်အတိုင်းဖြတ်သန်း နေပါတယ်..။
ဒ်ီအကြောင်းကကျွန်မခံစားမိသမျှကို မရေးတတ် ရေးတတ်နဲ့ ရေးထားတာပါ..။ ကျွန်မက ခုထိကျောင်းသူပါ… အားလုံးကို လေ့လာသင်ယူနေဆဲပါ… လိုအပ်ချက်များရှိခဲ့မယ်ဆိုရင် သင်ပေးကြပါ…အားမနာတမ်းဝေဖန်ပေးကြပါ…

Sunday 25 April 2010

မျှော်လင့်ခြင်း

လူသားအားလုံး မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေကြတယ်တဲ့…၊
လူတွေကအသက် ၂၀ မှာ အချစ်ကိုမျှော်လင့်ကြတယ်။
အသက် ၃၀ မှာ လက်ထပ်ခြင်းကိုမျှော်လင့်ကြတယ် ။
အသက် ၄၀ မှာ အောင်မြင်မှုကို မျှော်လင့် ကြတယ် ။
အသက် ၅၀ မှာကြွယ်ဝမှုကို မျှော်လင့်ကြတယ် ။
အသက် ၆၀ မှာ အေးချမ်းမှု ကိုမျှော်လင့်ကြတယ် ။
အသက် ၇၀ မှာ စိတ်ချမ်းသာမှုကိုမျှော်လင့်တယ် ။
အသက် ၈၀ မှာအိပ်စက်ပြီး ပြန်နိုးထဖို့ကိုမျှော်လင့်ကြတယ် ။
အခုရောက်နေ တဲ့အသက်တာမှာ ကျွန်မ တို့တွေဘာ ကိုမျှော်လင့် ရင်း နဲ့အသက်ဆက်ရှင်ကြမလဲ ။ကုန်ဆုံးခဲ့ တဲ့အတိတ် ဆယ်စုနှစ်ကို ပဲပြန်တမ်းတနေမလား…?
မရောက်လာသေးတဲ့ ဆယ်စုနှစ်တွေ ကိုပဲမျှော်နေကြမလား…. ? ဘာတွေကိုမျှော်လင့်ကြမလဲ……..
အချစ် ၊ လက်ထပ်ခြင်း ၊အောင်မြင်ခြင်း ၊ ကြွယ်ဝမှု ၊ အေးချမ်းမှု ၊ စိတ်ချမ်းသာမှု ၊ပြန်နိုးထဖို့…
တခုခုတော့မျှော်လင့်နေရမှာပဲလေ..။အဲဒါတွေကပဲ ကျွန်မတို့ ဘ၀ကိုအဓိပ္ပါယ်ရှိစေတာလား…
အင်းပေါ့လေ…အဲဒါတွေကပဲဘ၀ကိုနေပျော်စေတာမလား.....အဲဒီမှာစဉ်းစားစရာတွေရှိလာပြီ ကျွန်မတို့ဘ၀ကို နေပျော်အောင်နေမလား ။ အဓိပ္ပါယ်ရှိအောင်နေကြမလား ။ကျွန်မကတော့ အဲဒီ ၂ ခုကိုစဉ်းစားရင်း တွေဝေနေမိတယ် ။လောကီလူသားဖြစ်နေတော့ လောဘကြီးနေမိတယ် ။ပြီးတော့လဲ စဉ်းစားနေမိတယ်…ဘယ်အရာတွေက ဘ၀ကို အဓိပ္ပါရှိစေတာလဲ ဆိုတာ……
သင့်အနေနဲ့ဆိုရင်ကော သင့်ဘ၀ ကိုဘယ်လိုအသက်ရှင်ထိုင်သွားမလဲ…? အဖြေတခုခုတော့ရှိမှာပေါ့နော်….
ကျွန်မကတော့ တွေဝေမိန်းမောနေဆဲပဲ……
ဒီပိုစ့် ကိုစိတ်ရှည်ရှည်ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်…..

Someone is Thinking of You

Though you area miles from the home that you love ---a strange soil beneath you, a strange sky above . . . Morning and evening and all the through. Someone is thinking of you.

In the danger and weariness, peril and pain. In moments of doubting when faith seems in vain. Forget not those things that are lovely and true. Someone is thinking of you.

Someone remembers, and somebody cares. Your name is whispered in somebody’s prayers. Keep the bright hope of the future in view. Someone is thinking of you.

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...