အခုတလောရွှေပြည်ကြီးမှာtop ဖြစ်နေတဲ့သီတင်းကတော့ဆင်ဖြူရတနာသတင်းလေ ၊ ဒီသတ္တ ၀ါကြီးတွေကလဲ ၊ တော်တော်လေးကို မနေတတ်မထိုင်တတ်တာပါ ၊ ဒါနဲ့ဆိုလေးကောင်ရှိပြီလေ ရွှေတို့နိုင်ငံဟာ ဆင်ဖြူတော် ပေါသမို့ ရေအင်မတန်ငတ်ကျတယ် ၊ ဆန်ဈေးလဲအင်မတန်ကြီး တယ် ၊ ပိုက်ဆံအရွတ်ကြီးတွေလဲ ခဏခဏထွက်တယ် ၊ အင်းလေးမှာလဲ ရေခန်းလိုက်တာမှ လှေ နဲ့မလည်ဘဲ ၊ မော်တော်ကားနဲ့တောင်လည်ဘို့ကောင်းနေပြီ ၊ မင်းဘူးဦးသြဘာရေးတဲ့ဝေဿန္တ ရာဇာတ်တော်မှာ ၊ ဆင်ဖြူရတနာ ကြီးကြောင့် မိုးတွေရွာပြီး တိုင်းခန်းပြည်ရွာသာယာလို့ ၊ ဝေဿ န္တရာမင်းကြီးဆီက အလှူခံသွားတဲ့ ဆင်ဖြူတော်ကြီးကို ပြန်လာပို့ပေးတာဖက်လိုက်ရဘူးသေး တယ် ။
ဒီဆင်ဖြူတော်တွေကတော့ဘယ်လိုတန်ခိုးရှိတယ်မသိဘူး ၊ ကျောက်တော်ကြီးမြတ်စွာသီတင်းသုံး တဲ့ကျောင်းတော်နားမှာ အဆောင်နဲ့အယောင်နဲ့ထားတဲ့ ဆင်ဖြူဆိုတာကြီးကတော့ဘုရားဘက် ဖင်လှည့်ပြီး ချီးပါတယ် ၊ သူ့ကိုဖမ်းမှိတာ ဘယ်ကညာကနဲ့ သတင်းစာတွေကလိမ်ကြပေမဲ့ သူ့ ရဲ့မူရင်း က ဟို ဘင်္ဂလားဒေရှ့် နယ်စပ် စစ်တစ်ကောင်းနယ်ကမိလာတာ အဲဒီနိုင်ငံကတော့မသိ ဘူး ၊ ဆင်ဖြူရတနာကြီးမှိတဲ့ စစ်တကောင်းနယ်စပ်ကိုတော့ ထိုင်းကလူတွေက လူ့ငရဲပြည်လို့ ခေါ်ကြတာ ငတ်ကြပျက်ကြလွန်းလို့ ၊ လူတွေခေါင်းရှိရင်စဉ်းစားဘို့ကောင်းတယ် ဆင်ဖြူရှိတဲ့ အဲဒီနယ်တောင်ငတ်နေတာ ၊ ဒီဆင်ဖြူကိုဒေါ်လာနဲ့ဝယ်လာပြီး ဘုရားဘေးမှာ အဆောင်နဲ့ထား လိုက်တော့ တိုင်းပြည်က ဆန်ပေါမယ် ရေပေါမယ် မိုးရွာမယ်ဆိုတော့ ကြည့်လုပ်ကြကိုယ့်လူ တို့ မိုးလုံးပြည့်မုသာဝါဒီထဲပါကုန်ကြမယ်နော ။
သမန္တစက္ခုဒီပနီကျမ်းကိုရေးသားပြုစုတော်မူတဲ့ မုံရွေးဆရာတော်ဘုရားရေးစပ်တဲ့ကုသပျို့ထဲ မှာ ဆင်ဖြူ ၁၂ မျိုး ရတနာသရဘူ ၊ ရတနာပလ္လင် ၊ ရတနာကကျည်း ၊ ရတနာထောက်ရှည် ၊ ရတနာ ပြဿဒ် ၊ ရတနာပိန်း ၊ ရတနာမုံ ၊ ရတနာဆုပ် ၊ ရတနာကြံဆင် ၊ ရတနာယပ် ၊ ရတနာကြန်စုံ ဆို ပြီး ၁၂ ပါးတဲ့ အချို့သော ဆင်တွေဟာ မဲနေပေမဲ့ အထက်ပါလက္ခဏာ တွေထဲက တခုခုနဲ့ညီနေ ရင် ဆင်ဖြူလို့သာသက်မှတ်ရသတဲ့ ၊ ကျောက်တော်ကြီးမြတ်စွာနားက ဆင်ဖြူကြီးကတော့ရတ နာကြန်စုံ တဲ့ ကြန်တော့မသိဘူး ကြံတော့တော်တော်ကြိုက်တယ် ကြံဘိုးကြီး သိန်း၁၃၀၀ကျော် ရှိတဲ့ မီလျှံနာဆင် သူ့ဓာတ်ပုံကိုရိုက်ပြီး တပုံကို၃၀၀၀နဲ့ရောင်းစားတာ လက်မလည်ဘူး ၊ မော်ဒ ယ်ဂဲလ်ဆင်လို့လဲဆိုနိုင်သပေါ့ဗျာ ၊ ဆင်ဖြူရတနာတွေရဲ့ဂုဏ်ရည်တွေထဲမှာ စစ်ပြည်ငြိမ်းစေ တတ်ခြင်း ၊ ဆန်ရေစပါးပေါများခြင်း ၊ ရာသီဥတုသာယာခြင်း ၊ ပြည်သူပြည်သားတွေစိတ်နှလုံးငြိမ်း အေးခြင်းတဲ့ကဲကြည့်ကြအုံး ၊ အဲဒါတွေနဲ့ညီကြရဲ့လား ၊ နယ်စပ်မှာ သေနတ်သံတွေနေ့တိုင်း ကြားနေရတယ် ၊ နာဂစ်တိုက်တယ် ကံကောင်းလို့ဆင်ဖြူပါ မသာပေါ်တော့မလို့ ၊ ဆန်ရေစပါး ဟားဟား ၊ ဆန်ဝယ်ဘူးတဲ့လူတိုင်းသိတယ် ၊ ကဲ ရေကြတော့လဲ ဒီနှစ်တော်တော်ငတ်တယ် ဆင် ဖြူတကောင်ရှိရင် ၊ ဒါတွေကပြည့်စုံရမဲ့ဟာ အခုဟာကလေးကောင်မြောက်ဆင် ၊ ဒီဆင်ဖြူ လား ခရုသင်းစွဲတဲ့ဆင်လား မက်ခရုပေါက်တဲ့ဆင်လား ထုံးသုတ်တဲ့ဆင်လား မသိဘူးလေဗျာ ကြေးမုံ နဲ့မြန်မာ့အလင်းအလိုအားဖြင့်ကတော့ ဆင်ဖြူရတနာဆိုသကိုး ၊ ဆင်ဖြူရောက်ပြီးမကြာဘူး ပဲခူး တိုင်းထဲက ဘုရားကြီးရွာနားမှာ ကြွက်တွေစပါးပင်တွေကိုက်လို့တဲ့သတင်းတွေဖက်ရတယ် ၊ စဉ်း စားကြပါအုံးဗျ ၊ ဆင်ဖြူတော်တန်ခိုးပေလား ဘာလာညာလား ၊ အခုလဲသီတင်းစာမှာ ဖက်လိုက်ရ ပြန်ပါပြီ ၊ ဆင်ဖြူတော်များပေါများခြင်းကြောင့် ဆန်ရေစပါးပေါများခြင်း ၊ ဘုန်းကံကြီးခြင်း ၊ စစ်ပြေ ငြိမ်းခြင်း ၊ ဘာခြင်းညာခြင်းနဲ့ ဘာမှတော့မပြောချင်တော့ပါဘူး ၊ ငယ်ငယ်တုန်းကဆိုခဲ့တဲ့ကဗျာ လေးကိုဘဲ ဆိုချင်ပါတယ် ၊ အာလူးလာမပေးနဲ့ လေနဲနဲရှော့ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင် များ...........။
