ပုတ် သယ်ဗျို့ ပုတ်သယ် … ။ ပုတ်တွေ ၀ယ်ကြအုံးမလား ။ ပုတ်တွေ တစ်နေကုန်တစ်နေခမ်း ရောင်းပေမဲ့ တစ်လုံးမှမရောင်းရလို့ စိတ်တော်တော်ပျက်နေတာ ၊ အခုလဲ ဒီလမ်းဆုံးလို့မှ ခေါ်သူမရှိရင် မင်းတန်းဘက် သွားရောင်းရအုံးမယ် ။ ပုတ်တွေ ပုတ်တွေ ၀ယ်ကြအုံးမလားဗျို့ ။ ဒီနေ့သာ မရောင်းရရင်တော့ စားဝတ်နေရေးခက်လိမ့်မယ်ထင်တယ် ။ အိမ်က မိန်းမကလဲ သိပ်ကြည်တာမဟုတ်ဘူး ။ အင်းမရောင်းရဘဲ အိမ်ပြန်သွားရင်တော့ ဘယ်လိုချော့ရပါ့မလဲ ။
(ဟိတ်) ရပ်စမ်း ။
အလို တံခါးမှူးကြီးပါလား ။ ဘာကိစ္စပါလဲ ။
မင်းဒါဘယ်နေရာလဲဆိုတာ မသိဘူးလား ။
ဟိုက်! ငါတော့သွားပြီး ဘုရင့် နန်းတော်ရှေ့ သွားရောင်းမိပါရောလား ။ ဒုက္ခဘဲ ကဲလာမဲ့ဘေး ပြေးတွေ့ ဟန်ကိုယ့်ဘို့မလား ။
ဟုတ် သိပါတယ် ခင်မျာ ၊
သိရင် ဘာလို့ရောင်းတာလဲ ။
ဖမ်းလိုက်ရမလား ၊ ဘာလား ညာလား မလုပ်ပါနဲ့ခင်မျာ ၊ နန်းတော်ရှေ့ ရောင်းချင်လို့ လာရောင်းတာ မဟုတ်ပါဘူးခင်မျာ ။ ကျွန်တော့ပုတ် တွေကထူးလို့ပါ ။
အောင်မယ် ရာရာစစ ဘာထူးတာတုန်း ။ မင်းပုတ်က ပြောစမ်း ၊
ဟာ မပြောနိုင်ဘူး ခင်မျ ၊ ဘုရင့်ရှေ့ ရောက်မှပြောပါရစေ ။ ဟုတ်တယ်လေဗျာ ဘုရင်မသိဘဲ အောက်ကလူတွေ လုပ်ချင်တိုင်းလုပ်နေတာ ဗွတ်ကြမ်းနေပြီမို့လား ။ စိတ်ထဲကလဲအဲလိုတွေးပြီး ကြောက်စိတ်ကိုဖျောက်… (ပုတ်သာရောင်းတာနော် ပညာရှိတယ်။)
ဟုတ်ကဲ့ ကျွန်တော့်ကို ဘုရင့်ရှေ့ပို့ပါ ။ ဆုလာဒ်တွေ ရတဲ့အခါ မမေ့ပါဘူး တံခါးမူးကြီးရယ် ။
အေးလေ ဘုရင့်ရှေ့ရောက်လို့မှ သက်သေမပြနိုင်လို့ကတော့ မင်းထိုက်နဲ့ မင်းကံဘဲ ။ ငါလျှောက်တင်ကြည့်မယ် ။
နေရာ ----နေပြည်တော် ရာဇာသနပလ္လင်
တည်ရှိရာ---ဖန်နန်းဆောင်အတွင်း ၀န်ကြီးချုပ်နဲ့တကွ ရေ၀န် ၊ ကင်းဝန် ၊ နယ်စား ၊ပယ်စား ၊ မူးကြီးမတ်ရာသေနာပတိ မင်းကြိုက်ဆောင် မင်းမြောင်ပါမကျန် ၊ မျက်နှာအောက်ချ ပြားပြာဝပ် အရိုသေပေးကြရင်း ဘုရင့်မင်းမြတ်ရဲ့ စကားသံကိုနားစွင့်နေကြ လေရဲ့ ။
ဟဲ့ ပုတ်ရောင်းသမား မောင်မင်း ပုတ်တွေက ထူးဆန်းလို့ဆို ။
မှန်လှပါ ရွေနန်းကျော့ရှင်ဘုရင် ထီးဘုရားဘုရာ့ ။ ဘုန်းတော်ကြောင့် ဘုရား ကျွန်တော်မျိုး ပုတ်များ ထူးဆန်းတော်မူကြောင်းပါဘုရား ။
အေးဟုတ်ပြီး ။ ထူဆန်းတဲ့အကြောင်း အမြန်လျှောက်တင်စမ်းဟဲ့ ၊
မှန်လှပါဘုရား ဖရာ့တပည့်တော်ရဲ့ ပုတ်ထဲ ကိုဝင်ကြည့်မယ်ဆိုရင် အထက်ကိုကြည့်ရင် နတ်ပြည်ခြောက်ထပ် မြင်ရပါသဖရာ့ ။ အောက်ကိုကြည့်ရင် မဟာအ၀ီစိငရဲတိုင် မြင်ရပါ့တယ် ဖရား ။
ဒါပေမဲ့ မိစစ်ဖစစ်က မွေးတဲ့သူတွေသာ မြင်ရပါမယ်ဘုရား ။ မိမစစ် ဖမစစ်တွေဆို မမြင်နိုင်ကြောင်းပါ ဘုရား ။
ဟေ …မောင်မင်းများ
(((ဘုရား )))
အင်မတန်ထူးဆန်းတဲ့ ပုတ်ပေဘဲ မာင်မင်းများရဲ့ ၊
မှန်လှပါ ဘုန်းတော်ကြောင့်ပါဘုရား ။
ကဲ ဟုတ်မဟုတ်သိရအောင် ၀န်ကြီးချုပ်ဖြစ်တဲ့ သိန်းအမတ်ချုပ်ကြီးက စတင်ကြည့်ရှုစေဗျား ။
သိန်းအမတ်ကြီးလဲ ပုတ်ထဲ လေးဘက်ထောက် ၀င်သွားပြီး အထပ်ကိုမော့ကြည့်တယ် ဘာမှမမြင်ဘူး ၊ အောက်ကိုငုံ့ကြည့်တယ် ဘာမှမမြင်ပါဘူး ၊ အဲဒီတော့ သိန်းအမတ်ကြီး ဒုက္ခရောက်ပြီလေ ၊ မမြင်တာကို မမြင်ဘူးပြောလဲ မိမစစ်ဖမ စစ်ဆိုပြီး ငါလဲအရှက်ရ ငါ့မိဘလဲအရှက်ရ ။ အင်း မထူးပါဘူးလေ ။ ပုတ်ကိုမ အပြင်ကိုပြန်ထွက်လာတော့ ၊
သိန်းအမတ်ချုပ်ကြီး ဘယ့်နဲ့လဲဗျ မြင်ခဲ့ရလား ။
မှန်လှပါ အထက်နတ်ပြည်ခြောက်ထပ် ၊ အောက်ငရဲကြီးရှစ်ထပ် မြင်ခဲ့ကြောင်းပါဖရာ့ ။
အယ် ဟုတ်ကဲ့လား…သိန်းမအမတ်ကြီးရဲ့ ။
မှန်လှပါ ဘုန်းတော်ကြောင့်မြင်တွေ့ခဲ့ရြေ ကာင်းပါဘုရား ။
အော် တော်တော်ထူးဆန်းတဲ့ ပုတ်ပေဘဲ မောင်မင်းရဲ့ ။ ကဲ ကင်းဝန်တို့ ၊ လေ၀န်တို့ ၊ ရေ၀န်တို့လဲ ၀င်ကြည့်ကြပါအုးံဟဲ့ ။ အစဉ်လိုက်ဝင်သွားပြီး ကြည့်လိုက်ကြတာ တစ်ယောက်မှ မတွေ့ခဲ့ပေမဲ့ တစ်ယောက်မှ မမြင်ဘူး မပြောဘူး ။ အကုန်မြင်ပါတယ်ဘုရား ။ ဘုရင့်ကို ညာကြ ဘုရင်ကလဲ အဟုတ်မှတ်ပြီး မင်းကြိုက်ဆောင် မင်းမြောင်များက
ရွှေနန်းကျော့ရှင် ဘုရင်ဥက္ကဌ ရွှေကိုယ်တော်ကြီး အလှည့်ရောက်ကြောင်းပါဖရာ့ ။
အိမ်းလကွာ ၀င်သပေါ့ ။ ရွမ်း…ရွမ်း…ဗိန်း… စည်တော်တီးပြီး ပုတ်ထဲဝင်သွား အထပ်မော့ကြည့်တော့လဲ ဘာမှမမြင် ၊ အောက်ကြည့်တော့လဲ ဘာမှမမြင် ဘုရင်ကသံဝေဂ ဖြစ်သွားတယ် ။ အော် ဒီထဲရောက်ရင် ဒီလိုဘဲ လိမ်စားနေကြတာပါလား ဟုတွေးရင်း ထွက်လာလို့မှ မမြင်ပါဘူး လို့ပြောပြန်ရင်လဲ ငါလဲသိ က္ခာကျ ငါ့မိဘလဲသိက္ခာကျ အင်းကြည့်လုပ်မှဖြစ်မယ်ဟု တွေးရင်း ၊ အမတ်ချုပ်ကြီးအပါဝင် ဒီထဲ ရောက်ဘူးတဲ့ လူအားလုံးကလဲ ငါတို့ကတော့ စားဝတ်နေရေး အသက်အိုးအိမ် စည်းစိမ်တွေကြောင့် ညာရတယ် ။ ဘုရင်ဥက္ကဌရွှေကိုတော်ကြီး ကတော့ ဘယ်လိုများ ဖြေပါလိမ့်မလဲ မေးလျှောက် ကြည့်လိုက်အုံးမှ…
မှန်လှပါ ရွှေငွေသလင်းပယင်းဒုတ္ထာ စင်္ကြာများအရှင် ၊ ဆင်ဖြူများသ္ခင် ၊ လက်နက် များရဲ့ အရှင်ဖြစ်တော်မူသော ဘုရင်ဥက္ကဌရွှေကိုတော်ကြီးဘုရား ၊ မြင်တွေ့တော်မူရဲ့လားဖရာ့ ။
အိမ်း ငါလဲမင်းတို့လိုဘဲ မြင်ပါတယ်ဗျား…………..။
မရွှေနှင်းရေ ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ။
ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ …။
