နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, 24 July 2010

laptop တစ်လုံး ၃၅ ၀ယ်ထားကြပါလား


မယုံလျှင်ပုံပြင်မှတ်လိုက်ကြပါတော့ခင်မျာ ၊22.7.2010 နေ့ရဲ့APသတင်းတပုဒ်မှာ ၊ ၃၅ဒေါ်လာ တန်ဒေါ်တန်laptopလုံးကို အိန္ဒိယသိပ္ပံပညာရှင်များ တီထွင်လိုက်တဲ့အတွက် ကမ္ဘာပေါ်ရှိ ဆင်းရဲမွဲ တေနိုင်ငံများအပြင် ၊သန်းပေါင်းများစွာသော အိန္ဒိယကျောင်းသားများအတွက်ပါ ကွန်ပျူတာသုံးပြီး စာသင်နိုင်ဘို့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်..။
Tablet PC အမျိုးအစား Computer Screen ကို လက်နဲ့နှိပ် အသုံးပြုနိုင်တဲ့ ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်သလို Online ပေါ်မှာ ကိုယ့်ရုပ်ပုံကို တဖက်ကမြင်ပြီး တိုက်ရိုက် အပြန်အလှန် စကားပြောနိုင်ကြမယ့် Video chat လဲ လုပ်လို့ရမယ်လို့ အိန္ဒိယ လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဝန်ကြီး Kapil Sibal က ပြောပါတယ်။
အခုနောက်ဆုံး ရေပန်းစားနေတဲ့ iPad ပုံစံမျိုး ဒီ Computer ဟာ နေစွမ်းအင်နဲ့လဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Linux software ကို အခြေခံတဲ့ကွန်ပြူတာကို အိန္ဒိယနည်းပညာသိပ္ပံနဲ့ အိန္ဒိယ သိပ္ပံ သုတေသနအဖွဲ့တို့ ပေါင်းပြီး ထုတ်လုပ်တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အပြီးအစီး ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအခါကျရင် ကွန်ပျူတာ တန်ဖိုးကို ၁၀ ဒေါ်လာအထိ တဖြည်းဖြည်း ချနိုင်အောင်လုပ်သွားဖို့ အစီအစဉ် ရှိတယ်လို့ ဝန်ကြီး Sibal ကပြောပါတယ်။
အိန္ဒိယ တစ်နိုင်ငံလုံးပညာတတ်ရေး အစပြုဆောင်ရွက်မှုအရ ဈေးပေါတဲ့ Laptop computer တွေကို ထုတ်လုပ်မှာဖြစ်ပါတယ်။ နိုင်ငံတဝန်းက ကောလိပ်ကျောင်းပေါင်း၂၅,၀၀၀ကျော်တက္ကသိုလ်၅၀၄ခုမှာလဲ မြန်နှုန်းမြင့် Broadband အင်တာနက်ဆက်သွယ်မှုကို ချိတ်ဆက် တပ်ဆင်ပေးဖို့လဲ အစီအစဉ် ရှိပါတယ်တဲ့ ။
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့လေဗျာ ၊ လက်တော့တလုံးကို၃၅ဒေါ်လာဆိုတာကတော့ ဟုတ်ဟုတ်မဟုတ် ဟုတ် ၊ ပျော်စရာပေမို့လား ၊ ဇေကတော့မြန်မာနိုင်ငံက ချက်တင်သမားတွေအတွက် သိပ်ဝမ်းသာ ပါတယ် ၊ အားလုံးလဲကြိုဆိုကြမယ်လို့ ထင်ပါတယ် ၊ အမြန်တီထွင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါ ကြရအောင် လားခင်မျာ ၊ ရွှေတို့နိုင်ငံက စက်မှုစွမ်းအားခေတ်ကျော်လွှားဆိုပြီး ပေါက်ပြားတွေ ၊ ဒန်အိုးတွေ ၊ဘဲလုပ်နေ လို့ကတော့ခေတ်ကိုဘဲ စက်မှုကကျော်လွှားသွားနိုင်သပေါ့ဗျာ laptopတလုံး ၃၅ဒေါ်လာနဲ့တော့ ဇေတို့သေ တောင်လုပ်နိုင်ပါ့မလား ဟက် ဟက် ဟက် ၊ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါ…။

ဘိုလိုဖတ်ချင်ရင်တော့ဒီမှာဖတ်လိုက် 

MUMBAI, India – It looks like an iPad, only it's 1/14th the cost: India has unveiled the prototype of a $35 basic touchscreen tablet aimed at students, which it hopes to bring into production by 2011.
If the government can find a manufacturer, the Linux operating system-based computer would be the latest in a string of "world's cheapest" innovations to hit the market out of India, which is home to the 100,000 rupee ($2,127) compact Nano car, the 749 rupees ($16) water purifier and the $2,000 open-heart surgery.
The tablet can be used for functions like word processing, web browsing and video-conferencing. It has a solar power option too - important for India's energy-starved hinterlands - though that add-on costs extra.
"This is our answer to MIT's $100 computer," human resource development minister Kapil Sibal told the Economic Times when he unveiled the device Thursday.
In 2005, Nicholas Negroponte - co-founder of the Massachusetts Institute of Technology's Media Lab - unveiled a prototype of a $100 laptop for children in the developing world. India rejected that as too expensive and embarked on a multiyear effort to develop a cheaper option of its own.
Negroponte's laptop ended up costing about $200, but in May his nonprofit association, One Laptop Per Child, said it plans to launch a basic tablet computer for $99.
Sibal turned to students and professors at India's elite technical universities to develop the $35 tablet after receiving a "lukewarm" response from private sector players. He hopes to get the cost down to $10 eventually.
Mamta Varma, a ministry spokeswoman, said falling hardware costs and intelligent design make the price tag plausible. The tablet doesn't have a hard disk, but instead uses a memory card, much like a mobile phone. The tablet design cuts hardware costs, and the use of open-source software also adds to savings, she said.
Varma said several global manufacturers, including at least one from Taiwan, have shown interest in making the low-cost device, but no manufacturing or distribution deals have been finalized. She declined to name any of the companies.
India plans to subsidize the cost of the tablet for its students, bringing the purchase price down to around $20.
"Depending on the quality of material they are using, certainly it's plausible," said Sarah Rotman Epps, an analyst at Forrester Research. "The question is, is it good enough for students?"
Profitability is also a question for the $35 machine.
Epps said government subsidies or dual marketing - where higher-priced sales in the developed world are used to subside low-cost sales in markets like India - could convince a manufacturer to come on board.
This and similar efforts - like the Kakai Kno and the Entourage Edge tablets - show that there is global demand for an affordable device to trim high textbook costs, she said.
If it works, Epps predicts the device could send a shiver of cost-consciousness through the industry.
"It puts pressure on all device manufacturers to keep costs down and innovate," she said.
The project is part of an ambitious education technology initiative by the Indian government, which also aims to bring broadband connectivity to India's 25,000 colleges and 504 universities and make study materials available online.
So far nearly 8,500 colleges have been connected and nearly 500 web and video-based courses have been uploaded on YouTube and other portals, the Ministry said.

Saturday, 10 July 2010

တပက်အတွင်းသတင်းပဒေသာ


မင်္ဂလာညချမ်းပါခင်မျာ ယနေ့မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် ၊ ခရစ်နှစ် ၂၀၁၀ ခု ဇူလှိုင်လ ၁၀ ရက် စနေနေ့ တပတ်အတွင်းသတင်းဒေသာများကိုကျွန်တော်ဇေတာရာ ဘန်ကောက်မြို့တော်မှစတင်ကျေညာပါတော့ မယ် ၊ မရွှေနှင်းကတော့ ဒီတပက်မကျေညာနိုင်ပါဘူးခင်မျာ ကော်နရှင်ကျနေလို့ပါ……။

သတင်းကောင်းစဉ်
ရွှေပြည်ကြီးတွင် ရွေးကောက်ပွဲနီးလာသဖြင့် လူထုလှုတ်ရှားမှုများလုပ်ကြရာတွင် နိုင်ငံရေးပါတီကြီးနှစ်ခုမှ ၀ါးခ မောက်တလုံးအားအသဲအသန်သူပိုင်ငါပိုင်လုယူနေကြခြင်း ၊ စစ်တွေနည်းပညာ တက္ကသိုလ်မှ ကျောင်း သားများ မြေပေါ်တွင်လမ်းလျှောက်ပြီး ကျောင်းသားအားကစားပွဲတော်လုပ်ကြခြင်း ၊ ရွှေပြည်ကြီး မှ သာမ ဏေ တပါးအား သပိတ်ထဲတွင်သနတ်ပါသည်ဟု ရဲမှမသကာင်္မှုဖြင့် သပိတ်လှန်စစ်ဆေးကြခြင်း ၊ ရွှေပြည် ကြီးမှ ဘလော်ကာများ အင်တာနက်ပေါ်မတတ်နိုင်အောင် ပရောက်ဆီများမကြာမကြာဘမ်းခြင်း ၊ ဘလော် ကာကြီး များတချို့ပျောက်ဆုံး၍ တချို့သတင်းမရခြင်း ၊ ဘလော်ကမနှင်းမိုးမိုး ဖေးဘွတ်တွင်တင်ထားသော ပုံအား သွားရောက်ကြည့်ရှုသူများက ၀ိုင်းဝန်းဝေဘန်ကြခြင်း …..။

သတင်းစုံလင်မှာ

ရွှေပြည်ကြီး၏ ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ခွင့်ပြုချက်ရယူပါတီတည်ထောင်ထားသော နိုင်ငံရေးပါ တီတခုနှင့် ၊ ပါတီဟောင်းကြီးတခုမှာ မိုးတွင်းကာလတွင်ခမောက်ဆောင်း၍ မဲဆွယ်စီးရုံးရန် မြန်မာနိုင်ငံလုပ် ၀ါးခမောက်အား ၄င်းပါတီကယူငင်သုံးစွဲသဖြင့် ၊ ပါတီဟောင်းကြီးမှတာဝန်ရှိသူများမှ မြန်မာနိုင်ငံလုပ်ဝါးခ မောက်အမျိုးမျိုးအား ပါတီဟောင်းကသာပိုင်ဆိုင်ကြောင်း သက်သေခံလက်မှတ်နှင့်တကွ ရွေးကောက်ပွဲ ကော်မရှင်သို့ တရား ၀င်ကန့်ကွတ်စာတင်သွင်းမည်ဖြစ်ကြောင်း ဘလော့သတင်းများအရသိရှိရပါသည်.. နောက်ဆက်တွဲ သတင်းများအရ ၀ါးခမောက်ဟူသည် ခမောက်လုပ်တဲ့လူများသာ ပိုင်ဆိုင်ကြောင်း သိရှိရ ပြီး ၊ တချို့သော လူများအဆိုအရ ၀ါးခမောက်ဟူသည် ၀ါးပိုးဝါး၏ ဖက်ဖြင့်ပြုလုပ်ရသဖြင့် ၀ါးပိုးဆိုက်သော ၀ါးခြံပိုင်ရှင်များသာ ပိုင်ဆိုင်တာဖြစ်တယ်လို့ ဝေဘန်နေကြောင်း ကော့မှူးမြို့နယ် ၀ါးခြံပိုင်ရှင်တယောက် ၏ စကားကို ကိုးကားသိရှိရပါသည်…။

နည်းပညာတက္ကသိုလ်စစ်တွေမှ ကျောင်းသားများမှာ နေ့စဉ်ဓာတ်ပုံတွင်မြင်တွေ့ရသည့်အတိုင်း ကားစီးရ သဖြင့် ၊ စာမေးပွဲဖြေပြီးပြီးခြင်း အညောင်းဆန့်သောအနေဖြင့် ၁၂မိုင်ဝေးသော စစ်တွေမြို့သို့ လမ်း လျှောက် ပြန်လာကြသဖြင့် စစ်တွေမြို့တွင်နေထိုင်သော စွမ်းအားရှင်ဟုခေါ်သောလူတစုမှ လှိုက်လှိုက်လှဲ လှဲ ၀မ်းပမ်းတသာကြိုဆိုပြီး ဒီတခါ ဒီလူအုပ်ကိုရိုက်လိုက်ရလျှင်ဖြင့် အိမ်ကမိန်းမ ရွှေငါးကျပ်သားလောက် ဆင်နိုင်မည် ဟုတွေးတောနေကြကြောင်းနှင့် ၄င်းသတင်းအထက်ကို ပြန့်သွားသဖြင့် အထက်မှ လူကြီးတ ယောက်အောက်သို့ဆင်းလာပြီး ၊ လမ်း လျှောက်အားကစားပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသောကျောင်းသားများ ကို သားတို့ဟာ လမ်းမလျှောက်သင့်ကြောင်း ၊ ကားကိုသာစီးသင့်ကြောင်း ကားစီစဉ်ပေးမည်ဖြစ်ကြောင်း အခုလိုကာလမှာ လမ်းလျှောက်ခြင်း သည် အန္တ ရာယ်အလွန်များကြောင်း ၊ အခုလို မလျှောက်နဲ့လို့ပြောပါ လျှက်ဆက်လက်လျှောက်နေအုံးမည်ဆိုပါက ၊ ထိုကျောင်း သားကျောင်းသူတို့အား ဂုဏ်ပြုမည်ဖြစ်ကြောင်း ယခုလည်း လမ်းလျှောက်ပွဲကို ဖြစ်မြောက် အောင်ဝိုင်းဝန်း ကူညီပံ့ပိုးပေးသောကျောင်းသားများကို ဂုဏ်ပြုမ ည်ဖြစ်သဖြင့် အမည်စာရင်းများ မှတ်တမ်းတင်ထားကြောင်းပြောဆိုပြီး အထက်သို့ပြန်လည်ထွက်ခွာသွား သည်ဟု သိရှိရပြီး ၊ ကျောင်းသားများအဆိုအရ ယခု ကိစ္စသည် ကျောင်းသားအား ကစားပွဲတော်လုပ်တာ မဟုတ်ကြောင်း ၊ သပိတ်မှောက်တာဖြစ်ကြောင်း လျှောက်သပိတ်ဟုခေါ်ကြောင်း ၊ ကျောင်းသား အများစုမှာ သပိတ်ခရေဇီ များဖြစ်ကြသဖြင့် ဤကဲ့သို့ လျှောက်သပိတ်နဲ့မရလျှင် ၊ ပြေးသပိတ် ၊ ရေကူးသပိတ် ၊ ဒိုင် ဗင်သပိတ် ၊ အိပ်သပိတ် ၊ လျှောင်းသပိတ် စသော ဣရိယာပုဒ် လေးပါးနဲ့ မလွတ်သော သပိတ်မျိုးစုံနှင့် ဆက်လက် မှောက်သွားမယ် သိရှိရပါတယ် ခင်မျာ…….။

ရွှေပြည်ကြီး၏ မြို့တော်တခုတွင် တာဝန်သိပြည်သူတစ်ယောက်၏ သတင်းပေးချက်အရ ၄င်းတို့တာဝန် ကျရာရဲစခန်း ပတ်ဝန်းကျင်သို့ ဆွမ်းခံကြွသော ကိုရင်တပါး၏သပိတ်အတွင်းတွင် သေနတ်ပါသည်ဟု သ တင်း ရရှိသဖြင့် တာဝန်မှူးမှ ထိုကိုရင်၏ သပိတ်ကို ခေါ်ယူစစ်ဆေးရာ ဆွမ်းဟင်းအဖြစ်လောင်းလှူလိုက် သော သရက်သီး  သနပ် ဖြစ်နေသဖြင့် ပြန်လည်လွတ်လိုက်ကြောင်း အစစ်ဆေးခံရသော ကိုရင်သာဓု၏ ပြောပြချက်အရ သိရှိရပါသည်..။


ရွှေပြည်ကြီးတွင်အင်တာနက်ကော်နရှင်များသည် ၊ နိုင်ငံတော်မှကျင်းပပြုလုပ်တတ်သည့် နေ့ကြီးရက်ကြီး များ အခါကြီးရက်ကြီးများတွင် နှေးတတ်ကျတတ်သည်အားလျှော်စွာ ၊ ယ္ခုလဲ အာဇာနည်နေ့ဟုခေါ်သော နေ့ထူးနေ့ မြတ်နှင့်နီးသဖြင့် ၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို လေးစားသောအနေအားဖြင့်  ယမန်နေ့မှ စတင်၍ အာဇာနည်နေ့ပြီးသည့်တိုင်အောင် ကော်နရှင်လုံးဝမတတ်တော့ဘဲ ကော်နရှင်အကျ ဖြင့်ဂုဏ်ပြု မည်ဖြစ် ကြောင်းသိရှိရပြီး ၊ အာဇာနည်နေ့ပြီးမှ ယခင်ကအတိုင်းအလုပ်ဆက်လုပ်မည်ဖြစ် ကြောင်းနှင့် ၊ နောက်နောင် ထိုကဲ့သို့ရက်များတွင်လဲ ဤကဲ့သို့ ဆက်လက်ဂုဏ်ပြုမည်ဟုသိရှိရပါသည်..။
နောက်ဆက်တွဲသတင်းများအရ  ကော်နရှင်၏ လျှင်မြန်မှုနှုန်းထားမှာ ပတ်ကျိ၏ လျှင်မြန်မှုထက် ပိုမိုသွက် လက်ခြင်းကြောင့် gtalk ကိုပင် ၄၅ မိနစ်ဝင်ရကြောင်း ဂျီတော့သတင်းများအရသိရှိရပါသည်…။


ဘလော့စာရေးဆရာဆရာမတချို့ ပျောက်ဆုံးနေပြီး ၊ ဘလော်ကာ ဗေဗေခေါ် မမဗေသည် ၊ လုံးဝမတွေ့ ရတော့သဖြင့် ၊ လူပျောက်ပင်ကျေညာထားကြောင်း သတင်းရရှိပါသည်…။


ဘလော်ကာနှင်းမိုးမိုးသည် ရီးစားလက်ဆုတ်လက်ကိုင်မရှိသည့်အားလျှော်စွာ ၊ ကန့်ကွတ်မည့်သူမရှိသ ဖြင့်သူ၏ ကိုယ်ပိုင်ဓာတ်ပုံများကို ဖေးဘွတ်တွင်တင်ထားရာ ၊ သတင်းကျေညာသူ ကိုကိုဇေ၏ သူငယ်ချင်း များဖြစ်ကြသော  မိဘကပင်ဆုံးမ၍မရသဖြင့်လွတ်ထားရသော ကိုတွတ်ပီဦးဆောင်သော သူငယ်ချင်း ခြောက်ယောက်ကို သွား ရောက်ကြည့်ရှုစေရာ ငပူတင်းနှင့်တူကြောင်း ၊ ငါးပြတိုက်သို့ရောက်နေသလိုခံစား ရကြောင်း ၊ အရပ်ပုကြောင်း စတိုင်များကြောင်း ၊ ဂိုဏ်ပေးကြမ်းကြောင်း ၊ စသော မနှင်းမိုးမိုး၏ ၃၂ကော ဋ္ဌာသကို ၀ိုင်းဝန်းဝေဘန်သွားကြတယ်လို့ သတင်းရရှိပါတယ်ခင်မျာ ။ နောက်ဆက်တွက်သိရှိရသည်မှာ မနှင်းမိုးမိုးခင်မျာ ထိုအသံတွေကိုကြားသိရသဖြင့် စိတ်မကောင်းခြင်း ကြီးစွာဖြစ်သဖြင့် အိပ်ယာဖျာကပ် သေကောင်ပေါင်းလဲ ခံစားရပြီး အလွန်ပင်နေ မကောင်း ဖြစ်နေကြောင်း ပူးတွဲသိရှိရပါတယ်ခင်မျာ..။

မိုးလေ၀သ သတင်း
ဒီနေ့ဂြိုလ်တုကပေးပို့တဲ့ပုံကြီးကတော့ ရန်ကုန်တိုင်းနဲ့အနီးတ၀ိုက်အတွက် နေရာကွတ်ကြားမိုးထစ်ချူန်း ရွာပါ့မယ် ၊ ရွာရန်ရာနှုန်း၈၀ဖြစ်ပါတယ် ၊ နောက်နှစ်ရက်အဘို့ ရွှေပြည်ကြီးတပြည်လုံးမှာသာယာပါမယ် (ကြတ်ပြေး)မပါ ၊ ဏေကြည်ထော် နဲ့အနီးတ၀ိုက်ကတော့ မုန်းတိုင်းကျပြီး ငလျင်လှုတ်ပါမယ် ။
အထူးသတင်း
ရွှေပြည်ကြီး၏မြို့တော် ကြွပြေးတွင် ပလိပ်ရောဂါစတင်တွေ့ရှိကြောင်း ကျမ်းမာရေးဝန်ကြီးဋ္ဌာနမှ ဇူလိုင် ၇ ရက်နေ့တွင်တရားဝင်ထုတ်ပြန်ကျေညာထားပါသည် ၊ အနီးဝန်းကျင်မြို့များဖြစ်ကြသော တောင်ငူမြို့တွင် ပလိပ်ရောဂါ ဖြင့် သေဆုံးသူ ၆ဦင်္းခန့်ရှိပြီဖြစ်ကြောင်းဖုန်းသတင်းများအရသိရှိရပါသည်…။

ဤတွင်သတင်းများကိုကျေညာလို့ပြီး ပါပြီ  ၊ သောတရှင်များကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာတော်မူကြပါ စေ ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…။

Sunday, 27 June 2010

တပတ်အတွင်းဘလော့သတင်း

 မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လကွယ်နေ့ ခရစ်နှစ်၂၀၁၀ခု ဇူလိုင်၂၆ရက် ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှ ၊ တပတ်အတွင်း သတင်းပဒေသာများကို စတင်ကြေငြာပါတော့မယ် ။

ရွှေပြည်ကြီး၏ မြို့တော်နေပြည်တော်တွင် အမျိုးသားကြီး၂၇ဦးမှာ အမျိုးသမီးဝတ် ကြိုးကြီးချိပ်ခေါ် အချိပ်လုံချည်တမျိုးကို  အရောင်အသွေးစုံလင်စွာ မော်ဒယ်မသုံးဘဲ အမျိုးသား  ကြီးများဝတ်ဆင်ကြေငြာသွားခြင်း ၊ ချောအစိမ်းရောင်လွင်ပြင်တည်ထောင်သူ မမချောခရီးမှပြန် လည်ရောက်ရှိခြင်း ၊ ဘလော်ကာ မကောင်းမွန်ဝင်း ပို့စ်အသစ်တင်ခြင်း ၊ ၂၀၁၀ အမတ်လောင်းမမ ဗေခေါ် မဗေဒါသည် ဆွီင်္ဒင်မှအပြန် ပိုစ့်သစ်တခုတင်ခြင်း ၊ ဘလော်ကာနှင်းမိုးမိုးခေါ် မိရွှေနှင်း သည်ဘလော့လဲမရေး ဘလော့ကိုလဲမစောင့်လျှောက်ဘဲ ရွာရိုးကိုးပေါက်လျှောက်လည်နေခြင်း ။

သတင်းအစုံလင်မှာ

ရွှေပြည်ကြီး၏ မြို့တော်ကြတ်ပြေးတွင် ပြီးခဲ့သည့်ဇွန်လ ၂၁ရက်နေ့တွင် ၊ ကြိုးကြီးချိပ်ခေါ် မိန်း မ၀တ် အချိပ်လုံးချည်တစ်မျိုးအား ၊ အမျိုးသားကြီးများ ၀တ်ဆင်ပြီး ပရိုမိုးရှင်းလုပ်ခဲ့ကြသဖြင့် ၊ ခါ တိုင်းကြေငြာနေကြဖြစ်သော အမျိုးသမီးမော်ဒယ်များမှာ ရင်ထုမနာတစိမ့်စိမ့်ကြေကွဲလျှက်ရှိပြီး အခန်းနားကိုတတ်ရောက်လာသော လာအိုနိုင်ငံမှ အရာရှိကြီးမှာ ဂေးများစုဝေးနေထိုင်တတ် သောထိုင်းနိုင်ငံကို ရောက်ရှိနေသလိုခံစားရပါကြောင်းပြောဆိုပြီး ၊ ရွှေနိုင်ငံသားတို့အနေဖြင့် ဤ ကဲ့သို့ ယောကျာင်္းရင့်မာကြီးတို့အနေဖြင့် ဤနည်းဤပုံဖြင့် ပရိုမိုးရှင်းလုပ်သည်မှာ နှစ်သုံးဆယ်အ တွင်း လွန်တရာမှထူးခြားကြောင်းနှင့် ၊တောင်ပြုံးနတ်ပွဲတာဝန်ခံမာမီတဦးမှလဲ နတ်ပွဲချိန်မဟုတ်ဘဲဤကဲ့သို့ဝတ်ဆင်ကြသည်မှာ ကိုကြီးကျော်ဟုခေါ်သောနတ်ကမကြိုက်ကြောင်း မန္တလေးမြို့မှ အချိပ်လုံချည်ရောင်းဝယ်ရေး တခုမှလဲ ၄င်းတို့တိုက်မှ ဇွန်လ၂၀ရက်နေ့ညတွင် မိန်းမ၀တ်အချိပ်လုံချည် ၂၇ကွင်း ၊ မောင့် ကျတ်သရေခေါင်းပေါင်း ၂၇ လုံး ၊ ကတ္တီပါ ခုံအမြင့်ဖိနပ် ၂၇ ရံမှာ ထူးဆန်းစွာပျောက်ဆုံးသွား ကြောင်း ၊ ပျောက်သွားသော ပစ္စည်းအားလုံးမှာ ၂၂ ရက်နေ့ နေ့စဉ်သတင်းစာတွင် လူတချို့ဝတ် ဆင်ထားတာတွေ့မြင်ရကြောင်း ပြည်တွင်းသတင်းများကိုကိုးကားပြီးသိရှိရပါသည်..။

ခရီးထွက်နေသော အစိမ်းရောင်လွင်ပြင်တည်ထောင်သူမမချောမှာ ခရီးမှပြန်လည်ရောက်ရှိပြီဖြစ် ကြောင်းနှင့် စာပေများဆက်လက်ရေးသားလျှက်ရှိပါကြောင်း သတင်းရရှိပါသည် ။

စာတပုဒ်ရေးပြီးလျှင် ၊ နောက်တပုဒ်နှင့် အလှမ်းကွာဝေးလွန်းလှသော ဂျပန်နိုင်ငံအခြေဆိုက် မမကောင်းမွန်ဝင်းသည် ၊ ယနေ့ညပိုင်းတွင် ကွန်ပျုတာစောင့်နတ်၏ နိုးဆော်တိုက်တွန်းမှုကြောင့် ဒစ်စနေးဆီး ဟူသော ပိုစ့်အသစ်ကို တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။

၂၀၁၀အမတ်လောင်းကြီး မမဗေခေါ် ဗေဗေသည် အလုပ်မရှိအလုပ်ရှာပြီး ဟိုသွားဒီသွားသွားရာမှ လမ်းတွင် ဘောပင်တချောင်းကောက်ရသဖြင့် အသင့်ပါလာသော စာအုပ်တွင်တွေ့ရာမြင်ရာကို ရေးခြစ်ရင်း မတော်တဆ စာပိုဒ်ဖြစ်သွားသဖြင့် ကိုယ်ပိုင်ဗီဇာဖြင့်ခရီးသွားခြင်း ဟူ၍ အမည်ပေးခါ သူ၏ဘလော့တွင် တင်ထားကြောင်းသတင်းရရှိပါသည် ။

နှင်းမိုးမိုး ဘလော့ကိုတည်ထောင်သူ မရွှေနှင်းခေါ် ပေတိုးသည် အလုပ်မရှိအလုပ်ရှာပြီး ရွာရိုးကိုး ပေါက် ၊ လျှောက်လည်လျှက် စာလဲတလုံးမှမရေး ဘလော့သို့လဲမလာ သူ့၏ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဖြစ်သော ၊ ထိုင်းနိုင်ငံတွင် ပညာရင်နို့သောက်စို့နေသော နောင်တချိန်ကမ္ဘာကျော် ဘလော်ကာကြီးတဦးဖြစ်လာမည့်အပြင် ၊ သူထက်ရုပ်ရော အသံပါ ကိုးဆကျော် ဆယ်ဆနီးပါးမ က သာလွန်သည့် ခုဝယ်ဆရာလေး နောင်သော်ဆရာကြီးဖြစ်လာ မည့်ကိုကိုဇေတာရာအား လခမပေးဘဲ ဘလော့ကိုအခမဲ့ကြည့်ရှုခိုင်းခြင်း ၊ အခမဲ့ရေးသားစေ ခြင်း စသောဘလော့၏ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို ဇွတ်ရောအဓမ္မပါ တာဝန်ပေးအပ်ပြီး ၄င်းကိုယ်တိုင်ကမှု ရွာရိုးကိုးပေါက် လျှောက်လည်လျှက်ရှိကြောင်း ဂျီတော့သတင်းအရသိရှိရပါ သည် ။

မိုးလေ၀သအထူးသတင်း
ယနေ့ဂြိုလ်တုကပေးပို့သည့်ပုံကြီးအရကပ္ပလီပင်လယ်တွင်တိမ်အ သင့်တင့်ဖြစ်ထွန်းနေ ပါတယ်ရခိုင်ပြည်နယ်   ၊ မွန်ပြည်နယ်နှင့် တနလာင်္ရီတိုင်း အောက်ပိုင်းတို့တွင် အများအားဖြင့်သာယာပါ မယ် ၊ နေပြည်တော်နဲ့အနီးတ၀ိုက်အတွက် ခန့်မှန်းချက်ကတော့ ယနေ့မိုး ရွာရင်ရွာမယ်မရွာရင် မရွာဘူး ဤတွင် သတင်းများကိုကျေညာလို့ပြီးပါပြီ စက္ခုရှင်များ ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာ ကြပါစေ။  ။
ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ….။

Sunday, 20 June 2010

တစ်ပတ်အတွင်း ဘလော့သတင်းပဒေသာ

မင်္ဂလာညချမ်းပါရှင်....မြန်မာသက္ကရာဇ် ၁၃၇၂ နယုန်လဆန်း (၉) ရက် ၊ ခရစ်နှစ် ၂၀၁၀ ၊ ဂျွန်လ (၂၀)ရက်နေ့ ခုချိန်မှစပြီး ဘလော့သတင်းများကိုကြေငြာပါတော့မယ်..။ တစ်ပတ်အတွင်း ဘလော့သတင်းကို အစီရင်ခံပါမယ်ရှင် ။

သတင်းခေါင်းစဉ်……

နှင်းမိုးမိုး ဘလော့၏ ပင်တိုင်ဘလော့ရေးသူ ကိုဇေတာရာ ဆိုသူ ကမ့်သွင်းခံရခြင်း ၊ တေလေမှတ်တမ်း လမ်းပေါ်မှကဗျာများ ၏ဘလော့ ပိုင်ရှင် နတ်ဆိုးလေး အိမ်ပြောင်းခြင်း ၊ ဘလော့ဂါ ဘွားအေကြီး အန်တီခင်ဦးမေ ဘလော့မရေးသည်မှာ ၃ ရက်ရှိခြင်း ၊ ဘလော့ဂါ ကိုမာန်နတ် ဖြေနေရသော စာမေးပွဲ အကြောင်း ၊ ဘလော့ကာ အန်ကယ် မောင်မောင် နှင့် မဗေဒါ (၈၈) တို့ ပိုစ့်အသစ်များဖြင့် ဘလော့လောက သို့ ပြန်လည် ၀င်ရောက် လာခြင်း ၊ ဂျပန်နိုင်ငံ အခြေစိုက် ဘလော့ဂါ မကောင်းမွန်ဝင်း ပိုစ့် အသစ်မရေးခြင်း……..။

သတင်းအစုံအလင်ပါရှင်…..။

နှင်းမိုးမိုး ဘလော့၏ ပင်တိုင် ဘလော့ရေးသူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ကိုဇေတာရာ ခေါ် ကိုကိုဇေ သည် သောကြာနေည မှစတင်ပြီး ကမ့်သွင်းခံရ၍ ဘလော့လောက ၊ အွန်လိုင်းလောက နှင့် ခေတ္တအဆက်အသွယ်ဖြတ်ထား ပြီး တနင်္လာနေ့ညပိုင်းမှစတင်ပြီ အွန်လိုင်းပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဂျီတော့ သတင်းများမှ စုံစမ်းသိရှိရပါသည်….။

တေလေမှတ်တမ်းဟု အမည်တွင်သော ဘလော့ဖန်တီးရှင် ကိုနတ်ဆိုးလေးသည် ယခင် www.netsoelay1.blogspot.com အစားယခု www.netsoelay.tk ဟုပြောင်းလည်သွားပြီး ရွှေပြည်မှ စာဖတ်ပရိတ်သတ်များ ကျော်ခွစရာမလို ပဲစိတ်အေးချမ်းသာစွာ ဖတ်ရူနိုင်ပြီဖြစ်ကြောင်း ဘလော့ရပ်ဝန်းမှ သိရှိရပါသည်…..။

ဘလော့ဂါကြီး အန်တီ ခင်ဦးမေ သည်လဲ ဘလော့မရေးသည်မှာ ၄ ရက်ရှိနေပြီဖြစ်သည့် အတွက် အန်တီခင်ဦးမေ နေများမကောင်း၍လား ၊ ခရီးများထွက်နေသလော စသဖြင့် ဘလော့ဂါများမှ စိတ်ပူနေကြောင်း ၊ သူမ နောက်ဆုံးတင်ထားသော ပိုစ့်မှာ အလကားနေ အလကား.....ငါ ဖြစ်ကြောင်း ဘလော့ဂါရပ်ကွက်မှ သတင်းရရှိပါသည် ။

စာမေးပွဲ ဖြေနေသည်ဟု ပြော၍ ပိုစ့် အသစ် မတင် သော ကိုမာန်နတ် သည်လဲ စာမေးပွဲ ဖြေနိုင်ကြောင်း ဂျီတော့ သတင်းဌာနမှ သိရှိရပါသည် ရှင်…..။

အန်ကယ်မောင်မောင် ၏ ဘလော့သည် ကတ်ပြားပျောက်မှုဖြင့်၎င်း ၊ မမဗေ (၈၈) သည်လဲ အမေစု အကြောင်း ဖြင့် ဘလော့လောကသို ပြန်လည် ၀င်ရောက် လာပါကြောင်း ဘလော့ရပ်ဝန်းမှ သိရှိရပါသည် …..။

နောက်ဆုံးသတင်း အနေဖြင့် ဂျပန်နိုင်ငံ အခြေစိုက် ဘလော့ဂါ မကောင်းမွန်ဝင်း သည်လဲ ပိုစ့်မရေးသည်မှာ ၅ ရက်ရှိပြီး သူမ၏ နောက်ဆုံးတင်ထားသော ပိုစ့်မှာ သွေးခွဲတဲ့ စကား ဖြစ်ကြောင်း ဘလော့ သတင်းဌာန မှ သိရှိရပါသည်ရှင်….။
ဤတွင်သတင်းများကိုကြေငြာလို့ပြီးပါပြီ ရှင်…။
ဟုတ်ကဲ့ ...ကျွန်မ နှင်းမိုးမိုး ပါရှင်...။
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...