အိမ်သာစာဆိုတာကြားဘူးကြလားတော့မသိဘူး ။ အများစုကတော့ ခေါင်းလောင်းမှာရေးကြ၊ နောက် ဘုရားစေတီတွေ မှာရေးကြ ၊ အင်းယားလိုနေရာမှာလဲ အပန်းဖြေဘို့ လုပ်ထားတဲ့ ထိုင်ခုံလေးတွေ ရှိကြတော့ အဲလိုနေရာတွေ ရေးကြတယ် ။ တချို့ကတော့ ဘက်စ်ကား ထိုင်ခုံမျိုး၊ ဘူတာထိုင်ခုံလေး တွေမှာလဲ ရေးတတ်ကြတယ်လေ ။ စာလေးတွေက ၀မ်းနည်းစရာလေးတွေ ရေးခဲ့ကြသလို ၊ ၀မ်းသာစရာလေးတွေ ၊ အမှတ်တရလေးတွေ ရေးကြတယ် ။ ရွှေတိဂုံပေါ်မှာရေးခဲ့တဲ့ စာလေးတခုကြတော့ (၂၁ . ၈ ၂၀၀၃ သူနဲ့လာချိန်းတွေ့တယ် ပျော်လိုက်တာ) တဲ့အဲလိုလေး...။ အင်းယားက ထိုင်ခုံတခုမှာကြတော့ (ကျော်ကျော်ဖာဂေါင်း) တဲ့။ နောက် စိမ်းလန်းစိုပြေထဲက ခုံတစ်ခုမှာ ဖတ်လိုက်မိတာကြတော့ ၀မ်းနည်းစရာလေးဘဲ (ချစ်သောသူငယ်ချင်းများနဲ့ နောက်ဆုံးစားသောက်ပျော်ပါးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် တဲ့) အဲလိုလေးတွေပေါ့လေ ။ လွမ်းမောစရာလေးတွေ ၊ ပျော်ရွင်စရာလေးတွေ ၊ ၀မ်းနည်းစရာလေးတွေပေါ့ ။ အဲလိုစာမျိုးလေးတွေကို မြန်မာနိုင်ငံ အရပ်ရပ်က စေတီပုထိုးတွေ ၊ ထိုင်ခုံတွေ ၊ ခေါင်းလောင်းတွေမှာ ရေးတတ်တယ်ကြတယ်လေ ။ အများစုကတော့ အမှတ်တရနဲ့ ရေးကြတာပါ ။ ဘုရားမှာရေးခဲ့ရင် ဘုရားစာပေါ့ ၊ ခေါင်းလောင်းမှာရေးရင် ခေါင်းလောင်းစာ လေ ၊ ထိုင်ခုံမှာရေးတော့ ထိုင်ခုံစာ ၊ အိမ်သာမှာရေးတော့ အိမ်သာစာဖြစ်ကရော......။
အခုရေးမဲ့ဟာက အိမ်သာစာအကြောင်းပါ ။ အိမ်သာစာရေးရင် ကျွန်တော့အကြောင်းပါ အရင်ပြောမှဖြစ်မှာမို့ နဲနဲပြောပါရစေ ။ ကျွန်တော့်မှာ ရောဂါတခုရှိတယ် အိမ်မှာနေရင် တနေ့တခါဘဲ ရေအိမ် ၀င်တယ် ။ အပြင်သွားရင် ခဏခဏ ရေအိမ်သုံးတတ်ပါတယ် ။ ဘယ်လိုသဘောလဲမသိပေမဲ့ ဒါကအကျင့်လိုကို ဖြစ်နေပါပြီ ။ မရမ်းကုန်းမြို့နယ် တလွှားမှာတော့ ကျွန်တော်မသုံးဘူးတဲ့ အိမ်သာမရှိပါဘူး လို့ပြောရင်တောင် လွန်မယ်မထင်ပါ... junction8 ကအိမ်သာဆိုရင် သက်စေ့တောင်မကတော့ပါဘူး ၊ Ocean ကအိမ်သာဆိုလဲ မဆိုးပါဘူး သက်စေ့လောက် တက်ခဲ့ဘူးပါတယ် ။ မြိုင်ဟေ၀န် ပန်းခြံထဲက စည်ပင်သာယာအိမ်သာလဲ တတ်ဘူးပါတယ် ။ ကမ္ဘာအေးဘုရားဝင်းထဲက စည်ပင်သာယာ အိမ်သာ ဆိုလဲမလွတ်သလို ၊ ဂမုန်းပွင့် ၊ ပန်းဆိုးတန်းလမ်းက ဂျေနိုးနပ် ၊ ကုန်တိုက်တခုကို ရောက်သွားရင် မ၀ယ်ဘဲသာပြန်လာတာရှိရမယ် အီးအီးမပါဘဲနဲ့တော့ ဘယ်တော့မှပြန်မလာဘူး ။ အော် လမ်းမတော်လမ်းက စည်ပင်သာယာအိမ်သာကြီးလဲ တတ်ဘူးပါရဲ့ ။ ဟိုစိမ်းလန်းစိုပြေထဲက အိမ်သာဆိုရင် လူကိုတောင် အဲက ဘွားတော်ကမှတ်မှိနေပြီ ။ ဟိုအတွင်းထဲက ဆိုင်ကပြောတာမ ဟုတ်ဘူးနော် ။ အင်ယားထဲဝင်သွားရင် အရင်ဆုံးတွေ့ရတဲ့ ဆိုင်.. အဲဆိုင်က တခါတက်မှ ၂၀လားရယ် တန်တယ် နဲနဲတောနံသပေါ့ ။ နောက်ပြည်သူ့ရင်ပြင်အိမ်သာ ၊ ဟတ်ပီးဝေါ ၊ နောက် မန္တလေးရောက်တော့ မဟာမြတ်မုနိဘုရားကြီးထဲက အိမ်သာ ၊ မန်းတောင်ပေါ်က အိမ်သာ ၊ နန်းတွင်းထဲက အိမ်သာ တော်တော်စုံပါပြီ ။ ဒီတော့ အိမ်သာကျွမ်းကျင် (သို့မဟုတ်) အိမ်သာအတွေ့အကြုံရင့်ကျက်သူ လို့ပြောရင်လဲရပါတယ် ။


