နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...
Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Friday, 7 May 2010

ဖေဖေ ပြောတဲ့အချစ်


ဟလို  မေကြီး ပါး ရှိလား
အင်း..ရေချိုးနေတယ်
ဇေမေးစရာရှိလို့လို့မြန်မြန်လုပ်ပါလို့ပြောလိုက်
ဖေကြီးရေ ဇေ့ဆီကဖုန်းလာတယ် 
အေးဟုတ်လား လာပြီဇေ ဒီမှာပြီးပြီ 
ဇေ မေမေကိုဘာမှမပြောတော့ဘူးလား
ပြောမှာပေါ့ ပါးလာတဲ့အထိ မေမေ ပါးကိုချစ်လား
ဟဲ့ ဇေမင်းဘာတွေလိုက်မေးနေတာလဲ နေကောင်းလား မင်းအခုဘာလုပ်နေလဲ
အာဗျာ မေးတာမပြောဘူး ချစ်လားလို့ပါးကို
ဒီကောင်လေးဘာတွေမေးနေတာလဲမသိဘူး
ပြောလေ
အယ် အင်း ကဲဖေကြီးမြန်မြန်လုပ်တော့သားဘာတွေအရူးထလာလဲမသိဘူး
ဟေးဇေ နေကောင်းလားကွ
နေအုံးပါးကိုမေးစရာရှိလို့ မေမေကိုချစ်လား
အန်..ဘယ်လို ဒီကောင်လေးတော့
ပြောဗျာ အရေးကြီးတယ်
ဘယ်လိုအရေးကြီးတာလဲဟ
စာရေးမလို့ အချစ်အကြောင်း
အာ..ဒီကောင်လေးနှယ် တောက်တီးတောက်တဲ့
ကမ္ဘာမကျော်ချင်ဘူးလားပါးက ပါးရဲ့အကြောင်းကို လူတွေသိအောင်လုပ်ပေးမလို့ သိလား လုပ်ပါဗျာပြောမှာပြောတာ မဟုတ်ဘူး
အာကွာ မင်းကလဲအရင်းမရှိအဖျားမရှိ နဲ့ ဘယ်လိုပြောရမှာတုန်းဟ
ကဲပြောမှာပြောပါ ဖုန်းဘိုးနဲ့မွဲပါလိမ့်မယ်
အေးပါကွာ ဒါနဲ့အချစ်ကိုဘယ်လိုခေါ်လဲ
LOVE ပေါ့ဗျ
နောက်တမျိုးရောကွာ
AFFECTION ဗျာ
ချစ်ခင်တာနဲ့ပတ်သက် တဲ့စကားလုံးအကုန်ပြောကွာ
အာပါးကလေxxx
ပြောမှာလားမပြောဘူးလား မင်းပြောမှငါပြောပြမယ်
affectionate ဗျာ သိတော့ဘူးဗျာ မပြောလဲနေတော့ဒါဘဲ
ဟဟေ့နေအုံးဟ ပြောချင်တာပေါ့ကွမင်းကလဲ နေပါအုံးဈေးတောင်မကိုင်ရတော့ဘူးလား စာရေးဆရာအစုတ်ပလုတ်နဲ့တော်တော်တူလာပြီ 
ဒါဆိုဇေမေးတာကိုပြော မေမေနဲ့ဘယ်လိုစတွေ့တာလဲ အင်ယားမှာ ဘယ်လိုချစ်သူဖြစ်သွားတာလဲ
တယောသွားထိုးရင်းနဲ့ချစ်သွားတာ
အန် ပါးကဘယ်ကိုတယောသွားထိုးတာတုန်း
အော် ဟိုခေတ်က မင်းအမေတို့အဆောင်မှာရှေ့မှာသွားထိုးတာပေါ့
ဘာသီချင်းတုန်း
အစုံဘဲ
ဟာအစုံဘဲမလုပ်နဲ့လေ သူများတွေကိုပြန်ရေးပြရမှာသီချင်းနာမည် လေးဘာလေးနဲ့လုပ်မှပေါ့
 ဟိုဟာကွာ 'ဘုံကြိုးပျက်တဲ့ဒေ၀ီနတ်မျိုးနွယ် အော် မျက်မာန်တော်ညိုးပါနဲ့ မျှော်ကိုးသူ စောင့်စားလို့သာမောင့်မှာနေမိတယ် ခင်ပျိုနှမရယ် ကျိန်ဆိုပါ့မယ် ရွှေအားတော်ငယ်ငယ် သနားစိတ်နဲ့ချစ်စမ်းပါကွယ်’
'ကဲတော်ပါပြီ အရှိန်ကလဲနော်
ဟိုသားဖပေါက်ကရတွေမပြောနေကြနဲ့နော် မားအနောက်ကနေအော်ပြောတယ် 
မားအသာနေပါဗျာ အရေးထဲကြော်ငြာလာဝင်နေသေးတယ် အဲဒါနဲ့ကြိုက်သွားရောလား
သိမလားကွ မင်းအမေကိုမေး အဲဒါက
ပြောပါဖုန်းဘိုးကုန်တော့မယ်
အင်း သီချင်းဆုံးရင်လက်ခုပ် သံတော့ကြားတာဘဲ
ဘယ်ကလက်ခုပ်သံလဲ ဘယ်သူမှမတီးဘူး မားကနောက်က၀င်ထောက်တယ်
အာ မဟုတ်သေးပါဘူး အဲဒါနဲ့ညားရောလား လွယ်လိုက်တာ
အာအဲလိုမဟုတ်ဘူးဟ ကျောင်းပြီးတော့မင်းအမေမော်လမြိုင်ပြန်တယ် ငါက
လိုက်သွားတယ် 
အင်း မော်လမြိုင်ကမင်းအမေရဲ့မောင်ဝမ်းကွဲနဲ့ငါကသူငယ်ချင်း သူတို့အိမ်နဲ့မင်းအဘိုးအိမ်နဲ့က ရှေ့လမ်းနောက်လမ်း အင်း အဲအိမ်မှာငါတည်းတယ် ပြီးတော့မင်းဘိုးဘိုးကျောင်းသွားတဲ့အချိန်ဆိုရင် ငါကတယောသွားထိုးတယ်သူတို့အိမ်မျက်စောင်းထိုးမှာ ဒညင်းပင်အကြီးကြီးရှိတယ် အဲမှာငါသွားပြီးတယောထိုးတယ် နေ့လည်ဘက်ကြီး ဘာသီချင်းတုန်း စိန်ခြူးကြာညောင် ဗောလယ် မင်းရတယ်မလား  (မှန်ရွှေပြတင်းရယ်က မောင်ခုမျှော်...ဟော်ဟော်)အဲချိန်မှာ
မင်းအဘိုးကဘယ်ချိန်ရောက်နေလဲမသိဘူး လှမ်းခေါ်တယ် ငါလဲသွားတာပေါ့ ဟိုရောက်တော့ ဘာလုပ်တာလဲတဲ့နေ့ခင်းကြီး သီချင်းဆိုတာပါ အော ဘာသီချင်းတုန်း ဗောလယ်ပါ အောင်မယ် မင်းကဗောလယ်တွေဘာတွေရလို့လား
ဟုတ်ကဲ့ရပါတယ် ဒါဆိုအခုဆိုတဲ့ဗောလယ်က ဘာအမျိုးစားတုန်း ဟုတ်ကဲ့ အမျှော်ဆိုက်ဗောလယ်ပါ အဲမောင်ကတက္ကသိုလ်ကျောင်းသားသာဆိုတယ်မဟာဂီတတော့ကြေရှာသားဘဲ နောက်နေပူထဲမဆိုနဲ့ ဆိုချင်ရင် အိမ်အောက်ကကွပ်ပြစ်လာဆိုတဲ့
အော ဘိုးဘိုး ကအဲလိုပြောတာလား..။အင်း… ဒါနဲ့ မေမေနဲ့ဘယ်လိုညားတုန်း…?
သိတော့ဘူးဟ အဲဒါတော့ ဟေ့မေကြီးမင်းသားကမေးနေတယ် ဘယ်လိုညားတာတုန်းတဲ့
အော်ဒီလူကြီးနှယ် မကြီးမငယ်နဲ့ ခလေးကိုပေါက်ကရတွေတွေလျှောက်ပြောနေတယ်
ဟေးဘယ်သူတုန်းကလူကြီးတွေကို ဘုန်း လက်စွဲအိပ်ပြစ်ချပြီး ဖုန်းကိုလုပြီးအကြီးကောင်က၀င်အော်ပါတယ်
ဟေ့နေပါကွာ စကားပြောနေလို့ အေးအေးခွေးမသားလေးမင်းမှတ်ထား နောက်တခါမုန့်ဘိုးလှမ်းတောင်းရင်
xxxxxxတောင်မပေးဘူး
ရော်... ပါး..အဲဒါနဲ့ ညားသွားရောလား ..?
သိတော့ဘူးဟ ငါလဲနေ့တိုင်းသွားသွားတီးတာဘဲ မင်းဘိုးဘိုးက စီးဝါးလိုက်တာဘဲနောက်က မင်းအမေက ဒညင်းသီးပြုတ်လာကြွေးလိုက် ရေနွေးလာထည့်ပေးလိုက်နဲ့တက်ကြွနေတာဘဲ
ဟင်းနော် ဘာတတ်ကြွတာတုန်းတော့လိုမှတ်မနေနဲ့ ကြည့်လုပ်ကြနေသားဖနှစ်ယောက်လုံး
မားနားထောင်နေတာလား
ဘာလို့နားထောင်ရမှာတုန်း ငါဒီမယ်နင့်အဖေရေဆိုဝတ်တွေလှမ်းနေတာ                                         
တီင်္တီ အဲအသံက ပိုက်ဆံကဒ်ကုန်လို့
ကျွန်တော့်ဖုန်းကမြည်လာတာပါ နက်ဖြန်ပို့စ်တင်ဘို့နှင်းကိုပေးရမှာဆိုတော့ဒီညအပြီးရေးမှဖြစ်မှာလေ ဖုန်းကဒ်ကလဲထွက်မ၀ယ်ချင်တော့ဘူး အချိန်ကနောက်ကျနေပြီ ထူးပါဘူးကွာ ငါကပါ့းသားဘဲပါးအကြောင်းငါသိတာပေါ့သူဘယ်လိုပြောမလဲဆိုတာ
ငါ့ဘာသာငါ့ဖြည့်ပြောလိုက်လဲရတာဘဲနှင်းသိတာမှတ်လို့ 
near to love   ဟုတ်ကဲ့ခင်များကျွန်တော့်အဖေဖေကပြောပါတယ် နီးစပ်လို့မေမေနဲ့ချစ်သူဖြစ်သွားတာပါတဲ့ တဲ့ တဲ့ တဲ့....။  ။














Thursday, 6 May 2010

ကျွန်မသိတဲ့ အချစ်...



ကျွန်မသိတဲ့ အချစ်ဆိုတာ…

Love can’t be forced in anyone, not even in oneself. It can, however, be kindled through love itself.

အချစ်ဆိုတာကို ဘယ်သူမှအတင်းအဓမ္မလုပ်လို့မရပါဘူး..။ကိုယ့်ကိုကိုယ်တောင်မှ လုပ်လို့မရဘူးလေ..။အချစ်ဆိုတာ သူ့ဘာသာသူ အမြစ်တွယ်ပြီးမှသာ ချစ်လာနိုင်တာမျိုးပါ…။

တခါတရံလဲ ကျွန်မဒီလိုတွေးမိပါတယ်..

အချစ်နဲ့ ဘ၀ဆိုတာ တခြားစီပါ..။ ဘ၀ တစ်ခု ကို အချစ်ဆိုတာနဲ့ နှိုင်းယှဉ်ရင် အချစ်က ဘ၀ ရဲ့ ခပ်ဝေးဝေးမှာ ရှိနေပါတယ်…

ကျွန်မ ကိုယ်ကျွန်မ မေးပြီး ခုထိ အဖြေမရတဲ့ မေးခွန်းလဲ ရှိပါသေးတယ်..

တကယ်ချစ်မိ ပြီဆိုရင် ဘာမှမစဉ်းစားဘူး… အဲ စဉ်းစားလာပြီ ဆိုရင်တော့ တကယ်မချစ်တော့လို့ပါ.. ။

ဘာမှ မစဉ်းစားပဲ ချစ်ကြည့်ဖူးပါသလာ:…။

ခုထိ အဖြေမရှိသေးပါဘူး…. သင့်မှာရော အဖြေအဆင်သင့်ရှိပါလား…?

ဒီ ပိုစ့်လေးက ကျွန်မ ဘလော့လေးမှာ ရသ စုံသွားအောင်လို့ပါ…။ ငယ်ငယ်က ရေးခဲ့တဲ့ Diary  ကိုပြန်ရှာဖတ်ပြီး ကူးမှတ်ထားမိတဲ့ စာကြောင်းလေးတွေ ကို ဟိုတွေးဒီတွေး လျှောက်တွေးထားတာပါ..။

သြော်… ဘ၀မှာ အချစ်ဆိုတာ လဲ ဆားလိုမျိုးပါပဲ…ပေါ့နေလို့လဲ မရ…ငံနေလို့လဲမရ… မပါလို့လဲ မရပါလားနော်… :P

ဒီအတွေးလေးက ခုကျွန်မ ဟင်းချက်နေတာပါ… ဟင်းချက်ရင်းရ တဲ့ အတွေးလေးကို ချက်ချင်းရေးချလိုက်တာပါ...။ 





အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...