ပြောလိုက်စမ်းမယ်သောင်းပြောင်းထွေလာဆိုတာက ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ စာအုပ်နာမည်ပါ သူက ပညာရှင်ဆိုတော့ ပညာရှင်တွေရဲ့ထုံးစံအတိုင်းပေါ့ စာအုပ်တွေထဲကဟာတွေ မွှေနှောက်ပြီး လူပိန်းကအစ နားလည်အောင် ရေးပြတာ ၊ ဇေတို့က စာကလဲနှစ်ယောက်လုံးမဖက်ဘူး ၊ စာရေးတော့လဲ ဇေကသက်ပုံမ မှန်ဘူး ၊ နှင်းက ပုဒ်ထီးပုဒ်မ မကွဲဘူး အဲလိုဖြစ်တော့ ၊ ကိုယ်ပြောချင်တာ ကိုရေးချင်တာတွေဘဲ ရေးပြရမှာဘဲ အခုပြောလိုက်စမ်းမယ်သောင်းပြောင်းထွေလာဆိုတာက စာအုပ်ထဲကဟာတွေရေးမှာမဟုတ် ဘူး အခုတပတ်အတွင်းဖြစ်ခဲ့ တာ ပျက်ခဲ့တာ တွေရေးမှာ စိတ်ညစ်မခံနိုင်တဲ့လူတွေမဖက်သင့်တဲ့စာမျိုး ဘဲ ၊ လူတခုပူမှုရယ်တဲ့ ဆယ်ကုဋေမို့လား ၊ ဒါလေးတွေ ဖက်ပြီးသွားရင် ဒီမောင်နှမဘယ်လောက်ဒုက္ခသု က္ခတွေရောက်နေသလဲ ၊ အဲလိုအခတ်ခဲကြားကနေ ဒို့အတွက်ဖက်ဘို့စာလေးတွေရေးပေးနေပါလားလို့ မုဒိတာပွားနိုင်ဘို့ကိုသာရီရွယ်တာပါ ၊ မကဲ့ရဲ့နဲ့နော် မကြိုက်ဘူး ကဲစပြီ…။
ဖြစ်တာပြောရရင် အဆောင်ကကောင်တွေကစပြီးပြောရမှာဘဲ ဒီကောင်တွေခြောက်ကောင်ဟာ အင်မတန် ငတ်ကြီးကျတယ် ၊ လူတွေကလဲလူကောင်းတစ်ယောက်မှမပါဘူး မဓေရှိရာ မဓေလာဆိုသလို ဒီလိုဗရုက်သု က္ခတွေရှိတဲ့နေရာကို ဘရုသုက္ခတွေဘဲလာတယ် လူကောင်းမလာဘူး ၊ အပတ်တိုင်းဗုဒ္ဓဟူးနေ့ဆို ဇေကချက်ပြုတ်ကြွေးမွေးရတယ် တပတ်တပတ် ၊ မနက်စာရော ညစာရော ဟိုခွက်ပုန်းကိစ္စပါ ပါသေးတယ် ကျန်တဲ့ရက်ကတော့ဗျာ ၊ ထမင်းဘဲချက်နိုင်တာမို့ သူတို့ချက်တာလေးတွေကပ်စားရတာပေါ့ ၊ ဟင်းက လဲမကောင်းပါဘူးဗျာ ၊ ငံရင်ငံချိုရင်ချို စပ်ရင်စပ်နေတာ အရသာခြောက်ပါးညီညွတ်တယ်ကိုမရှိပါဘူး ၊ သည်းခံစားပါတယ် ၊ မပြောလဲမပြောပါဘူး ၊ ဇေချက်ကျွေးတာကျတော့ ကောင်းကောင်းချက်ကျွေးတာ ဈေးကိုကျကျနနသွား သေသေသပ်သပ်ဝယ်ပြန်လာ ချက်ပြုတ်ကျွေး ၊ စားသောက်ပျော်ပါး ညစာရော မနက်စာရော ကောင်းမွန်မွန်ချက်ကျွေးနေတာဘဲလေ ၊ အခုတော့ ရွတ်စုတ်ပြက္ခဒိန်ကို ဗျာ တရက်ကြိုဖြဲ ထားတော့ တကယ်တန်း အင်္ဂါနေ့ဘဲရှိသေးတယ် ၊ ဗုဒ္ဓဟူးနေ့ဖြစ်နေရော ဒါနဲ့ချက်ပြုတ်ကြွေးရရောဆိုပါ ဆိုဗျာ ၊ ဒါကပြဿနာမဟုတ်သေးဘူး ၊ သောကြာနေ့ညပိုင်းမှာ ကျောင်းမှာကမ့်သွင်းဘို့လုပ်ထားတာ အဲ တော့ကြာသပတေးနေ့ကိုသောကြာနေ့မှတ်ပြီး အထုတ်တွေပြင်ဖုန်းတွေ ခိုးထည့် ဟိုဟာလုပ်ဒါလုပ်နဲ့ သောကြာထင်ပြီးကျောင်းကိုသွားတာ ၊ ဟိုရောက်တော့ခွေးနှစ်ကောင်ဘဲရှိတယ် ကျောင်းထဲမှာ မဟုတ် သေးပါဘူးတခုခုတော့လွဲနေပြီ မေးကြည့်တော့မှ ကြာသပတေးနေ့မှန်းသိတယ် ရှက်လိုက်တာဗျာ သေချင်တာဘဲ ၊ အဆောင်ကိုပြန်ရောက်တော့ တစ်ကောင်မှမရှိဘူး ဒါနဲ့ပြောဆို ပြီး နောက်အပက်ကစပြီး ချက်မကြွေးတော့ဘူး ၊ မင်းတို့ဟာလဲ ငါမစားဘူး ငါ့ဟာလဲမင်းတို့လာမစားနဲ့ စားချင်ရင်သွားတောင်းလို့ ပြောလိုက်တယ် ၊ အခုတော့တာဝန်တခုပေါ့သွားတာပေါ့ဗျာ ဒီကောင်တွေလဲ သူတို့ချက်တဲ့ဟင်းနဲ့ဇေ ချက်တဲ့ဟင်းရဲ့ အရသာကွာခြားမှုကို နားလည်သဘောပေါက်လာမှာပါ ၊ သူငယ်ချင်းတွေရဲ့ဒဏ်ကလဲအ လူးအလဲဘဲ ။
နောက်တခုကဗျာ ဒီအသက်အရွယ်ထိ ရီးစားမရှိသေးတဲ့ကိစ္စ ၊ ဒါကလဲထည့်ထည့်မပြောချင်ပါဘူး ၊ အတန်းထဲမှာ မော်နီတာဆိုတော့ ဆော်လေးတွေကတော့ နဲနဲတော့အာရုံညွတ်ကြပါတယ် ခတ်တာက သူတို့ချိန်းတိုင်းမသွားနိုင်တာ ၊ နောက်ပြီး ဟိုရောက်ရင်လဲပေါက်ကရတွေပြောတာ ၊ ဒီကအပြင်ထွက်ရမှာ ကို မေမေစကားများတာလောက်ကြောက်တယ် တအားပူတယ်ယိုးဒယားက ၊ ဒါနဲ့စကာင်္ပူက ကောင်မလေး တစ်ယောက်ကို ရီးစားစကားပြောမှိပါတယ် ၊ တအားပြည့်စုံနေလို့တဲ့ ၊ တအားလိမ်မာနေလို့တဲ့ ဒီလိုလူကို လက်ထပ်လို့မဖြစ်ဘူးတဲ့ ၊ နောင်တချိန်မှာ ပြဿနာဖြစ်လာနိုင်စရာအကြောင်းရှိတယ်တဲ့ ဒါနဲ့ ပြန်ပြောလိုက်တယ် နက်ဖြန်ကစပြီး အရက်သောက်မယ် ဖဲချမယ်လောင်းကစားလုပ်မယ် ၊ အကုန်လုပ်မယ် ဗျာ ၊ ရှုတ်တယ် ၊ ဒီမှာလဲ ချိန်းထားတာတော့ရှိတယ် ညဘက်ဆိုတော့ မသွားချင်ဘူး ဘယ်လိုဘဲဖြစ်ဖြစ်ယော ကျာင်္းလေးဖြစ်ရတာလဲမလွယ်ဘူးဗျာ ၊ မိန်းခလေးတွေကလဲ ဒီလိုတောသံနဲ့ပြောတာကိုမကြိုက်လောက်ဘူး
သက်တာဖြတ်တာ ၊ လိမ်တာညာတာ ဒီလိုမှကြိုက်တာလား ၊ မူးရူးပြီး တောင်အော်မြောက်အော် မိန်းခလေး အထည်လဲတွဲပြဒီလိုမှသဘောကျတာဆိုတော့ ၊ ပီယာနိုရှေ့မှာတောသံနဲ့အော်နေတဲ့လူလိုစိတ်မ၀င်စား ဘူးထင်တယ် ။
ကျောင်းနားတုန်းထိုင်ဝမ်သွားမလို့ပါဆို ၊ ရေကြီးလိုက်တဲ့ဖြစ်ချင်း မပြောကိုမပြောချင်တော့ဘူး ကံဆိုး မသွားလေရာ မိုးလိုက်ရွာတယ်ဆိုတာ ဒါဘဲနေမယ် ၊ ပါးကလဲနေမကောင်းဘူး ညကတော့အွန်လိုင်းမှာ တွေ့သားဘဲ ၊ ဟိုအကောင်တွက်ပီဆိုတဲ့လူက ငွေတွေချေးထားတာ ပြန်မပေးဘူး ဒါမကောင်းတဲ့စရိုက်ဘဲ ငွေနံကလဲမသင့်ပါဘူး ပိုက်ဆံရှိရင်ချေးမဲ့လူကများတယ်……။
ဘယ်လိုဘဲဖြစ်ဖြစ်လေ သူငယ်ချင်းတွေဆိုတော့လဲ မခေါ်လဲမကောင်းဘူးမို့လား ဒီတော့ဒီကောင်တွေ ကိုပြန်ချက်ကြွေးအုံးမှဖြစ်မှာပါ ၊ သူတို့မရှိတော့လဲပျင်းစရာကောင်းသားဘဲ နောင်ကြဉ်အောင်တော့တ ပက်လောက် ၊ မချက်ကြွေးဘဲထားမယ် သူတို့ဘဲငတ်တာမဟုတ်ဘူး ငါလဲငတ်တာဘဲ ဘာလို့ဆိုတော့ သူ တို့ကိုတပက်ကိုတရာက်တည်းချက်ကြွေးရတာ ၊ သူတို့ဆီကနေတိုင်းစားရတာကိုး အင်း လျှာနဲ့သွား တောင်မကြာခဏကိုက်မှိတတ်သေးတာဘဲ အင်းမထူးဘူး ပြန်ခေါ်လိုက်မယ် ။
ဟိုဘလော်ကာမကြီးမိနှင်းနှင်းမိုးဆိုတာကြီးကလဲ အမြဲတမ်းစိတ်ညစ်နေတာဘဲ သူ့ဟာကတခါမှပျော် တယ်မရှိဘူး ၊ ဘယ်လိုလုပ်ပေးရမှန်းတောင်မသိဘူး အိပ်ရေးဝအောင်မအိပ်တော့လူက ပြောတဲ့စကား မှန်သမျှကို သူ့ကိုမကောင်းပြောတာဘဲမှတ်နေတာနေမှာ ဒါမကောင်းဘူး ၊ အိပ်ခိုင်းရအုံးမယ် ။
ဘလော့နဲ့ပတ်သက်ပြီးတော့ ဒီအပက်ကစပြီး တနလာင်္နေ့တိုင်းကို သောင်းပြောင်းထွေလာရေးမယ်ဗျာ တနင်္ဂနွေနေ့တိုင်း ကို သတင်းကြော်ငြာမယ် ၊ ကျန်တဲ့ရက်တွေမှာ ဘာတွေမှာ စိတ်ကူးပေါ်တာ တင်မယ် ဒီဘလော့ကလဲအားကြီးချုချာတယ် ချုချာမှာပေါ့ မိခင်ရဲ့မေတ္တာမှမရတာ သူ့မွေးတဲ့အမေက နွားမဒန်း သားမခင်ဆိုသလို ဟိုသွားဒီသွားနဲ့ လုပ်နေတာကိုး ၊ အမြဲတမ်းဇေကဘဲစောင့်လျှောက်နေရတာကိုး ၊ ဘဲငန်းအထီးကြီးကျနေတာဘဲ မွေးတုန်းကနှစ်ယောက်မွေးတာ အခုတော့တစ်ယောက်ထဲ ဒိုင်ခံပြီး စောင့် လျှောက်ရှောက်နေရတယ် ၊ အင်း လစဉ်လတိုင်း မြန်မာလတွေရဲ့အကြောင်းတွေလဲရေးအုံးမယ် ၊ လာဖက် တဲ့လူတွေ မျက်စိနောက်ရအောင်သာ ကြံပေတော့ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ……..။