ဝါဆိုလသည် မြန်မာပြက္ခဒိန်တွင် လေးခုမြောက်လဖြစ်သည်၊ ရက်ပေါင်း ၃၀ရှိသော ရက်စုံလဖြစ်သည်၊ ၀ါထပ်သောယ္ခုနှစ်တွင်ပထမ၀ါဆို ၊ ဒုတိယ၀ါဆို ဟုနှစ်မျိုးခေါ်ဆို၍ ရသောလမျိုးဖြစ်သည်၊ မြန်မာစာပေ တို့တွင်ဝါဆိုလကို နွေတာလ ဟုလဲခေါ်ဆိုကြသည်၊ ၀ါဆိုလပြည့်နေ့သည် နွေကာလ၏ အဆုံးအဖျားကို ရောက်သောကာလဖြစ်၍ နွေတာလဟုခေါ်ဆိုသည်ဟု မှတ်သားရဘူးပါသည်။
မင်းကြီးစွာဆော်ကဲလက်ထက် မိဖုရားဖွားစော၏အလှူတော်ကျောက် စာတွင်
{ ဘုရားမြတ်မွန်၊ နှိဗ္ဗာန်လွန်ပြီး၊ သာသနာနှစ်၁၉၄၂ ၊ သက္ကရာဇ်၇၆၀ ၊နွေတာလဆန်း } ဟူ၍ရေးသားထားသောကြောင့် နွေတာလဟူသောအသုံးအနှုံးသည် ။ ပုဂံခေတ်မှစတင်သုံးစွဲလာသော အသုံးဖြစ်ကြောင်း မှန်းဆနိုင်ပါသည် ။
ဝါဆိုဟူသောအမည်မှာ မြန်လူမျိုးဗုဒ္ဓဘာသာများရဲ့ ကိုးကွယ်ရာဖြစ်သော ရဟန်းသံဃာတော်များ (ဣမသ္မိံ ၀ိဟာရေ ဣမံတေမာသံ ၀ဿံဥပေမိ )ဟူ၍ရွတ်ဆို ၀ါကပ်သောလ ဖြစ်၍ ဤလကို ၀ါဆိုလဟုခေါ်ကြောင်းမှတ်သားဘူးပါ သည် ။ ဤ၀ါဆိုလသည်နွေတာလဟူသော အမည်အပြင် ၊ မလွယ်တာလ၊ မြွတ်တာလ ၊ နွယ်တာလ ၊ နတ်ရှောင်လဟူ၍ ခေါ်ဝေါ်တတ်ကြပါ သေးတယ် ။ ထိုလေးခုထဲမှ ကျန်သုံးခုကိုမသိပေမဲ့ နတ်ရှောင်လဆိုတာကတော့ အသူရာနတ်မင်း က သူ့သမီး သုဇာတာကို သိကြားမင်းခိုးသွားသဖြင့် သိကြားကို အငြိုးထားပြီး ပုန်းညက်ပန်းတွေပွင့် တိုင်း သိကြားမင်းနဲ့စစ်တိုက်ရာ ရှုံးသဖြင့်ထွက်ပြေးရသောလဖြစ်သော ကြောင့် (ဒါမှမဟုတ်) သိကြားမင်းရဲ့ အန္တရာယ်ကို ရှောင်ရှားရာလ ဖြစ်သောကြောင့် နတ်ရှောင်လဟုလဲခေါ်ဆိုကြောင်း ပေါရာဏ ရှေးစကားတို့ကိုမှတ်သားဘူးပါသည် ။
{ဂျိုး ဂျိုမ့် ညံမာန်တင်းကာပ
၊ အသူရာသိကြားမင်းက စစ်ခင်း ခါပြိုင်ကြသည်၊
ဒီလဒီရာသီ } ဟူသောသီချင်းစာသားလေးက ဒီနတ်ရှောင်လကို ရည်ရွယ်ရေးသား ထားတာဖြစ်ပါတယ် ။ မဟာအတုလမင်းကြီးက၁၂လရာသီလွမ်းချင်းမှာဝါဆိုလရဲ့ ရာသီအနေထား ကိုဒီလိုလေးမှတ် တမ်းတင် ထားခဲ့ပါ တယ် ။
{ကိုးခွင်ငယ်မှိုင်းပါလို့ ၊
မြင်တိုင်းမှာတဲ့မဲညို ၊
လဲလဲငယ်စို ၊
ယုဂန္ဓိုရ် တောင်မဟာက ၊
ဗြုဗ္ဗာသဠ်ထွန်းတဲ့လကိုလေး} တဲ့ ရာသီမှိုင်းညိုတဲ့လမြတ်ဝါဆိုရယ် ပါ..။
ဝါဆိုလ၏ရာသီအနေအထားကို ရွှေပြည်ဝန်ကြီးဦးဘိုးလှိုင်ကသူ့ ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ဤကဲ့သို့ မှတ်တမ်းတင် ရေးသားထားပါတယ် ။ ၀ါဆိုဝါခေါင်ဤနှစ်လကို ၀ဿာနဥတုမည်၏ ၊ ဤ၀ ဿာနဥတု၌စိုစွတ်၏ ၊ ပူတုံအေးတုံရှိ၏ ၊ အိုက်၏ ၊ကောင်းကင်၌မိုးမပြတ်ရှိ၏ ၊အနောက်လေကျ တတ်၏ ၊ ကွမ်းဆေးစသောပိုး ၊မှတ် ၊ ခြင် ၊ ဖား အစရှိသည်တို့ပေါများကုန်၏ ၊ ထိန် ၊မအူ ၊လက် ထုပ် ၊ ဆပ်သွား ၊ မုလေး ၊ ပုန်းညက် ၊ စသောပန်းတို့သည်ပွင့်ကုန်၏ ၊ မြစ်တို့ရေလျှံကုန်၏ ၊ ရေ အိုင် ၊ရေကန် ၊ စသည်တို့၌ကြာဖြူ ကြာညိုတို့သည် ပွင့်ကုန်၏ ၊ မြေပြင်၌ မိုးရေတို့ဖြင့်မထင်ရှား သောကုန်းကြည်းရှိကုန်၏ ၊ စပါးပင်တို့ဖြင့်တင့်တယ်ကုန်၏ ၊ ဟူပြီး ဥတုဘောဇနသင်္ဂဟကျမ်းမှာ ရွှေပြည်ဝန်ကြီးကမှတ်တမ်းတင်ထား ပါတယ် ။
ရာသီပန်း မြန်မာလ ၁၂လမှာ လတိုင်း သူ့လနဲ့သူ အမြဲပွင့်တတ်တဲ့လရဲ့ သင်္ကေတပန်းလေးတွေ မြန်မာ့ရေမြေ ပေါ်မှာပွင့်ဖူးတတ်ပါကြပါတယ် ။ ဒီလရဲ့ သင်္ကေတပန်းကလေးကတော့ ပုန်းညက်ပန်းပါ ၊ အခြားပန်း တွေလဲပွင့်ဖူးတတ်ကြပါတယ် ။ ဒါပေမဲ့ ပုန်းညက်ပန်းကသာ ထင်ရှားပါတယ် ၊ ဒါကြောင့် မဟာအတု လမင်းကြီးက သူ့ရဲ့၁၂လရာသီလွမ်းချင်းမှာ ဒီလိုလေးစပ်ဆိုပါတယ်
{ရေလျှံတဲ့လ၀ါဆိုမှာ ၊
ပုန်းညက် ညို ၊
သင်းလှတယ်လေး } တဲ့ ။။။။
လူဦးမင်းနဲ့ဖိုးသူတော်ဦးမင်း ရဲ့၁၂လရာသီဖွဲ့မှာတော့
{ပန်းများလှစ် ကြူ ၊
မဉ္စူရွှေခတ် ၊
မဉ္စူရွှေခတ် ၊
ပုန်းညက်ကြိုင်သင်း }လို့ရေးဖွဲ့ခဲ့ပါတယ် ။။။။
ကင်းဝန်မင်းကြီးရဲ့၁၂ရာသီပန်းဘွဲ့မှာ တော့
{ပုန်းညက်အနန်း ၊
နှင်းဆီးပန်းနှင့် ၊
စခန်းကြိုင်သင်း ၊
ရဂုံတွင်းမှာ} လို့စပ်ဆိုပြီး ။။။။
အမည်မသိ ရှေးပညာရှိတဦးကတော့
{နက္ခတ်မိုးယံ၊
ဗြုဗ္ဗာသာဠ်တို့ ၊
လတံနီလျှက် ၊
ရောင်ခြည်ယှက်က ၊
ပုန်း ညက်ထိန်ထိန် ၊
ပွင့်ချင်းလိမ်ခဲ့ } လို့ရေးသားစပ်ဆိုပြီး ၀ါဆိုလမှာ ပုန်းညက်ပန်းပွင့်ကြောင်းရေးသား ထားခဲ့ကြပါတယ် ။ ပန်းေ ပါင်းစုံတဲ့ လရယ်ပါ ။
နက္ခတ်နဲ့ပွဲတော် မြန်မာလတွေကို မြန်မာလိုအဆိုအားဖြင့် တန်ခူး ၊ ကဆုန် စသဖြင့် ဗေဒအလိုအားဖြင့် ခေါ်ဆိုကြ သော်လဲ ၊ သူရိယသိဒ္ဓန္တ နေသွား ၊ လသွားဗေဒင်ပညာများအရ ပြိဿ ၊ မြိဿ ဟုခေါ်ဆိုပါတယ် ။ ဒီ အမည်များကတော့ ဝေဒပညာအခေါ်လို့ ဆိုပါတယ် ။ ၀ါဆိုလရဲ့ အမည်ကိုတော့ ကာရကဋ် ရာသီ လို့ ခေါ်ဆိုပါတယ် ။ ကာရကဋ် ရာသီဟာ ရာသီရုပ်အနေနဲ့ ပုဇွန်လုံးလို့ခေါ်တဲ့ ဂဏာန်းကောင်ရဲ့ပုံပါ ။ ဒါကြောင့်ဝါဆိုလဖွားတဲ့လူများဟာ ရေကြိုက်ပါတယ် ။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေတတ်ပါတယ်၊အများနဲ့နေထိုင်တာထက်တဦးတည်းသီးသန့်နေရတာကို ပိုမိုနှစ် သက် တဲ့လူမျိုးပါ။ဒီဝါဆိုလကိုရာသီအနေနဲ့ကာရကဋ်ရာသီခေါ်ဆိုကြသမို့မဟာအတုလမင်းကြီးက ၁၂ရာသီ ဖွဲ့လွမ်း ချင်းမှာ
ဆင်တာရာငယ် ၊
ရာသီကာရကဋ်နရိန္ဒာလဲ ၊
ကညာတောင်နတ်နှင့် ၊
ဖိုလ်မြတ်ကယ်နိဗ္ဗူ အောင်ဆုယူလို့ ၊
ရှစ်ဖြူရိပ်စံ ပဉ္ဇင်းခံသောခါ }လို့ရေးသားစပ်ဆိုထားပါတယ် ကာရကဋ်ရာသီမှာ ကောင်းကင်မှာ ဆင်တာရာထွန်းလင်းတတ်ပါတယ် ။ မြေပြင်မှာတော့ ရဟန်းခံ ရှင်ပြုအလှူတွေ လုပ်ကြပါတယ် ၊ ဒါကြောင့် ရာသီပုံလဖွဲ့မှာလဲ
{၀ါဆိုကာရကဋ် ၊
ပုန်းညက် ၊
ပဉ္ဇင်းခံ ၊
ဗြုဗ္ဗာသဠ် ပုစွန်လုံး ၊
မုလေး မာလာပွင့်ကြရှာ} ဟူပြီး ရေးသားစပ်ဆိုပါတယ် ။
{ပဉ္ဇင်းတော်ပွဲ ၊
သဲသဲအုတ် အော် ၊
ရွှင်ပျော်လှည့်ပတ် ၊
ကာရကဋ်} ဟု ရေးသားစပ်ဆိုထားသောကြောင့် ၀ါဆိုလရဲ့ နက္ခတ်မှာ ဆင်တာရာ(သို့) ဗြုဗ္ဗာသာဠ် နက္ခတ် ၊ ပွဲတော်မှာ ရှင်ပြုရဟန်းခံဟူ၍ ပုံသေမှတ်သားနိုင်ပါတယ် ။
ဝါဆိုနဲ့ဘာသာရေး
လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ သောင်းခွင်စကြာ ၀ဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု အစရှိသာခုနှစ်နေ့ဘုရားရှိခိုးမှာ
{၀ါဆိုလပြည့် ၊
ကြွက်မင်းနေ့ဝယ်
ချမ်းမြေ့ကြည်ဖြူ ၊
သန္ဓေယူသည် ၊
နတ်လူငြိမ်းဘို့ ၊
ကိန်းပါကိုယ် } ဆိုတဲ့လကာင်္လေးအရ ဗုဒ္ဓရှင် ပင်ဟာ ၀ါဆိုလမှာပဋိသန္ဓေယူခဲ့သလို ၊ {ဘုရားဖြစ်ခါ ၊
မိဂဒါသို့ ၊ ……၊
ဝါဆိုလပြည့်၊ စနေ နေ့ဝယ် ၊
ကြွေ့ကြေ့လျှံတတ် ၊
ဓမ္မစက်ကို ၊
မိန့်မြွတ်ထွေပြား ၊
ဟောဖော်ကြားသည် ၊
တရားနတ် စည် ၊
ရွမ်းတယ်ကိုယ် } ဟုရေးသားစပ်ဆိုတော်မူသောကြောင့် ၀ါဆိုလပြည့်စနေ့မှာပင် ကုဋေနဲ့ချီ ပြီး သတ္တ၀ါတွေ ကျွတ်တန်းဝင်စေမဲ့ ၊စမ္မစကြာဒေသနာမြတ်ဟောတော်မူခဲ့ ပါတယ် ။ ယခုဇေတို့မြင် တွေ့နေသော ၊ ရဟန်းသံဃာအဖွဲ့အစည်းကို ၀ါဆိုလမှာပင် ထူထောင်ခဲ့ပါတယ် ။ လောကမှာ ဘုရား ၊ တရား ၊ သံဃာ ဟူ၍ ရတနာသုံးပါး ဒီလမှာပင်ပေါ်ပေါက်ခဲ့လထူးလမြတ်ြ ဖစ်သလို ၊ မြန် မာဗုဒ္ဓဘာသာတို့ရဲ့ ရှာဖွေစုဆောင်းထားသော ငွေကြေးဥစ္စာတို့ဖြင့် သင်္ကန်းဝယ်ယူပြီး
(ဣမံ ၀ဿ ၀ါသိကစီဝရံ သံဃဿဒေမ ) ဟူ၍ သံဃာတော်အရှင်သူမြတ်တို့အားလှူ ဒါန်းသောလမြတ်တခုလဲ ဖြစ်ပါတယ် ၊ သီတင်းသီလစောင့်စတင်ဆောက်တည်ရာ လထူးလမြတ်ဖြစ်သလို ၊
{၀ါဆိုမည်ဆန်း၊
မြတ်သင်္ကန်း၊
လှူဒါန်းကြလေလျှင် ၊
သောတာပန်နှယ် ၊
ဂုဏ်ရည်ကြွယ် ၊
အပယ်လွတ်ကင်စင်} ဆို တဲ့ကဗျာလေးအတိုင်း ၀ါဆိုသင်္ကန်းကပ်လှူပူဇော်၍ အပယ်လေးပါး လွတ်ကင်းကြပါစေကြောင်း ဆုတောင်းရင်းဖြင့် ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…။