နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 27 December 2010

2010 မှာ.....

ပျော်ရွှင်ဖွယ် ခရစ္စမတ် ကာလပြီးမြောက်သွားတဲ့ အခါ ကျွန်မတို့ ၂၀၁၀ ကိုနှုတ်ဆက်ရအုံးမယ်…။ ၂၀၁၀ က ကျွန်မတို့ကို ဘာတွေပေးခဲ့လဲ..။ ၂၀၁၀ မှကျွန်မတို့ ဘာတွေတိုးတက်ခဲ့သလဲ ဘာတွေ ဆုတ်ယုတ်ခဲ့သလဲဆိုတာ ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်သင့်နေပါပြီ…။ ကျွန်မ အတွက်ကတော့ ၂၀၁၀ ကို ရင်မောစိတ်ရှုတ်ဖွယ် ဖြတ်သန်းခဲ့ရတယ်… ။ များသောအားဖြင့် စိတ်မကောင်းစရာ ၊ ၀မ်းနည်းစရာတွေကိုပဲ ကြုံ့တွေ့ခဲ့ရတယ်…။ ၂၀၁၀ ကာလတစ်ခုလုံးမှာ ကျောင်းတက်တာရယ် ၊ အချိန်ပိုင်းအလုပ်တစ်ခုရယ် နဲ့ အိမ်အလုပ်တွေလုပ်ရင်း သာမာန်ဘ၀ တစ်ခုကိုပဲ စိတ်မောစွာဖြတ်သန်းခဲ့ရတယ်…။ ကျောင်းမပြီးသေးတဲ့ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်နေပင်မဲ့ တချို့သော သူငယ်ချင်းတွေထက်စာရင် ကိုယ့်ဘ၀က ငြိမ်းအေးနေခဲ့လို့ အဖေ နဲ့ အမေ ကိုလဲကျေးဇူးတင်တယ် ။


တချို့သော သူငယ်ချင်းတွေလို လူကြီးဆန်ဆန် အသက်ရှင်မနေထိုင်ခဲ့လို့ ကလေးတစ်ယောက်လို သတ်မှတ်ချင်ပင်မဲ့ ကိုယ့်အရွယ်က ကလေးမဟုတ်တော့တာ ဒီဇင်ဘာ ၁၂ မှာ ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့သွားပြန်တယ်… ။


လူကြီးဆန်ရတာလဲ မော…..


ကလေးဆန်ရတာလဲ မော…..


လိမ်ပြောရတာလဲ မော……


ရိုးသားရတာလဲ မော……


အသက်ရှင်နေထိုင်ရတာ မော ပင်မဲ့… မောမော နဲ့ပဲ ရုန်းကန်လှုပ်ရှားနေရတာကိုက ဘ၀ တဲ့… ။ ဟုတ်လားတော့ မသိဘူး… [^_^] ။ ဒီလိုပဲ တစ်ခါတစ်လေ စကားကြီး စကားကျယ်တွေလေးတွေ ပြောမှ ကိုယ့်စကားနဲ့ ကိုယ် ပြန်အားရှိတာလေ…။ ဥပမာ  ကိုယ်မှန်ရင် ခေါင်းမရွှေ့တာတို့ …စသဖြင့်ပေါ့ ^__^ ။

ကဲပြောရင်း လိုရင်းမရောက်တော့ဘူး…။


တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာခဲ့တာ… ပတ်ဝန်းကျင်သာ ပြောင်းလဲသွားတယ် ကိုယ်တိုင် ကတော့ ဘာမှ မပြောင်းလဲသလိုခံစားမိတယ်…။  ကျွန်မအတွက်တော့ အရင့် အရင်နှစ်တွေကလို ကျောင်းတက်နေတုန်း အိမ်က မုန့်ဖိုးတောင်းနေတုန်း အိမ်မှာ ကလေးလုပ်နေတုန်း ၊ အဲ အချိန်ပိုင်း အလုပ်လေးတစ်ခုသာ လုပ်နေရတာ ပိုသွားတယ် ။


အဖေနဲ့ အမေ ကျန်းမာစွာ နဲ့ ကျွန်မတို့ မိသားစုလေးအေးချမ်းစွာနေထိုင်သွားချင်တယ်လို့ ၂၀၁၀ ကိုနှုတ်ဆက်ပြီး ၂၀၁၁ ကိုကြိုဆိုရင်း ဆုတစ်ခုတောင်းချင်တယ်…။


ပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့လေးတွေ ဖြစ်ပါစေရှင်….။


ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

3 comments:

ညိမ်းနိုင် said...

ဒေါ်ရွေနှင်းမိုးရေ....
ပျောက်ချက်သားကောင်းနေလိုက်တာ...။
ဒီနှစ်ထဲပေါ်မလာတော့
ဘူးတောင်ထင်နေတာ။
ကဲ...ရှိစေတော့...:)...။
၂၀၁၁မှာတောင်းတဲ့
ဆုလေး ပြည့်ပါစေကြောင်း
ထပ်လောင်းဆုတောင်း
ပေးလိုက်ရပါကြောင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

အသက်ငယ်ပေမဲ့ အသိတရားကောင်းလေးတွေနဲ့ စာရေးတတ်သူဘဲ..
နှစ်သစ်မှာ အစစ အဆင်ပြေပါစေ ညီမလေးရေ..

Anonymous said...

လူကြီးဆန်ရတာလဲ မော…..
ကလေးဆန်ရတာလဲ မော…..
လိမ်ပြောရတာလဲ မော……
ရိုးသားရတာလဲ မော……
၂၀၁၀ မှာမောနေပြီလားဗျ ..
မောမောနဲ့ ပဲ မန့် သွားပါတယ်ဗျာ

ခင်မင်လေးစားလျှက်
အုပ်ကြီး

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...