မင်းရဲ့မျက်လုံးတွေနဲ့
ငါ့ရင်ထဲကတစ်စုံတစ်ရာကို..ရှာဖွေပါ...။
ဒါပေမဲ့လည်း...ရှာတွေ့တဲ့အခါ
ဆွဲထုတ်ပြီး မလွှင့်ပြစ်လိုက်ပါနဲ့ …
ဘာကြောင့်လဲဆိုတော့...ငါရင်ခွင်ဗလာနဲ့ဆို...
အသက်ဆက်နိုင်မှာမဟုတ်လို့...။
မင်းရဲ့အသံလေးနဲ..
ငါ့အိမ်မက်ရဲ့တေးသွားကို..ဆိုငြီးပါ..။
ဒါပေမဲ့လို့...အဲဒါကို..
လွင့်ပျံပျောက်ရှသွားအောင်မလုပ်လိုက်နဲ့...
ဘာကြောင့်လဲဆိုတော့..အဲဒီထဲမှာ.....
ငါ့ရဲ့နှလုံးသွေးတွေ...လည်ပတ်နေလို့...။
မင်းရဲ့အရှိန်အ၀ါတွေနဲ့
ငါ့ဦးနှောက်ရဲ့အခန်းတွေထဲမှာ..နေရာအပြည့်ယူထားပါ...။
ဒါပေမဲ့....အဲဒီအခန်းတွေကို
မချိတ်ပိတ်ပစ်ပါနဲ့...
ဘာကြောင့်လဲဆိုတော့...အဲဒီအခန်းတွေထဲမှာ..
မင်းပေးတဲ့ရှင်သန်မှုအမှတ်တရတွေ...ငါသိမ်းခဲ့မိလို့...။
မင်းရဲ့လက်တွေနဲ့...
ငါ့အနာဂတ်စက္ကူဖြူပေါ်..ရေးခြစ်လိုက်ပါ...။
ဒါပေမဲ့.့..အဲဒီစက္ကူကို...
မဖြဲဆုတ်လိုက်ပါနဲ့..
ဘာကြောင့်လဲဆိုတော့...ဒီအရာဟာ
ငါ့တစ်ဘ၀လုံးစာနေရာဖြစ်နေလို့...။
......ချစ်သူ..ဖြစ်တည်ခြင်းဟာငါဆိုရင်..
ဖန်ဆင်းခြင်းကိုမင်းသာတတ်နိုင်သလို..
ဖျက်ဆီးခြင်းကိုမင်းပြုခဲ့ရင်..
သေဆုံးသူဟာ...ငါဖြစ်မှာဘဲ...။
Wednesday, 5 January 2011
မင်းနဲ့...ငါ့ရဲ့ရှင်သန်ခြင်း...
Subscribe to:
Post Comments (Atom)
4 comments:
ကဗျာလေး ဖတ်သွားတယ်နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကဗျာလေး ဖတ်သွားပါတယ်.
ဟုတ်ကဲ့ ကျွန်တော် အင်္ဂါဟူးပါ
ကဗျာလေး ကတယ်ကောင်းပါလားဗျ ကိုတင်စိန် လက်ရာတော့ ဟုတ်မယ်မထင်ဘူး
ဟုတ်ကဲ့ ကျနော်မောင်မောင်ပါ
ကဗျာလေးကြိုက်တယ်
Post a Comment