နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 27 April 2010

ပင်လယ်ကမ်းခြေ

ပင်လယ်ဟာ
မသန့်တဲ့အရာ ဘာကိုမှ
သူ့ကိုယ်ထဲမှာ ကြာကြာမထားဘူးတဲ့
ကမ်းခြေမှာနေသူတဦးက ပြောဖူးတယ်
ဒါကြောင့်
ကမ်းခြေတစ်ဝိုက်မှာ
အမှိုက်သရိုက်တွေ
ခွေးသေကောင်ပုပ်တွေကို
တွေ့တွေ့နေရတာလေ
ပြီးတော့ ကမ်းခြေမှာ
ဘန်ဂလိုတွေရှိတယ်
ဘီယာဘူးခွံတွေရှိတယ်
ဘီကီနီ နဲ့ကောင်မလေးတွေလည်းရှိတယ်
ကျွန်တော်တို့တွေဟာ
ပင်လယ်ထဲမှာ
ခဏတာ ဆင်းစိမ်နိုင်ပင်မဲ့
အမြဲတမ်းအတွက်တော့
ကမ်းခြေပေါ်ကိုပဲ
ပြန်ပြန်တက်ခဲ့ရတယ်မဟုတ်လား..။ ။

မင်းချစ်သူ(ရုပ်ရှင်တေးကဗျာ)

No comments:

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...