နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 28 August 2010

မင်္ဂလာပါ…



အားလုံးပဲ မင်္ဂလာပါ…။ ဒီတလော စာမေးပွဲဖြေနေတာနဲ့ ဘလော့ဂင်း မလုပ်ဖြစ်တာ တော်တော်ကြာသွားတယ်…။ ဇေ က တတ်နိုင်သလောက် မအားတဲ့ကြားက ဘလော့မှာ ပိုစ့်လေးတွေ တင်ထားပေးလို့သာ ကျွန်မဘလော့လေး ဒီလောက်ရပ်တည်နေနိုင်တာပါ..။ အရင်ဆုံး ဇေတာရာကို ကျေးဇူးတင်ရမှာပေါ့…။ ကျေးဇူးတင်ပါတယ် ဇေရေ…။ အင်းးးခု အားနေပြီဆိုတော့ ပိုစ့်အသစ်တွေ ရေးမယ်ဆိုတော့ ဘာရေးလို့ရေးရမှန်းမသိဘူးးးး..။ ဇေ ရေးထားတာတွေကလဲ ကောင်းလွန်းနေတယ်ဆိုတော့ သူရေးသလောက် မကောင်းတောင် အဆင်ပြေသလောက်ကောင်းအောင်ရေးမှ ဖြစ်မယ်လေ…။သိတဲ့အတိုင်း ကိုကိုဇေက သူ့လောက်စာရေးတာ မကောင်းရင် လူကို သိပ်နှိမ်ချင်တာ…။ ဘာမှမရေးဖြစ်သေးခင် ဘလော့တွေလိုက်လည်ဖြစ်တယ်…။


အော်… စာမေးပွဲ အခြေအနေကတော့ ရှယ်ပဲ..။ ဖြေနိုင်တယ်… တော်တော်ဖြေနိုင်တယ်လို့ပြောရင် ကြွားရာရောက်မယ်…။ တကယ်တော့ ကံကောင်းသွားတာ… ကျက်တဲ့ အပုဒ်တွေပါလာတာပေါ့…။ နောက်တနှစ်ကိုဘယ်လို ဖြတ်သန်းရအုံးမလဲမသိဘူးးး ကျောင်းတက်ရတာ စိတ်ညစ်လာပြီ..။ ဒါပင်မဲ့ကျောင်းသား ဘ၀ကိုတော့ မက်မောမိတယ်…။ အပူအပင်ကင်းတယ်လို့ ခံစားမိတယ်..။

စာမေးပွဲဖြေတော့ သူငယ်ချင်း ၂ ယောက်ခြစ်ချသွားတယ်…။ စိတ်မကောင်းဖြစ်သွားတယ်..။ ဘာလို့ ဒီလိုမိုက်ရူးရဲဆန်ကြတာလဲပေါ့…။ ကျွန်မဘ၀မှာ အဲလိုလုပ်ဖို့တခါမှ မစဉ်းစားဖူးဘူး…။ သူတို့ကို သတ္တိရှိတယ်လို့ပဲ ပြောရမလားးး..။


ဒီပိုစ့်လေးကတော့ ဘာရေးရမှန်းမသိသေးလို့ ဟိုရေးဒီရေးရေးမိတာပါ…။ ကုန်ကြမ်းတွေရှာနေပါတယ်..။ အသစ်တွေပေးချင်ပါတယ်။။။ စာအုပ်တွေ လက်လှမ်းမှီသလောက် လိုက်ဖတ်နေပါတယ်…။ စာမေးပွဲပြီးပင်မဲ့ လက်တွေ့ပရောဂျက် ရှိပါသေးတယ်..။

စာမေးပွဲရက်အတွင်း ကျွန်မကို အသေးစိတ်လိုက်စိတ်ပူပေးနေတဲ့ အဖေ နဲ့ အမေ ကိုကျေးဇူးတင်ပါတယ်…။ ညတိုင်းဖုံးဆက်ပြီး အားပေးတဲ့ သူငယ်ချင်းးး…။ မနက် စာမေးပွဲနောက်ကျမှာစိုးလို့ အိပ်ရေးပျက်ခံနိုးပေးတဲ့ သူငယ်ချင်းးး။ နားမလည်တဲ့စာတွေကို အချိန်ပေးရှင်းပြပေးတဲ့ သူငယ်ချင်း…အားလုံးကိုကျေးဇူးတင်ပါတယ်…။

 

ပြီးတော့ ကျွန်မတို့ ဘလော့လေးကို စောင့်ရှောက်ပေးထားတဲ့ ဇေတာရာ..။ wordpress နဲ့ .tk ကိုပြောင်းပေးဖို့ကူညီနေတဲ့ ကိုမာန်နတ်…။ Blog အတွက် Template လှလှလေးတွေ ဖန်တီးပေးတဲ့ နတ်ဆိုးလေး …။ ကျွန်မတို့ဘလော့လေးမှာ ကျွန်မနဲ့ ဇေ ပိုစ့်တွေတင်ချင်တာ တင်ပင်မဲ့ စိတ်မပျက်ပဲ လာဖတ်ပေးကြတဲ့ ဘလော့ဂါမောင်နှမ တွေအားလုံးနဲ့…၊ Cbox မှာမအော်၊ ကွန်မန့်မပေးပင်မဲ့ အပြင်မှာ နင့်ဘလော့က ဘာလိုတယ်..ဘာဖြစ်တယ်ဆိုပြီး အားမနာတမ်းဝေဖန်ပေးတဲ့ sclient reader သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောရင်း ကျွန်မနှင်းမိုးမိုး ပြန်လာပါပြီလို့…..။

Thursday 26 August 2010

SO CALL

ဒီဘလော့လေးမှာ စာစတင်ရေးတော့မယ် ဆိုတော့ နှင်းကိုဇေက ဂတိတခုတောင်းလိုက်တယ် ၊ ဒို့ဘလော့မှာ ၊  ဘာသာရေးနဲ့ ပတ်သက်တဲ့ဘလော့ ရယ်မတင်ဘူး ဆိုရင် မင်းရဲ့ဘလော့မှာ ဇေသိသလောက်လေး တွေကူရေးမယ်လို့ ၊ အဲလိုဂတိ တောင်းတော့ နှင်းကပြောတယ်  နင်ကဘာသာမဲ့မို့လား တဲ့ မဟုတ်ဘူးလို့ အကုသိုလ်မများချင် လို့ဟလို့ ၊ နှင်းသဘောပေါက် သလား မပေါက်ဘူးလား တော့ဇေမသိခဲ့ပါဘူး ၊ ဇေကတော့ ကိုယ့်စကား ကိုကိုယ်သိတယ် ဘလော့ဆိုတာ ပြည်ပမှာနေတဲ့လူ တိုင်းဖုန်းတလုံးနဲ့ ကွန်တလုံးရှိသူ တိုင်းရေးလို့ရတော့ လူတိုင်းရေးကြမယ် ရေးပြီဆိုရင် ဆွေးနွေးဘို့ ဖြစ်လာပြီး စတင်ဆွေးကြတယ် ၊ ဥပမာ ပညာရေး ၊ စီးပွားရေး ၊ လူမှု့ရေး အဲလိုအရေးတွေကို ဆွေးနွေးကြတယ် ဆိုရင် ဖက်ရတဲ့လူရော ၊ ရေးတဲ့လူရော အကျိုးအင်မတန်ရှိပါတယ် ၊ ဇေကိုယ် တိုင်က အဲလိုဘလော့လေးတွေ ရှာဖွေဖက်တယ် ။

ဘလော့တွေမှာ တချို့ဘလော်ကာကြီးတွေ နိုင်ငံရေးအကြောင်းရေးကြတယ် ၊ သိပ်ပြီးတော့ သ ဘောကျတယ် ၊ ကိုယ့်အမြင်သူ့အမြင် ဆွေးနွေးဖလှယ်ကြတယ် အတုခိုးစရာသိပ်ကောင်းပါ တယ် ၊ ငယ်နိုင်ဘလော့ကာနဲ့ နော်ဝေကမဗေဒါကြီးတို့ ဘလော့တွေမှာများ တခါတရံဆွေးနွေး ထားတာ အတုယူဘို့တအားကောင်းတယ် ၊ ခတ်တာက အဲဒီပိုစ့်တွေအောက် ဟိုမရောက်ဒီမ အောက်ကလိအာ တွေတောင်အော် မြောက်အော်တွေ တွေ့မှိတော့ တော်တော်လေးစိတ်ဆင်းရဲရ တယ် ၊ နောက် ဆုံးဆဲဆိုရေရွတ်ကြလို့ ၊ ဆဲတဲ့ကွန်မင့်တွေကို ဖျက်မယ်လို့တောင် စာကပ်ရတဲ့ အထိဖြစ် လာတယ် ၊ အဲလိုကိစ္စတွေ ဘလော့လောကမှာ အများကြီး  ။

နောက်တခုက ဘာသာရေး လူတွေဘာသာရေး ရေးတာကို အပြစ်မြင်တာမဟုတ်ပါ ၊ ကျွန်တော် ဗုဒ္ဓဘာသာ မဟုတ်ပေမဲ့ ပရိတ်ကြီး၁၁သုတ်လုံးကို အလွတ်ရပါတယ် ၊ ငါးပါးသီလကို ကိုယ့်ဘာသာ ကိုယ်တောင်းတတ်ပါတယ် ၊ လှူဒါန်းပြီးရင် နိဗ္ဗာနဿ ပစ္စယော ဟောတု  သံဃဿ ဒေမ စတဲ့ အလှူအတန်းနဲ့ စပ်ဆိုင်တဲ့ ဝေါဟာရတွေကိုသိပါတယ် ၊ နတ်မောက်လမ်းက မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကြီးမှာ ပါးနဲ့တစ်လ တရားစခမ်းဝင်ဘူးပါတယ် ၊ ၀က်သကင်တောရ မှာသတင်းသုံးနေတဲ့ (ယခုပျံလွန်တော်မူသွားပြီ) ရွှေတောင်တတ်ဒဿန ရေးတဲ့ ဆရာကြီးဦးဆန်း လွင် ဘုန်းကြီးဘွဲ့ အရှင်အာဒိစ္စရံသီ ဆီမှာ ၃ရက် တရားလိုက်နာဖူးပါတယ် ၊ မဟာမြိုင်ဆရာတော် ဘုရား အရှင်ဇောတိက ရေးတဲ့ ဘ၀ဆိုတဲ့ကျောင်း စာအုပ်ကနေ တွေးရတာပျော်တယ်အထိ ၂၂အုပ် စီးရီးလိုက်ဖက်ဘူးပါတယ် ၊ သစ္စာဒီပကဆရာကြီးဦးကြည်ရဲ့ ဒိဋ္ဌဓမ္မော ကနေ ဓမ္မာနုပဿ နာကျမ်းကြီးထိ ၁၀ အုပ်စီးရီးလိုက် ဖက်ဖူးပါတယ် ၊ ဒါပေမဲ့ တခါမှ ဘာသာရေးအကြောင်း မငြင်းခုန်ဘူးပါ ၊ ထိုင်းမှာနေစဉ်က ဇေ့ကိုတေးထပ် မကျည်းရွတ် ထပ်ပုံနည်း သင်ပေးတဲ့ ဦးပညာ ဗလဆိုတဲ့ ဘုန်းဘုန်းလေးဟာ ပီယာနိုတီးတတ်ပါတယ် ၊ တယောထိုးတတ်ပါတယ် ၊ ဇေတို့ကဆို တယ်သူကထိုးတယ် တီးတယ်လုပ်ပါတယ် သူကတောင်တခါတရံ ရှက်နေလို့ စောင်းဆရာ ဣန္ဒသက္ကဟာ မန္တလေးမှာ ဘုန်းကြီးဝတ်နဲ့ စောင်းသင်ပေးပါတယ် ဘယ်သူမှမကဲ့ရဲ့ပါဘူး လူထုဒေါ် အမာကတောင် မဟာဂီတဆိုတဲ့ စာအုပ်ထဲမှာ တခန်းတနား ထည့်ရေးထားသေးတယ် ဘာညာနဲ့ ပြောတော့မှ သူကတယောထိုးတာ သင်ပေးတာကိုး အဲလိုတွေရင်းနှီး ကျွမ်းဝင်ပေမဲ့ သူ့ကိုဘုန်းကြီး မဟုတ်ဘူး အတုအယောင် ဘာညာဒီလိုအတွေး မျိုးတခါမှ မ၀င်ခဲ့ဘူးပါဘူး သူ့အလုပ်သူလုပ် နေတာဘဲလို့မြင်ပါတယ် ။

ဇေတို့အိမ်ရှေ့မှာ ၀ိဇ္ဇာသိပ္ပံဆိုတဲ့ကျောင်းရှိတယ် ၊ ဘုန်းကြီးတွေ တခါတရံ ညနေစာစားနေတာ မြင်ခဲ့ဘူးသားဘဲ ချက်တောင်ကြွေးဖူးသေးတယ် ဒါပေမဲ့စိတ်ထဲမှာ သူ့တို့ကိုလေးစားမှုလျှော့မ သွားဘူး ၊ သူ့တို့အလုပ်သူတို့ လုပ်တယ် ညဘက်၁၁နာရီလောက်ထိ စာအော်ကျတ်ကြတယ် ၊ ဇေတို့အိပ်ယာ တောင်မထသေးဘူး သူတို့စာတွေကျတ်နေပြီ တခါတရံဘုန်းကြီးတွေကလဲ ကျတ်လိုက်တာ လွန်တာဘဲလို့တောင် တမှိပါရဲ့ ၊ ညနေဘက်ကြုံလို့ မုန့်ဝယ်ခိုင်းတယ် သွားဝယ်ပေးလိုက်တာဘဲ သူ့အလုပ်ကိုသူလုပ်နေ တဲ့လူတွေ ဒို့လိုအလုပ်လက်မဲ့တွေ မဟုတ်ဘူး သူ့တို့ရဲ့အသိုင်း အ၀ိုင်းကို သူတို့ရဲ့လုံးလတွေနဲ့ ထိန်းကြောင်းနေသူတွေ လို့ဘဲမြင်ပြီး ကိုယ့်ဘာသာ ကိုယ်နေခဲ့တာ ၊ တခါမှ ဘာညာမပြောဘူးပါ ၊ သူငယ်ချင်းအောင်ခန့်က ဘုန်းကြီးတ ပါး  ညနေဘက်မုန့်တွေ ၀ယ်နေတာတွေ့လို့ ဇေ့ကိုလာပြောတော့ မင်းအဖေ ဘယ်ဋ္ဌာနမှာ လုပ်သလဲလို့ မေးကြည့်လိုက်တယ် မြို့တော်စည်ပင်က လမ်းတံတားအင်ဂျင်နီယာ ဋ္ဌာနမှာတဲ့ မင်းတို့အိမ်ကနေ မင်းအဖေ နေ့စဉ်ပုံမှန် ရုံးကိုဘယ်အချိန်သွားလဲလို့ထပ်မေးလိုက်တော့ ၁၀နာရီ လောက်ပုံမှန်သွားတတ်တယ်တဲ့ ဟရုံးက ၉နာရီတတ်တာလေ ဘာလို့၁၀နာရီမှ အိမ်ကထွက်သ လဲလို့ထပ်မေးတော့ အဲကောင်မဖြေနိုင်ဘူး အဲဒါနဲ့ဇေကပြောပြတယ် မင်းအဖေက နိုင်ငံဝန်ထမ်း ကွ လစာရတယ် အရာရှိမို့လို့ ရုံးနောက်ကျရင်လဲ ဒဏ်ရိုက်မဲ့လူမရှိဘူး ၊ ငါးပါးသီလမလုံလဲ ဘယ်သူမှ အကြည်ညိုမပျက်ဘူး ၊ ဟိုကသာသနာဝန်ထမ်း လစာမရဘူး သီလတွေတပုံတပင်နဲ့ မင်းလမ်းမှာ တွေ့ခဲ့တဲ့ဘုန်းကြီး ရဲ့သီလကို မင်းရေကြည့်ရင်တောင် လက်နဲ့ခြေထောက်မလောက် ဘူး ၊ သီလပျက်တယ်လို့ သတင်းကြားတာနဲ့ လှူမဲ့တန်းမဲ့လူ တွေကမလှူတန်းတော့ဘူး ၊ အဲလိုမှန်း သိရက်နဲ့ သူလူမြင်ကွင်းမှာ ဒီလိုဝယ်တယ်ဆိုတာ ဘာလို့လဲ မင်းထမင်းစားတာမှန်ရင် စဉ်းစားပေါ့လို့ ဇေပြောလိုက်တော့ အဲကောင်တခွန်းမှမပြောတော့ဘူး ၊ ၀န်ထမ်းလောကမှာ ရုံးပုံ မှန်တတ်တဲ့ ၀န်ထမ်းတွေရှိသလို ၊ မင်းအရှေ့မှာ ညနေဘက်မုန့်ဝယ်နေတဲ့ ဘုန်းကြီးလို ဘုန်းကြီး တွေလဲ သာသနာဝန်ထမ်းလောကမှာ ပေါမှပေါ လို့ ၊ ဒါလေးကိုမြင်တာနဲ့ မဆိုင်တဲ့လူတွေမထိ ခိုက်စေနဲ့ လို့ဇေက ပြောလိုက်ဘူးပါတယ် ။

ယနေ့တိုင် ဇေဗုဒ္ဓဘာသာလို့မခံယူထားသေးပါဘူး ဒါပေမဲ့ ဘုန်းကြီးတွေနဲ့ပတ်သက်လာရင်တော့ ဇေ့ခံယူချက်ကတမျိုး ၊ လူဟာလူဘဲ လူကိုဘာအ၀တ်ကြီး ပတ်ထားထား လူ့မှာဖြစ်ရမဲ့စိတ်ဟာ ဖြစ်ကိုဖြစ်ရမယ်လို့ အဲလိုဘဲထင်မှတ်ထားပါတယ် ၊ သူ့အလုပ်သူလုပ်ဘို့ သာလိုတယ်လို့မြင်ပါ တယ် ၊ ဘုန်းကြီးဝတ်ပြီး ချဲရောင်းတာ ဗေဒင်တွက်တာ ၊ ဒါတော့သီးမခံနိုင်ဘူး ၊ ဇေ့အမ၀မ်းကွဲ မော်လမြိုင်က လာတော့ ဦးဇင်းတပါးနဲ့ ကြိုက်တယ် ၊ အိမ်ကို ကိုးမိုင်မဟာစည်ကျောင်းက တပါးကြွတယ် ၊ ကန်ဦးဇေတ၀န်စာသင်တိုက်က ၃ပါးကြွတယ် ၊ ၀ိဇ္ဇာသိပ္ပံကျောင်းတပါးကြွတယ် အားလုံးပေါင်း ၅ပါး ၊ အဲဒါနေ့တိုင်း စနေနေ့က ဖေဖေ့မွေးနေ့မို့လို့ စာတမ်းလေး တခုချိပ်ပြီး စနေနေ့ တိုင်းဆွမ်းခံ ကြွပါဘုရားလို့ ချိပ်ထားတယ် အဲနေ့ကျရင် လမ်းထဲကြွသမျှကို လောင်းတယ် ၊ မမလေးနဲ့ ကြိုက်တဲ့ ကိုယ်တော်က အမြဲတမ်းကြွနေတဲ့ ကိုယ်တော်ပါ ၊  မမလေးကိုစာပေးတာ ဇေနဲ့ဖေဖေ တိုက်ရိုက်မြင်တယ် ၊ လူပြောသူပြောနဲ့ မြင်တာမဟုတ်ဘူး ဖေဖေက မမလေးကို မော်လမြိုင်ပြန်ခိုင်းတယ် ၊ အိမ်မှာလူစုံတုန်း ဒီစကားပြောတော့ မေမေကလွဲ ရင် ကိုယ်တော်လေးကို ဆွမ်းခံဆက်ပင့်ဘို့ တအိမ်လုံးက သဘောတူတယ် ၊ ဖေဖေကပြောတယ် လူဟာလူဘဲတဲ့ ကိုယ်တော်လေးဟာ အရွယ်ရောက်နေတဲ့ အရွယ်ဖြစ်လို့ မဆင်မခြင်လုပ်မှိတာ တဲ့ ဒို့တွေပြုပြင်ပေးလိုက်ရင် ဘုန်းကြီးလေးတပါးဖြစ်လာမယ်တဲ့ သူကဓမ္မာစရိယ တန်းကိုဖြေနေတာ မအောင်သေးဘူး ၊ နောက်နေ့တွေဆွမ်းခံ ကြွတော့ဖေဖေက အဲကိုယ်တော်လေးကို အိမ်ရှေ့က တန်းယားမှာ မထိုင်စေတော့ဘဲနဲ့ အိမ်ထဲကိုပင့်တယ် ၊ ဇေတို့တွေနဲ့မိတ်ဆက်ပေးတယ် ၊ ပစ္စည်း လေးပါး လိုတာအလှူခံတော်မူပါ ၊ စာအုပ်စာတမ်း ငွေကြေး အလှူခံတော်မူပါ ၊ တပည့်တော်တို့ မှာအမှားရှိရင် ခွင့်လွတ်ပါ အပြစ်ရှိရင်ဆုံးမပါ နဲ့ အဲနေ့ကစပြီးလျှောက်တယ် ၊ မမလေး ကိုလဲမော် လမြိုင်ကို ပြန်လွတ်လိုက်တယ် ၊ ပါးက ကိုယ်တော်လေးကို တော်တော်ကရုစိုက်တယ် ၊ ၀ါဆိုလ ရောက်ရင် အဲကိုယ်တော်လေးကို သင်္ကန်းတစုံလှူတယ် ၊ ကထိန်ကျရင်လဲ လှူတယ် ၊ စာမေးပွဲ တွေရောက်ရင် ၊ သူကိုဆွမ်းအုပ်ပို့ပေးတယ် ၊ စာဖြေပြီးလို့ ရွာကိုပြန်တော့မယ်ဆိုရင် လမ်းစရိတ် လှူတယ် ၊ သူကလဲ ရွာကပြန်လာရင် လဲငရံ့ခြောက်လေး တွေပါးအတွက် လာပေးတယ်၊ အဲလိုနဲ့ အဲကိုယ်တော်လေးနဲ့ ဇေနဲ့ရင်းနှီးသွားတယ် ၊ တနေ့ကျတော့ ဥပုဿ်နေ့တဲ့ အားတယ်လာ လည်ဆိုလို့ ၊ ကိုယ်တော်လေးရှိတဲ့ စာသင်တိုက်ကိုသွားလည်တယ် ၊ သူကဟတ်ပီးဝါးကို သွားမလို့ တဲ့ ၊ လိုက်ခဲ့ပါလား ဆိုပြီးခေါ်တာနဲ့ ဇေကသူနဲ့တူတူဟတ်ပီးဝါးသွားတယ် ။

ဟိုရောက်တော့ သူကဇေ့ကို တိုက်ကားစီးပြခိုင်းတာနဲ့ တိုက်ကားစီးတယ်ဇေက သူကအပြင်ကနေ စောင့်ပြီး နောက်တသုတ်စီးဘို့ ပြင်နေတယ် ၊ ဇေလဲစီးပြီးအပြင်ထွက်လာတော့ ခုနကရပ်နေတဲ့နေ ရာမှာ ၊ သူ့ကိုမတွေ့တော့ဘူး ကိုယ်တော်လစ်သွားတာ ဘယ်လစ်သွားမှန်းမသိဘူး ၊ ပြီးမှ ဇေလိုက်ရှာတော့ ဟတ်ပီးဝါး ထိပ်က ၀ါးဟားဟားရေခဲမုန့်ဆိုင်ကနေ လှမ်းခေါ်တယ် ၊ ဘာလို့လဲ မစီးတော့တာလဲ လက်မှတ်ကြီးဖြတ်ထားတယ်မဟုတ်လား မေးတော့ တော်ပြီကွာတဲ့ လမ်းကျမှ ပြောပြမယ်ဆိုပြီး ပြန်လာကြတာ လမ်းရောက်တော့ ပါးကိုတွေ့လိုက်လို့တဲ့ ၊ အာဦးဇင်းကလဲ ပါးတွေ့တာ ဘာဖြစ်တုန်း မဟုတ်ဘူး ငါကျန်တဲ့ ဒကာတွေထက် မင်းဖေဖေကိုကြောက်တယ်တဲ့ ဇေတော်တော်လေး ပျော်သွားတယ် ပါးကဘာမှမလုပ်ဘဲနဲ့ ပါးကိုတအားရှိန်နေတာဆိုတော့ ပျော်မှိ တာပေါ့ ညကျတော့ ပါးကိုပြောပြတော့ ပါးက တအားသဘောကျသွားတယ် ၊ အခုတော့ ကိုယ်တော်လဲ ဓမ္မာစရိယပြီးသွားပါပြီ ၊ သူနေတဲ့ ပဲခူးတိုင်းဝေါမြို့နယ်က ကျောင်းတကျောင်းမှာ ကျောင်းထိုင်ဆရာတော်လေးဖြစ်သွားပါပြီ ၊ စာသင်းကျောင်း ပေါက်စလေးဖွင့်ပြီး ခလေး ၇၀ လောက်ကို နှစ်တိုင်းသူ့ပိုက်ဆံနဲ့ ဆရာမငှားပြီးစာသင်ပေးပါနေပါတယ် ၊ သူ့စာသင်တိုက် ပို့ထား တဲ့ကိုရင်လေးကိုလဲ အိမ်မှာဆွမ်ခံခိုင်းထားပါတယ် ၊ ကထိန်ရောက်တိုင်း အိမ်ကိုဖိတ်လို့ တခါလိုက် လည်ဘူးပါတယ် ၊ ရွာကအကြီးကြီးပါ ညောင်ခါးရှည်လို့ခေါ်ပါတယ် ၊ ဇေတို့ရောက်တော့ ရွာကဒ ကာကြီးတွေ ဒကာမကြီးတွေက ထမင်းဖိတ်ကြွေးပြီး သူ့တို့ကိုယ်တော်လေး တော်ကြောင်း ၀ိနည်းလေးစားကြောင်း တရားဟောကောင်းကြောင်းတွေ ချီးမွမ်းနေကြပါတယ်..ဒီနယ်မှာ သူ့တို့ကိုယ်တော်လေး တပါးသာ ဓမ္မစရိယ အောင်တယ်တဲ့ အခြားကိုယ်တော်တွေက  အကြီးတန်း ဘဲအောင်တယ်လို့ ပြောဆိုချီးမွမ်းနေကြပါတယ်…..။

ဖေဖေနဲ့ဇေသာ မမလေးကို စာပေးတာနဲ့ တန်းပြီး ကိုယ်တော်ဆွမ်းခံမကြွ ခိုင်းလိုက်ရင် ၊ ဒါမှမဟုတ် ဆိုင်ရာ ဘုန်းတော်ကြီးကိုသွားတိုင်လိုက်ရင် ၊ ဒါမှမဟုတ် မလိုမနှစ်မြို့တဲ့  အရိပ်နိမိတ် တွေပြလိုက်ရင် ၊ ဒါမှမဟုတ် နီးစပ်ရပ် ရပ်ဆွေရပ်မျိုးတွေကို ဒီကိုယ်တော်လေး အကြောင်းပြန်ပြီး ဖောက်သယ်ချလိုက်ရင် ၊ ဘလော့မှာ တင်လိုက်ရင် ၊ စာနယ်ဇင်း တခုခုမှာ ရေးသားလိုက်ရင် ဒီလိုဖြစ်လာ မယ်ထင်ပါသလား? စာရှုသူတို့

ဘာသာရေးနဲ့ ပတ်သက်ပြီး ရှုံ့ချရေးသား တတ်တဲ့ဘလော်ကာ တွေဟာ သာသနာအတွက်ပါ ဒီလိုလူတွေကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ရင့်ရင့်သီးသီး ပြောဆိုရေးသားတတ်ကြပေမဲ့ သူတို့တွေကိုယ်တိုင်က ဓမ္မစကြာ သုတ်ကို စာအုပ်ကြည့်ဆိုတာတောင် အသံမှန်မထွက်တတ်ပါ ၊ နေ့စဉ်ဘုန်းကြီးကို ၀တ္တရားတခုအနေနဲ့ ဆွမ်းလောင်းဘူးသူမပါပါ ၊ ဒက်ပေါက်နေတဲ့ ကိုရင်ကို အိမ်မှာ ဆွမ်းခံကြွတုန်း ဖန်းဂီဒန် မလိမ်းပေးဘူးပါ ၊ ယုတ်စွအဆုံး အဲဒီဘလော်ကာ တွေရဲ့အိမ်မှာ သတင်းသုံးတဲ့ ဗုဒ္ဓရှင်ပင်တောင် အာရုံဆွမ်းနေ့ဆွမ်း မှန်ဘို့ဝေးစွ ၊ သောက်တော်ရေပင် မှန်ပါလေ စဟု မေးရလောက်လုနီးနီး ဖြစ်နေပေမဲ့ သာသနာအတွက် အရှက်ကိုမငဲ့ကွတ်ဘဲ ဘာညာဆိုတဲ့စ ကားတွေပြောထွက်တာ အံ့သြစရာကောင်းလှပါတယ်…။

ဒီလိုလူတွေ ကြောင့် သာသနာမှာ မျက်နှာပျက်ရတယ် ဘာသာခြားတွေထဲမှာ ရှက်ဘွယ်ကောင်း တယ်နဲ့ အော်ဟစ်တတ်ကြပါသေးတယ် ၊ ခင်များတို့ ဘလော့ပေါ်မှာ ရေးသလိုမျိုး ဘယ်ဘာသာခြား ဘလော်ကာတွေရေးတာမြင်ဘူးပါသတုန်း ၊ မူစလင်တွေရေးတာတွေ့ဘူးသလား ခရစ်ယာန်တွေရော ၊ ဂျိမ်းတွေ ၊ ဖာတေစီတွေ ဘယ်သူတွေ ခင်များတို့လိုရေးကြပါသတုန်း ၊ ခင်များတို့ရေးတာက ခင်များတို့ကိုးကွယ်တဲ့ သသနာတော်ဆိုတာကြီး အတွက်ရေးပါတယ်ဆိုပေမဲ့ လက်တွေ့မှာ ခင်များတို့စီ လာမန့်တဲ့ ဘလော်ကာတွေ စီဘောက်ပိတ်လိုက်ရတယ် ၊ ဘုန်းကြီးနဲ့ လူနဲ့ဘုန်းကြီး လူ့တော်သလင်းပွဲလိုဖြစ်ကုန်တာဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျုပ်တေင်ရှက်တယ် ခင်များတို့ကတော့ အေးဆေးဘဲ ၊ ဘလော့လူစည်ရင်ပြီး စတမ်းဆိုရင် အခြားဟာတွေရှိပါတယ် ညစ်ညမ်း စာပေရေးတင်ကြပါ ၊ ရာဟုမောင်မောင်ဆို စည်မှစည် ၊ ခင်များတို့ အဲလို ဘုန်းကြီးကို ခွေးနဲ့နှိုင်းပြောလိုပြော ၊ သြကာသတောင် လိပ်ပတ်မလည်သူတွေက သာသနာအတွက် ဆိုပြီး ၈၈လူသတ်ပွဲလို ရိုက်မယ်ပုတ်မယ် လုပ်လိုလုပ် ဘာသားခြားတွေက တအားရီမယ် အဲဒီမြင်ကွင်း တွေကို ၊ ထိုင်းက မြန်မာမူစလင်တစ်ယောက်က ပြောတယ် ဗုဒ္ဓဘာသာတွေ စခွက်လုနေသတဲ့ ကိုယ်က ဗုဒ္ဓဘာသာမလုပ်ပေမဲ့ မိဘတွေနဲ့ အကိုတွေအတွက်နာတယ်ဗျ ၊ ကျွန်တော်ကတော့ရှင်း တယ် ၊ ဘာသာသနာအတွက်ပါဆိုရင် ပရိတ်ကြီး၁၁သုတ်ရရမယ် ၊ အဲဒါမရဘဲ ရေးရင် ခပ်ရိုင်းရိုင်းစကားလုံးနဲ့ပြောရင် SO Call ပေါ့ဗျာ ၊ ဘုန်းကြီးဆွမ်းမလောင်းဘူးဘဲနဲ့ ရေးရင်လဲ အဲလိုဘလော်ကာကိုလဲ SO Call ပါဘဲ ၊ အခုလို ကုသိုလ်မရ ငရဲရှာစာပေတွေ ရေးနေမဲ့အချိန်မှာ ဘုရားတန်ဆောင်းတခုခုမှာ ၊ သွားပြီးတံမြတ်စည်းလှဲရင် သိပ်ကောင်းပေါ့ဗျာ ၊ ကိုရင်လေးတွေ ၀တ်တဲ့ သင်္ကန်းတွေ လျှော်ပေးလိုက်ရင် သိပ်ကောင်းပေါ့ ၊ ခင်များတို့ ဒိုမိန်းဝယ်ပြီး အဲဒါရေးမဲ့အစားဗျာ ၊ ခင်များတို့ပြောပြောနေတဲ့ သာသနာဆိုတဲ့ ဟာကြီးကို နောင်တချိန်မှာစောင့် လျှောက်မဲ့ ခေါင်းမှာဒက်တွေဝဲတွေပေါက်နေတဲ့ ကိုရင်လေးတွေကို ဆေးဘိုးလှူပြစ်ဘို့ကောင်း တယ် ၊ 


ရွှေတိဂုံဘုရားမှာ ရွှေပိဿာ ရာချီရှိပေမဲ့ စာပေတွေကျတ်မှတ်နေရတဲ့ ကိုရင်လေးတွေ ခဲတံနဲ့ ဗလာစာအုပ်မရှိတာကတော့ တော်တော်ဝမ်းနည်းစရာပေါ့ ၊ နာမည်ကျော် ဆရာတော် ကြီးတွေကို ကားသိန်းထောင်ချီတန်တွေ အစီးမထပ်အောင် လှူထားကြပေမဲ့  ဘုန်းကြီးစာသင် တိုက်တွေက ကိုရင်လေးတွေ ဖိနပ်စီးစရာမရှိဘူး ၊ အဲဒါလေးတွေ ကိုဖြည့်စွတ်လှူဒါန်း ပြီးသာသာ သနာအတွက် ဘာသာအတွက်လို့အော်ကြပါလားခင်မျာ ၊ အခုတော့ နာမည်ကြီး ဘုန်းကြီးဖြစ်မှ ပိုက်ဆံလေး တသိန်းလောက်လှူဘူးတာကို သာသနာဒါယကာကြီး လုပ်ပြီး ဟိုအော်ဒီဟစ်နဲ့ ခင်များတို့ ပြောတဲ့ သာသနာအတွက်ကြီးကလေ  ခင်များတို့အော်တာနဲ့ ကိုဒုက္ခရောက်တော့မှာ ဟိုတလောက မဟ၀ါနဲ့ ငါးတပိုင်းဖားတပိုင်း ကိစ္စကို တကယ့်သာသနာဆိုင်ရာ ပရော်ဘရန် ကြီးလုပ်နေပြီး ၊ ဆဲလိုက်တာဆိုတာ ဘာပြောကောင်းမလဲ ၊ ကမ္ဘာပေါ်မှာ အရိုင်းဆုံးလို့ ဗုဒ္ဓဘာသာ အမြင်ကမြင်ထားတဲ့ ရှီးဟိုက်မူစလင်တွေတောင် အဲလောက်မဆဲဘူးမှတ်တာဘဲ ဖက် တောင်မဖက်ရဲဘူး ၊ တော်ပါပြီဗျာ ပြောတော့ပါဘူး အဲဒီတော့ဗျာ စကားပုံလေးတခုပေး ချင်ပါတယ် ကြိုက်ရင်ယူသွား ၊ မကြိုက်ထားခဲ့ပါ  နွားကောင်းကိုင်ချင်ရင် ၊ နွားကိုင်ကောင်းရတယ်တဲ့ ပြောဆိုရေးသားခွင့် ဟူသော လူသားအခွင့်အရေးအတိုင်း ရေးသားခြင်းဖြစ်ပါ၏ မည်သူ့မဆို ပြန်လည် အမှားထောက်ပြပြီး ပြောဆိုရေးသားနိုင်ပါသည် ၊ ကျွန်တော့်အမြင် ကျွန်တော်အတွေး မှန်သည်ဟု မဆိုလိုပါ ၊ မိမိနားလည်သလိုတင်ပြထားခြင်းသာ ဖြစ်ပါသည် ၊ ဟုတ်ကဲ့ ကျွန်တော် ဇေတာရာပါခင်မျာ ။


မှတ်ချက်
စီဘောက်တွင် ဆဲတုတ်ခြင်း သီးခံပါ ၊ မည်သူမဆိုကွန်မင့်ပေးနိုင်ပါသည် ၊ သင့်တော်လျှောက်ပတ် အပ်စပ်သော ကွန်မင့်များကို ပြန်လည်ဆွေးနွေးပါမည် ၊ မသင့်တော် မလျှောက်ပတ် မအပ်စပ် သော ကွန်မင့်များအား အသေ၀နာစ ဗာလာနံ ဟူသော မင်္ဂလာတရားတော်နှင့်အညီ အရေးယူ သွားမည် ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်…။


ပုံ
ဇေတာရာ

Tuesday 24 August 2010

ဝါခေါင်လ (ခ) နှစ်သီးစား လ








ဝါဆိုပြီးပြန်တော့ ၀ါခေါင်လကိုရောက်ခဲ့ပြန် ပါပြီခင်မျာ မိရွှေနှင်းက  လဲစာမေးပွဲဖြေနေသမို့ ကျွန်တော် ကိုဇေတာရာကဘဲ ကိုယ့်ထမင်းကိုယ်စား ပြီးကြီးတော်နှင်းရဲ့ နွားကိုအလကားကျောင်း ပေးပါရစေ ကျွန်တော်သိထားတဲ့ ၀ါခေါင်လ ဆိုတာလေးက ဒီလိုပါခင်မျာ….။

မြန်မာလ၁၂မှာ ၀ါခေါင်လဟာ ပဉ္စမမြောက်လဖြစ်ပါတယ် ၊ ရက်မစုံတဲ့လပါ ဝေဒပညာတွေမှာ သိဟ်ရာသီ လို့ခေါ်ဆိုရေးသားကြပါတယ် ၊   “ဝါခေါင်”လို့ ဆိုရာမှာ ဝါတွင်းသုံးလအတွင်း “ဝါခေါင် လပြည့်ကျော် (၁)ရက်ကနေ တော်သလင်း လပြည့်ကျော် (၁) ရက်နေ့ အထိ” ၁ လတာ အချိန်ဟာ ဝါရဲ့ အလယ်ဗဟို ဖြစ်တဲ့အတွက် “ဝါလယ်” ဆိုတဲ့ အနက် အဓိပ္ပါယ်ကို ယူပြီး ရှေ့လူကြီးတွေက ဝါခေါင်လို့ ခေါ်ကြတာလို့မှတ်သားဘူးပါတယ်..။

          ပုဂံခေတ် တုန်းကတော့ ဒီလကို “နံကာ” လို့ ခေါ်ဆို သုံးနူန်းခဲ့တယ်လို့ ဆရာကြီး ဦးဖိုးလတ်ရဲ့ “မြန်မာလ အမည်များ” စာအုပ်မှာ ဖတ်ရဖူးပါတယ်။ “နံ” ဆိုတာ “အချိန်အခါ၊ ကာလ” လို့ အဟော ထွက်တဲ့ အကြောင်း၊ “ကာ” ဆိုတဲ့ စာလုံးကတော့ “ပြုလုပ်တယ်” ဆိုတဲ့ သဘောပါ တဲ့။ ဒါကြောင့် ဝါတွင်း ဆောင်ရွက်စရာ ကိစ္စတွေနဲ့ ပတ်သက်သုံးရတဲ့အခါ “ဝါခေါင်”လို့ ခေါ်ကြ သုံးကြတယ် တဲ့။ “ဝါခေါင်” နဲ့ အဓိပ္ပါယ် ယူရင် “ ရဟန်းတော်များ ကျောင်း၌ နေရသော မိုးသုံးလ၏ အလယ်လ၊ ဝါလယ်လ” လို့ ပြောရပါမယ်။ “နံကာ” နဲ့ အဓိပ္ပါယ် ယူရင်တော့ “လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်လ” ဆိုရမှာပါ..။

ဝါခေါင်လနဲ့ပတ် သတ်တဲ့ ကဗျာတွေစာတွေ လွမ်းချင်းတွေ လူတားလေးတွေကို ပညာရှင်အ သီးသီး တို့က ကဗျာ့အမျိုးမျိုး စာအမျိုးမျိုး ရေးသားစပ်ဆို ကြလေရဲ့၊ အဲဒီအထဲမှာမှာ ဧရာဝတီ တိုင်း ၊ ကျိုက်လတ်မြို့ မဟာဂီတ၀ိသောဓနီ ကျမ်းပြု မဟာဂီတ ဆရာကြီးဦးပြုံးချိုက ၀ါခေါင်လဘွဲ့ လေးချိုးကို ဒီလိုလေး ရေးစပ်မှတ်တမ်းပြုခဲ့ပါရဲ့……။

လဆန်းရယ်တဲ့  ငွေဘုံဆောင်
ပြည့်ဝန်းကြယ်  သရ၀ဏ်နှင့်
နှယ်တ၀ှန်  ရှစ်ခွင်တိုင်းမှာ
မှိုင်းလို့ ရီမှောင် ။

ငွေတာရီ  သိန္ဒာငယ်တို့
ဝေဟာမှာ  အရှိန်ပြပါတဲ့
ချိန်သမယ  လ၀ါခေါင်မှာ
ငွေသောင်မြစ်  ပြည့်လျှမ်း ။

ခတ္တာငုံ
ချုပ်လွာမှုံ တကြူကြူနဲ့
ပြည်နိဗ္ဗူ ပတ္ထနာသန်လို့
စာရေးတံ လှူတော်ပွဲကို
(အိုကွယ်) နွှဲပျော်ဘို့မှန်း ။


ရယ်လို့ စပ်ဆိုထားပါတယ် အဓိပ္ပါယ်ကတော့ ဒီလဒီရာသီဟာ ကောင်းကင်မှာ သရ၀ဏ် နက္ခတ်ထွန်းပါတယ် ၊ ၀ါခေါင်လမှာ လမင်းကြီးဟာ အခြားလတွေထက်ပိုပြီး တောက်ပပါတယ် ၊ နေ့ဘက်တွေမှာတော့ ကောင်းကင်တခုလုံး မဲမှောင်ပြီး ထိုင်းထိုင်းမှိုင်းမှိုင်း ရှိတတ်ပါသတဲ့၊ မြစ်တွေထဲမှာ ရေတွေဟာ အမြဲပြည့်နေတတ်သမို့ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဟုပင် ဆိုစမှတ်ပြု ကြမဟုတ်တာ မဟုတ်ပါလား ၊ ရာသီပန်းအနေ နဲ့ကတော့ ခတ္တာပန်း ပွင့်ပါတယ် မိုးနံ့သင်းတဲ့ ညနေစောင်းလေးမှာ ခတ္တာပန်းရဲ့ ရနံ့သင်းလေးက ဒီလက ၀ါခေါင်လပါဗျ လို့ပြောနေသလို ၊ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတို့ ရဲ့ ဘာသာရေးထုံး ထမ်းနဲ့အညီ ဓမ္မာရုံများ ဘုရားတန်ဆောင် ဇရမ်ကျောင်းတို့ မှာ သလာကဘတ္တ စာရေးတံမဲ ကျင်းပကြခြင်းဟာလဲ  ၀ါခေါင်လရဲ့ ထူးမြတ်တဲ့ ဘာသာရေး ပွဲတခုပေ မဟုတ်ပါလား…………..။

ရတုဝါခေါင်
တိမ်တောင်ပတ်ယှက်
သည်ရက်အခါ မုနိထွက်ထား
ရွှေစကားတွင်
ပွဲများခြိမ့်ခံ
စာရေးတံဟု
စီံမံခင်းကျင်း
လို့စာဆိုတော် ဦးယာရဲ့ ၁၂ရာသီဘွဲ့ လူတားထဲက ၀ါခေါင်လရဲ့ မူပိုင်ဘာသာရေး ပွဲတော်ဟာ စာရေးတံမဲ ပွဲဖြစ်တယ်လို့ ဒီလိုလေး လူးတားရေးပြီး ဒီလိုလေးထောက်ခံထားလေရဲ့..။

နောက်တခုက ဒီလ၀ါခေါင်ဟာ အရပ်လေးမျက်နှာ အမြဲတမ်းမိုးသား တိမ်တိုက်တွေ ဖုံးအုပ်နေ တတ်ပြီး ၊ မိုးမရွာတတ်ပါဘူး ၊ ရွာရင်လဲ မိုးကမတိတ် တတ်တော့သမို့ (၀ါခေါင်တကြောင်း ထနောင်း ၊ ကြောင်ခြစ် ဆူးရစ်ပွင့်ခါ ၊ မိုးမရွာ ရွာပါသော်လဲ မိုးမစဲလို့ ) စာဆိုတော်များ တင်စားမှတ်သားထား ကြလေရဲ့ ၊ အဲလိုတွေ မိုးတွေအုံ့ဆိုင်းနေတော့ လွမ်းချင်းရေး တတ်တဲ့ ကဗျာ့ဆရာကြီးများက အလွမ်းသမားလေးတွေ အတွက် ၀ါခေါင်လ လွမ်းချင်းလေးကို ဒီလိုရေး စပ် ကြပြန်ပါရောလား ခင်မျာ………….။

“မျှော်ယောင် သာသန်းတော့ သောင်ကမ်းငယ် ပြည့်လျှံ၊ နဒီငယ်ခြံသည်၊ ပြည်မင်းစံရွှေဘုံက၊ အကုန်ထူးတဲ့လကိုလေး။ ။ သိဟ်ရာသီငယ် နေမိန္ဒရ၊ ဝါခေါင်လမို့၊ တောင်များ ထွတ်စွန်၊ သရဝဏ်လဲ၊ ရောင်ရှန်တေဇာ၊ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွယ်သည် အချိန်ကို၊ ဒေဝရိန် ပဇ္ဇုန်မှူးရယ်က၊ မြူးလှတယ်လေး” အို လွမ်းစရာ့ ကောင်းပါဘိတောင်း …………။

ဘယ်လိုပင်ဖြစ်စေကာမူ ဒီဝါခေါင်လဟာ အခြားလနဲ့မတူ တမူထူးခြားသမို့ ဒီချိန်ဒီကာလ ရောက်ရင်ဖြင့် မန္တလေးတိုင်း မတ္တရာနယ်မှာ လူစုလူဝေးနဲ့ ဟိုမရောက်ဒီမရောက် အုပ်စုတွေ ခေတ်ကောင်းတဲ့လဆိုလဲ မမှားပါဘူး တောင်ပြုန်းနတ်ပွဲကြီးလေ ဂျော်ရကီးတို့ ရဲ့ပွဲတော် မင်းနှစ် ပါးရဲ့ပွဲတော် ၊ အဲဒီမင်းနှစ်ပါးဟာလဲ ဂျော်ရကီးတွေ ထင်ပါတယ် ၊ ဂေးတွေကိုလဲ မယားလုပ်ပြီး လင်သားရှိတဲ့ မိန်းမတွေကိုလဲ တော်ကောက်တယ် ဆိုလား ကြောင်တောင်ဟိုဝါ ပြုတယ်ဆိုလား ဘာလား ညာလားပေါ့ဗျာ ၊ ဒီပွဲတော်ကြီးကတော့ ဘာသာရေးနဲ့ဆိုင်တဲ့ပွဲတော် လို့နာမည်တပ် ထားပေမဲ့ တကယ့်ဗုဒ္ဓဘာသာ စစ်စစ်တွေတော့ မသွားဘူးလို့ မှတ်သားထားဘူးလေရဲ့ ၊ သွားတဲ့ လူတွေကလဲ မူးရူးရန်ဖြစ် တွေ့ရာသေးပေါက် ပြီးပြန်လာကြ လို့မို့ ဆရာတော်ဘုရားကြီးများက လူ့တော်သလင်းပွဲ လို့တောင်သမုတ်ထားကြလေရဲ့ လယ်တီဆရာတော်ဘုရားကြီးကတော့ တနှစ်တခါ ငရဲရှာ လူ့ရွာဘုရားပွဲ ဆိုတာ အဲလိုပွဲတော် တွေထင်ပါ့ ၊ မည်သို့ပင်ဖြစ်စေကာမူ ဒီလ၀ါခေါင်ဟာ အခြားလနဲ့မတူ တမူထူးခြားတာကတော့  ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေအတွက် စာရေးတံမဲ ပွဲတော် ၊ ဗုဒ္ဓဘာသာ ၀င်မဟုတ်သော လူများအတွက် တောင်ပြုံးနတ်ပွဲ ၊ ဆိုပြီး ထူးထူး ခြားခြား  နှစ်သီးစား လလေးပေမို့ ပျော်ရွှင်စရာကောင်းလိုက်ပါဘိတောင်း ၊ ဟုတ်ကဲ့ကျွန်တော်ဇေ တာရာပါခင်မျာ…………………။

Sunday 22 August 2010

ပြည်တော်ဝင်!!!!!!!!!!!!!!!!!!!!!!!



ပြည်တော်ဝင် သီချင်းဟာ စစ်အတွင်းက သီချင်းတပုဒ်ပါ ဂီတပညာရှင်ကြီ အေ၀မ်းဆရာညှာ ရေးစပ်သီကုံး ခဲ့တဲ့သီချင်းလေးပါ ၊ အေ၀မ်ဆရာညှာ ဆိုတာက အရဟံဂုဏ်တော် ၊ ဇွဲ ၊ နဲ့ အများကြားဘူး ကြတဲ့ မြန်မာ့အသံက သတင်းလာခါနီးလေးမှာ တီးတတ်တဲ့ စံတော်ချိန်လို တီးလုံးမျိုးတွေကို ဖန်တီးတီထွင်ခဲ့သူပေါ့ ၊ ဆရာညှာ ဟာနှဲအမှုတ်အင်မတန် ကောင်းတယ်လို့လဲ မှတ်သားထားဘူးပါတယ် သူ့ရဲ့နှဲနဲ့ (ကြတ်ဖတိန်ညင် တောကိုဝင် ) ဆိုတဲ့ကဗျာ ကိုမှုတ်တာ ကဗျာကိုလူဆို နေသလိုဘဲတဲ့ခင်မျာ ၊ အဲလောက်တော်ခဲ့ င်္ဂီတပညာရှင်ကြီး တွေရဲ့သမိုင်းကို အင်တာနက်မှာတောင် ရှာမရတော့တာတော့ ၀မ်းနည်းဘို့ အရမ်းကောင်းပါတယ် ၊ ဆရာညှာဟာ ငယ်စဉ်ကတည်းက ၊ မျက်မမြင်ဖြစ်ပါတယ် သီချင်းရေးတော့မယ်ဆိုရင် ပါးစပ်က နုတ်တိုက်ဆိုပေး ပြီး တပည့်တစ်ယောက်က လိုက်ရေးရပါတယ် ၊ (စိတ်အလိုဆန္ဒမှာ အားလုံးသိကြဘွယ် ၊ ကိုယ့်ကိုကိုယ်ကြိုးရှာ အမျိုးသားများတို့ရယ် )လို့အရဟံဂုဏ်တော်သီချင်းမှာဖွဲ့ဆိုခဲ့လေရဲ့၊ အဲလိုသီချင်းမျိုးကို တထိုင်ထဲမှာ ရေးသားစပ်ဆို နိုင်တဲ့ ပညာရှင်ကြီးရယ်ပါ ၊ အခုပြည်တော်ဝင်သီ ချင်းဆိုတာကလဲ တခြားမဟုတ်ပါဘူး ၁၉၄၂ က ၁၉၄၅အထိ ဒုတိယကမ္ဘာစစ်ဖြစ်တော့ မြို့မအသင်းသားတွေ အတော်များများစစ်ကိုင်းတောင်ရိုးမှာ စစ်ခိုလှုံကြတယ် ၊ သူတို့နဲ့အတူ မန္တလေးမြို့သူမြို့သား အများပြားလဲ အတူတူစစ်ခိုလှုံကြပါတယ် ၊ စစ်ကြီးပြီးလို့ မန္တလေးကိုပြန်ဘို စုရုံးချိန်မှာ ဆရာညှာက ဒီပြည်တော်ဝင် သီချင်းကိုစပ်ဆိုရေးသား ပေးလိုက်ပါတယ်တဲ့ ၊ စစ်ကြီးပြီးခြင်းရဲ့ အထိမ်းအမှတ် ၊ ကိုယ့်ဋ္ဌာနေမဟုတ်တဲ့နေရာမှာ ရောက်နေသူတွေ ဋ္ဌာနီဋ္ဌာနပြန်ရတော့ မဲ့အထိမ်းအမှတ် အဆိုးတွေပျောက် အကောင်းတွေရောက်ဘို့ အထိမ်းမှတ်နဲ့ဒီပြည်တော်ဝင် သီချင်းကိုရေးသားစပ်ဆိုခဲ့ကြ မဟုတ်ပါလား ၊ ယခုလဲ (မြန်မာအလင်းနဲ့ကြေးမုံအလိုအားဖြင့်) ခေတ်မှီငြိမ်းချမ်းသော ပြည်ထောင်စုသမ္မတနိုင်ငံ တော်ကြီးဆီသို့ ချီတတ်နေပြီဆိုတော့ အဆိုးပျောက်ပြီး အကောင်းရောက်လာပြီမဟုတ်လား ခင်မျာ ၊ အဲဒီတော့ ဒီပြည်တော်ဝင်သီချင်းလေးနဲ့ ရွှေပြည်လွမ်းတဲ့ နိုင်ငံသားသမီးတို့ဋ္ဌာနီဋ္ဌာန ပြန်ကြရဘို့ ပြည်တော်ဝင် သီချင်းလေး နဲ့ကြိုဆိုလိုက်ပါရစေလားခင်မျာ…..။

ပြည်တော်ဝင်
တေးရေးသူ = အေ၀မ်းဆရာညှာ

ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ x နေ့တိုင်းပဲ သတိရတယ်လေ x
ကျုပ်တို့မြို့မ x အသင်းသားများတွေ x တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ x x
ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ x ရွှေမန်းသူမေ မေးလိုက်သံတွေ x
သြော် ကျန်းမာကြပါရဲ့လို့ ကျွန်တော်တို့ မြို့မမောင်တွေ x ရွှေမန်းသူမေ ပြောလိုက်ပါလေ x
စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည် x တစ်ခါတလေတော့ မျှော်မှန်း လွမ်းမိတဝေေ၀ x
ပြန်ချင်ဇောတွေ x ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ x x

အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ x အောင်စည် ရွန်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ x

မန္တလေး ရွှေမြို့ x တို့ရတနာပုံ နေပြည် x တင့်တယ်သာယာ စည်ကား ဟိုတုန်းခါကလေ x
အဲဒါတွေ မတွေးကြနဲ့ x ရှေ့ဆက်ခါ စီမံကြံစို့လေ x
မန္တလေး ရွှေမြို့ x တို့ရတနာပုံ နေပြည် x တင့်တယ်သာယာ စည်ကား ဟိုတုန်းခါကလေ x
အဲဒါတွေ မတွေးကြနဲ့ x ရှေ့ဆက်ခါ စီမံကြံစို့လေ x
မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ x တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ x
သြော် မေ့မေ့ ပျောက်ပျောက် အောက်မေ့ကြပေ x တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ x
လူကြံရင် မခံနိုင်ဘူး အထူးပင်မှတ်ကြလေ x
အရင်လို ပျော်ပျော်ရွှင်ရွှင်နေ x မြို့မအသင်းကပြောပေ x
အရင်လို ပျော်ပျော်ရွှင်ရွှင်နေ x ကျုပ်တို့အသင်းကပြောပေ x
ဖြစ်ဟဲ့ဆို .. ဖြစ်ရမယ်တဲ့ x ခေတ်သစ်လူများ အားအင်တောင့်တင်းပေ x x

အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
အခါတော်ရောက်ချိန် x နီးလို့လာပေ ဒေါ်ဒေါ်မမ နှမတို့ရေ x
အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ x
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ x အောင်စည် ရွန်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ x



ဦးဝင်းဦးရဲ့ ပြည်တော်ဝင်သီချင်းကို ဒီမှာဒေါင်းလုပ်ယူနိုင်ပါတယ်....
http://www.mediafire.com/?1teimimk1t2



 ဒါကတော့ စံတော်ချိန်တီးလုံးကီးလေးတွေ ဆရာညှာရဲ့ဖန်တီးမှုပေါ့ ဂီတာနဲ့ ပြန်လည်ဖန်တီးထားတာ




ပြည်တော်ဝင်သီချင်းစာသားကို မြို့မရဲ့တရားဝင်ဝက်ဆိုက်ကနေကူးယူဖော်ပြတာပါ ၊အောက်က စံ တော် ချိန်တီးလုံးနုတ်တွေကတော့ ဂီတာနိုင်ဇော် (ခ) ဦးနိုင်ရဲ့ဆိုဒ်ကပါစစ်တွင်းက သီချင်းဖြစ်တယ်လို့ ဦးသန့် ဇော် (မြို့မတူရိယာ) ကဖြေကြားပေးတာပါ...........။

Tuesday 17 August 2010

ဝေနေယျ တစ်ယောက် ကျွတ်ရှာပြီ


ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးနဲ့ အကြမ်းတမ်းဆုံးအားကစားသမားအဖြစ် နာမည်ကျော် ထင်ရှားသူ ဟဲဗီးဝိတ် ကမ္ဘာချန်ပီယံဟောင်းကြီး ၊ မိုင်တန်စန် (ခ) သံမဏိမိုက် တစ်ယောက် အကျွတ်တရား တွေတအားရပြီး ၊ မြန်မာနိုင်ငံမှာ သာသနာပြုမယ်လို့ ဖတ်လိုက်ရတော့ ၀မ်းသာ လိုက်တာတာ တအားပါဘဲခင်မျာ ၊ ဒီလူမိုက်ကြီးတောင် အသိတရားရှိနေပြီ ကိုး ။

တချိန်တခါက ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (WBA) နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (IBF) တို့တွင် မိုက်တိုင်စန်သည် ကမ္ဘာ့အသက်ငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းတင်ခံခဲ့ရပြီး။ ဟဲဗီးဝိတ်ကမ္ဘာချန်ပီယံ ဖြစ်ချိန်မှာတော့ အသက် ၂၀မျှာသာ ရှိသေးတဲ့ အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ ကြီးအဖြစ် ဂင်းနစ်မှတ်တမ်းမှာ မှတ်တမ်းဝင်ထား သူ ။


၁၉၉၂ ခုနှစ်တွင် အလှဘုရင်မ ဒက်စရီ ဝါရှင်တန်ကို မုဒိမ်းပြုကျင့် ခဲ့မှုဖြင့် တရားစွဲဆို ခံရသူ။ တရားခွင် အတွင်း ဂျူရီ လူကြီးများ၏ ၁၀ နာရီကြာ သုံးသပ်မှု အပြီးတွင် အပြစ်ရှိကြောင်း ထင်ရှား သဖြင့် မိုက်တိုင်စန်သည် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသူ။ 


၁၉၉၇ ခုနှစ်၊ အီဗန်ဒါ ဟိုလီဖီးလ်နှင့် ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာတွင် ဟိုလီဖီးလ်၏ ညာဘက် နားရွက်ကို ကိုက်ဖြတ်ခဲ့မှု ကြောင့်လည်း ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ရသူ ။


၎င်း၏ လက်ဝှေ့သမား ဘဝအတွင်း ဝင်ငွေ ယူရို သန်းပေါင်း ၂၆၀ ကျော်ရရှိ ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ဒေဝါလီ ခံလိုက်ရပြီး လူမွဲစာရင်းဝင်သွားသူ။ 


အခုတော့ မကောင်းမှု့တွေရဲ့ ဒဏ်ရာဒဏ်ချက် မျိုးစုံကို ခါးစီးခံပြီး ဘုရားကု ကုချင်လို့ မြန်မာ နိုင်ငံမှာ တဲလေးထိုးနေပြီး သာသနာပြုအုံး မယ်လို့ဆိုပါတယ် ၊ သူမှားခဲ့တဲ့ အမှားများစွာကို လဲနောင်တ ရနေပြီလို့ ဆိုပြန်ပါတယ် ။ 


“ဘုရားသခင်ဆီမှာရော၊ တခြားဘာသာတွေမှာရော ကျနော့်နာမည် မပါရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့်လူ့ဂုဏ်သိက္ခာဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ကျနော့်နာမည်ကိုကျန်ခဲ့စေချင်ပါတယ်”လို့Express သတင်းစာမှာ  ပြောကြားသွားပါရောလား ကျွတ်တာ ကျွတ်တာ ဘာသာမဲ့တွေ များတဲ့ အနောက်နိုင် ငံကြီးတွေမှာ လူမိုက်တစ်ယောက် သံဝေဂရ တာ အချိန်၈နှစ်ဘဲ ကြာပါတယ် ၊ ၈နှစ် အတွင်း ထူးထူးခြားခြား ပြောင်းလွဲသွားတယ် ၊ ဘာသာတရား ထွန်းကားလှတဲ့ နိုင်ငံတွေမှာ တော့ လူမိုက်တွေ ၂၀နှစ်ကျော် တာတောင်သမ္မာဒိဋ္ဌိ မဖြစ်သေးတာတော့ အံ့စရာပေါ့ ။

 
လူမိုက်သည် မိမိကိုယ်ကိုယ်မိုက်လျှင် မိုက်သည်ဟု သိလျှင် လိမ်မာသူဟုဆိုရာ၏ လို့လောကနီ မှာရှိသမို့လား ၊ အမှားကိုအမှားမှန်းသိ လို့ပြင်တယ်ဆိုတာ ကောင်းလှပါတယ် ၊ မိုက်တန်စန်လို လူမိုက်ကြီးက မြန်မာပြည်ကိုသွားတယ် ၊ တချို့လူမိုက်တွေ ဗုဒ္ဓဂယာကို သွားတယ် ၊ ဘယ်လိုပင် သွားကြစေကာမူ ၊ သွားတာချင်းတူပေမဲ့ ၊ သွားပုံချင်းမတူ ကြပါဘူး ၊ မိုက်တွင်းနတ်တဲ့လူဟာ ဘယ်ကိုသွားသွား ၊ ဘာမှမထူးလာပါဘူး ၊ နောင်တလေးရမှ သံဝေဂလေးပါမှ သွားတဲ့ခရီးဟာ တန်ဘိုးကြီး ပါတယ်ခင်မျာ ၊ ဒါကြောင့်မန်လည် ဆရာတော်ဘုရားကြီးရဲ့ ၊ မဃဒေ၀ လကာင်္ကျမ်းမှာ ။ 


သတ္တ၀ါတစ်ယောက် ၊ ယူမှားမှောက်ကို ၊ သိန်းလောက်ဘုရား ၊ မှန်သောအားဖြင့် ၊ ဟောကြားချေ ချွတ် ၊ ဖြေမလွတ်ဘူး ၊ အကျွတ်မရ ၊ နိယတဖြင့် ၊ ၀ါဒအလို ၊ မြေကြီးမျိုလဲ ၊ ယူကိုစွန့်ဘဲ ၊ အကျင့်လွဲ၍ ၊ ငရဲခံလိမ့်မည်သောကြောင့် ၊ လို့ဆိုထားတော်မူပါတယ် ၊ ကျွတ်ထိုက်တဲ့လူကိုဆိုတာ သံဝေဂ ရှိတဲ့လူ များကိုဆိုလိုပါတယ် ၊ သံဝေဂရှိတဲ့လူကို ဝေနေယျ လို့ တိပိဋက ပါဠိမြန်မာအဘိဓာန် မှာဖွင့်ဆိုပါတယ် ၊ မကျွတ်ထိုက်တဲ့ ဟာတွေကိုတော့ သတ္တ၀ါလို့ ခေါ်ပါသတဲ့ ဘယ်လိုပင် ဖြစ်စေကာမူ မိုက်တန်စန်ဟာ ဝေနေယျ များဖြစ်နေမလားဘဲခင်မျာ ၊ ဇေအပါဝင် စာရူသူအားလုံး ၊ လူဆိုးကြီး မိုက်တန်စန်ကို အတုယူပြီး အမှားများကို ပြန်လည်ဝေဘန် စမ်းစစ်ပြီး ဝေနေယျ လမ်းစဉ် လိုက်ပါကြပါစို့လို့ ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ………..။ 


ဘိုလိုဖက်ချင်သူများက ဒီကိုကြွ

MIKE TYSON TO BECOME MISSIONARY

Your browser may not support display of this image.
Mike Tyson says he wants to live in a hut in Burma
Monday August 16,2010

By Lizzie Catt

MIKE TYSON, once “the baddest man on the planet”, is set to become a missionary, saying he wants to go and “live in a hut” in Burma.
The troubled former heavy- weight boxing champion says that he hopes helping people in need will give him back his pride.
For many years “Iron Mike” took his hard-man image out of the ring and into his personal life.
In 1992 he was convicted of raping beauty queen Desiree Washington after a jury deliberated for nearly 10 hours. He served three years in prison.
Then in 1997 he caused a furore when he bit off part of boxer Evander Holyfield’s right ear during a bout.
His fortune disappeared as quickly as his reputation and he was declared bankrupt in 2003 after earning more than £260million during his prestigious but infamous career.
Now the 44-year-old says he is full of shame and is determined to do some good. “I want to count for something. Not in the name of God or any religion but in the name of self-dignity.
“I feel I’m a clown, I’m a joke. I just want to do nice things so my kids can respect me.”
Mike has already worked out where he wants to do his work. “I want to live in a hut in Burma,” the wannabe missionary tells Sports Illustrated magazine.
Mike credits third wife Kiki with making him a better person and a decent husband, saying: “I realised that if I wanted to have a healthy life and if someone was willing to love me then she deserved the best I had to offer, physically, emotionally and spiritually.

သူ့ရဲ့သမိုင်းကြောင်းလေးတွေသိချင်ရင်ဒီမှာဖက်လို့ရတယ်

Saturday 14 August 2010

ယူတော်မူကြပါခင်မျာ...


သေရေ သေရက် မလှူကောင်းဘူး ၊ ဆေးရေးပန်းချီ မလှူကောင်းဘူး အဲဒါက ဘုန်းတော်ကြီးတွေ မယ်သီလရှင်တွေ၊ ရသေ့တွေ ဘာတွေကိုပြောတာပါ ၊ သူငယ်ချင်းတွေကိုကြတော့ အဲဒါတွေ လှူကောင်းတယ် ၊ တအားကုသိုလ်ရတယ် မရတယ်အပထား ပျော်စရာတော့ကောင်းတယ် အဲလိုလှူတန်းတော့ ၊ သူတို့တွေ ပျော်ကြတယ် ဇေလဲတအားပျော်တယ် ၊ သတင်းနဲ့မီဒီယာ ခေတ်မှာ နိုင်ငံရပ်ခြား အရပ်ဝိုင်းဆိုတာဘာခတ်လို့တုန်း ၀က်စတန်ယူနီယံကနေ ငွေလွှဲလိုက်တယ် ထိုင်းကသူငယ်ချင်းတွေစီ $100 ထိုင်းဘက်ဆို ၃၀၀၀ကျော် ရမယ် အရက်အကြိုက်သောက်လို့ ရတယ် ၊ သူတို့ဝယ်သောက်တယ် မသောက်ဘူးသိရအောင် vzo ကနေပြီးတော့ စောင့်ကြည့်လိုက် ဟုတ်တယ် ၊ ဒီကောင်တွေပြော စကားဆိုစကား နားထောင်တယ် ပြောတဲ့အတိုင်း သောက်ကြသားဘဲ အင်း  မင်းတို့ခြောက်ယောက် ထိုင်းဘက်ကသောက် ဇေကဒီဘက်နေ သောက်မယ် အိုကေ ၊ ထိုင်းဘက်ကကောင်တွေက လှမ်းဆဲတယ် ဆောက်ရှုးတဲ့ ၊ ဒီကလဲပြန် နုတ်ဆက်လိုက်တယ် xx လားလို့ ၊ မူးလိုက်ဆဲလိုက် ၊ ပေါက်ကရပြောလိုက် ၊ ပြောတာကတော့ အစုံဘဲ ၊ ဘုရင့်မွေးနေ့အကြောင်းပါတယ် ၊ ကျောင်းကလာမဲ့နှစ်ဈေး တတ်မဲ့အကြောင်းပါတယ် ရှော်ပင်လာထွက်နဲ့ မင်းသမီးနဲ့ သူတို့နဲ့ဓာတ်ပုံရိုက်တဲ့ အကြောင်းပါတယ် ၊ ပိုက်ဆံကုန်သွားပြီ ဆိုတာပါတယ် ၊ ထမင်းချက်ကြွေးမဲ့ လူမရှိလို့ ထမင်းစားတိုင်း လွမ်းတယ်ဆိုတဲ့ အကြောင်းလဲပါ တယ် ၊ ဒယ်အိုးဆိုလား ဒန်အိုးဆိုလား အဲဘုန်းကြီး တရားလာဟောတာပါတယ် ၊ အဲဒီတရားပွဲ ကိုတရားလာနာတဲ့ ၊ တရားလာနာတဲ့ ဒကာမလေး ကားကြိတ်သေတာ ပါတယ် ၊ အဲကောင်မလေး တအားချော တယ်ဆိုတာလဲပါတယ် ၊ နောက်ဆုံးတော့ ဘာသဘောလဲမသိဘူး အားလုံးတပြိုင်ထဲ ထဆဲကြတယ် ၊ စောက်ရူးတွေဆိုတော့ ပြောမနေတော့ဘူး ၊ ဟုတ်တယ်လေ လူကြီးလူကောင်း ဆိုတာ လူကြီးလူကောင်းလို နေရတယ် ၊ ဒီလိုအဆင့်တန်းမရှိတဲ့လူတွေနဲ့ တုဖက်ပြိုင်ဆဲ နေလို့ ကောင်းပါ့မလား ၊သူတို့ကအရက်သောက်ပြီး မူးသေမဲ့ကောင်တွေ ဒီကခေတ်ကောင်းတာနဲ့ နိုင်ငံ တော်သမ္မတ လုပ်ဘို့ကြံထားတာ ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒါနလေးတော့ မန်းကီးသွားပါတယ် ပို့လိုက် တဲ့ ပိုက်ဆံနဲ့ အရက်အပြင်ကို ကြတ်ကျော်တစ်ကောင်ကိုပါ ၀ယ်သုတ်မြည်းကြသတဲ့ ပြီးတော့ မြတ်သူဆိုတဲ့ ကောင်က ကြတ်ကျော်သုတ်ပန်းကန် ကိုခေါင်းဝင်ပြီး လျှက်ပြတယ် ၊ သဘောက တော့ ဒီနေ့ပြုတဲ့ ဒါနဟာ ပိုးစိုးပက်စက်မြောက်တယ်ပေါ့ ၊ ဘယ်လောက်ထိ မြောက်သတုန်းဆိုရင် ခွေး တောင်လျှက် စရာမရှိအောင်ထိကိုမြောက်တယ် ၊ ကဲကဲ ဒီနေ့ပြုတဲ့ ဒါနလေး  ကိုသာဓုခေါ် လိုက် ကြအုံးနော် ၊ အဲလောက်ပျော်ရွှင်စရာကောင်းတဲ့ ဒါနကိုပြုလုပ်တဲ့ ဒါနရှင်ကြီး ကိုကိုဇေ (ကိုးရီး ယားမင်းသား နဲ့တူတယ်) ဤကား စကားညှပ် သူ့ချစ်သူနဲ့ပေါင်းရ အောင်ဆုတောင်းပေး ကြအုံးနော် ၊ ဤကုသလ အ၀၀ကို အမျှပေးပါတယ် သာဓုခေါ်ကြပါ….။ 


ဤကုသလ အ၀၀ကို
နိဗ္ဗာန်ရောက်ရန်
ဆုမပန်ဘဲ
ချစ်သူငယ်ချင်း
ဖော်တသင်းတို့
ပျော်ရွှင်စေရေး
ငါလှူပေးသည်
ရွှင်လန်းချမ်းမြေ့ ပါစေသော်
ဤကုသလ ၊ဘို့ဘာဂကို ၊ မိဘနှစ်ဖြာ ၊ မျိုးသဟာနှင့် ၊ နိုင်ငံစောင့်လျှောက် ၊ ဂရင်းမျောက်တို့ အား၎င်း ၊ အိမ်ကိုစောင့်တတ် ၊ ကိုဖြူကွတ်နှင့် ၊ ငမဲတဖြာ ၊ ဘိုနီမကြွင်း ၊ ရှိသမျှလုံးစုံ ၊ ဘုံသုံးဆယ့်တစ် ၊ ရှိရှိသမျှ ၊ ဝေနေယျအား အမျှကုသိုလ် ၊ ပေးဝေလိုသည် ၊ ကြိုက်သူ ယူသွားကြ ပါကုန် ။ 


 အမျှ အမျှ အမျှ ယူတော်မူကြပါ …..  သာဓု ၊ သာဓု ၊ သာဓု ၊ သာဓု ၊ သာဓု ၊ စကားမ များနဲ့ ကိုယ့်ဘာသာ အကြိမ်တရာခေါ်တော့ ဘယ်သူ့ကရုစိုက်ရမှာတုန်း ၊ ဘာကြည့်တာလဲ အောင်မယ် လာယူတာ ကောင်းကောင်းမယူဘူး ဂျစ်ကန်ကန်နဲ့ ၊ ဟီးဟီး အရှိန်မပြေသေးလို့ ဆောရီးနော်  ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ ၊ ရွှင်လန်းချမ်းမြေ့ကြပါစေ………..။

Wednesday 11 August 2010

မေမေနှင့် အရှင်မဟာမောဂ္ဂလာန်

ဘာမှမဆိုင်ဘူးမို့လားအိမ်ကမေမေနဲ့ဗုဒ္ဓရှင်ပင်ရဲ့လက်ဝဲတော်ရံရှင်မဟာမောဂ္ဂလာန်နဲ့ကမဆိုင် တော့မဆိုင်ပါဘူး၊ဒါပေမဲ့ရှင်မဟာမောဂ္ဂလာန်ကြောင့် ဇေအိမ်ပေါ်ကဆင်းရတယ်လေဘုန်းကြီး ကျောင်းသွား အိပ်လိုက် ရသေးသပေါ့ ၊ ဖြစ်ပုံကဒီလိုပါ …။

ဇေတို့မေမေဟာ အရမ်းကိုးရီးယားကားကြိုက်ပါတယ် ၊ တရုပ်ကားဆိုလဲနှစ်သက်ပါတယ် ၊ အိုရှင် လို ဂျပန်ဇာတ်လမ်းတွဲလိုဟာလဲ လက်မလွတ်ဘူးလို့ပြောလို့ရပါတယ်၊ အဲလိုဒါနသီလဘာဝနာတွေ စီးဖြန်းပွား များခြင်းကိုအနှောင့်အယှက်ဖြစ်ဖြစ်စေမဲ့အနုသုခုမတွေကိုသုံးသပ်ဖန်များလာတော့ သား အကြီးဆုံးဖြစ်တဲ့ ကိုကိုကြီးဟာ မေမေရဲ့နောင်တမလွန်ခရီးကိုသားကြီးသြရသပီသစွာ ပူပန်ရှာပါ တယ် ဒါကြောင့် အကြီးကောင်ကအပြင်ကပြန်လာတိုင်း တရားစာအုပ်ခလေးတွေဝယ်လာတယ်၊ တရားစီဒီတွေဝယ်လာ ဘယ်လိုပင်ဝယ်လာငြားသော်လည်း၊မေမေဟာ ဓမ္မမိတ်ဆွေကြီးရဲ့ဓမ္မစာပေ များကိုသုံးသပ်ရန်အချိန်မပိုပါ ၊ တနည်းတရားစာအုပ်ဖက်လောက်အောင်ထိအချိန်မလောက်ငှပါ..။


သူ့မှာနေ့စဉ် မိုးကာလ များကလွဲလို့ နေ့စဉ်ဖေဖေနဲ့ ဝေလီဝေလင်းမှာ လမ်းလျှောက်ထွက်ကြပါ တယ် ပြန်လာရင် မိသားစုတွေအတွက် နံနက်စောစော စားဘို့အစားအစာတွေ သားတွေမှာကြား တဲ့ အတိုင်းလုပ်ပေး ပြီးရင်ဖေဖေကိုဆေးတိုက် သားတွေကိုနိုး ပြီးရင်သူလဲစားသောက်ဆေးကြော နေ့လည်စာချက် သားကြီးနှစ်ယောက်က သူ့အတွက် သနပ်ခါးတုန်းသွေးပေးထား သူတို့တွေက ဆိုင်ရာရုံးတွေကိုတတ်ကြ နောက်ဆုံး ဇေနဲ့မေမေဘဲကျန်ခဲ့တယ် မေမေက နေ့လည်စာချက်ပြီး ရင်ရေချိုး ၊ သနပ်ခါးလူး နောက်ကြောတွေ လက်နဲ့မမှီတဲ့ နေရာတွေဆိုရင် ဇေ့ကိုလိမ်းခိုင်း ပြီးရင် ဆံထုံးအကြီးကြီးထုံး ၊ ဆံပင်ကတအားသန်တော့ ခေါင်းတည့်တည့်မှာဆံထုံးတင်ထားပုံက ဘာနဲ့ တူသလဲဆိုရင် နှစ်လုံးချက်ဒန်အိုးမဲမဲလေးကို ခေါင်းပေါ်မှာ မှောက်ပြီး တင်ထားသလိုကြီးနေတယ် ဆံထုံးပြီးတာနဲ့ ဇေမေမေကို ရီမုပေးပါကွယ် ညကဇာတ်လမ်းလေး နခမ်းသတ်လိုက်မလို့ အဲလိုက နေစပြီး တရုပ်ကား ကိုးရီးယားကား တွေစတင် သုံးသပ်လိုက်တာ နေ့လည် ၁နာရီကျော်ကျော် လောက်မှာ ပြီးဆုံးသွားပါတယ် မနက်စာဇေနဲ့တူတူစားပြီးပြန်တော့ နောက်ထပ်ဇာတ်ကား အသစ် တကားကို အစပျိုးပါတယ် ၊ အဲသလောက် တရုပ်ကိုးရီးယားကျပန် နိုင်ငံများကထွက်တဲ့ ဇာတ်ကား တွေကို အားပေးပါသော်လည်း အားရတင်းတိမ်ခြင်း အလျှင်းမရှိတတ်ပါ ၊ ဒီကားပြီးလို့ နောက်ကား ကြည့်စရာ မရှိတော့ရင် “ဇေသားလေး မေမေကိုဇာတ်ကားသွားဝယ်ပေးပါလား” အိုဗျာ မေမေက လဲ နေပူကပူနဲ့ “အောင်မလေးအားကိုမကိုးရဘူး ဒါလေးများလုပ်မပေးချင်နေဟေ့” ကိုယ့်ဘာသာ သွားဝယ်မယ်ဘာညာနဲ့မပြီးတော့ဘူး အဲဒါဆိုရင်ဇေကသွားဝယ်ပေးရတယ် အဲလိုအချိန်တွေကျမှ မေမေက စာအုပ်ဖက်တယ် ၊ဆရာမဒေါ်ခင်ခင်ထူးရဲ့မအိမ်ကံတို့ ဆရာကြီးရန်အောင်ရဲ့ အညာ သားလေးတို့ အဲလိုအတွဲများတဲ့စာအုပ်တွေဖက်တတ်တယ် မေမေကအတွဲ သိပ်ကြိုက်တယ် စားတဲ့အသီးတောင် စပျစ်သီးလိုဟာကို ပိုစားတယ် ဇာတ်လမ်းဝယ်လာပြန်တော့ မင်းသားနဲ့မင်းသ မီး ချောဘို့က ဇာတ်လမ်း ကောင်းမကောင်းထက် အရေးပိုကြီးတယ် မင်းသားချောချော မင်းသမီး ချောချောလေးတွေကို တအားချစ်တတ်တယ် အဲဒါကြောင့် သူ့အချစ်တော်ကြီး နှစ်ယောက် သူ့ကို တအားစိတ်ပူတယ် “မေမေတရားစာအုပ်လေးတွေဘာလေးတွေဖက်ပါလား” အဲလိုအကြီးကောင် တိုက်တွန်းတဲ့အခါများမှာတော့ “ဟဲ့အကြီးကောင် မင်းကိုငါမွေးတာလား မင်းကငါ့ကိုမွေးတာလား” မေမေက သားကိုမွေးတာပါ အေးဟယ်ပြီးရောပေါ့ ဟိုလူတခါတည်း အသံပါမထွက်တော့ပါ ..။


တနေ့ကျတော့ဟိုအကြီးကောင်က တန်ခိုးပြင်းထန်ရှင်မောဂ္ဂလာန်ဆိုတဲ့ စာအုပ်ကိုဝယ်လာတယ် ၊ ပြီးတော့သူဖက်ပြီး ဧည့်ခန်းထဲထားခဲ့တယ် အဲဒီနေ့ကလဲဇေကဘဲ ကံဆိုးချင်လို့လားမသိနိုင်ဘူး မေမေကြည့်နေဆဲ ကိုးရီးယားကားက ပြီးသွားတယ် ဇေလဲအပြင်ရောက်နေတာနဲ့ ဇာတ်လမ်းဝယ် ပေးမဲ့လူက မရှိဘူးဖြစ်နေတာပေါ့ အဲဒါနဲ့ အကြီးကောင်ဝယ်လာတဲ့ တန်ခိုးပြင်းထန်ရှင်မဟာမောဂ္ဂ လာန် ဆိုတဲ့စာအုပ်ကို မေမေအိပ်ယာထဲမှာ သုံးသပ်တော်မူတယ်ထင်ပါတယ်၊ ဇေအပြင်ကပြန်လာ တော့မေမေ ကနှပ်ချေးတွေ လိမ့်ညစ်ပြနေတယ် ၊ သဘောကတော့ အေးဆေးနေကြပေါ့ ငိုထားတယ် သိပ်စကားမပြောချင်ဘူးပေါ့ ဇေကလဲစချင်တာနဲ့ မေမေ ကိုးရီးယားကား ကောင်းတယ်ထယ်တယ်နော် “ဟဲ့ကောင်လေးဒါဘာစကားတုန်း မင်းဟာလေ မိဘမိဘမှန်းမသိ စလိုစ နောက်လိုနောက် မင်းတို့သားတွေကိုမွေးထားရတာစိတ်သိပ်ဆင်းရဲတာဘဲ” အယ် ဇေက ဇတ်ကားကြည့်ပြီး ခါတိုင်းလိုငိုစရာပါလို့ ငိုနေတယ်ထင်လို့ပါ “ဟဲ့ ပြောနေတာကို မင်းဘယ်လိုမှ နားမလည်ပါလား ဟင် တော် ” သိဘူးလေ ခါတိုင်းလဲ ဒီလိုငိုနေကျမို့လား ဒီနေ့ငိုပုံကထူးလို့ ဇေစ ကားတောင်မဆုံးသေးဘူး “ဟီးဟီး ရွတ် ပလွတ် ဗြွတ် ” စုံနေတာဘဲအသံကတော့နှပ်ချေးညစ်တာ ရောဘာရော စုံစိနေတာဘဲ “သားတွေမွေးရတာ ရင်တထိတ်ထိတ်နဲ့ ဟီးဟီး ဘယ်တော့ငါ့ကိုမိန်း မစကားနားယောင် ရိုက်ကြမလဲဆိုတာအမြဲတွေးနေရတယ်” အာမေမေကလဲဗျာ အသားလွတ်ကြီး တော်ပါတော့လူကြားရှက်စရာ “ဟဲ့ဘာရှက်တာတုန်း မှန်တာပြောတာဟဲ့ နင်တို့လိုပုထုဇဉ်လေး တွေမပြောနဲ့ ဟိုမှာ ရဟန္တာဖြစ်မဲ့လူတောင် မိဘကို မိန်းမစကားနားယောင်ပြီး မိဘကိုသူခိုး ယောင်ဆောင်ပြီးရိုက်တယ်ဟဲ့” အာဘာစကားတွေတုန်းဗျာ စိတ်ညစ်လိုက်တာ မေမေအေးဆေး နေနော် ကွိုင်မရှာနဲ့ အပြင်ကပင်ပန်းလာတာ “အောင်မလေးတော် မိန်းမတောင်မရသေးဘူးမိဘ ကိုခံပြောနေလိုက်တာ ဟီးဟီး” ဟာခတ်ပြီ ဒုက္ခဘဲ ကဲငိုငိုငိုဝအောင်ငို ဇေဘောသွားကန်လိုက်အုံး မယ် ။


ဟဲ့မသွားနဲ့ ဘာလုပ်မလို့တုန်း ပြဿနာမရှာနဲ့နော် စိတ်ညစ်လို့အေးဆေးငို နားညီးတယ် “အောင်မလေးခံပြောနေလိုက်တာ သွားနင့်အကိုတွေခေါ်ခဲ့” ပြောစရာရှိတယ် ဟာဒုက္ခပါဘဲမေမေ ရာ ဘာမှန်းကို မသိဘူး စိတ်ညစ်လာပြီ “ဟေ့ အကြီးကောင်နဲ့ အလတ်ကောင်ရေ လာဟေ့ အရေးသိပ်ကြီးနေပြီ ဒို့အိမ်မှာ မြန်မြန်လာကြဟလို့ ဘုန်းကြီးကျောင်းထဲမှာဘောကန်နေတဲ့ နောင်တော် နှစ်ပါးကို နင်းကန်အော်လိုက်တော့” ဟိုနှစ်ကောင်လဲ အသားကုန်လွတ်သုတ်လာပါ တယ် ၊ ဇေဘာဖြစ်တာလဲ မသိဘူးဟေ့ ငါတော့ရှင်းမပြ တတ်လောက်အောင် ရှိလှတယ် မင်းမေမေ ကိုသာမင်းမေးလိုက် အကြီးကောင် “မေမေ ဘာဖြစ်လို့လဲ ဇေစတာလား” ဟေ့လူဇေ့စွဲ မထည့်နဲ့ ဇေတို့ကအဲလိုကိစ္စတွေမပတ်သက်ဘူးကွ ကင်းကင်းရှင်းရှင်း နေတာပေါက်လား “အောင်မလေးပြောလိုက်တာ အောင်မလေးဟီးဟီးဟီး” ဟေ့ဇေ တော်တော့ကွာ မင်းကတမှောင့် မေမေဘာဖြစ်တာလဲအဲလိုအသဲအသန်မေးလေ ငိုကောင်းလေထင်ပါတယ် တော်တော်နဲ့ စကား မရဘူး တော်တော်လေးကြာမှာ ဟိုစာအုပ် ဘယ်စာအုပ်တုန်း “ရှင်မောဂ္ဂလာန်”အဲ ညီကိုယ်သုံး ယောက် တော်တော်လေးရီချင် သွားပါတယ် တယောက်ကိုတစ်ယောက် ပြုံးကြည့်နေတုန်း “မင်းတို့ ကတော့ရီနိုင်တာပေါ့ ငါကမွေးထားရတာဟဲ့ ငါကခံစားရတယ်” အိုဗျာ မစီမဆိုင် ဟဲ့ကောင်လေး မင်းပါးစပ်ပိတ်ထား ငါကအမေဟဲ့ ဟုတ်တယ်လေ မေမေကိုဘယ်သူက အဖေလို့ ခေါ်နေလို့လဲ ၊ ကြည့်ပါလားတခွန်းမခံဘူး ခံစရာလား မေမေကိုယ်တိုင်က မဟုတ်တာ စာအုပ်ဖက် ပြီးဇာတ်ကောင်လိုက်ရှာနေတယ် ၊ အောင်မလေး သားတွေသားတွေ ခံပြောနေကြတာ ဟေ့ကောင် ဇေတော်တော့ကွာ ငါရူးချင်လာပြီ ဟဘာလို့တိက်ရမတုန်းဟ ငါကဘာလုပ်လို့လဲ အစကတည်းက မခံစားချင်ရင် သမီးမွေးပေါ့ ၊ တော်စမ်းကွာ ကဲပါမေမေရာ တိက်တိက် ဟဲ့အကြီး တောင်တို့ အလတ်ကောင်တို့ မိန်းမယူကြဘူး မို့လား ဟုတ်မယူပါဘူး (သံပြိုင်) မိဘဆိုတာပြန် မရိုက်ရဘူးဟဲ့ ဟုတ်ကဲ့ပါ ၊ ဟေ့ နားကြားမြင်းကပ်တယ်ဟေ့ ဘယ်သူကရိုက်နေလို့တုန်း ဘယ်သူ ကမိန်းမစကား နားယောင်ပြီး ဘယ်မိဘကိုရိုက်နေလို့တုန်း ဟုတ်ပ ဇေကလူပျိုဟာကြီး ရိုက်စရာလား ဇာတ်ကောင်မရှာနဲ့နော် ဒီမယ်ဟေ့ တခါတည်းပြောထားလိုက်မယ် ဇေတို့ကမိန်းမ မယူဘဲမနေ နိုင်ဘူး ကြိန်းသေကိုယူမယ် ပါးစပ်ကဒါပြောပြီ လက်ကဟိုဟာလုပ် ဒါလုပ်အဲဒီအစား ထဲမပါဘူး နားလည်လား နားညီးတယ်ကွာ မုန့်သွားဝယ်စားတာကောင်းတယ် ၊ ဇေလဲပြောဆို စောင့်အောင့်ပြီး မုန့်ဆိုင်ထွက် စီဒီခွေငှားပြီးအိမ်ပြန်လာတယ် ၊ အိမ်ရောက်ရင်နှပ်မယ်ပေါ့ အိမ်လဲ ရောက်ရော …..။


ပါးကလဲပြန်ရောက်နေပါပြီ ၊ ဇေ့ကိုတအိမ်လုံးက ရန်သူကြီးလိုဝိုင်းကြည့်နေကြပါတယ်၊ဘယ်သူ ကြည့်ကြည့်ကရုမစိုက်ပါဘူးကိုယ့်ဘာသာအေးဆေးနေတာ၊သူများလိုရစ်တဲ့ ကောင်မှမဟုတ်တာ ပါးဘယ်တုန်းကရောက်တုန်း စကားပြန်မရပါ ၊ ပါးဘယ်တုန်းကရောက်တုန်း ပြန်မပြောပါ အဲဒါနဲ့ စိတ်ကလဲချင်သွားတယ် ဖေဖေဘယ်တုန်းကရောက်တုန်းဗျာ ၊ အခုဘဲဇေရဲ့ ဇေလာအုံးပါးမင်းကို ပြောစရာရှိလို့တဲ့ ၊ ဇေ့ကိုပါးခေါ်ချိန်မှာတော့ မျက်ရေမျက်ခွက်မပျက်တဲ့နောက်ပိုင်းမင်းသမီးကြီးကို သားတော်နှစ်ပါးက တစ်ခန်းရပ်ပြဇာတ်ပြီးဆုံးလို့ အခန်းထဲကိုသွင်းနေကြပါပြီ ။

ဇေကပါးခေါ်တာနဲ့ ၊ ပါးနဲ့တူတူထိုင်ပြီးစကားပြောတော့မင်းမေမေကိုဘာသွားပြောလဲတဲ့ဟင့်အင်း ဇေဘာ မှမပြောပါဘူး ပါးဘာဖြစ်လို့လဲ ၊ ဇေသဘောပေါက်လိုက်ပါပြီ ဇေမရှိခင် ပါးကိုဟိုသုံး ယောက်ပို့ထားတာ၊ ပါးကအဲဒါကိုအတည်မှတ်ပြီး ဇေ့ကိုဆူမလို့ပြင်နေတာပါ ၊ ဇေကမိန်းမယူမယ် လို့ဘဲပြောတာပါဘာလို့လဲ ၊ မင်းမေမေစိတ်ဆိုးနေတာကိုမင်းအဲလိုမပြောရဘူးလေ ၊ အာပါးဘဲစဉ်း စားကြည့်လေဗျာ ၊ သူဖက် တဲ့စာ အုပ်ထဲကလူက သူ့အဖေအမေတွေကို ရိုက်တာနဲ့ဇေမိန်းမ ယူမယ်ပြောတာနဲ့ဘာဆိုင်တုန်းပါးရဲ့၊ အင်း လေမင်းတို့အတွက်ပြောတာဘဲ မင်းကိုကိုတွေတောင် ဘာမှမပြောတာမင်းကခံပြောတော့၊ မင်း မေမေ က၀မ်းနည်းတာပေါ့ ဇေရဲ့ ၊ ဘာမှကိုမဆိုင်ဘူးပါးရဲ့ဆိုင်ကိုမဆိုင်တာ ၊ တော်တော့ဇေ မင်းဟာဘယ် လိုပြောပြောရမဲ့လူမဟုတ်ဘူး ၊ သွားမင်းမေမေ ကိုမိန်းမယူပါဘူး ခုနကနောက်ပြီးပြောတာပါလို့သွားပြော လိုက်သွား၊တောင်းပန်လိုက် မတောင်းပန် ဘူးဗျာ ၊ ပါးကပါဇေ့ဘက်ကမနေဘဲနဲ့ပါးမိန်းမဘက် က ဘဲလိုက်တယ် ၊ မတောင်းပန်ဘူး ဇေလဲ တင်းတာနဲ့ရှိတာတွေလိုက်ရိုက်ခွဲပြီး ၊ ဟေ့ ဟို အိပ်ခန်းထဲက နပုန်း ၊ ပဏ္ဍုပ်တွေ မင်းတို့ကမိန်းမ မကျယောကျာင်္းမကျတွေ ၊ မာမီတွေ ဂျော်ရကီးတွေ မိန်းမမယူဘူး ဆိုတော့ ဘာလုပ်ကြမှာတုန်းမယူဘူးဆိုတော့ဘုန်းကြီးဝတ်ကြဟေ့ ၊ ငါကမိန်းမယူမှာ ငါကမိန်းမယူဘဲမနေနိုင်ဘူး၊ ဒါကြောင့်မို့ မင်းတို့လိုသူတောင်စင်တွေနဲ့မနေနိုင်ဘူး၊ ငါကသူယုတ်မာ အဲတော့ဒီသူတော်စင်ဂေဟာကနေ ဆင်းမယ် ၊ မင်းတို့သူတော်ကောင်းသူမြတ်လောင်းကြီးတွေသီတင်းသုံးကြ ၊ စာအုပ်တွေဖက်ကြရစ် ကြ ၊ ကတိအမျိုးမျိုးတောင်း ပေးတဲ့လူတွေကလဲပေးကြ မိုက်တယ်ဟေ့ ၊ ဘုန်းကြီးရူးနဲ့လှေလူး ဟိုအမျိုး သမီးကြီးကလဲဒီလောက်တောင်ငိုချင်နေရင် နောက်ပိုင်း မင်းသမီး လုပ်စားဘို့ကောင်းတာ ဒါမှမဟုတ်လဲ ဧယာဉ်ကျုးမင်းသမီးလုပ်စားဟေ့ ၊ လိုက်လဲလိုက်ပါ့ဗျာ ကြောင်ခံတွင်းပျက်နဲ့ဇရက် တောင်ပံကျိုး ၊ ကိုယ့် ဘာသာကိုယ်နေလဲမရဘူး အဲတော့ဆင်းပြီဟေ့ ဘိုင်ဘိုင် လိုက်မခေါ်ကျနဲ့ နော် ၊ အဆိပ် သောက် ပလိုက်မှာဗျ ကြည့်လုပ်ကြ မလုပ်ဘူးတော့မထင်နဲ့ ဟင်း……။


ဟေ့ဇေ ပြန်လာခဲ့ ဘယ်တုန်းဒါက မှောင်နေပြီ ၊ ဘယ်ဖြစ်ဖြစ်ဗျာ ၊ ပါးကိုပြန်အောင်ရတာ စိတ်တော့ မကောင်းပါဘူး ၊ ဒါပေမဲ့ သူလဲလူကောင်းမဟုတ်ဘူး နဲနဲစဉ်းစားပေါ့ ရှင်မောဂ္ဂလာန်နဲ့ ဇေတို့နဲ့ ဘာဆိုင်တုန်း၊ မဆိုင်တာကို ဘလိုင်းကြီးလာလုပ်တာတင်းတော့တာပေါ့ ၊ ဟိုခွေးမသားသူ တော်စင် နှစ်ကောင်သိမယ် ၊ အိမ်ပေါ်ကိုမိန်းမခေါ်ရဲခေါ်လာကြည့်သိမယ် ၊ အဲဒါနဲ့ဘုန်းကြီး ကျောင်းကိုသွားပြီး ၊ ကိုကိုကြီးဦးဇင်း ဦးဇာဂရနဲ့သွားအိပ်ရတယ် ၊ ဖုန်းဆက်တယ် မကိုင်ဘူး ဦးဇင်းက အိမ်ကိုဖုန်းဆက်ပြောလိုက်တာလား အိမ်ကဦးဇင်းကိုလှမ်းဆက်တာလားမသိဘူး ၊ မိုး လင်းတော့ ပါးကလာချော့တာနဲ့ ၊ အိမ်ပြန်ရောက်လာတယ် ၊ ဇေပြောချင်တဲ့ ရှင်မောဂ္ဂလာန်အ ကြောင်းကတော့အဲဒါဘဲ ၊ မေမေတွေ မေမေဖြစ်မဲ့လူတွေဒီစာကိုဖက်မှိရင်အဲလိုမလုပ်ကြနဲ့ပေါ့၊ ဖေဖေတွေ ဖေဖေ လုပ်မဲ့ လူ တွေပါရင်တော့ ပါးလိုမလုပ်ကြနဲ့ပေါ့ ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာ ပါခင်မျာ ။

Monday 9 August 2010

လု့အခွင့်ရေးကြေညာစာတမ်းနိဂုံး(၂၀-၃၀)

လူ့အခွင့်ရေးကြေညာစာတမ်းကို အပြီးသက်ပါပြီ ၊ အားလုံးကိုတစုတစည်းတည်း PDF လုပ်ပြီးတင် အုံးမယ် ၊ ယူကြမယ်မလား အားပေးမဲ့လူရှိရင် zaytaryar@gmail.com ကိုမေးလ်ပို့ကြပေါ့ ၊   ကျေးဇူးတင်စကားလေးပြောပါအုံးမယ် ၊ ဗွီဒီယိုဇာတ်ကားတွေမှာဆိုရင် ဒီဇာတ်ကားပြီးမြောက် အောင်အဖက်ဖက်မှ ကူညီအားပေးကြသောပုဂ္ဂိုလ် ကျေးဇူးတင်ရှိပါသည်ဟု စာတမ်းလေးထိုးပြီး ကျေးဇူးတင်စကားပြောပါရစေ ၊ ဘာသာပြန်တုန်းက ဟိုလူ့မေး ဒီလူ့မေးနဲ့စမ်းတ၀ါးဝါးလုပ်ရတာ ကိုး ၊ကိုယ်ကအီးမှမပါတာ ၊ အီးအပါနဲတော့ လူလည်ကလဲ  လုပ်ချင်ပြန်ဆိုတော့ ခပ်တည်တည်နဲ့ စာမတတ်လမ်းဖက်ဆိုတော့ ၊ လျှောက်မေးတာ ဖြေပေးကြပါတယ် အဲလူတွေကိုကျေးဇူးတင်ပါ တယ် ၊ အစိမ်းရောင်လွင်ပြင်က အပျိုကြီးမမချော ကျေးဇူးတင်ပါတယ် ၊ ကိုကိုနှစ်ယောက်ကျေးဇူး တင်ပါတယ်၊သူငယ်ချင်းမျိုးမင်းထက်(ခ)ငပြူးမရှိမဲ့ရှိမဲ့ဂုဏ်လေးထုတ်ကြွားပါဆိုရင်  သူ့ညီမလေး တွေကတော်တော်လေးချောတော့ညီမချောလေးများရဲ့ကိုကိုပေါ့၊ကျေးဇူးတင်ပါတယ်ယောက်ဖရေ နောက်တယောက်ကဆရာဝန်ဖြစ်ပြီးဆမလက်မှတ်မရလို့နေ့မအားညမအား လူကြီးတကာကို လိုက်ပြီးလာဒ်ထိုးနေတဲ့ ၊ ဒေါက်မတ တတာလေး ညီမပေးယောက်ဖ ဘုဏ်းနေထူး (သူပေးတာ) ဇေကညီကိုယ်သုံးယောက်ဘဲရှိတာ တော်ကြာယောင်ယောင်မှားမှားတွေထင်ကုန်မဆိုးလို့၊မအား တဲ့ကြားကနေမေးသမျှကို စိတ်ရှည်လက်ရှည်နဲ့လက်ဆောင်တောင်းပြီး ရှင်းပေးတဲ့ ယောက်ဖ ကိုကျေး ဇူးတင်ပါတယ် ။

အွန်လိုင်းစွယ်စုံကျမ်းနဲ့မြန်မာဝီခီ တို့သို့လဲလှူဒါန်းပါမည် ၊ သာဓုခေါ်ကြပါခင်များ ၊ သာဓုသာဓု သာဓု။ ကိုယ့်ဘာသာခေါ်လိုက်တာက ကြိန်းသေတယ် ၊

Article (21.1)

Everyone one has the right to take part in the government of his country, directly or through freely chosen representatives.
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
Article (21.2) Everyone has the right of equal access to bublic servece in his country.
(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.
(၃)ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင်
ထင်ရှားစေရမည်။ ရွေးကောက် ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။ 

Article (22)

Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,
အပိုဒ် ၂၂
လူတိုင်းတွင်လူ့အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးအနေနှင့်လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့်အပြင်နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။ 

Article(23.1)

Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment.
အပိုဒ် ၂၃
(၁)လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
Article(23.2) Everyone, without any discrimination, has the right to equal pay for equal work.
(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
Article(23.3) Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.
(၃)အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
Aricle(23.4) Everyone has the right to form and to join reade unions for the protection of his interests.
(၄)လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။ 

Article(24)

Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.
အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။


Article(25.1)
Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.
အပိုဒ် ၂၅
(၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊
မကျန်းမမာဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာ ရှာမှီးနိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။ 


 
Article(25.2) Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.
(၂)သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။ 

Article (26.1)

Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.
အပိုဒ် ၂၆
(၁)လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.
(၂)ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.
(၃)မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။
Article(27.1)
Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits. 

အပိုဒ် ၂၇

(၁)လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမပညာရပ် များကို လွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
Article(27.2) Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.
ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။ 

Article(28)

Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.
အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။ 

Article(29.1)

Everyone has duties to the community in which alone the free and full development this personality is possible.
အပိုဒ် ၂၉
(၁)မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်း အတွက်လူတိုင်း၌ တာဝန် ရှိသည်။
Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.
(၂)မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ရိုသေ လေးစားစေရန်အလို့ငှာလည်း ကောင်း၊ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာ ယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့် ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.
(၃)အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။ 

Article(30)

Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.
အပိုဒ် ၃ဝ
ဤကြေညာစာတမ်းပါအခွင့်အရေးနှင့်တကွလွတ်လပ်ခွင့်များပျက်စီးရာပျက်စီးကြောင်းတို့ကိုရည် ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ ။


ယူတော်မူကြပါခင်မျာ............
The Universal Declaration of Human Rights-1                                                                   

Sunday 8 August 2010

လူကြီးမင်းကိုသိစေချင်(၁၂-၂၀)

လူ့အခွင့်ရေးကြေညာစာတမ်းရေးရတာပျင်းလာပါပြီ ၊ မေးတွေလဲပို့လာသေးတယ် ကိုယ်မြင်ကိုယ် တွေ့တာလေးတွေရေးပေမဲ့၊ တချို့ကမကြိုက်ဘူးရယ် ၊ ဘယ်သူ့ကိုမှပုတ်ခတ်ရေးသားတာမ မဟုတ်ပါဘူး ၊ စာအရှိကိုအရှိတိုင်းရေးတာတိုက်ဆိုင်သွားရင်ခွင့်လွတ်စေချင်ပါတယ်၊ တချို့ကမေး ထဲမှာ ဘယ်လိုရေးပို့လဲဆိုရင်ကဗျာလေးနဲ့ဗျ ၊ အဲကဗျာလေးကိုပြချင်ပါတယ် ၊ အဓိပ္ပါယ်ကတော့ ခွေးတွေသာနိုင်ငံရေးလုပ်တယ်ပေါ့ဗျာ ၊ ဇေကနိုင်ငံရေးမလုပ်ပါဘူးဝါသနာလဲမပါဘူး၊ လူ့အခွင့် ရေးကြေညာစာတမ်းကိုရေးတယ်ဆိုတာက ၊ မသိသေးတဲ့သူငယ်ချင်းတွေသိအောင်လို့ရေးတာ ပါ အခုတော့ တချို့လူတွေကနိုင်ငံရေးသမားမှတ်နေတယ် ၊ မဟုတ်ပါဘူးနိုင်ငံရေးသမား မြန်မာနိုင်ငံ သားတယောက်ဖြစ်ရင်နိုင်ငံရေးလုံးဝမလုပ်ရဘူးဆိုတဲ့ပညတ်ကသံမှိုနှက်ထားသလိုစွဲနေတာ လူ့အ ခွင့်ရေးဆိုတာကနိုင်ငံရေးမဟုတ်ပါဘူး ၊ ဘာအရေးလဲဆိုတာ စာထဲမှာရေးထားသားဘဲကိုယ့်ကိုယ် ကိုယ်လူလို့သက်မှတ်တဲ့လူတွေအတွက်ထားတဲ့စည်းကမ်းပါ ၊ ကိုယ့်အကြောင်းကိုယ်သိဘို့ရေး တာပါ ၊ လူလို့မသတ်မှတ်ထားရင်တော့ ကိုယ့်စေတနာနဲ့ကိုယ်ပေါ့ ၊ လူတွေအတွက်လူ့အခွင့်အ ရေးကိုရေးတာဖြစ်ပါတယ် ၊ လူတွေနဲ့သာဆိုင်တဲ့အခွင့်ရေး လူ့အခွင့်ရေးလို့ပြောကြားပါရစေ မေးပို့လာတဲ့လူကြီးမင်းခင်များ…………။
 
(တချို့သောပုဂ္ဂိုလ်များဟာ လေ့ကျင့်ပေးခံရတာများတော့ ကိုယ့်ကိုကိုယ်လူလို့မထင်တတ်တော့ ဘဲ ၊ သူတို့ကိုလေ့ကျင့်ပေးတဲ့လူတွေကိုသာလူလို့ထင်တတ်ကြပါတယ် ၊ ဒါကြောင့် လေ့ကျင့်ပေး ခံထားသူများရော ၊ လေ့ကျင့်ပေးသူတွေပါလူသားတွေဖြစ်ကြောင်းသတိပေးပါရစေ)
 
Article(13.1)
Every one has the right to freedom of movement and residence within the borders of each state.
အပိုဒ် ၁၃
(၁)လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
Article(13.2)Every one has the right to leave any country, including his own and to return to his country.
(၂)လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်းရှိသည်။ 


Article(14.1)
Every one has the right to seek and to enjoy in ther countries asylum persecution.
အပိုဒ် ၁၄
(၁)လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
Article(14.2) This rights may not invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary the purposes and principles of the United Nations.
(၂)နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်များတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။ 


Article(15.1)
Every one has the right to a nationality.
အပိုဒ် ၁၅
(၁)လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
Article(15.2) No one shall be arbitrarily deprived of his tionality nor denied the right to change his nationality.
(၂)ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံစေရ။ 


Article (16.1)
Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution. 
အပိုဒ် ၁၆
(၁)အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
Article (16.2) Marriage shall be entered into only with the free and full consent of the intending spouses.
(၂)သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
Article (16.3) The family is the natural and fundamental group unit of society and is entitled to protection by society by the State.
(၃)မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။ 


Article (17.1)
Every one has the right to own property alone as well as in association with others.
အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။
Article (17.2) No one shall be arbitrarily deprived of his property.
(၂) ဥပဒေအရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။ 


Article (18)
Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.
အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။ 


Article (19)
Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.
အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။ 


Article (20.1)
Everyone has the right to freedom of peaceful assembly and association.
အပိုဒ် ၂ဝ
(၁)လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။
Article (21.2) Everyone has the right of equal access to bublic servece in his country.
(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
 
ဆက်လက်ဖော်ပြပါမည်………………………………။
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...