နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 22 October 2010

မုန်တိုင်းနှင့်အတူ


မုန်တိုင်းတဲ့….။ ၂ လုံးတောင်…။ မီဂီ ရယ်… ဂီရီရယ်…။ ဂီရီကတော့ မြန်မာနိုင်ငံထဲဝင်နေပြီလေ…။ ဒေါက်တာထွန်းလွင်ရဲ့ MCCW မှာနောက်ဆုံးသတင်းတွေတင်ထားတယ်….။ နောက်ဆုံးလို့တော့ပြောတာပဲ…။ နာဂစ်တုန်းက ၁၅ မိုင်လောက်ပဲ စိတ်မပူပါနဲ့တဲ့…။ တကယ်တမ်း ၁၁၅ မိုင်နီးပါးတိုက်သွားတယ်…။ နဲနဲလေးပဲလွဲတာပါ…။ အေးလေ... သူက သိကြားမင်းမှ မဟုတ်တာနော်...။

နောက် http://www.tropicalstormrisk.com/ အဲမှာကော ၊ ပြီးတော့ http://www.gdacs.org/#TC_20542 ကော၊ အစုံတော့ကြည့်ဖြစ်တယ် ။ စလောင်းမှာလဲလာနေတယ်…။ Breaking news ပေါ့…။ အဖေကတော့ အိမ်မှာ ရေဒီယိုနားထောင်လိုက် သတင်းတွေကြည့်လိုက် MRTV 4 ကြည့်လိုကနေတယ်..။
MEGI အကြောင်းနဲ့ GIRI အကြောင်းကို ဒီမှာ ဖတ်နေတယ်…။ MEGI ကအဆင့် ၂ ပဲရှိတယ် တဲ့..လိမ္မော်ရောင်မရှိတရှိပေါ့ ။ GIRI ကတော့ အဆင့် ၄ လေ အနီရောင်အဆင့်ပေါ့..။  နာဂစ်တုန်းက လဲအနီရောင်လေ…။

မုန်တိုင်းဆိုတဲ့ အသံကြားရုံနဲ့ အမေက သွေးတိုးနေတယ်…။ နာဂစ်လိုမျိုးဖြစ်မှာကြောက်နေတယ်…။ ထမင်းတောင် အစောကြီးစားခိုင်းတယ်…။ အလုပ်သွားတော့လဲ အမေက သမီး ဘယ်လိုဖြစ်နေ ဖြစ်နေ အိမ်ကိုရောက်အောင် ပြေးလာနော်တဲ့…။ အဖေကတော့ ရီနေတယ် ။ အမေရယ် ရန်ကုန်နဲ့ အဝေးကြီးပါလို့တော့ ကူပြောပေးနေတယ်..။ ဒါပင်မဲ့ အမေတစ်ယောက်ကတော့ဖုံးတစ်လုံးနဲ့ အလုပ်ရှုတ်နေတယ်….။ သူသားငယ်ဆီ ဖုံးဆက်ပြီး သူ့အိမ်ကို စောစောပြန်ဖို့နဲ့ သူ့တူမ ကိုလဲ အိမ်ကို ချက်ချင်းပြန်လာဖို့ ပေါ့…။ ဟိုတလောက မုန်တိုင်းရှိမယ်ဆိုတဲ့ ကောလဟာလ သတင်းထွက်တုန်းက ဆန်တွေဝယ်ထားတာဆိုတော့ သူ့အတွက်တစ်ပူအေးနေပြန်တယ်…။ ပြီးတော့ မနက်ကလဲ ဘလချောင်ကျော် ကျော်နေတယ် မုန်တိုင်းလာလို့ ဟင်းမချက်နိုင်ရင်စားရအောင်တဲ့ …။ ကြက်ဥတွေလဲ အများကြီးဝယ်ထည့်ထားတယ်….။ နာဂစ်ကို အမေ ခုထိမမေ့နိုင်သေးဘူး…။ နာဂစ်အရှိန်မသေသေးဘူးပေါ့…။

ရန်ကုန်မှာတော့ နက်ဖြန်ဆိုသတင်းကျွတ်ပြီး ။ ခုဆိုလူတွေ ဈေးမှာ တိုးလို့တောင်မပေါက်ဘူး…။ သတင်းကျွတ်အတွက်ဝယ်စရာတွေဝယ်နေတယ်..။ သူတို့တွေ မုန်တိုင်းကို မမှုပေါင် …။ ရောင်းသူ ၀ယ်သူတွေများ တိုးမပေါက်နိုင်ဘူး…။ ပျော်ပျော်ပါးပါးပဲ…။ Show ပွဲတွေကော…၊ shopping center တွေမှာ သတင်းကျွတ်ပျော်ပွဲ ရွှင်ပွဲတွေတောင် ကျင်းပနေသေးတယ်….။ အေးဆေးပဲနော် ရန်ကုန်လေ…။ သိတယ်မလား…။ ရခိုင်ပြည်က လူတွေကတော့ ဘယ်လိုနေမှန်းမသိဘူး…။

အမေ ဆုတောင်းနေတယ်….။ ဒီအန္တာရယ်ဆိုးကြီးက လွတ်မြောက်စေဖို့ပေါ့…။ သူ့အတွက်တော့မဟုတ်ဘူး…။ ခံစားနေရတဲ့သူတွေအတွက်ပါ…။ ကျွန်မလဲ ဆုတောင်းနေမိတယ်…။ မြန်မြန်ပြီးဆုံးစေချင်နေပြီလေ…။ နာဂစ်လို အဖြစ်မျိုးဘယ်သူ့ကိုမှ ထပ်မကြုံစေချင်ဘူး..။ ကိုယ်တွေ့ဆိုတော့ အဲလိုအဖြစ်က အရမ်းခါးတယ်နော်…။ လူတွေသေလိုက်တာ…။ သေသွားတဲ့လူတွေကတော့ သေပေါ့…။ မသေတဲ့သူတွေက ဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲ…။ ဘေးနားမှာ လက်တွဲဖေါ်တွေ ပျောက်ဆုံးကုန်တယ်လေ…။ သနားစရာ ကလေးငယ်တွေ …. အိုးးးးးးးးးးး

ဘုရားသခင်…. ဒီဒုက္ခ၀ဋ်ဆင်းရဲ မှလွတ်မြောက်လိုပါတယ်…။ လူသားတိုင်း အေးချမ်းစေချင်တယ်…။ နက်ဖြန် သတင်းဆိုးတွေ မကြားရဖို့မျှော်လင့်ချင်တယ်...။

မုန်တိုင်းနှင့်အတူ သောကြာနေ့ကိုဖြတ်သန်းရင်း…
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

Saturday 16 October 2010

စကားလေးတခွန်း

ကျွန်မ ၁၀ တန်းဖြေထားပြီး သင်တန်းတွေလိုက်တက်နေတဲ့ အချိန်မှာ ကျွန်မ နားထဲမှာ အနာစိမ်းပေါက်ပါတယ်..။ ပြင်ပခန္ဒာကိုယ် မှာအနာစိမ်းပေါက်ရင်တောင် တော်တော်ခံစားရတာ ခုတော့မမြင်နိုင်တဲ့ နားထဲမှာဆိုတော့ တော်တော်ခံစား၇ပါတယ်..။ ဆေးခန်းသွားပြရတော့တာပေါ့..။ နားနှာခေါင်းလည်ချောင်း အထူးကု ဆရာဝန်ကြီး Drဦးမောင်မောင် ဆီမှာပြပါတယ်..။ အဲဒီမှာဆရာဝန်ကြီးက ကျွန်မနားကို ကိုင်မယ်လုပ်တော့ ကျွန်မ အော်တာပေါ့..ဆရာဝန်ကြီးက ပြုံးပြီး ကျွန်မကို
သမီး ဒီ လောက် လေး နာ တာ ကို အော် နေ ရင် ဒီ ထက် မ က နာ တဲ့ ဒါဏ် ရာ တွေ ဆို သမီး ခံနိုင်ရည်မရှိပဲ ဖြစ်သွားလိမ့်မယ်..။ ဘ၀ မှာ ဒီထက်မက နာကျင်စရာတွေ သမီး ကြုံရအုံးမှာ…နာကျင်စရာတွေ ကြုံတိုင်း အော်ဟစ်ငြီးတွားနေခဲ့ရင် ဘ၀ မှာ ရှေ့ ဆက် မဲ့ အား အင် တွေ ကုန် ခန်း သွား လိမ့် မယ်…ဒီ ထက် ပို ကြီး တဲ့ နာ ကျင် စ ရာ တွေ ကို သမီး ရင် မ ဆိုင် နိုင် ပဲ ဖြစ် သွား လိမ့် မယ်…သမီး ခံ နိုင် ရည် ရှိ အောင် ကြိုး စား ကြည့် ပါ နော်…. “
ဆိုပြီးပြောသွားတာ..   အဲတုန်းကကျွန်မခံစားနေရတဲ့ ဝေဒနာကို ကြိတ်မှိတ်ခံစားလိုက်ပါတယ်..
ခုတော့ကျွန်မ တခါတလေ နာကျင်စရာတွေ ကြုံတဲ့အခါ ဘယ်သူမှကြားအောင် မငြီးတွားတော့ပါဘူး..။ လောက ကပေးတဲ့နာကျင်မှုတွေ၊ ကံကြမ္မာရဲ့နောက်ပြောင်မှုတွေ ၊ အချစ်ကပေးတဲ့နာကျင်ခြင်းတွေကို ကျွန်မခံနိုင်ရည်ရှိအောင် ကြိုးစားဖြတ်သန်းနေပါတယ်..။ ကြိတ်မှတ်ခံစားနေတာတော့ မဟုတ်ပါဘူး..။ အဲလိုနာကျင်စရာတွေနဲ့ ကြုံလာတိုင်း ဒီကိစ္စလေးကတော့ အသေးအဖွဲလေးပါ.. ဒါထက်ပိုပြီးကြီးမားတဲ့ ပြဿနာတွေကြုံလာရင်များ…ဆိုပြီး…ကိုယ့်ကိုကိုယ် နှလုံးသွင်းလိုက်ပါတယ်…။
ခုတော့ ကျွန်မ ဘာကြောင့်ပဲ ခံစားရ ခံစားရ…ပိုပြီးတိတ်ဆိတ်စွာ ရင်ဆိုင်ဖြတ်သန်းနေပါတယ် ။ ။
ကျွန်မ Dairy ကိုပြန်ရှာဖတ်ကြည့်ပြီး ဟိုအရင်က အဖြစ်အပျက်လေးကို new version ခံစားထားတာပါ..
 
အရင်တုန်းကရေးထားတာလေးပါ... သူငယ်ချင်းတစ်ယောက်က ပြန်ဖတ်ချင်တယ်ဆိုတာရော.. ခုတလော ဘာကိစ္စလေးဖြစ်ဖြစ် ငြီးတွားနေတတ်တဲ့ ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ ပြန်တင်လိုက်ပါတယ်...။

ဆားချက်တဲ့ စနေနေ့ကို ငြီးတွားစွာဖြတ်သန်းရင်း
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်....။

Friday 15 October 2010

Goodbye crazydevil…


ကဲ ခုပြောချင်တာက လူမဟုတ်တဲ့ လူတစ်ယောက်အကြောင်း။။။

လူမဟုတ်တဲ့ လူဆိုတော့ ရှုတ်သွားမလား..။ လူပဲ ဒါပင်မဲ့ သူ့ကိုယ်သူ အမည်ပေးကင်ပွန်းတပ်ထားတာကိုက မာန်နတ်တဲ့…။ သူက ဘလော့ကာပဲ..။ သူဘလော့မှာ အစုံရနိုင်တယ်…။ သွားကြည့်အပိုမပြောဘူး…။ အီးဘွတ် ယူချင်လား ၊ ပေါ့တေဘယ်လေးတွေ လိုချင်လား မူဗွီတွေကြည့်ချင်လား… စာမရေးချင်ရင် အလကားရတဲ့ ဟာတွေပဲတင်နေတာလေ…။ Ringtone ကောင်းကောင်းလေးတွေလဲ ရှိတယ် သွားဒေါင်းကြနော်…။ ဆော့ဝဲဆန်းဆန်းလေးတွေလဲရှိတယ်တဲ့…။ စာမရေးချင်ရင် သူဒီလိုပဲ ဆားချက်နေကြလေ..။

အဲစာရေးပြန်တော့လဲ သူက စာရေးကောင်းတယ်ဆိုမလား မကောင်းဘူးဆိုမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ဖို့ သူရေးထားတာတွေ သွားဖတ်ကြည့်လိုက်…။ ၀တ္ထုမကောင်းတကောင်းလေးတွေလဲ ရေးတတ်တယ်…။ မကောင်းတကောင်းလို့ပြောတာက သူမာန်တက်တွားမှာဆိုးလို့… :P ။ ပြီးတော့ သူကသရော်သလို ထေ့သလိုလို စာတွေလဲရေးတတ်တယ်…။ ဘယ်သူ့ကိုသရော်တာလဲ တော့သိဘူး…။

ခုပြောနေတာတွေက ဘလော့မိတ်ဆက်လို့ထင်နေလား…။ အဲလိုထင်ရင် တက်တက်စင်အောင်လွဲသွားလိမ့်မယ်..။ ဘလော့နှုတ်ဆက်တာ…။ သူဘလော့ မရေးတော့ဘူးတဲ့…။ အဲဒီအကြောင်းပြောချင်တာ…။ ဒီလောက် ဘလော့ကာတွေ ပေါများနေတာ တစ်ယောက်လျော့သွားလဲ ဘာမှမဟုတ်ဘူးမလား…။ နှင်းမိုးမိုးဘလော့လို အာပေတူး ဘလော့မှ မဟုတ်တာ သူ့ဘလော့က…။ သူ့ဘလော့သွားပြီးမှ ဝေဖန်ပေါ့..။ ဒေါ်မြတ်လေးလေသံနဲ့ပြောရမယ်ဆိုရင် ပြောကိုမပြောချင်ဘူး…။ ဒါပင်မဲ့ ပြောရမှာပဲလေ… သူငယ်ချင်းကိုး…။
ဘလော့မရေးတော့ဘူးဆိုတဲ့ အကြောင်းပြောတဲ့ နောက်ဆုံးပိုစ့်တင်ထားတာကိုသွားဖတ်ကြည့်လိုက် ..။ မရေးတော့ဘူးဆိုတာ တစ်ကြောင်းပဲလား ပါတယ်…။ ကျန်တာ ဘယ်သူ့ကို ဘာအကြောင်းရေးထားမှန်း မသိဘူး…။ သူကအဲလို…။ အဲဒါကြောင့် ၀က်ဖြစ်နေတာ….။ မလည်ရှုတ်လေ…။ ကဲ မှတ်ပလား ။

ဘလော့မရေးချင်ရင်တောင် နင်အလကားရတဲ့ ဆော့ဝဲတွေ ပေါတေဘယ်လ် တွေတင်ပါလားဟယ်..။ ဒါမှမဟုတ် အီးဘွတ်တင်ပေါ့လို့ပြောတာတောင်မရဘူး…။ ဘလေ့ဖျက်မယ် မရေးတော့ဘူးဆိုတာကြီးပဲ…။ တကယ်ပဲ စိတ်ကုန်တယ်… အဟုတ်…။

ဒီတော့ ဝေနေယျဘလော့ကာ အပေါင်းတို့ရေ… သွားနှုတ်ဆက်လိုက်အုံးနော်…။ သူဘလော့ကတော့ အဲဒီကိုသွားလိုက်…။

Goodbye သောကြာနေ့လေးရေ…
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်…။

Thursday 14 October 2010

ချစ်အမျှ

မနေ့ညက MRTV-4 မှာဆရာကြီး ဘဘ ဦးသုခ ရိုက်ထားတဲ့ ချစ်အမျှ ဆိုတဲ့ ဇာတ်ကားကိုကြည့်လိုက်ရတယ်..။ အမေက လာကြည့်ဆိုပြီး အတင်းခေါ်လို့ သွားကြည့်တာ…။ ဇာတ်အိမ် ခိုင်ခိုင်နဲ့ ပညာရှင်တစ်ဦး ဒါရိုက်တာလုပ်ထားတဲ့ ဒရမ်မာ ကားကောင်းလေးတစ်ခုပါ..။ အန်တီ ချိုပြုံးရယ် ၊ အန်တီခင်ယုမေ ၊ ဦးဇော်လင်း ရယ် ပေါ့…။ ကျန်တဲ့ မင်းသားကြီးတွေတော့ မသိတော့ပါဘူး..။ ဒီဇာတ်ကားရိုက်တော့ ကျွန်မတောင် မွေးဖို့မပြောနဲ့ အဖေ နဲ့ တောင်မယူရသေးဘူးတဲ့ :P ။

ဇာတ်လမ်းအကျဉ်းကတော့ အန်တီချိုပြုံးရယ် ၊ အန်တီခင်ယုမေ က ညီအမ ပါ…။ အန်တီချိုက ပျော်ပျော်နေတတ်တယ် ၊ အိမ်ထောင်မှုမနိုင်နင်းဘူး …ဆိုရှယ်ကြတယ်ပေါ့။ အန်တီခင်ယုမေက အမ အိမ်ထောင်မှုနိုင်နင်းတယ်… မိန်းမပီပီသသ နေတတ်တယ်ပေါ့…။ ဦးဇော်လင်းက အန်တီချိုပြုံးကိုကြိုက်တယ်..။ အန်တီခင်ယုမေက ဦးဇော်လင်းကို တဖက်သတ်ကြိုက်ခဲ့တယ်ပေါ့…။ နောက်တော့ အန်တီချိုနဲ့ ဦးဇော်လင်း ညားသွားကြတယ်..။ ကလေးတစ်ယောက်မွေးတဲ့ အထိ အန်တီချိုက ပျော်တုန်း ပါးတုန်း ။ ကလေး ဆီကို လာလာနေတဲ့ ကြီးတော် အန်တီယု ကို အန်တီချိုက သူ့ယောက်ကျားနဲ့ ဘာညာဆိုပြီး အထင်လွဲတော့ ဦးဇော်လင်းးက အန်တီချိုကို ရိုက်လိုက်တယ်…။ အန်တီချို အိမ်ပေါ်ကဆင်းသွားတယ်..။ ကလော ဘက်က သူငယ်ချင်း အိမ်ကို သွားတယ်..။ အဲဒီ ရန်ဖြစ်တဲ့ အကြောင်းကို အန်တီချိုတို အဖေ က ကြားသွားတော့ သွေးတက်ပြီး သေသွားတယ်..။ ဦးဇော်လင်းးက အန်တီချိုကို ပြန်မခေါ်ဘူး..။ အန်တီချိုက ကလောမှာ ငယ်ရီးစား နဲ့ ပြန်တွေ့ပြီး တူတူနေကြတယ်..။ ဦးဇော်လင်းက အန်တီချိုကို စိတ်နာသွားတယ်..။ နောက်ဆုံးတော့ အန်တီချို ငယ်ရီးစားက ကုန်ကူးရင် ဓပြတိုက်ခံရပြီး သေသွားတယ်..။ လုပ်ဖော်ကိုင်ဖက် ဦးအံ့ကျော်က အန်တီချို ကိုစော်ကားဖို့ကြံရော..။ 
အန်တီချိုလဲ စိတ်ထောင်း ကိုယ်ကျေပြီး ရန်ကုန်ရောက်လာတယ်… ။ အိမ်ကို တန်းမပြန်ရဲတော့ သူနဲ့ ဦးဇော်လင်း လှုထားတဲ့ ဇရပ်ကိုသွားတယ်..။ ဦးဇောလင်းက စိတ်နာနာနဲ့ သံသရာရေစက်ပြတ်အောင်ဆိုပြီး ဇရပ်မှာ နာမည်ထိုးလှုထားတဲ့ အန်တီချိုနာမည်ကို ဖြုတ်ခိုင်းထားတယ်..။
အန်တီချို က စိတ်ထောင်းကိုယ်ကျေပြီး နောက်ဆုံး မသေခင် သူ့သားနဲ့ တွေ့ချင်တယ် ပြောတော့ ဦးဇော်လင်း က ပေးမတွေ့ဘူး..။ သေတော့ မယ်ဆိုတာ သိတော့မှ ပေးတွေ့တယ်..။ အန်တီချိုက သူ့အပြစ်နဲ့ သူ့ရောဂါ ခံစားနေရတာပေါ့…။ နောက်ဆုံး ဇာတ်သိမ်းကတော့ အန်တီချိုက သူ့သားနဲ့ တွေ့ပြီး ဦးဇော်လင်းကို တောင်းပန်နေတော့ ဦးဇော်လင်းက ဗြုန်းဆိုရောက်လာပြီး ခွင့်လွှတ်ပါတယ်ပြောရော အောင်မလေး ကို---(နာမည်မေ့သွားပါသဖြင့်) ဆိုပြီးလက်အုပ်လေးချီပြီး အသက်ထွက်သွားရှာလေသတည်းပေါ့…။

ဇာတ်လမ်းလေးက ဖြစ်တတ်တဲ့ လူ့သဘောသဘာဝ ရယ်…။ ၀ဋ်ဆိုတာ ရပ်မနေဘူးဆိုတာရယ်.. ကိုပြောချင်တာဖြစ်ပါလိမ့်မယ်…။ ကျွန်မ ပြန်ပြောပြထားတဲ့ ဇာတ်လမ်းအကျဉ်းချုံးက လိုအပ်တာတွေ အများကြီးရှိပါလိမ့်မယ်…။ ဇာတ်ကားလေးက ကျွန်မပြောတာထက် အဆများစွာကောင်းပါတယ်လို့ ကျွန်မ ရဲရဲကြီးအာမခံပါတယ်…။

ဇာတ်လမ်းလေးက ကိုရီးယား ကားထက်တောင် ကောင်းပါတယ်…။ အခန်းတစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်းတွေက ဘာ Effect မှမပါပဲကြည့်ရတာ အချိတ်အဆက်မိနေပါတယ် ။ ဒိုင်ယာလော့တွေ ဆို ခုခေတ် ဇာတ်ကားတွေထက်တောင် လန်းနေပါတယ်…။ ကျွန်မတို့ မြန်မာရုပ်ရှင်တွေ ဒီလောက် ကောင်းခဲ့တာ ကျွန်မ ခုမှ သိခဲ့တယ်..။ အရင်အပတ်တုန်းက ကောလိပ်ဂျင်နေ၀င်းရဲ့ ပယင်းရောင် ကိုကြည့်ခဲ့တယ်…။ ခုခေတ်ကားတွေ နဲ့ ဘာကြောင့် ကွာလတီ ကွာနေရပါလိမ့်…။ ပိုက်ဆံတွေ အများကြီး သုံးပြီး ရိုက်ထားတယ်… စပါယ်ရှယ် အဖက် တွေ သုံးထားတယ်ဆိုပြီး အော်နေကြပင်မဲ့ ဘာကြောင့် အရင်ခေတ်က ဇာတ်ကားတွေကို မမှီရတာလဲ…။ ရသ ပိုင်း အရမ်းကို ကွာသွားတယ်…။ ကျွန်မက တော်ရုံ မြန်မာကားကြည့်ခဲ သူပါ…။ ဒါပင်မဲ့ ခုချိန်ကစပြီး အရင်ခေတ်က ဇာတ်ကားတွေကို ရှာကြည့်တော့မယ်…။ ကျွန်မ ကြည့်ချင်တဲ့ ကားတွေ ၊ ကျွန်မ ခံစားချင်တဲ့ ရသတွေ အဲဒီကားတွေမှာပဲ ရနိုင်တော့မယ်ထင်တယ်..။
ဒီခေတ်မှာလဲ ပညာရှင်တွေရှိရဲ့သားနဲ့ ဘာကြောင့်ဒီလိုဇာတ်ကားမျိုးတွေ မပေါ်ထွက်လာရတာပါလိမ့်…။ ဟာသကားတွေ တင်တိုင်း လက်ချိုးရေလို့ရတဲ့ ရုပ်ရှင်ရုံတွေမှာ လူတွေပြည့်ပြည့်နေတတ်တာကရော…..

စိတ်မောသော ကြာသာပတေးနေ့ကိုဖြတ်သန်းရင်း…
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်….။

Sunday 3 October 2010

နင့်ထက်အရေးကြီးတာ…


အချစ်တစ်ခုကိုတွေ့ခဲ့တယ်….။

တကယ်တမ်းစဉ်းစားကြည့်လိုက်တော့

သူချစ်သလောက် ကိုယ်မချစ်နိုင်ခဲ့ဘူး ။။။

ကိုယ့်ကိုကိုယ် ညာခဲ့တာလား သူ့ကိုညာခဲ့တာလား…။

ကိုယ့်တိုင်တောင် အဖြေမထုတ်နိုင်ခဲ့ဘူး..။

ဒါပင်မဲ့ အချစ်တစ်ခု ကိုရှာရတာ ခက်ခဲတယ်လို့ထင်တယ်…။

လွယ်တဲ့ သူတွေ အတွက်တော့ လွယ်ကြမှာပေါ့လေ…။(မည်သူ့ကိုမှ မဝေဖန်လိုပါ)

နင့်ကို ငါချစ်တယ်တဲ့ ဒီစကားတွေကို နားခါးသွားပြီ…။

လိုချင်တာ ဒီလို အပြောတွေ မဟုတ်ခဲ့ဖူး…။

နင်တို့ လိုချင်တာတွေပဲ သွေးရူးသွေးတမ်း လျှောက်ပြောမနေကြနဲ့ဟာ…။

ဘယ်မှာတုန်း အစစ်အမှန်ဆိုတာတွေ…။

နင့်တို့ဆီမှာတောင်မရှိပဲနဲ့ များ သူများဆီက လိုချင်နေသေးတယ်…

ဒီခေတ်မှာ Vice versa မရှိတော့ဘူးလေ…။ ပေးသလောက် ပြန်မရကြတော့ဘူး…။ စိတ်ကူးယဉ်နေကြသေးတယ်..။

လူဆိုတာလဲ အခက်သားနော်… ပေးတာထက် တန်အောင် ပြန်လိုချင်နေကြတယ်…။

တချို့ကြတော့ မပေးချင်ကြဘူး.. လိုချင်တာတော့ အရူးတစ်ယောက်လို လိုက်တောင်းနေကြတယ်..။ အချစ်က အမဲခြောက်မှ မဟုတ်တာ…။

ဘ၀ မှာဒီကိစ္စကလဲ တစ်မှောင့်….။ အရေးမကြီးတာတွေကို ရေးကြီးခွင်ကျယ်လုပ်နေရတယ်…..။

သူမပါလို့လဲ မဖြစ်ပြန်ဘူး…။ သူပါပြန်တော့ကော အားလုံးပြည့်စုံသွားတာမဟုတ်…။

မပြည့်တာတွေ ပြည့်အောင်လိုက်ဖြည့်နေရသေးတယ်လေ…..ခက်တယ်နော်…။

ကောင်းပြီ… နင့်အတွက် တစ်နေရာတော့ ချန်ထားပေးမယ်… ။

ရှေ့ဆုံးတော့ မဟုတ်ဘူးနော်..ဒီလောက်နဲ့ပဲကျေနပ်သင့်တယ်…။

နင့်ထက်အရေးကြီးတာတွေက အများကြီးပဲရှိသေးတယ်  အချစ်ရေ…။


အားလုံးပဲ ပျော်ရွှင်ဖွယ် တနင်္ဂနွေနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ….။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

Saturday 2 October 2010

ထိုတစ်နေ့


ဒီနေ့ state ကျောင်းတုန်းက သူငယ်ချင်းတွေ ဂဲသားရင်း လုပ်ကြတယ်..။ အများကြီးတော့ မဟုတ်ပါဘူး..။ အဆက်အသွယ်မပြတ်ကြတဲ့ သူငယ်ချင်း ၆ ယောက် ၇ ယောက်လောက်ပါ…။ အားလုံးလိုလိုက တစ်နေရာရာမှာ တစ်ခုခုအတွက် ကြိုးစားနေကြတယ်..။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေကော ကျောင်းမပြီးသေးတဲ့သူတွေကော.. အစုံပါပဲ..။ နှစ်တိုင်း တွေ့နေကြဒီလိုမျိုးအချိန်မှာ လူစုံလေ့ စုံထရှိကြပါတယ်…။ မလာတဲ့သူကတော့ အဟဲ… သူ့အတင်းဝိုင်းတုတ်မယ်.. မဟုတ်က ဟုတ်က သတင်းကို ဖွမယ်ဆိုတော့ အားလုံးက မလာဖြစ်လာကြတယ်..။ မလာဖြစ်ဘူးဆိုရင်တောင် ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတာကို ဆင်ခြေလှလှလေးတွေပေးပြီး အားလုံးအတွက် စားသောက်စရာတစ်ခုခုကို စပွန်ဆာပေးရပါတယ်…။ နိုင်ငံခြားရောက်နေတဲ့ သူတွေကတော့ တမျိုးပေါ့…။ သီတင်းကျွတ်တော့မယ်တဲ့ … ခေါင်းစဉ်ကို စပြောလိုက်တော့ ဘာဖြစ်လဲပေါ့…။ ကလေးတွေ ဗျောက်အိုးတွေ ၊ ရှုးဒိုင်းတွေဖောက်ရင် ကိုးတန်းတုန်းက ကျူရှင်တက်တုန်းက ဖြစ်ရပ်ကို အားလုံးသတိရသွားတယ်..။

အဲနေ့က ကျူရှင်က စောစောပြန်လွှတ်လိုက်တယ်..။ ကျွန်မတို့ အားလုံးအတွက်တော့ မဟာအခွင့်အရေးပဲဆိုပြီး ရထားလမ်းဘက်လာခဲ့ကြတယ်…။ ကျူရှင် နဲ့ အိမ်ဘက်ကြားမှာ မြို့ပတ်ရထားဘူတာတစ်ခုရှိတယ်…။ သံလမ်းပေါ်က ဇလီဖားတုံးတွေကိုရေပြီးလျှောက်ကြတာလေ.. ကျွန်မတို့ ရေတွက်နေကြ ဇလီဖားတုံး ၄၅၂ တုံးရှိတယ်…။ ရထားလမ်းဘေးဘက်တွေမှာ ကျူးကျော်တွေလား ၊ မကျူးကျော်တွေလားတော့ မသိဘူး မြေစိုက် ဓနိအိမ်သေးသေးလေးတွေရှိတယ်.။ ရထားလမ်းသံလမ်းနဲ့ ဇလီဖားတုံးတွေက ကျွန်မတို့ အားလုံးအတွက် ကစားကွင်းတစ်ခုပါပဲ…။ စွန်လွှတ်တဲ့ သူတွေလွှတ်နေကြသလို ဂေါ်လီရိုက်တဲ့ သူတွေကလဲ ရှိပါသေးတယ်။။။

သီတင်းကျွတ်ခါနီးဆိုတော့ ဗျောက်အိုးတွေ ၊ ရှုးဒိုင်းဆိုတာတွေဖောက်နေချိန်ပေါ့…။ ခုတော့ အဲလိုမကစားရတော့ဘူးလေ..။ ညတိုင်း ရပ်ကွက်ရုံးက လူတွေ လိုက်လိုက်အော်နေတယ်… ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီးလေ..။ ကျွန်မတို့ သူငယ်ချင်းတွေ ရှုးဒိုင်းဆိုတာကြီးကို ၀ယ်လာပြီး ရထားလမ်းပေါ်ဖောက်ကြမယ်ပေါ့..။ ရှုးဒိုင်းဆိုတာက ၈ လက်မအရွယ် အချောင်းလေးထိပ်မှာ ယမ်းတောင်တပ်ထားတာပါ..။ အဲ့ရှုးဒိုင်းကို မြေကြီးပေါ်မှာအရင်စိုက် ပြီးရင် ယမ်းတောင့်အောက်ဘက်ကကြိုးလေးကို မီးတို့လိုက်ပြီး ၃ စက္ကန့်လောက်ကြာရင် ကျွီးးးး ဆိုပြီးအပေါ်ကိုအော်တက်သွားပြီး ၁၅ ပေလောက်ရောက်ရင် ဒိုင်း ဆိုပြီး အသံမြည်သွားတာပါ..။ အားလုံးသိမှာပါ..အဲဒီပစ္စည်းကို အခေါ်အဝေါ်ကွဲနေမှာစိုးလို့ ရုပ်လုံးဖေါ်ပြနေတာပါ..။ အားလုံး တစ်ယောက်တစ်လှည့် ဖောက်ကြတယ်…။

ဇေယျာထွန်းနဲ့ ခိုင်ဇာက ငါတို့ဖောက်ကြမယ်… ဒီအတိုင်းတော့ မဆော့ဘူး မြေကြီးမှ မစိုက်ဘူး လက်ကကိုင်ပြီးလွှတ်မယ်တဲ..။

အားလုံးကတော့ အလဲ့…ဆရာကြီးတွေပေါ့… လုပ်ကြည့်လေဆိုပြီး ၀ိုင်းမြှောက်ကြတယ်..။

ပထမ ဆုံး ဇေယျာထွန်းက အရင်ဆုံးဖောက်တယ်..။

 ကျွီးးးးးးးး ဒိုင်းးးးးး ဆိုပြီး မိုးပေါ်ကို ၄၅ ဒီဂရီလောက် စောင်းပြီးတက်သွားတယ်..။

ခိုင်ဇာအလှည့်ကျတော့ ၆၀ လောက်စောင်းပြီးတက်သွားတယ်…။ အားလုံးရှေ့မှာ သူတို့မျက်နှာတွေက မော်ကြွားလို့ပေါ့..။ သူတို့လို သတ္တိမရှိဘူးဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့..။ ဟုတ်လဲ ဟုတ်ပါတယ် ..။ ကျွန်မတို့အားလုံး ဘယ်သူမှ အဲလိုကိုင်ပြီးမလွှတ်ရဲပါဘူးးး..။ ကစားရင်းနဲ့ တဖြေးဖြေးမှောင်လာတော့ နောက်ဆုံး တစ်တိုင်ပဲကျန်တာကို ဘယ်သူလွှတ်မလဲဆိုတာ ငြင်းနေရင်..

ဇေယျာထွန်း နဲ့ ခိုင်ဇာက ငါတို့ ၂ ယောက်လွှတ်မယ်တဲ့..။

ဘရာဗို ပေါ့..။ သူတို ၂ ယောက်က ရှုးဒိုင်းကို လက်က ကိုင်ပြီး ဇေယျာထွန်းက မီးညှိပါတယ်..။

အဲဒီမှာပါ… ၂ ယောက်သားကိုင်ထားတာ ဘယ်သူလွှတ်နိုးနိုး စောင့်နေရာကနေ ရှုးဒိုင်းက ယမ်းရှိတဲ့နေရာကိုရောက်ခါနီးမှာ

အားလုံးက ဟဲ့..လွှတ်လိုက်တော့လေ…ဘာလုပ်နေတာလဲ ဆိုပြီး အော်တော့မှ သူတို့ ၂ ယောက် ကမန်းကတမ်းလွှတ်လိုက်တာ…

ဒီဂရီ ၃၀ လောက်ပဲစောင်းပြီး ရထားလမ်းဘေးက မြေစိုက်ဓနိမိုးတဲလေးရဲ့ ခေါင်းမိုးပေါ်ကြသွားပါတယ်…။ မီးခိုးတွေ အူထွက်လာတာကို အားလုံးကြောင်ပြီးကြည့်နေကြပါတယ်…။ အဲဒီမှာ တဲထဲက မိန်းမ တစ်ယောက်ထွက်လာပြီး…….

ဘယ်အုတ်ကြားမြက်ပေါက် ကလေက၀ တွေ လက်ကမြင်းတာလဲဟဲ့.. လူလိုနားမလည်ဘူးလား @#$%#$%^^@@%^&   ဆိုပြီးကလော်တုတ်သံကြားမှာ အားလုံးသတိပြန်ဝင်လာပြီး နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ထွက်ပြေးကြတာ နောက်တောင်လှည့်မကြည့်တော့ပါဘူးးး။။

ရပ်ကွက်နား ပြန်ရောက်မှ အားလုံးလူပြန်စုကြတယ်… ခုဏက မော်ကြွားနေတဲ့ ၂ ယောက် မျက်နှာလေးတွေကတော့ ဇီးရွက်သာသာလောက်ပဲရှိပါတော့တယ်..။ လူအားလုံးစုံသွားရော တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက်တာ ဘေးနားက ဖြတ်သွားတဲ့ လူတွေတောင် ဘယ်လိုကလေးတွေလဲ ဆိုပြီးကြည့်သွားကြပါတယ်..။ ကျွန်မတို့ကတော့ ကိုယ့်အကြောင်းကိုယ်သိတဲ့သူတွေဆိုတော့……….။

နောက်နေ့လဲကြရော.. ရထားလမ်းကနေဘယ်သူမှ မပြန်ရဲတော့ပါဘူးးး။။ အဲ တဲကလေးရဲအခြေအနေ ဘာဖြစ်သွားလဲဆိုတာကို အောင်ကျော်ကျော် ကိုသွား စုံစမ်းခိုင်းလိုက်တာ ဘာမှမဖြစ်ဘူးတဲ့ နဲနဲပဲ ဓနိ ပေါက်သွားတာတဲ့ တော်သေးတာပေါ့နော်….။

ခုတော့ အဲဒီအချိန်က ရယ်ခဲ့သလို မရယ်ဖြစ်တာ ၆ နှစ်တောင်ကြာသွားပြီး..။ တာဝန်ကိုယ်စီ နဲ့ နေရာအသစ် ပတ်ဝန်းကျင်အသစ်မှာ လူအသစ်တွေနဲ့ ခင်မင်ရင်း စနစ်တကျအသက်ရှင်နေရပြီလေ…။ တွှေ့နေကြလူတွေတောင် တစ်နှစ်နဲ့တစ်နှစ်လျှော့လျှော့သွားတယ်.. ဒါကိုလဲဘယ်သူမှ စောဒဂမတက်ကြပါဘူး။။။ ဒါပင်မဲ့ ကျွန်မတို့သူငယ်ချင်းတွေအားလုံး ပျော်ရွှင်စရာ အတိတ်တွေကို ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတဲ့ ငယ်ဘ၀ကိုလွမ်းမောပြီး ရှေ့ဆက် ဘ၀ တစ်ခုကို ဖြတ်သန်းနေရင်းးးးးးးးးး

ပျော်ရွင်ဖွယ်ညနေခင်းလေးတွေကို ပိုင်ဆိုင်ခဲ့ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်…..
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ….။   ။

Friday 1 October 2010

CHANGE

Change ဆိုလို့ အိုဘားမားလို မဲဆွယ်တရားဟောတယ်များထင်သွားမလားးး။။
ဘာထူးခြားတာတွေ့လဲ Template ချိန်းထားတယ် တတ်သလောက် ချိန်းထားတယ်.. loading မကြာအောင် Gadget တွေအများကြီးမထည့်ထားဘူး..။ မျက်စိရှုတ်လို့လဲ ပါတယ်..။ လင်းသွားအောင် အပြာလေးရွေးထားတယ် ။ တကယ်တမ်း ပန်းရောင်ကိုကြိုက်တာ…။ မရှိဘူး…။ မျက်လုံးမထိခိုက်အောင် နောက်ခံအဖြူနဲ့ စာလုံးအမည်းကို သုံးထားတယ်…။ လှလှမလှလှ လှတယ်လို့ပြောပေးကြပါ…။ Template designer နဲ့ပဲ သိသလောက်(ဘာမှကိုမသိတာပါ) ကလိထားတာပါ…။ ဒီဇိုင်းစိတ်ကူးတွေတူသွားတယ်ဆိုရင် သွေ့ပုချိပါ..။ ပရောက်စီအဆင်ပြေတုန်းလေး အပြေးအလွှားပြင်ထားတာနော်.…။

ခုတလောစာမရေးဖြစ်ဘူး…။ ဒါပင်မဲ့ စာတွေဖတ်တယ်..။ ဘလော့ အစုံလိုက်ဖတ်တယ်..။ link to link ဖတ်တာ…။ c-box တို့ shout-box တိုမှာ ဘာမှမအော်ခဲ့ဘူး…။ ကွန်မန့်တွေတစ်ခုမှ မရေးဖြစ်ဘူး…။ သွေးကြီးတယ်လို့ထင်သွားကြမယ်မလား..။ အဓိက တရားခံကတော့ ပရောက်စီလေ…။ ဖရီးဂိတ် နဲ့ သုံးတယ်…။ ပိုလီဆော့ ဆိုတာ နဲ့ သုံးတယ်..။ အန်ဒူဘလော့ နဲ့ သုံးတယ်..။ ကျော်ခွတဲ့ နေရာစုံအောင်သုံးပြီးဖတ်ရတာလေ…။ ခွေးတိုးပေါက်တွေ စုံသွားတယ်…။ ဘလော့တွေကို ဒီလို ဒုက္ခခံပြီးလိုက်ဖတ်နေတယ်…။ silent reader ပဲလုပ်နေရတယ်…။ ဒီလောက်စာတွေလိုက်ဖတ်တာတောင် ဖတ်လို့တောင် မကုန်ဘူးဖြစ်နေလို့…။ 


ပိုစ့်က အပျင်းထူးပြီးမရေးတာ မဟုတ်…။ ဘာရေးရမှန်းမသိတာ…။ ခုတော့ ဘလော့တွေဖတ်တာ ဘလော့ဂင်းပါးဝသွားလို့လား မသိ ရေးတော့မယ်…။ ဘာဖြစ်ဖြစ်ရေးတော့မယ်..။ သည်းခံပြီးဖတ်ပေတော့…။ ဘလော့တွေ လိုက်ဖတ်တော့ မသိတာတွေသိသွားတယ်…။  ဆားချက်ပုံချက်နည်းတွေသိသွားတယ်…။

စာတွေဖတ်လွန်းလို့ မျက်စိတောင် ဒုက္ခရောက်နေပြီ…။ ခုဆို မော်နီတာကို ကြည့်ရင် မျက်မှောင်ရှုံ့ကြည့်နေရတယ်..။ မှုန်ကုတ်ကုတ် မျက်နှာပေးနဲ့ပေါ့…။ ဆေးတော့သောက်နေတယ်..။ မျက်မှန်တော့ လုံးဝ(လုံးဝ) မတပ်ချင်ပါ…။ လောကကြီးကို ဘောင်ခတ်ပြီးလဲမကြည့်ချင်တော့ပါ..။ မျက်မှန်ခဏခဏပျောက်တတ်တဲ့ မေမေ့ကိုလှောင်ထားသမျှ ၀ဋ်လည်မှာလဲစိုးလို့ပါ..။ ဆေးပဲသောက်မယ်…။ ဖတ်လိုက်နားလိုက် ရေးလိုက်နားလိုက် တလှည့်စီလုပ်မယ်ပေါ့နော်…။

စာအုပ်တွေအများကြီးဝယ်ထားတယ်…။ ဒါပင်မဲ့ မဖတ်ဖြစ်သေးဘူး…။ စာဖတ်ဝါသနာပါပင်မဲ့ ကွန်ပျူတာနဲ့စာမဖတ်တတ်ဘူး…။ အီးဘွတ်ဆိုတာတွေ အများကြီးရှိပင်မဲ့ မဖတ်တတ်ဘူးဖြစ်နေတယ်…။
ခေတ်နောက်ကျတယ်ပဲပြောပြော စာဖတ်ရင်စာအုပ်ကိုလက်က ကိုင်ဖတ်မှ အရသာတွေ့တယ်…။ အဲဒါမှ စာဖတ်တယ်လို့ကိုယ့်ကိုကိုယ် သတ်မှတ်တယ်…။ ဘယ်သွားသွား စာအုပ်တစ်အုပ်ယူသွားပြီး ဖတ်တယ်..။ အိပ်ယာထဲ စာဖတ်လိုက် တွေးလိုက် ၊ ကော်ဖီသောက်လိုက်ဟာ ဘ၀မှာ ဇိမ်အရှိဆုံး အလုပ်လို့ထင်တယ်…။

ပြောပြီးပြီနော်… ခုချိန်ကစပြီးပြန်ဘလော့ဂင်းတော့မယ်…။ စိတ်ထဲ ခံစားသမျှတွေရေးမယ်..။ ဖတ်သမျှ စာအုပ်တွေထဲက ကောင်းတာတွေ ပြန်ရှယ်ယာရင်း လုပ်မယ် ။ လက်ရှိကြုံတွေ့နေတာတွေ သိသလောက်ရေးမယ်…။ မမှန်တာတွေ မဟုတ်တာတွေဆိုလဲ ပြောကြအုံး..။ အရပ်ကူပါ လူဝိုင်းပါပေါ့..။ သူများရေးထားတာတွေတော့ ဘယ်တော့မှ ကူးချပြီးမတင်ဘူးနော် စိတ်ချ..။ စိတ်ကူးတူသွားရင်တော့ ဆောတီးပါ..။ ချက်ချင်းဖျက်ပေးပါမယ်…။

စာဖတ်သူအားလုံး ပျော်ရွှင်ဖွယ် အောက်တိုဘာဖြစ်ပါစေ
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်..။ 
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...