နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...
Saturday 31 July 2010
လူ့အခွင့်ရေး (၃+၄+၅+၆)
လူတိုင်းတွင်တူညီသောအခွင့်ရေးများရှိသည်အားလျှော်စွာ ၊ ရုပ်ဝတ္ထု၏လိုအပ်ချက်အရလွတ်လပ် စွာပြောဆိုရေးသားခြင်း ၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်အရ ၊ အယူဝါဒကိုလည်းကောင်း ၊ ဘာသာ ကိုးကွယ်မှုကိုလည်းကောင်း ၊ နိုင်ငံရေးလူမှုရေးစသော အရေးကိစ္စများတွင်မည်သူတဦးတယောက် ၏ ၊ ဖိအားတွန်းအားကင်းလွတ်စွာ ပါဝင်ပတ်သက်ခွင့်ရှိသည် ၊ ထိုပါဝင်ပတ်သက်မှုကို ၊ အဖွဲ့အ စည်းတခု ၊ သို့မဟုတ်အုပ်စုတစုက အသက်ကိုခြိန်းခြောက်ခွင့်မရှိစေရ ၊ ထိုသို့သောအကြောင်းအ ရာတို့ကိုရည်ရွှယ်၍ ၊ ကြေညာစာတမ်း၏ တတိယပိုဒ်တွင်ဤကဲ့သို့ဖော်ပြထားသည်..။
Article (3)
Everyone has the right to life, liberty and security of person.
အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။  
လူသားအားလုံးကိုလူဟူ၍အသိမှတ်ပြုရမည်ဖြစ်သဖြင့် ၊ လူသားအချင်းချင်းကို တိရိစ္ဆာန်များကဲ့ သို့ရောင်းဝယ်ဖောက်ကားခြင်း ၊ လူသားများကိုလိင် ကျေးကျွန်အဖြစ်အသုံးချခြင်း ၊ ကာလာကိုအ စွဲပြု၍ ၊အစိမ်းရောင်သည် နိုင်ငံသားအားလုံး၏ အထက်၌ရှိသည်ဟူ၍လည်းကောင်း ၊ အဖြူနှင့် အစိမ်းဝတ်သော သူများသည်သာနိုင်ငံ၏လူရည်လူမွန်များဟူသောအချက်ကိုလည်း ၊ ပန်းရောင် အ၀ါရောင်တို့သည်သာမြင့်မြတ်သူများဟူ၍လည်းကောင်း ၊ ကာလာကိုအစွဲပြု၍ ၊အတင်းအဓမ္မမ တူမတန်ဟူသော သဘောဖြင့်မဆက်ဆံအပ်ပေ ၊ထိုထိုအကြောင်းရာများကိုရည်ရွယ်၍ စတုတ္ထအ ပိုဒ်တွင် ဤကဲ့သို့ဖော်ပြသည်...။ 
Article (4)
No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.
အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအဝယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။  
တရားခံကိုလည်းကောင်း ၊တရားလိုကိုသော်လည်းကောင်းတရားဥပဒေအားလျှော်စွာ ၊ အပြစ်ပေး ရမည်သာဖြစ်သဖြင့် ၊ တရားခွင်ရင်ဆိုင်နေဆဲကာလတွင် ကိုယ့်သဘောနဲ့ကိုယ်စိတ်ခံစားချက်ရှိ သည့်အတိုင်း လူရှေ့တွင်လည်းကောင်း ၊လူ့တို့၏ကွယ်ရာတွင်၎င်း နိုင်ထက်ကလူပြုခွင့်မည်သူမျှမ ရှိပေ ၊ ဥပဒေဟူသည် အများစုကနိုင်ငံသားတို့အတွက်ကျင့်ဆောင်ဘွယ်ရာများကိုရေးသားပြုစု ထားသော စီးကမ်းနည်းလမ်းများကိုသာ ဥပဒေဟုခေါ်ဆိုသည် ၊ လူတစ်ယောက်၏ပါးစပ်မှ အရူး ချေးပန်းလိုရာပြောပြီး ဥပဒေကဲ့သို့အာဏာတည်စေရမည်ဟု သတင်းစာထဲထည့်လိုက်ရုံဖြင့် ဥပဒေ ဟူ၍ဖြစ်ရိုးမရှိပေ ၊ ထုတ်ပြန်ထားသောဥပဒေအရပ်ရပ်သည် ၊ နိုင်ငံသားတို့အပေါ် ညီညွတ်ခြင်း ၊ မျှတခြင်း ၊ စည်းလုံးခြင်းဟူသော တရားဥပဒေ၏ ဥပဒေဖြစ်သော ဤအကြောင်းအရာသုံးခုကိုသာ အခြေံပြီး ရေးသားပြဋ္ဌာန်းခြင်းဖြစ်စေရမည် ၊ထိုထို ဥပဒေတို့ကိုသာလျှင် ဥပဒေဟုခေါ်ဆိုအပ်ပါ၏ ၊ ထိုကဲ့သို့ နိုင်ငံသားတို့တို၏ အကျိုးစီးပွားနှင့်စပ်ဆက်သည့် ဥပဒေမျိုးနဲ့အရေးယူဆောင်ရွတ်တာ မျိုးပါမဟုတ်ပါဘဲလျှက် ၊ လမ်းသရဲ ၊ ဓားပြအုပ်စု ၊ သခိုးဂျပိုး ၊ ကလေက၀ဆန်ဆန် သဏ္ဍာန်တူ အုပ်စုဖွဲ့ရိုက်နှက်ခြင်း ၊ လက်နက်အားကိုးအနိုင်ကျင့်ခြင်း ၊ ပြည်သူပြည်သားအားလုံးတို့၏၊ အခြေ ခံရပိုင်ခွင့်ဖြစ်သောအခွင့်အရေးများကိုရပ်စဲခြင်း (မီးဖြတ်၊ ရေဖြတ် )စသောသိမ်ငယ်စေမည့်မည် သည့် အနိုင်ကျင့်မှုမျိုးကိုမဆိုမပြုမှုမဆက်ဆံစေရန် ကြေညာစာတမ်း၏ ပဉ္စမအပိုဒ်တွင်ဤကဲ့သို့ ဖော်ပြကျေညာထားသည် (လူလိုနားလည်လျှင် အထက်ပါကိစ္စရပ်များသည် အင်မတန်ရှက် ဘွယ်ရာ) ကိစ္စများဖြစ်သည်...။
Article (5)
No one shall be subjected to torture or to crucl, inhuman ordegrading treatment or punishment.
အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။  
နိုင်ငံသားတိုင်းအတွက်အကျိုးစီးပွားအလို့ငှာ ရေးဆွဲထားသောဥပေဒ များအရ ၊ နိုင်ငံတွင်းတွင် မှီတင်းနေထိုင်သော မည်သည့်လူမျိုး ကိုမဆို ၊ လူဟူ၍အသိမှတ်ပြုပေးရမည် ၊ ဗမာသည်သာလူ ကုလား များသည် လူမဟုတ်ဟူသော ၊ အယူအဆတို့ဖြင့်နိုင်ငံတော်တွင်းမှီတင်းနေထိုင်ကြသော  မည်သူ့လူမျိုးကိုမျှ ၊ အပ်ဖာစီဟူ၍လည်းကောင်း ၊ ဧည့်နိုင်ငံသားအဖြစ်လည်းကောင်းနေထိုင်စေ ခြင်း ၊ နေထိုင်ဘို့ရာအတင်းအကြပ်ပြုလုပ်ခြင်းများကိုတားမြစ်သောအားဖြင့် ၊ ကြေညာစာတမ်း၏ ဆဋ္ဌမအပိုဒ်တွင်ဤကဲ့သို့ပြဋ္ဌာန်းကျေညာထားသည်.....။ 
Article (6)
Every one have to rights to recognition every where as a person before the law.
အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။  
ထိုထိုအချက်အလက်တို့ကိုလူ့အခွင့်ရေးဟူ၍ ၊လိုက်နာကျင့်သုံးသော နိုင်ငံများသည်အများအားဖြင့် ပြည်သူလူထုကတင်မြောက်ထားသောအစိုးရ (ဒီမိုကရေစီအစိုးရ)တို့သာ လိုက်နာကျင့်သုံးနေ ကြ သည်ကိုယနေ့ခေတ်တွင်တွေ့ရပေသေးသည် ၊ ဘုရင်စနစ်ရှိသောနိုင်ငံများ (ဗြိတိန်+ဂျပန်+အိုမန် +ဆော်ဒီ+ဘရူးနိုင်း +ထိုင်း+)စသောဘုရင်စနစ်လဲမဟုတ် ၊ ဒီမိုကရေစီဟူ၍လည်းမဆိုသာ ဟိုမရောက်ဒီမရောက်နိုင်ငံများတွင် အပြည့်အ၀မသုံးစွဲကြသေးပေ၊ အာဏာရှင်ကြီးများဖြစ်ကြ သော(မြောက်ကိုးရီးယား + ဂျူးဘား +လစ်ဗျား + ရွှေနိုင်ငံ)စသောနိုင်ငံများတွင် အရိပ်အယောင် မျှကျင့်သုံးခြင်းကိုမတွေ့မြင်ရသလို ၊ ဒီမိုကရေစီဟူ၍ အရှက်ကင်းမဲ့စွာ အော်ဟစ်ဆူပူ၍ ကုလသမ ဂ္ဂတွင် လူတွင်ကျယ်လုပ်နေသော တရုပ် + ရုရှားတို့ကဲ့သို့သောနိုင်ငံများတွင်း ထိုဖော်ပြပါ လူ့အ ခွင့်အရေးများကိုလိုက်နာဘို့ဝေးစွ ယနေ့တိုင်ပြောင်ပြောင် တင်းတင်းပင်ချိုးဖောက်နေဆဲဖြစ်ပါ ကြောင်း....ဟုတ်ကဲ့ကျွန်တော် ဇေတာရာပါ......။ 
ဆက်လက်ဖော်ပြပါမည်...။
Friday 30 July 2010
ကြေညာစာတမ်း (၁+၂)
လူ့ အခွင့်အရေးဟူသည် ၊ လူသားတယောက်၏ ၊ လွတ်လပ်စွာပြောဆိုခွင့် ၊ လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်၊လွတ်လပ်စွာလူသားပီသစွာနေထိုင်ရေးစသောလူ သားတယောက်တွင်လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် ၊ ဘာသာရေးအရသော်လည်းကောင်း ၊နိုင်ငံရေးအရသော်လည်း ကောင်း ၊ လူမျိုးရေးအရသော်လည်းကောင်း ၊ ဓလေ့ထုံးထမ်းအရသော်လည်း တစုံတယောက် ကဖြစ်စေ ၊ အဖွဲ့အစည်းတခုကဖြစ်စေ ၊ အတင်းအဓမ္မမဟုတ်ဘဲ ၊ မိမိစိတ်ဆန္ဒအလျှောက် ပါဝင် ပတ်သက်နိုင်ခွင့်(စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်)ကိုယေဘုယျအားဖြင့်လူ့အခွင့်ရေးဟုဆိုရမည်ဖြစ်ပါသည်။
 မည်သူကမည်သူ့ကိုမှ၊အာဏာနှင့်သော်လည်းကောင်း ၊အုပ်စုဖြင့်သော်လည်းကောင်းအတင်းအ ကြပ် အထက်ပါ လူသားတို့၏မွေးရာပါ အခွင့်ရေးကိုထိပါးခွင့် ၊ စော်ကားခွင့် ၊ ချုပ်ချယ်ခွင့် ပတ်သက်ခွင့်မရှိပါ၊ထိုကြောင့်လူ့အခွင့်ရေးကျေညာစာတမ်းအပိုဒ်(၁)တွင်ဤကဲ့သို့ပြဋ္ဌာန်းထားခြင်းဖြစ်ပါ၏..........။ 
Article (1)
All human beings are born free and equal in dignity and rihgts. They are endowed with reason and conseience and should act towards one another in spirit of brotherhood.
အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။  
လူသားတိုင်းသည်အားလုံးတူညီသည်ဖြစ်တဲ့အတွက်ကြောင့် ၊ မည်သည့်အကြောင်းရာနှင့်မျှ ၊ ခွဲ ခြားဆက်ဆံခြင်းပြုခြင်းငှာမထိုက်ကြပေ ၊ အယူအဆကြောင့်ဖြစ်စေ ၊ လူမျိုးကြောင့်ဖြစ်စေ ၊ အ သားရောင်ကြောင့်ဖြစ်စေ ၊ ပိုင်ဆိုင်မှုကြောင့်ဖြစ်စေ ၊ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများ၏ မည်သည့် နေရာမဆို ထိုထိုအကြောင်းအရာတို့ကြောင့် ခွဲခြားဆက်ဆံခြင်းကိုတားမြစ်ထားပြီး ၊ အောက်တန်း ကျသော ၊ လူသားမဆန်သော ၊ လုပ်ရပ်များအဖြစ်သက်မှတ်ထားသည် ၊ သို့သော်လည်း တိုင်းရင်း သားများစွာစုပေါင်းနေထိုင်ကြသော ရွှေတို့နိုင်ငံတွင် ၁၃၅ မျိုးသော လူမျိုးများ အချင်းချင်း မတည့် ကြသည်မှာ ၊ အဲသလိုအကြောင်းလေးတွေကြောင့်ဖြစ်သလို ၊ အိန္ဒိယနိုင်ငံတွင် မကြာခဏဖြစ် တတ်သော ဇာတ်နိမ့် ၊ ဇာတ်မြင့် ပြဿနာများ ၊ အရှေ့လည်ပိုင်း အစ္စရေးပါလက်စတိုင်းပြဿနာ များ ၊ အိန္ဒိယ+ ပါကစ္စတန် နယ်စပ်ရှိ ကတ်ရှမီးယားဒေသပြဿနာများ ၊ တရုပ်နှင့်တိဘက် ပြဿ နာများ ၊ ရုရှားနိုင်ငံ ၏ ချေချင်းညာဒေသပြဿနာ ၊ တောင်မြောက်ကိုးရီးယား စသောစသောပြ ဿနာများဟာ ၊ ထိုထိုအချက်များအခြေခံပြီး ဖြစ်သည့်အတွက်ကြောင့် ကျေညာစာတမ်း၏ ဒုတိယအပိုဒ်တွင်ဤကဲ့သို့ ပြဋ္ဌာန်းထားပေသည်......။ 
Article (2)
Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, color, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the bases of the political, juriscictional or international status of the country or territory to which a person belogs, whether it be incependent, trust, non-self-governing or under any other linitation of sovereignty.
အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။  
ထိုကဲ့သို့ လူသားများလိုက်နာကျင့်သုံးရန် လူသားများကဥပဒေများရေးသားပြဋ္ဌာန်းထားပါသော် လည်းလဲ ၊ ထိုထိုဥပဒေတို့ကို လိုက်နာကျင့်သုံးပါ့မည်ဟု ၊လက်မှတ်ရေးထိုး ကတိပြုထားသောလူ သားများကပင် ထိုထိုဥပဒေများကို ၊ ချိုးဖောက်နေကြသဖြင့် ၊ စာဖက်သူတစ်ယောက်အနေဖြင့် မေး ခွင့်ရှိပါက ၊ မင်းတို့စာကိုမင်းတို့နားလည်သလား ၊ မင်းတို့စာရောဖက်တတ်ကြလား ၊ မင်းတို့ ရှက်ရောရှက်တတ်လား ၊ လို့မေးလိုက်ချင်စမ်းပါဘိတောင်း .....ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါ..။
ဘိုလိုဖက်မည့်သူများက ဒီကိုကြွ
http://www.fourmilab.ch/etexts/www/un/udhr.html
ဆက်လက်ဖော်ပြပါမည်.................။
Thursday 29 July 2010
လူ့အခွင့်ရေး နိဒါန်း
အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေညာစာတမ်းကို ၁၉၄၈ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ၊ စတင်အသုံးပြုပြီး ၊ ထိုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့တွင်၊ ပြင်သစ်နိုင်ငံရှိ Palais de chaillot တွင် အတည်ပြုခဲ့သည် ၊ ကမ္ဘာ့အံဘွယ်အခြင်းအရာများကိုရေးသားထားသည့် The Guinness book 0f Records စာအုပ်တွင် လူ့အခွင့်ရေးကျေညာစာတမ်းသည် ၊ ကမ္ဘာပေါ်တွင်အများဆုံးဘာ သာပြန် ဆိုထားရသည့် စာတမ်းတခုအဖြစ်အသိမှတ်ပြုခံသည့်အထိ ကြီးကျယ်ခဲ့သောစာတမ်းတ ဆောင် ဖြစ်ပါသည် ၊ ထိုစာတမ်းကြီးတွင် ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း ကမ္ဘာတ၀ှမ်းမှ တောင်းဆိုခဲ့သော လူသားတိုင်းသာတူညီမျှအခွင့်အရေးရရှိရန်ဟူသော အကြောင်းအရာအချက် လက်များကိုအခြေခံပြီး ၊ နိုင်ငံတကာနှင့် ဆက်ဆံမှု ၊ ပြည်တွင်းလူ့အခွင့်အရေးအုတ်မြစ်ချနိုင်စေ ရန်ဥပဒေနှင့်နိုင်ငံတိုင်းတွင်အခြေခံဥပဒေအဖြစ်ထည့်သွင်းမှီးငြမ်းရေးသားနိုင်ရန်ဟူသောအချက်တို့ ကို အခြေခံ၍ ဤအချက်၃၀ ရှိသောလူ့အခွင့်ရေးကျေညာစာတမ်းကို ကုသလမဂ္ဂအထွေထွေညီ လာခံ၏တာဝန်ပေးချက်အရ ၊ John Peters Humphrey  (ကနေဒါ)  Rene Cassin(ပြင်သစ်) P. C. Chang (တရုတ်) Charles Malik (လက်ဘနွန်) Eleanor Roosevelt (အမေရိကန်),စသော ဥပဒေပညာရှင်များနှင့် အသိပညာ ရှင်အတတ်ပညာရှင်များက စုပေါင်းရေး သားပြုစုခဲ့ခြင်းဖြစ်သည်...။
ကျေညာချက်၏နိဒါန်းတွင်
PREAMBLE
Whereas recognition of the inherent dignity and of the equal and inalienable rights of all members of the human family is the foundation of freedom, justice and peace in the world, 
Whereas disregard and contempt for human rights have resulted in barbarous acts which have outraged the conscience of mankind, and the advent of a world in which human beings shall enjoy freedom of speech and belief and freedom from fear and want has been proclaimed as the highest aspiration of the common people, 
Whereas it is essential, if man is not to be compelled to have recourse, as a last resort, to rebellion against tyranny and oppression, that human rights should be protected by the rule of law, 
Whereas it is essential to promote the development of friendly relations between nations,
Whereas the peoples of the United Nations have in the Charter reaffirmed their faith in fundamental human rights, in the dignity and worth of the human person and in the equal rights of men and women and have determined to promote social progress and better standards of life in larger freedom, 
Whereas Member States have pledged themselves to achieve, in co-operation with the United Nations, the promotion of universal respect for and observance of human rights and fundamental freedoms, 
Whereas a common understanding of these rights and freedoms is of the greatest importance for the full realization of this pledge,
Now, Therefore THE GENERAL ASSEMBLY proclaims THIS UNIVERSAL DECLARATION OF HUMAN RIGHTS as a common standard of achievement for all peoples and all nations, to the end that every individual and every organ of society, keeping this Declaration constantly in mind, shall strive by teaching and education to promote respect for these rights and freedoms and by progressive measures, national and international, to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction.
ကြေညာချက်နိဒါန်း
ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။ 
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ငြိမ်းချမ်းမှုတို့၏အခြေခံအုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊ 
လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ်ပေါ်စေခဲ့သော ကြောင့်လည်းကောင်း၊ 
လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ် သောကြောင့်လည်းကောင်း၊
လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ
လက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကိုဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ 
နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊ 
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့် ရေးများကို လည်းကောင်း၊
လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်ကောင်း၊လေးစားယုံကြည်ပါသည်ဟုကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှုကြီးပွား တိုးတက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘဝ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ 
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူအခွင့်အရေး များကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့်အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း၊ 
ထိုကြောင့် အထွေထွေညီလာခံ က အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့ အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတဝှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သား များအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း 
ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။ 
ဟူ၍ ၁၉၄၈ခုနှစ်ဒီဇင်ဘာလ၁၀ရက်နေ့တွင်အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေညာစာတမ်းကို ကုလသမဂ္ဂမှ တရားဝင်ကျေညာလိုက်သည် ၊ ထိုကျေညာလိုက်နေ့နေ့ကိုအစွဲပြု၍ နှစ်စဉ်ဒီဇင်ဘာ ၁၀ရက်နေ့ကို လူ့အခွင့်ရေးနေ့အဖြစ်သက်မှတ်ပြီး အခမ်းအနားများစာတမ်းဖတ်ပွဲများ ၊ လူထု ဟောပြောပွဲများ ၊(မြန်မာပြည်မပါ ) ကမ္ဘာအနှံ့အပြားတွင် ပြုမူပြောဆိုလုပ်ကိုင်ကြပါကြောင်းရေး သားရင်း ၊ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ ။   
ဘိုလိုဖက်ချင်သော်ဒီမှာဖက်
 ဆက်လက်ဖော်ပြပါမည်.....။
Wednesday 28 July 2010
အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်း
ဘလော့မှာဖတ်ရှုနေကြသောဘလော်ကာ အကိုအမတော်တော်များများဟာ ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်းကို သိပြီးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ် ။ ဇေလဲ ၁၀တန်းကျောင်း သားဘ၀တုန်းက လေ့လာမှတ်သားဘူးပါတယ်။ မိသားစုအတွင်းမှာရော သူငယ်ချင်းများအပေါ်မှာပါ ဒီလူ့အခွင့်ရေးကြေညာစာတမ်းအတိုင်း ပြုမူပြောဆိုနေထိုင်ပါတယ် ။ (အရက်မူးတဲ့အချိန်မပါပါ) စိတ်တိုနေတဲ့အခါများမှာ မကျင့်သုံးတတ်ပါ ။  
ဘာကြောင့်ဒီကြေညာစာတမ်းအကြောင်းကို ရေးရပါသနည်းဟု မေးမြန်းခဲ့ပါသော် ၊ ဇေမြန်မာပြည်ကိုပြန်တုန်း ဇင်ယော်ငှက်တွေကြည့်ချင်လို့ ဒလဘက်ကမ်းကို ကူးတဲ့နှစ်ထပ်သဘောင်္ကြီးကို အစုန်အဆန် လေးခေါက်စီးပါတယ် ။ တတိယတစ်ခေါက်မှာ ရဲသားတွေဟာ တရားခံတွေကို ရန်ကုန်ဘက်ကမ်းမှာရှိတဲ့ တိုင်းတရားရုံးကိုထုတ်ဖို့ ၊ လက်ထိတ်တွေ ခတ်ပြီး တရားခံတွေကို အတွဲလိုက်ခေါ်လာပါတယ် ။ တရားခံတွေဟာ ၁၀ယောက်ကျော်ပါတယ် ။ လက်ထိတ်တွေတွေကို နှစ်ယောက်တစ်တွဲခတ်ပြီး အဲဒီလက်ထိတ်တွေကို ကြိုးနဲ့အတန်းလိုက် ချည်ထားပါတယ် ။ 
ဒါဟာရဲကိစ္စကို ရဲလုပ်တာမို့လို့ ဘာမှပြောစရာမရှိပေမဲ့ ၊ တရားခံတစ်ဦးဟာ သဘောင်္ပေါ်က ဖရဲသီးစိပ်ရောင်းတဲ့ သူငယ်ချင်းက ၊ အခုပြောမဲ့ တရားခံကို ဖရဲသီးကျွေးပါတယ် ၊ တရားခံကလဲ စားပါတယ် ။ အဲဒါကို ရဲကြပ်ကြီးက ပါးကို ရိုက်တဲ့အပြင် အနောက်ကနေ ရဲဘွတ်ဖိနပ်နဲ့ ဖရဲသီးစားနေတဲ့ ၊ တရားခံကိုလှမ်းကန်ပါတယ် ။ ရဲကြပ်ကြီးဟာ အသက်၃၀လောက်သာ ရှိပါသေးတယ် ။ တရားခံဟာ ၅၀ ၀န်းကျင်လောက်ရှိပါတယ် ။ ဘယ်လိုမှ ကြည့်လို့မကောင်းတဲ့ ကိစ္စပါ ။ တရားခံဆိုပေမဲ့ ၊ သူ့အပြစ်ကိုသူပေးဆပ်ဘို့ အခုတရားရင်ဆိုင်နေသူပါ ။ ဒီလိုနိုင်ထက်စီးနင်းလုပ်တာကို ဘယ်သူမှမပြောကြဘဲ ၊ ရဲသားကိုလုပ်ခွင့်ပေးထားပါတယ် ။ 
ဖိနပ်နဲ့အကန်ခံရတဲ့ ဦးလေးကြီးဟာ လွင့်ကျသွားတဲ့ ဖရဲသီးစိပ်ကို  လှမ်းကောက်တဲ့အချိန်မှာ ရဲသားဟာ ဦးလေးကြီးရဲ့ လက်တဖက်ကို လှမ်းကန်ပါသေးတယ် ။ မြန်မာလူမျိုးများ ၂၀၀ကျော်လောက်သဘောင်္ပေါ်မှာပါပေမဲ့ ၊ ဒီကိစ္စကို  ဘယ်သူမှ ၀င်ပြီးတားမြစ်တာမရှိပါ ၊ ဇေလဲ ထိုင်တဲ့ခုံနဲ့ ရှေ့တခုံကျော်မို့လို့ အစအဆုံးအကုန်လုံးကို မြင်နေရလို့မနေနိုင်တော့ပါဘူး ၊ ဇေ့ကိုကိုလတ်ကလဲ ပါလာပါတယ် ။ သူက ဇေ့ကိုလက်ကုတ်ပေမဲ့ နောက်ကျသွားပါပြီ  ။ 
ဇေ ရဲသားဆီကို ပြေးထွက်သွားလိုက်ပါတယ် ။ ဒီမယ်ဟေ့လူ မင်းအပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်းအပိုဒ်ရေ (၅)ကိုသိသလားလို့ ၊ မေးလိုက်ပါတယ် ။
ရဲသားကြောင်သွားပါတယ် ။။။
ဘာလာရှုတ်တာလဲလို့ဇေကိုဟောက်ပါတယ် ။။။
လာရှုတ်တာမဟုတ်ဘူးကွ လာရှင်းတာ မင်းလူလိုနားလည်လား ။ ရဲကျင့်ဝတ်ရော အကုန်ရရဲ့လား .. ဘာညာနဲ့ပြောပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး ကြေညာစာတမ်းအပိုဒ်ရေ ၅ ကို ဇေရွတ်ပြလိုက်ပါတယ် ။
 No one shall be subjected to torture or to crucl, inhuman ordegrading treatment or punishment.
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
မင်းအခုအနိုင်ကျင့်နေတဲ့လူက တရားရုံးက သေဒဏ်အပြစ်ပေးလိုက်ရင်တောင် မင်းအဲလိုနိုင်ထက် စီးနင်း လုပ်လို့မရဘူးနားလည်လား ။ မင်းကိုတရားခံကတောင် ပြန်တရားစွဲလို့ရတယ် ဘာညာနဲ့ဇေ ကကောတော့ ၊ ရဲသားက ဇေ့ကို လက်နဲ့လှမ်းတွန်းပါတယ် ။ 
ဇေကရှောင်ပါတယ် ။ အဲချိန်မှာ ဟိုဘက်အစွန်းမှာထိုင်နေတဲ့ ရဲသားတစ်ယောက်က ထလာပါတယ် ။ ဇေ့ကို ဘုကြည့်ကြည့်ပါတယ် ။ အဲချိန်မှာလူတွေက ထိုင်တဲ့ခုံတွေကို ကိုင်ပြီးထလာပါတယ် ။ ရဲသားကိုဆဲဆိုရေရွတ်ကြပါတယ် ။
ဇေ့ရဲ့ကိုကိုလတ်က ဇေ့ဆီရောက်လာပြီး ရဲသားကိုဟေ့ကောင်တွေတော်တော့ ၊ ငါဘာလဲသိလား လို့ ၊ မေးတော့ ရဲတွေကြောင်သွားပါတယ် ၊ ကိုကိုလတ်ကသူ့ရဲ့စစ်ဆေးက ဗိုလ်သက်သေခံကဒ် ထုတ်ပြတော့မှ ၊ အဲဒီရဲသားတွေနဲ့ လူတွေငြိမ်သွားပါတယ် ။ ဒါဟာ ဇေကိုကိုပါလို့ အဲလောက်နဲ့ပြီး သွားခဲ့ပါတယ် ။ ကိုကိုမပါခဲ့ရင် ဇေတောင်အချုပ်ထဲ ရောက်နိုင်ပါတယ် ။  
အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာရဲ့နိဒါန်းမှာ
နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက် ဆင့်ဆိုစေရမည်ဟုပါ
ရေးသားထားပါသော်လဲ ၊ ရွှေတို့နိုင်ငံမှာ နိုင်ငံသား တစ်သိန်းမှာ တစ်ယောက်တောင် သိပါရဲ့လားလို့ မေးခွန်းထုတ်ဖို့ ဖြစ်လာပါတယ် ။ မသိလို့လဲ ဒီလိုနိုင်ထက်စီး နင်းပြုကျင့်ခြင်းခံရတာ ဖြစ်ပါလိမ့်မယ် ။ လူတိုင်းကတော့ အနိုင်ကျင့်ခံရတာကို မနှစ်ခြိုက်တာ ကြိမ်းသေပါတယ် ။ မသိလို့သာ အနိုင်ကျင့်ခံတာပါ ။ ရာဇသတ်ကြီး ကျင့်ထုံးတွင်
တရားဥပဒေဟူသည် မသိသော်လဲ အပြစ်ကင်းသည် မဟုတ်ဟု ဆိုထားပါတယ် ။၊ 
တရားဥပဒေကိုမသိလို့ မလိုက်နာရင် မသိတဲ့လူမှာ အပြစ်ရှိပါတယ် ။ နိုင်ငံတခုရဲ့အစိုးရဟာ သူ့ရဲ့နိုင်ငံသားကို နိုင်ငံရဲ့ဥပဒေကို သိအောင်မပြုကျင့်ခဲ့သော် ဒါဟာရာဇ၀တ်မှုမြောက်ပါတယ် ။ နိုင်ငံရဲ့အစိုးရဟာ နိုင်ငံသားအားလုံး ထုတ်ပြန်ထားတဲ့ဥပဒေကို သိစေဘို့ အစွမ်းကုန် ကြိုးပမ်းဘို့လဲ လိုအပ်ပါတယ် ။ 
အများကြီးမပြောလိုပါ ။ မြန်မာနိုင်ငံမှာ မီးရထားနဲ့ လူတွေတနေ့တနေ့ သိန်းချီခရီးသွားနေပေမဲ့ အဲဒီလူတွေထဲမှာ လက်ဆွဲတန်ဆာကို သိတဲ့လူမပါပါ ၊ 
 မီးရထားခရီးသယ်တယောက်ဟာ ၁၇ပေါင်လေးတဲ့ လက်ဆွဲ တန်ဆာကိုဆောင်ယူခွင့်ရှိတယ်လို့ ၊
မီးရထားဥပဒေမှာရှိပါတယ် ၊ အဲလိုလူတွေမသိတော့ မီးရထား ရဲတွေကအကြိုက်တွေ့ပါတယ် ။ ဇေရောက်ခဲ့ဘူးတဲ့ မီးရထားရှိတဲ့ နိုင်ငံတွေမှာ မီးရထားဥပဒေကို စတေရှင်ထဲမှာ ကြေညာထားပါတယ် ။ ရထားတွဲတွေမှာလဲ ကပ်ထားပါတယ် ။ အများနဲ့ဆိုင်တဲ့နေရာ တော်တော်များများမှာ ကြေညာထားတာကိုတွေ့ရှိခဲ့ဘူးပါတယ် ။
သို့သော် မြန်မာမီးရထားများမှာတော့ (ဆူပူမှု့ဖြင့် ဒီမိုကရေစီမရနိုင်) (လူကြီးမင်းရဲ့ လုံခြုံရေးအတွက် စစ်ဆေးနေပါသည်) ပေါက်လွတ်ပဲစား ကလေကချေစကားတွေသာ စာရွက်ကြီးစာရွက်ငယ်နဲ့ ကပ်ထားတာတွေ့ခဲ့ဘူးပါတယ် ။ စီးနင်းသူဥပဒေ ၊ တလုံးတပါဒမျှ ရေးသားထားတာ မတွေ့ပါ ။ အထုပ်တစ်ထုပ်ပါလာရင် ဒဏ်ငွေအရင်တပ်ပါတယ် ။ လုပ်စားချင်တာနဲ့ ဥပဒေတွေကို အများပြည်သူ့ကို မသိစေလိုတာဖြစ်လိမ့်မယ်လို့ ထင်မှိပါတယ် ။ 
ဒီလိုအပြုအမူမျိုးများဟာ အစိုးရနဲ့တူသော မည်သည့်အစိုးရမျိုးမဆိုလုပ် လိမ့်မယ်မဟုတ်ဘူးလို့ လူငယ်တစ်ယောက်အနေနဲ့ထင်မြင်ယူဆမှိပါတယ်
အဲလောက်သေးငယ်တဲ့ နေ့စဉ်သုံးအခွင့်ရေးတွေကိုတောင် မသိတဲ့ရွှေတို့နိုင်ငံက နိုင်ငံသားတွေဟာ ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းဆိုတာကို မကြားဘူးတာကို လွန်မယ်မထင်သလို ၊
တာဝန်ရှိသူ များက အများပြည်သူကို မသိစေတာဟာလဲ ရာဇ၀တ်မှုတစ်ခုကို ကျုးလွန်နေတယ်လို့မြင်မှိပါတယ်...။
နောက်တခုက မိသားစုတွေထဲက လူ့အခွင့်အရေးပါ ။ မိသားစုတွေထဲမှာ ဇေတို့ဟာသားသမီးတွေ ဖြစ်တယ်ဆိုပေမဲ့ ၊ နောင်တချိန်မှာ ဇေတို့က မိဘဖြစ်ရမဲ့သူတွေပါ ၊ (ဆရာကောင်းလုပ်ချင်ရင် တပည့်ဘ၀ကတည်းက ကောင်းအောင်နေဆိုတဲ့) စကားပုံရှိပါတယ် ။ မိဘဖြစ်ဖို့ သားသမီးဘ၀ကတည်းက ကောင်းဖို့လိုပါတယ် ။ သားသမီးဘ၀ကတည်း လူမဆန်စွာ နှိပ်စက်ညှင်းပန်းခံနေရရင် အဲ့လူဟာ မိဘကောင်းတစ်ယောက်ဖြစ်ဘို့ ရာခိုင်နှုန်း တော်တော်လေးနည်းပါတယ် ။  
လူကိုရိုက်တာပုတ်တာကိုမပြောလိုပါ အပြစ်ရှိရင် ခံရပါလိမ့်မယ် ။ သို့သော်တခါတခါမိဘများဟာ လူကိုရိုက်တာထက် နာကျင်စေမဲ့ စိတ်ကို ရိုက်နှက်ကြပါတယ် ။ မိဘဆိုပေမဲ့ ဘယ်ဘာသာရေး ဘယ်ဥပဒေကမှ သားသမီးကို တသက်လုံး စိတ်ထဲနာကျင်အောင် ပြောဆိုပြုမူဘို့ ခွင့်မပြုထားပါဘူး ၊ မိဘတော်တော် များများဟာ မင်းတို့ကိုကောင်းစေချင်လို့လို့ စကားလုံးတွေကို ပေါပေါများများသုံးတတ်ကြပါတယ်
ကောင်းစေလိုရင် ၊ကောင်းအောင်လုပ်တဲ့နည်းကို သိဘို့လိုပါတယ် ၊(နွားကောင်းကိုင်ချင်ရင် နွား ကိုင်ကောင်းရတယ်လို့) ဆိုရိုးရှိပါတယ် ။ နွားကောင်းကောင်းကိုင်ချင်ကြပေမဲ့ နွားမကိုင်တတ်ကြလို့ လိမ်မာမဲ့နွားတောင် ပျက်စီးသွားတတ်ပါတယ် ၊ အခုဇေနဲ့ တူတူနေတဲ့ ဇေ့သူငယ်ချင်း တွတ်ပီဟာ အသက်၂၃နှစ်ရှိပါပြီ ။ ဒီအရွယ် ဒီအသက်ကို ဇေနဲ့သူဖေဖေနဲ့ တွက်ပီနဲ့ ဈေးဝယ်ထွက်တုန်း သားဖ နှစ်ယောက်စကားများပြီး ထိုင်းနိုင်ငံက နာမည်ကျော် စူပါကုန်တိုက်တစ်ခုမှာ အဖေက သားကိုလက်သီး နဲ့ထိုးပါတယ် ။ နှာခေါင်းထဲကနေတောင် သွေးတွေကျပါတယ် ။ အဲဒါဇေက၀င်တားတော့ ဇေ့ကို မင်းကိစ္စမဟုတ်ဘူး မိသားစုကိစ္စလို့ပြောပါတယ် ။ 
ဇေက မိသားစုကိစ္စဆိုတာ အိမ်မှာရှင်းရတယ်အန်ကယ်လို့ ပြန်ပြောလိုက်တယ် ။ အခုလို လူမြင်ကွင်းမှာရှင်းတာ အဆင့်တန်းမရှိတဲ့ လူတွေလုပ်တာလို့ အကယ်၍ အန်ကယ် တွက်ပီကို ဆက်လုပ်နေအုံးမယ်ဆိုရင် ဇေရဲကို ဖုန်းဆက်ခေါ်ရလိမ့်မယ်လို့ အဲလိုပြောလိုက်တော့ ၊ အဲဒီတွက်ပီဖေဖေဟာ ဇေ့ကို တော်တော်ရိုင်းတယ်လို့ပြောပါတယ် ။ 
ဇေ အဲလိုမိဘတွေကို တော်တော်များများမြင်ဘူးပါတယ် ၊ သူငယ်ချင်းကိုထိလို့ ၀င်ကူတာမဟုတ်ပါဘူး ။ အိမ်မှာ အဲဒီလူဟာ အဖေဆိုပေမဲ့ ကုန်တိုက်မှာ အဖေမဟုတ်ပါ ။ ကုန်တိုက်မှာတော့ တွက်ပီသည်၎င်း ၊ ဇေသည်၎င်း ၊ တွတ်ပီအဖေသည်၎င်း လူသားများသာဖြစ်ကြပါတယ် ။ လူသားချင်းချင်း ရိုင်းပြစွာ လူ လယ်ခေါင်မှာ စော်ကားခြင်းဟာ ၊ လူ့တစ်ယောက်ရဲ့လွတ်လပ်စွာနေထိုင်နိုင်ခွင့်ကို ချိုးဖောက်တာသာဖြစ်ပါတယ် ။ အိမ်ကိုရောက်တဲ့အခါ သူ့သားကိုသူ ဓားနဲ့ဘဲခုတ်သတ်သတ် ဇေနဲ့မသက်ဆိုင်ပါ ။ သူ့အိမ်မှာသူဟာ အဖေဖြစ်သလို တွတ်ပီဟာ သူ့သားဖြစ်ပါတယ် ။ အဖေဆိုတာ အိမ်မှာလုပ်ရတာပါ ။ ရဲသားက စစ်တပ်ကို လာစစ်ဆေးသလိုဖြစ်နေပါတယ် ။
မိဘလုပ်ပြီး သားသမီးကို လူလယ်ခေါင်မှာ မိသားစုကိစ္စ ဖြေရှင်းတယ်လို့ပြောပြီး ရိုက်နှက်တာလောက် အောက်တန်းကျတာ မရှိဘူးလို့ဆိုချင်ပါတယ် ။ ဒီလိုမိသားစုတွင်းမှာတောင် ကိုယ့်အခွင့်အရေး သူ့အခွင့်ရေးမသိပါဘဲလျှက် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံကို လိုချင်ပါတယ်လို့ လူကြားမကောင်း သူကြားမကောင်းအော်ဟစ်နေတာကို ရီချင်တယ် ကြည်ခင်ရယ်လို့ ဆိုပါရစေလား ခင်မျာ ..။ 
နောင်ဇေရေးမဲ့ အကြောင်းအရာဟာ အချက်ပေါင်းသုံးဆယ်ရှိတဲ့ လူ့အခွင့်ရေးကြေညာစာတမ်းအ ကြောင်းပါ ။ ဘာလို့ရေးပါသလဲလို့မေးရင် အဲလိုတွေတွေ့ခဲ့ဘူးလို့ ၊ မြင်ခဲ့ဘူးလို့ ရေးပါတယ် လို့ဖြေ ပါရစေ ၊ ဘလော့ကိုလာရောက် ဖတ်ရှုကြတဲ့ ညီကိုမောင်နှမအားလုံးဟာ ၊ လူ့အခွင့်ရေးကြေညာ စာတမ်းကို သိပြီးဖြစ်လို့ ဘာမှထူးခြားမှုမရှိကြပေသိ ၊ ကျွန်တော့သူငယ်ချင်းတွတ်ပီနဲ့ တကွ ရွှေတို့နိုင်ငံက ကျေညာစာတမ်းအကြောင်း တစ်လုံးတစ်ပါဒမျှ မသိသေးသူများအတွက် သိသလောက် ရေးသားရတာဖြစ်ပါကြောင်း..........
ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ....။
Tuesday 27 July 2010
ခုတလော
ခုတလော ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပေါက်နေတယ်…။ စင်ကာပူက သူငယ်ချင်းတယောက်လဲ ဒီလိုဖြစ်ဖူးတယ်..။ တိုက်ပေါ်က ခုန်ချချင်စိတ်တွေဖြစ်နေတယ်တဲ့ ... သူပြောပြတော့ နင်ကလဲ နင့်ဘ၀က အေးဆေးလေ ကျောင်းမှန်မှန်တက် ပြီး စာမှန်မှန် လုပ်နေရင် ပြီးတာပဲ။။ ငွေကြေးလဲ ဘာမှပူစရာ မလိုဘူးပဲ..။ ဘာကိုများ စိတ်ညစ်နေလဲ .. ပေါ့…။ သူက ဘာဖြစ်မှန်းကို မသိတာတဲ့..။ တခုခုဖြစ်နေတာတော့ သေချာတယ်.. ။ဘာဖြစ်မှန်းကို မပြောတတ်တာတဲ့..။ ပြီးတော့ သူ့ကို စိတ်ညစ်ပြေအောင် စကားလေးဘာလေး ပြောပေးတယ်..။ ဟိုပြောဒီပြောပေါ့…။
ခု ကိုယ်လဲ သူ့လိုဖြစ်တော့မှ ကိုယ်ချင်းစာမိတယ်..။ ဘာဖြစ်ချင်မှန်းကို မသိဘူး..။ ပြောရင် စာမကျက်ချင်လို့ အကြောင်းပြတယ်ပြောကြအုံးမယ်..။ တကယ်တော့ စာကျက်နေတယ်..။ မနားတမ်းကို ကျက်နေတာ..။ ဒီကြားထဲ အိမ်ကကိစ္စလေး နည်းနည်းရယ်… ငယ်ပေါင်းသူငယ်ချင်းတစ်ယောက်ရဲ့ လူမှုရေးကိစ္စ ၊ ဟိုကိစ္စဒီကိစ္စ တွေကြောင့်လဲ  စိတ်ရှုတ်နေတယ်..။
စာတူတူလုပ်တာက လုပ်လို့ရတယ်..။ သူငယ်ချင်းတွေ နဲ့ စာလုပ်နေချိန်ဆို ဘာမှမဖြစ်ဘူး..။ အိမ်ပြန်ပြီး တယောက်ထဲ နေတဲ့ အချိန်ဆို ဘာဖြစ်မှန်းကို မသိဘူး..။ အထီးကျန်တာရယ်လဲ မဟုတ်ဘူး..။ စိတ်ငြိမ်ဆေးဆိုတာတွေလဲ သောက်တာ အခါအခါပေါ့..။ စိတ်ငြိမ်ဆေးဆိုတာ အိပ်ဆေးလိုကြီးလေ..။ သောက်ပြီးရင် အိပ်ချင်တယ်… ။ ခက်တာက ကိုယ်လဲသောက်ရော အစွမ်းမပြဘူးထင်တယ်..။ လုံးဝ မအိပ်ချင်ဘူး..။ ဆရာဝန် သွားပြတော့ stress တွေများနေတာတဲ့..။
ပြီးတော့ ညဘက်ဆို လုံးဝ အိပ်လို့မရဘူး..။ မနက် ၂ နာရီအိပ်တယ်ဆိုတာ အစောဆုံးပဲ..။ မနက်ကျတော့ ကျူရင်တက် ၊ သူငယ်ချင်းအိမ်မှာ စာလုပ်ဖို့ စောစောထရတယ်လေ..။ စောစော မရောက်ရင် စာတွေ မမှီပဲနေမှာကိုလဲ စိတ်ပူသေးတယ်..။ အွန်လိုင်း မသုံးဘူးလို့ စိတ်တင်းထားပင်မဲ့ မရဘူး..။ ခဏတော့ ၀င်ဝင်သုံးဖြစ်တယ်…။ ရူးသွားချင်တယ်… ဒါမှမဟုတ် ဒီလောက မှာနေပျော်ပြီလေ..။ အဖေ နဲ့ အမေ ကိုလဲ ကိုယ့်လုပ်အားခ အပ်ဖူးပြီးပြီ..။ ချစ်ဖူးပြီးပြီး ၊ အသဲကွဲဖူးပြီးပြီ..။ သူငယ်ချင်းကောင်းတွေလဲ အများကြီးရှိဖူးပြီးပြီ..။ သူတို့ကိုလဲ တတ်နိုင်သလောက် ကူညီပေးဖူးပြီ..။  သေပျော်ပြီလို့ ထင်တယ်..။ ဟုတ်တယ်မလားးး …။ လူသိရှင်ကြား ဖြစ်စရာမလိုဘူး..။ တိတ်တိတ်လေး ထွက်သွားတာက အငြိမ်းချမ်းဆုံးလို့ ထင်တယ်..။ ကိုရီးယားမှာ ခုလို susite တွေ ခဏခဏဖြစ်နေတယ်တဲ့..။ သူတို့လဲ ကိုယ့်လိုပဲ ဖြစ်နေတာလားမသိ… ဟိဟိ ။။။။
ခုတော့နေမကောင်းဖြစ်နေတယ်…။ မိုးမိတယ်..။ တမင်မိုးရေထွက်ချိုးတာ…။ ပျော်ဖို့ကောင်းတယ်..။ ပြီးတော့သူငယ်ချင်းတွေနဲ့  သီချင်းသွားဆိုတယ်…။ အော်ရ ပေါက်ကွဲရတဲ့ သီချင်းတွေပေါ့ ၊ စိတ်ထဲမှာ ပေါ့သွားတယ်…။ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ..။ ဒီလိုလွယ်လွယ်နဲ့ အရှုံးပေးလို့ ၊ သေလို့ မဖြစ်သေးဘူး..။ အိပ်ပလိုက်တယ်.. တနေကုန်…။ချိုင့်ပြီး ညိုနေတဲ့ မျက်တွင်း နဲနဲပြန်ပြည့်လာတယ်…။ ဘလော့လဲ ရေးချင်စိတ်လေးဖြစ်တာ နဲ့ ရေးလိုက်တယ်..။ ဖတ်ပြီး စိတ်ညစ်သွားရင် တောင်းပန်ပါတယ်…။ မကောင်းတာက ဆန်ပြုတ်သောက်နေရတယ်…။ စားချင်တာက မြေအိုးမြီးရှည်.၊ ရှူးရှဲ သဘောင်္သီးထောင်းးး…၊ ကြာဇံချက်တို့လေ…နေကောင်းမှ အပီစားပစ်မယ်..။
ကဲ စာကျက်တော့မယ်…။ အားလုံးပဲ ပျော်ရွှင်သော ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့…။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုးပါ..။
နှင်း ရေ မြန်မြန်လေး
နှင်းနဲ့ဇေဆိုတာဘလော်ကာမောင်နှမလို့လူတွေသိကြတယ်မဟုတ်လား ၊ တကယ်တန်းကျတော့ဇေတို့ နှစ်ယောက်ကအပြင်မှာတောင်မမြင်ဘူးကြဘူး၊ အွန်လိုင်းမှာသိရင်းကနေခင်နေကြတာ ၊ စခင်တာကဒီလို လေဇေကလူပျိုကာလသားမို့လား ၊ အဲတော့အွန်လှိုင်းကကောင်မလေးတစ်ယောက်ကိုလှမ်းကြူတာပေါ့၊သူ များလိုကြူတာမဟုတ်ဘူးနော်အထက်စီးကနေကြူတာဇေက ၊ ဇေ့ကိုချစ်တဲ့ကောင်မလေးတွေများတယ် နော်ဘာညာ ၊ ဇေကမင်းကိုသာချစ်တယ်လို့ပြောတာ ၊ အခြားလူကိုပြောတာမဟုတ်ဘူးဘာညာနဲ့ ရီးစား စကားပြောလိုက်တာကနေစတာဘဲ ၊ မိရွှေနှင်းဆိုတာခေသူမှမဟုတ်တာသိပ်လည်တာပေါ့ ၊ မိတ်လဲမပျက် လက်လဲမခံဇေ့ကို ငြင်းလိုက်တာအဲကနေစပြီးခင်တာဘဲ၊ ၂နှစ်တောင်ကျော်ပြီလေ သူငယ်ချင်းဖြစ်တာအဲတ ခါဘဲသူ့ကိုရီးစားစကားပြောလိုက်တာ ၊နောက်တခါတွေမပြောရဲတော့ပါဘူး ဘာလို့လဲဆိုတော့ သူဘလော့ လုပ်တော့ ဇေကကူညီနေရတာဆိုတော့၊ ဇေကူညီနေရတဲ့အချိန်မှာသူ့ကိုချစ်ရေးဆိုလိုက်ရင် အနိုင်ကျင့်သ လိုဖြစ်သွားမှာကိုး အဲလိုနဲ့မပြောတော့ပါဘူးရီးစားစကား အခုလဲသူလဲမှတ်ပုံတင်နဲ့ ၊ ကိုယ်လဲ ပိုင်ရှင်နဲ့ဖြစ်နေ ပြီမို့လား…။
အခုစာမေးပွဲဖြေဘို့စာကျတ်နေတယ်တဲ့၊ အွန်လိုင်းမှာ မီးဝါလေးနဲ့တော့မကြာမကြာတွေ့ပါတယ်၊ ဟိုနေ့က စိတ်ညစ်လို့တဲ့ ၊ သူ့မေမေနဲ့ သူ့ယောင်းမရန်ဖြစ်သတဲ့ ၊ အဲဒါစိတ်ညစ်လို့တဲ့ အော်ခတ်လိုက်တာ ၊ ဇေက အားပေးလိုက်ပါတယ်၊ ချွေးမနဲ့ယောက္ခမရန်ပွဲဆိုတာ ၊ အာဒန်နဲ့ဧ၀စုံတွဲကနေလွဲရင်၊ သားမွေးတဲ့အမေ မိန်း မယူတဲ့ယောကျာင်္းလေးတိုင်းတွေ့ရတတ်တဲ့ပြဿနာပေမို့လား၊ဖြစ်တတ်ပါတယ် အဲဒါကိုမယ်မင်းကြီးမက ဇေ့ကိုတိုင်ပြောပြနေတော့ ၊ အားပေးရသေးသပေါ့ဗျာ ၊ ဇေကစချင်တာ စာမေးပွဲဖြေရက်မလို့ တမင်မစချင် လို့ကြည့်နေတာ ၊ မေးလိုက်တိုင်းအဆင်ပြေရဲ့လား နှင်းရဲ့ဆိုရင် စိတ်သိပ်ညစ်တာဘဲဘာညာသာရကာ ပျော်တဲ့ရက်ကိုသိပ်မတွေ့ရတော့ဘူး ။
သူမရှိလဲဘလော့ကို ကြည့်ပေးထားတယ်မဟုတ်ဘူးလား ၊ စာတင်စရာရှိရင်လဲတင်ပေးနေတာ ၊လူတွေလဲ လာလိုက်သမ ၊ သိပ်လာပေါ့ တခါမှကျေးဇူးတင်စကားပြောတယ်မထင်နဲ့ ၊ စာရေးတာကဘယ်လိုရေးတာ တုန်းဘာမှကိုရှင်းရှင်းလင်းလင်းမရှိဘူး ၊ဘာညာနဲ့ သူကရောဘယ်လောက်ကောင်းတာတုန်း မပြောချင်ပါ ဘူးဗျာစာစရေးတုန်းကပေါ့ ၊ ဇေ့ရဲ့ ကြောက်ပါပြီဖေဖေကို လူတွေကွန်မင့်ပေးတာ ၉ စောင်တောင်ရတာ လေဟီဟိ ၊ မနာလိုလိုက်သမ အရမ်းမနာလို သူစာတွေက မရရှာဘူးမို့လား ၊ နောက်ကြတော့လေ ဇေရေး သလိုလိုက်ရေးရတာသူ့မှာကွန့်မင့်လိုချင်လို့ ၊ မသိရင်ခတ်မယ် မယုံဖက်ကြည့်လိုက်ကြပါလား ဇေ့ရေးတဲ့ပုံ နဲ့နှင်းရေးတာနဲ့က တော်တော်များများအာဘော်တူနေတာ ။
ဒီဘလော့မှာ သူကမော်နီတာဆိုပေမဲ့ ဇေကသူ့ထက်ကိုတော်လွန်းအားကြီးတယ် ၊ အမှန်မှာကဇေ့ကိုခေါင်း ဆောင်တင်သင့်တာ ၊ အခုလဲဇေဘဲခေါင်းဆောင်နေတာဘဲမဟုတ်ဘူးလား ၊ ဟုတ်တယ်မလား အခုစာမေး ပွဲရက်မလို့ဇေက သူ့ကိုစာရေးဘို့မတောင်းဆိုပါဘူး ၊ ဇေသီးဇစ်တင်တုန်းကလဲ ဇေရေးနေတာဘဲ လူညံ့တွေ များအရမ်းသိသာတယ် ၊ တခုဆိုတခုဘဲလုပ်တတ်တယ် ၊ အခုဆိုဇေကချစ်သူနဲ့သွားလိုက်လာလိုက် စားလိုက်သောက်လိုက်လည်လိုက်ပတ်လိုက် ၊ ညဘက်ဆိုစာရေးလိုက် ၊ ဒီကြားထဲမှာ စာဖက်တယ် စာ ကျတ်တယ် တယောက်ထဲအများကြီးလုပ်နိုင်တယ် ၊ ဟွန်း သူကျတော့ စာကျတ်နေရလို့တဲ့ စာမရေးနိုင်ဘူး အောင်မလေးဗျာ ၊ ကျားသား မိုးကြိုး ကြုံဘူးပေါင်ဗျာ ။
အခုသူစာမေးပွဲပြီးရင်လေ ဇေတို့ဘလော့စရေးကတည်းက ကတိပြုထားတာရှိတယ် ၀တ္ထုရေးမယ်လို့နှစ် ယောက်ပေါင်းပြီးတော့ ၊ အချစ်ဝတ္ထု အခုဇေလဲချစ်သူရှိပြီ သူလဲချစ်သူနဲ့ဆိုတော့ ခံစားတတ်ကြပြီမို့လား ရေးမဲ့ဝတ္ထုကဒီလို ကောင်လေးကကောင်မလေးကိုရီးစားစကားပြောမယ် ၊ ကောင်မလေးကအပြစ်တွေရှာပြီး ကောင်လေးကိုငြင်းမယ် ၊ နောက်ဆုံးမှာကောင်မလေးကကောင်လေးကိုကြိုက်မယ် ၊ အဲဝတ္ထုကိုနှင်းက ကောင်လေးနေရာကရေးမယ်၊ ဇေကကောင်မလေးနေရာကနေရေးမယ် ၊နောက်ဆုံးကျမှ ဇေတို့နှစ်ယောက် ကဒီဝတ္ထုကိုဘယ်သူကဘယ်လိုရေးတယ်ဆိုတာရှင်းပြမယ် စာဖက်သူတွေကို အခုတော့ နှင်းစာမေးပွဲရှိတာ နဲ့ရပ်ထားရတာ ပျင်းတဲ့လူတွေများသိသာတယ် ၊ အလုပ်လေးတခုရှိရင်အဲဒါလေးဘဲအကြောင်းပြနေတော့ တာသိလား.။
နောက်တခုက နှင်းကလေတော်တယ် ဇေကတောင်အားကျနေရတာ ၊ ကျောင်းအစောကြီးသွားတယ် ၊ စာဖက်တယ် အင်တာနက်ဆိုင်မှာ အလုပ်လုပ်တယ်သူ့မုန့်ဘိုးကိုသူ့ဘာသာရှာတယ် ၊ နောက်ပြီးစာရေး တယ်ဘလော့တင်တယ် ၊ အစကဆိုဇေမြန်မာစာတွေမေ့နေလို့ သူ့ကစာတွေပြင်ပေးရတယ် အခုဇေစာတွေ သိပ်မမှာတော့ဘူး အဲဒါသူကြောင့်ပေါ့ သိပ်တော်တဲ့နှင်းပါ ၊ စိတ်ဓာတ်ကမာသလားမမေးနဲ့ အစတုန်းက ဇေ ကကိုပြန်ဂျစ်တိုက်နိုင်တဲ့လူမရှိဘူးသူနဲ့ကြမှ ဇေကကျွတ်တာဘဲ ၊ ဟိုတခါစိတ်ညစ်ပြီးလက်ကိုတူနဲ့ထုထား ထားတာ အဲဒါကိုသူက နာနာလေးထုတဲ့ သောက်ကျင့်ကိုမကောင်းဘူး ၊ ဟုတ်ပ ဘယ်လိုဖြစ်ဖြစ်နှင်းကဇေ့ ထက်တော်တာတော့အမှန်ပါဘဲ ၊ သူမရှိကတည်းက စာရေးရတာလဲမကောင်းဘူး ၊ သူရှိရင် သူကစစ်ပေး သေးတယ် ၊ အဲဒါမလို့ နှင်းကအရေးကြီးပါတယ် ၊ ဒါကြောင့်မလို့ တခွန်းထဲကျယ်ကျယ်လေးအော်ခေါ်လိုက် မယ် ၊ နှင်းရေ မြန်မြန်လေးပြန်လာဟေ့ ဇေစာရေးဘို့ပျင်းတယ်ဟ ၊ ဟူ၍ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ ခင်များ………………..။
Saturday 24 July 2010
laptop တစ်လုံး ၃၅ ၀ယ်ထားကြပါလား
မယုံလျှင်ပုံပြင်မှတ်လိုက်ကြပါတော့ခင်မျာ ၊22.7.2010 နေ့ရဲ့APသတင်းတပုဒ်မှာ ၊ ၃၅ဒေါ်လာ တန်ဒေါ်တန်laptopလုံးကို အိန္ဒိယသိပ္ပံပညာရှင်များ တီထွင်လိုက်တဲ့အတွက် ကမ္ဘာပေါ်ရှိ ဆင်းရဲမွဲ တေနိုင်ငံများအပြင် ၊သန်းပေါင်းများစွာသော အိန္ဒိယကျောင်းသားများအတွက်ပါ ကွန်ပျူတာသုံးပြီး စာသင်နိုင်ဘို့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်..။
Tablet PC အမျိုးအစား Computer Screen ကို လက်နဲ့နှိပ် အသုံးပြုနိုင်တဲ့ ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်သလို Online ပေါ်မှာ ကိုယ့်ရုပ်ပုံကို တဖက်ကမြင်ပြီး တိုက်ရိုက် အပြန်အလှန် စကားပြောနိုင်ကြမယ့် Video chat လဲ လုပ်လို့ရမယ်လို့ အိန္ဒိယ လူသားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဝန်ကြီး Kapil Sibal က ပြောပါတယ်။
အခုနောက်ဆုံး ရေပန်းစားနေတဲ့ iPad ပုံစံမျိုး ဒီ Computer ဟာ နေစွမ်းအင်နဲ့လဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Linux software ကို အခြေခံတဲ့ကွန်ပြူတာကို အိန္ဒိယနည်းပညာသိပ္ပံနဲ့ အိန္ဒိယ သိပ္ပံ သုတေသနအဖွဲ့တို့ ပေါင်းပြီး ထုတ်လုပ်တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အပြီးအစီး ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအခါကျရင် ကွန်ပျူတာ တန်ဖိုးကို ၁၀ ဒေါ်လာအထိ တဖြည်းဖြည်း ချနိုင်အောင်လုပ်သွားဖို့ အစီအစဉ် ရှိတယ်လို့ ဝန်ကြီး Sibal ကပြောပါတယ်။
အိန္ဒိယ တစ်နိုင်ငံလုံးပညာတတ်ရေး အစပြုဆောင်ရွက်မှုအရ ဈေးပေါတဲ့ Laptop computer တွေကို ထုတ်လုပ်မှာဖြစ်ပါတယ်။ နိုင်ငံတဝန်းက ကောလိပ်ကျောင်းပေါင်း၂၅,၀၀၀ကျော်တက္ကသိုလ်၅၀၄ခုမှာလဲ မြန်နှုန်းမြင့် Broadband အင်တာနက်ဆက်သွယ်မှုကို ချိတ်ဆက် တပ်ဆင်ပေးဖို့လဲ အစီအစဉ် ရှိပါတယ်တဲ့ ။
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့လေဗျာ ၊ လက်တော့တလုံးကို၃၅ဒေါ်လာဆိုတာကတော့ ဟုတ်ဟုတ်မဟုတ် ဟုတ် ၊ ပျော်စရာပေမို့လား ၊ ဇေကတော့မြန်မာနိုင်ငံက ချက်တင်သမားတွေအတွက် သိပ်ဝမ်းသာ ပါတယ် ၊ အားလုံးလဲကြိုဆိုကြမယ်လို့ ထင်ပါတယ် ၊ အမြန်တီထွင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါ ကြရအောင် လားခင်မျာ ၊ ရွှေတို့နိုင်ငံက စက်မှုစွမ်းအားခေတ်ကျော်လွှားဆိုပြီး ပေါက်ပြားတွေ ၊ ဒန်အိုးတွေ ၊ဘဲလုပ်နေ လို့ကတော့ခေတ်ကိုဘဲ စက်မှုကကျော်လွှားသွားနိုင်သပေါ့ဗျာ laptopတလုံး ၃၅ဒေါ်လာနဲ့တော့ ဇေတို့သေ တောင်လုပ်နိုင်ပါ့မလား ဟက် ဟက် ဟက် ၊ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါ…။
ဘိုလိုဖတ်ချင်ရင်တော့ဒီမှာဖတ်လိုက် 
MUMBAI, India – It looks like an iPad, only it's 1/14th the cost: India has unveiled the prototype of a $35 basic touchscreen tablet aimed at students, which it hopes to bring into production by 2011.
If the government can find a manufacturer, the Linux operating system-based computer would be the latest in a string of "world's cheapest" innovations to hit the market out of India, which is home to the 100,000 rupee ($2,127) compact Nano car, the 749 rupees ($16) water purifier and the $2,000 open-heart surgery.
The tablet can be used for functions like word processing, web browsing and video-conferencing. It has a solar power option too - important for India's energy-starved hinterlands - though that add-on costs extra.
"This is our answer to MIT's $100 computer," human resource development minister Kapil Sibal told the Economic Times when he unveiled the device Thursday.
In 2005, Nicholas Negroponte - co-founder of the Massachusetts Institute of Technology's Media Lab - unveiled a prototype of a $100 laptop for children in the developing world. India rejected that as too expensive and embarked on a multiyear effort to develop a cheaper option of its own.
Negroponte's laptop ended up costing about $200, but in May his nonprofit association, One Laptop Per Child, said it plans to launch a basic tablet computer for $99.
Sibal turned to students and professors at India's elite technical universities to develop the $35 tablet after receiving a "lukewarm" response from private sector players. He hopes to get the cost down to $10 eventually.
Mamta Varma, a ministry spokeswoman, said falling hardware costs and intelligent design make the price tag plausible. The tablet doesn't have a hard disk, but instead uses a memory card, much like a mobile phone. The tablet design cuts hardware costs, and the use of open-source software also adds to savings, she said.
Varma said several global manufacturers, including at least one from Taiwan, have shown interest in making the low-cost device, but no manufacturing or distribution deals have been finalized. She declined to name any of the companies.
India plans to subsidize the cost of the tablet for its students, bringing the purchase price down to around $20.
"Depending on the quality of material they are using, certainly it's plausible," said Sarah Rotman Epps, an analyst at Forrester Research. "The question is, is it good enough for students?"
Profitability is also a question for the $35 machine.
Epps said government subsidies or dual marketing - where higher-priced sales in the developed world are used to subside low-cost sales in markets like India - could convince a manufacturer to come on board.
This and similar efforts - like the Kakai Kno and the Entourage Edge tablets - show that there is global demand for an affordable device to trim high textbook costs, she said.
If it works, Epps predicts the device could send a shiver of cost-consciousness through the industry.
"It puts pressure on all device manufacturers to keep costs down and innovate," she said.
The project is part of an ambitious education technology initiative by the Indian government, which also aims to bring broadband connectivity to India's 25,000 colleges and 504 universities and make study materials available online.
So far nearly 8,500 colleges have been connected and nearly 500 web and video-based courses have been uploaded on YouTube and other portals, the Ministry said.
Friday 23 July 2010
စကာင်္ပူသွားတောလား
တောလား ၊ တောင်လား ၊ ရေလား ၊ တိမ်လား တဲ့ကဗျာတွေမှာတွေမှာ အရှင်အဂ္ဂသမာဓိတို့ ၊ ရှင်အုန်းညို တို့ ၊ ရှင်ခေမာတို့ ၊ ရှင်ဥတ္တမကျော်တို့ ရေးဖွဲ့ခဲ့သပေါ့ဗျာ ၊ တောလားဆိုတဲ့စကားလုံးကို ကဗျာပညာရှင်တွေ ငြင်းကြခုန်ကြတော့ ၊ တောကိုသွားရင်းနဲ့လည်ပတ်ပြီးအဲဒီကရလာတဲ့ ခံစားမှုကိုရေးဖွဲ့တာကိုတောလားတဲ့ အဲလိုငြင်းကြတယ်တယ်ဒါဆိုတချို့ပညာရှင်တိမ်ပေါ်ကိုဘာနဲ့သွားပြီး တိမ်လားဖွဲ့တုန်းလို့ပြန်ငြင်းကြခုန်ကြ တော့၊ တောလားဆိုတဲ့အဓိပ္ပါယ်က တောရဲ့သာယာပုံကို ရေးဖွဲ့တာကိုတောလား ၊  တောင်ရဲ့သာယာပုံကို ရေးဖွဲ့တော့တောင်လား ၊ ရေရဲ့သာယာပုံကိုရေးဖွဲ့တော့ရေလား ၊ တိမ်ရဲ့သာယာပုံကိုရေးဖွဲ့တို့ တိမ်လားဖြစ် ဆိုပြီးဖြစ်ကုန်ကြရောဗျာ ၊ မြန်မာကဗျာစာပေမှာတော့ ဂါထာ၆၀ပျို့တို့ ၊ ရှင်ဥတ္တမကျော်တို့ရဲ့ရွှေစက်တော် ဘုရားဖူးသွားစဉ်ရေးစပ်ခဲ့တဲ့ကဗျာ အမျိုးအစားတွေဟာ တောလားအုပ်စုဝင်တွေပါ ၊ ကင်းဝန်မင်းကြီးရဲ့ ၊ တိမ်နီတိမ်ပြာ ၊ ဆူစကာနှင့်ဆိုတဲ့ကဗျာတွေကြတော့ တိမ်လားလို့ခေါ်ပြန်တယ် ၊ ရေလားနဲ့ ၊ တောင်လား ဆိုတာတွေကတော့မြန်မာကဗျာ အသိုင်းအ၀ိုင်းကနေပျောက်လုပေါ့ခင်မျာ ၊ လက်လှမ်းမှီသလောက်ရှာပြန် တော့ ၊ လက်လှမ်းကမှီပြန်ဘူးလေ ကိုယ်ကလဲစာမှမဖက်တာကိုး အဲတော့ ကျန်တဲ့ လားတွေမသိတော့ဗျာ တောလားဘဲရေးမယ် ၊ အခုရေးမဲ့တောလားဆိုတာက ကဗျာမဟုတ်ပါဘူး ၊ ဇေ့ချစ်သူ ဆီကိုခွဲခွာသမျှ သဲ ညှာမြ ဘို့ စကာင်္ပူကိုခရီးစတင်ထွက်ခွာသွားပုံကိုရေးမှာပါ ။
စကာင်္ပူကိုထွက်မယ်ဟေ့လို့ အော်လိုက်ချိန်မှာတော့ ၊ သူငယ်ချင်းတွေကပါတီတန်းလုပ်ခိုင်းပါတယ် ၊ အို ကေလုပ်ပေးမယ်ဆိုပြီး ၊ ချက်ပြုတ်ပြီး အရက်သေစာနဲ့လေးနဲ့တွဲဖက်ပေးလိုက်တော့ ၊ မောင်မင်းကြီးသား များပျော်ကြပါတယ် ၊ တော်တော်လေးကိုပျော်ကြပါတယ် ၊ ငိုသူငို ရီသူရီ အရက်မူးတယ်ဆိုတာကလဲသိတဲ့ အတိုင်းဘဲလေ ခံစားမှုကို နှစ်နဲ့မြောက်ပေးလိုက်သလိုကိုးဗျ ၊ ငိုချင်လို့အရက်သောက်တဲ့ကောင်ကအရက် သောက်ပြီးရင်ပိုငိုတယ် ၊ လွမ်းလို့သောက်တဲ့ကောင်က ပိုလွမ်းလာတယ် ၊ စကားများချင်တဲ့ကောင်က သောက်ရင်ပိုပြီးစကားများလာတယ် ၊ ဆဲချင်တဲ့ကောင်အရက်သောက်ရင် ပိုပြီးဆဲတယ် အဲလိုလေးအရက် ကနှစ်နဲ့မြောက်မြောက်ပေးတော့မောင်မင်းကြီးသားများငိုကြပါတယ် ၊ မိန်းမယူဘူးလို့သူတို့ကို ကတိပြုထား တဲ့ ကိုကိုဇေက အခုစကာင်္ပူကချစ်သူကို သွားတွေ့ကြမယ်ဆိုတော့ကား ၊ သူတို့အူနုကို အရက်ခတ်တာပေါ့ ဗျာ ၊ အဲညမှာဘဲ စကာင်္ပူကချစ်သူက အမိန့်ကျလာပါတယ် ဒီည အရက်သေစာ မမှီဝဲရ အဲလိုအမိန့်ကျလာ တော့ ၊ မမူးလိုက်ရဘူး အားလုံးမူးပြီးဇေကမမူးရတော့ အဲကောင်တွေပြောသမျှစကားကို နာခံမှတ်သားရ တာဟာအင်မတန်မှ ၊ ရူးချင်ပါတယ် ဒုက္ခ ဒုက္ခ ။
လေယာဉ်ကွင်းထဲရောက်ပြီ ၊ ဟိုကြည့်ဒီကြည့်ဟိုငေးဒီငေး ၊ ကွန်ပျူတာထဲမှာကဘတ္ထရီကနဲသမို့ ပလပ်ပေါက်ရှိတဲ့နေရာရှာပြီး ၊ စာတပုဒ်ရေး ကောင်းလိုက်တဲ့ကော်နရှင် ဖြန်းကနဲဖြန်းကနဲနေတယ် ကဲလေ ၊ စာလေးရေးတင်လိုက်အုံးမှ ဟိုမရွှေနှင်းကြီးကလဲမအားဘူးမို့လား ၊ စာကျတ်နေတာမို့ လားအင်းလေ ကဲတင်လိုက်ပါပြီဗျ ၊ လေယာဉ်ကွင်းကအော်နေပါပြီ ၊ မြန်မာလိုအဓိပ္ပါယ်ကတော့ (ကျေးဇူးပြု၍နားဆင်ပါရှင် xxxxxxxxxxxxxxxxxxxxxxxxxxxx ) ဟဲသောက်ပလုပ်တုတ် ငါစီးမဲ့လေ ယာဉ်ဟ အိုး အမြန်ဖြုတ်ပလပ်တွေ အိုကေလစ်ဟေ့ လစ်ဟ ၊ စကာင်္ပူက ချစ်ချစ်ရေ မောင်လာပြီဟေ့၊ခွဲခွာသမျှသဲညှာမြဘို့ ဇေလာပြီဟေ့ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်ည…။
Wednesday 21 July 2010
ခဏတာ နုတ်ဆက်ပါတယ်
အရင်တစ်ပတ်က သူငယ်ချင်း ၅ ယောက် မိတင်ထိုင်ကြတယ်..။ ဘာတွေ ဆွေးနွေးကြလဲ ဆိုတော့ စာမေးပွဲကိစ္စ…။ စာမေးပွဲက  ၈ လ ပိုင်း ၁၆ ရက်နေ့ မှာ ဖိုင်နယ်ဖြေရမယ်တဲ့ ဆရာမတွေပြောတဲ့ အော်ဒါ(order) ဆိုတာကြီး ထွက်လာပြီ…။ ဖိုင်နယ်မဖြေခင် ပလီတက်စ်… အဲ… ပရီတက်စ် ( pretest) ဆိုတာ ၃ နာရီ မေးခွန်းကို တနေ့ ၂ ဘာသာနှုန်းဖြေရမယ်..တဲ့.. ဒါကနောက် တစ်အော်ဒါ….။ pretest နဲ့ final exam ကကြားထဲမှာတစ်ပတ်ထဲခြားတယ်…။ ၁ ရက် ၁ ဘာသာတောင် မနည်းဖြေနေရတာ… ခုတော့ ၁ ရက် ၂ ဘာသာတဲ့…။  ဦးသောင်း အရမ်းရက်စက်တယ်နော်….။ သူပါတီထောင်ရင် မဲမပေးဘူးးးးးးးး ။။။ 
အရင်ဆုံးကိုယ့်ကို ကိုယ်ပြန်မေးကြတာက စာတွေရပြီလားးးးးး။။
အားလုံးအဖြေက တူတူပဲ…..((( နိုး ))) တဲ့…။
ကဲ… ဒီတော့စာကျက်ရမှာပေါ့..။ စာကျက်ရမယ်ဆိုတာ ထက်ဒီနှစ်က အတွက်အချက်တွေပိုများတယ်။။။ ကဲ ကျက်စာတွေ ကျက်ကြမယ်ဆိုတော့ တစ်နေ့ကုန်ကျက်တာတောင် အေဖိုး ၂ ရွက်သာသာပဲရတယ်…။ ဥာဏ်တွေကလဲ ထုံကုန်ပြီထင်တယ်..။ ( ဥာဏ်ကောင်အောင်း ဥာဏ်ကောင်းတဲ့ နတ်မျိုး နတ်နွယ် ကိုနတ်ဆိုးလေးတို့   ၊ ကိုမာန်နတ်တို့ ကတော့ ဆေးသောက်ပါတယ်တဲ့…။ ဘာဆေးသောကိလဲ သိချင်ရင် ကိုမာန်နတ် က သူသောက်တဲ့ ဆေးကို သူ့ဘလော့မှာ ပိုစ့်တစ်ပုဒ်တင်ပြီး ကြေငြာထားတယ် …ဤကား စကားချပ်…။။။။ )
ကိုယ့်ဘာသာကိုယ် တွက်ကြမယ်ဆိုတော့ တွက်လိုက်တာ ၂ ပုဒ်နဲ့ တနေကုန်သွားပြန်ရော… တစ်ယောက်ထဲ တိုင်ပတ်နေတယ်..။ တစ်ပုဒ်ကို အနည်းဆုံး ၃ မျက်နှာ ၊ ပြီးတော့ တစ်ပုဒ်ရပြီးလို့ နောက်တစ်ပုဒ်ပြောင်းရင် ဖော်မြူလာတွေ ၊ သီအိုရီတွေက နောက်တမျိုးပြောင်းသွားပြီ…။ ခက်ပြီဟေ့… ဒီပုံဆို  အထူးကားမပြောနဲ့ တက္ကစီ စီးပြီးလိုက်တောင် မမှီနိုင်တော့ဘူး ဆိုပြီးးး နောက် တစ်မိတင် ထပ်ထိုင်ကြတယ်…။ ကဲ.. ရဲရဲ အိမ်မှာ စစ်ဆင်ရေးလုပ်မယ်ဟေ့…။ တွက်စာတွေ တူတူတွက်ကြမယ်…။ ဒီအတိုင်းတော့ ဖောရှောရိုက်လို့ မရဘူး….ဆိုပြီး ကိုယ်ကပဲ စည်းကမ်းချက်တွေ စထုတ်တယ်…။  
၁။ အင်တာနက် လုံးဝ မသုံးရ…( ရဲရဲ အိမ်မှာက wifi ရတယ်လေ… လက်ပတော့လေးတွေကိုယ်စီ..၊ သူ့ရဲ့ ဒက်စတော့လေး နဲ့ ကျူရှင်တက်တိုင်း သုံးနေကြဆိုတော့….။ )
၂ ။ စာကိစ္စမှ လွဲပြီး မည်သူနှင့်မျှ ဖုံးမပြောရ… စာလုပ်နေစဉ် ဖုံးပိတ်ထားရမည် ။ 
၃ ။ မည်သည့်ဇိမ်ခံ ပစ္စည်းမျှမယူရ.. မကြည့်ရ..။( MP3 , MP4 , သီချင်းခွေ ,၀တ္ထု , မဂ္ဂဇင်း ) 
၎ ။ အိမ်မှ ထွက်လာကတည်းက မိမိစားချင်သော မုန့်ကို ၀ယ်လာရမည်…။ ( စာလုပ်နေစဉ် ဆင်းမ၀ယ်ရ..၊ အန်တီမှ နေ့ခင်းကော်ဖီ ၊ မုန့် စီစဉ်ပေးမည်…။ )
၅။………..
၆။ ………. Etc
…… ဆိုပြီးစည်းကမ်းတွေ ထုတ်ကြတယ်…။ ကဲ မိတင်ထိုင်ပြီးကြတော့ ကဲ တယောက်ချင်း ဆင်ခြင်ရမယ့် အပိုင်းတွေ .. ပြောရအောင်… အပြစ်ရှာကြရအောင်… ဆိုပြီး ကိုယ် ဦးဆောင်ပြီး စကားစလိုက်တော့
ရဲရဲ နင်ဆေးလိပ်မသောက်ရဘူးနော်… ငါဆေးလိပ်နံ့ မခံနိုင်ဘူး သောက်ချင်ရင် စာလုပ်ပြီး မှသောက်… ပြီးတော့ နင်က အားတိုင်း ဖုံးဆက်ပြီးကျူနေတယ်… သတိထား…ဆိုပြီးရွှေရည်က ရဲရဲ ကိုပြောပြန်ရော… ၊
ဝါ၀ါ နင်ကလဲ အားတိုင်း ချတ်တင်ပဲ ထိုင်မနေနဲ့ လေ..။ ကောင်လေးတွေကို သနားတယ်… ချတ်တင်ထိုင်မဲ့ အချိန်စာကျက်လေ….ဆိုပြီး ရဲရဲက ၀ါဝါ ကို ပြောပြန်တယ်…။
ပြီးတော့ ဟိုဘလော့ကါ မမ ညီး ဘလော့က ဘယ်လိုတုန်း။။။။။ အားတိုင်း သူများ ဘလော့ ဖတ်လိုက် ၊ သူက ရေးလိုက် နဲ့ အလုပ်ရှုတ်နေတယ်…။ စာကျက်ရတော့မှာလေ… ဘလော့ကို ခဏ နားလို့ မရ ဘူးလား.. ။ ဆိုပြီး ၀ါဝါက ဆရာလာလုပ်ပြန်ရော…..။  ဟဲ့ င့ါကိစ္စ ငါသိတယ်.. နင်က ငါ့ အမေ မို့လို့ လားဟဲ့ …။
ဝင့်ဝါ နင်ကရော အားတိုင်း နင့်ကိုကြီး နဲ့ ဖုံးပြောနေတယ်…။ ပြီးရင် စားမယ်သောက်မယ်ဆိုတာကြီးပဲ…။ စားပြီးသောက်ပြီးရင် အိပ်ချင်တယ်ပဲ ပြောတယ်…။ သတိထား ၀က်ဖြစ်မယ်…။  ဘာညာနဲ့ ပြောကြဆိုကြရင် စာမေးပွဲ စစ်ဆင်ရေး အတွက် ပြင်ဆင်နေပါတော့တယ်…။
ပြီးတော့ ကျောင်းပြီးသွားတဲ့ သူငယ်ချင်းကို ဂိုဒ်ဌားတယ်..။ ဒီကောင်ကလဲ ဘယ်ကတည်းက အငြိုးထားနေလဲ မသိဘူး အသေမောင်းတယ်…။ လူတွေဆို ခိုင်းနွားတွေကြနေတာပဲ လုံးဝ အနားတောင်မပေးဘူး..။ ပြောလိုက်တာမှ ပက်ပက်စက်စက်…။ ကိုယ်တွေ ကလန်ရင်လဲ သူက ချိမ်းခြောက်သေးတယ်…။  စာမေးပွဲ ပြီးမှ ဒီကောင်ကို ကောင်းကောင်းကျေးဇူးဆပ်ရမယ် …ဟဲဟဲ။။။  
ပြောချင်တာက စာမေးပွဲရှိလို့ ဘလော့ ရေးတာကို ခဏ နားထားမယ်ဆိုတာပါ…။ တိုတိုတုတ်တုတ် ပြောရင်ရတယ်လေ…။ ဒါပင်မဲ့ ကိုယ်က နာမည်ကြီးဘလော့ ကါမှမ ဟုတ်တာ…။ အချိန်နဲနဲ လေးရတာနဲ့ စာတွေရေးပါ့မယ်…။ ခုတောင်သံယောဇဉ် မပြတ်ပါဘူး…။ ခုဆို ဂျီတော့ ကို လုံးဝ မ၀င်တော့ပါဘူး…။ ဂျီပုန်းလဲ မချတ်ပါဘူး…။ facebook က ဂိမ်းတွေကိုလဲ လုံးဝ မကစားတော့ပါဘူး…။ အဲ.. အီးမေးတော့ ၂ ရက်ခြားတစ်ခါ စစ်ပါတယ်..။ ဘလော့တွေတော့ အချိန်ရတိုင်းဝင်ဖတ်ပါတယ်…။ ဇေတာရာကတော့ ဒီဘလော့ကို ဆက်ရေးချင်ရေးပါမယ်…။ မရေးလဲ ရ ပါတယ်…။ ရေးလဲ ကောင်းပါတယ်…။ ကျွန်မ နှင်းမိုးမိုးကတော့ တိုက်ပွဲ ၀င်ဖို့အတွက် ပြင်ဆင်နေပါတယ်…။ စာတွေက တကယ်ကိုမရသေးတာပါ… ဒီလိုပြောရတာလဲ ရှက်ပါတယ်…။ ရှက်ရှက်နဲ့ ပဲ… ပြောပါတယ်…။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။
Monday 19 July 2010
ဦးအောင်ဆန်းသို့ပေးစာ
{အော်…….အဆောင်ကြငှန်းတွေနဲ့နှော၊ အခေါင်မမြန်းခင်က အောင်စာတမ်းချို့စေဘို့ ၊ အောင်ပန်းညို့ရှာ တဲ့ ၊တောင်တမန်း ဒို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနဲ့ ၊ အောင်ဆန်းတို့မသာမယာ ၄င်းကံကြမ္မာ အလုပ်ပေထင့် ၊ သောင်းမြန်မြန်မာစမုတ်မှာတော့ ၊ ချုပ်သနဲ့ယင်းအလိုတွင် ၊ ဒေါင်းအလံပ၀ါအုပ်လို့ ကျုပ် ဖြင့်သဂြိုလ်ချင် ။  }
ဦးအောင်ဆန်းရေခင်များလုပ်ကြံခံရတုန်းကဆရာကြီးသခင်ကိုယ်တော်မှိုင်းကဂုဏ်ပြုထားတဲ့အာဇာနည်ဗိမ္မာန်လေးကြိုး
ကြီးလေဗျာ၊ခင်များကတော့သေသွားရှာပြီးဆိုတော့မသိတော့ဘူးလေ၊ဒါတွေကိုခင်များမသိတော့ဘူး၊ဦးအောင်ဆန်းလို့
သိခဲ့တာကကျွန်တော်လေးတန်းကျောင်းသားဘ၀ကမှသိခဲ့တာခင်များအကြောင်းတွေကိုနောက်စာတွေရှာဖက်ရင်းနဲ့သိ
လာခဲ့တာ၊ဦးအောင်ဆန်းဆိုတာကိုမမြင်ဘူးဘူးဗျာ၊ဒါပေမဲ့ခင်များအကြောင်းကိုစိတ်ဝင်စားတယ်၊ဒါနဲ့ခင်များရဲ့စိတ်ဓာတ်
တွေကိုလေးစားတယ်၊ခင်များရဲ့အနစ်နာခံမှုတွေကိုလဲအားကျတယ်ခင်းများလုပ်ကြံခံပြီးနှစ်ပေါင်းလေးဆယ်သုံးနှစ်ကြာမှ ကျွန်တော့်ကိုမွေးတာဗျ၊ခင်များကိုမမှီလိုက်ပေမဲ့ခင်များသေလိုက်တဲ့အတွက်ကြောင့်မကောင်းတဲ့ဆိုးကြိုးတွေယနေ့တိုင်
ကျွန်တော်တွေ့ကြုံခဲ့ရတယ် ၊ ကျွန်တော်မှမကဘူးနော် လူသားပေါင်းသန်းရှစ်ဆယ်ကျော် ဒီဒုက္ခတွေခံစားနေရတာ အဲ ဒါဘာဖြစ်လို့လဲဆိုရင် ခင်များအစောကြီးသေသွားခဲ့လို့ဘဲဗျ…။
အာဇာနည်ဆိုတာ သေရဲဘို့ထက်နေရဲဘို့အရေးကြီးတယ်ဗျ ၊ ခင်များကခင်များအသက်ကိုပဓာနမထားပေမဲ့ ခင်များ ကိုအားကိုးနေတဲ့လူသန်းပေါင်းများစွာအတွက်ခင်များအသက်ဟာ အင်မတန်အရေးကြီးတယ်ဆိုတာ သတိမ ထားခဲ့ ဘူးမို့လား ၊ ကိုယ့်အသက်ကိုကာကွယ် လုံးခြုံရေးပေါ့ဆခဲ့တဲ့အတွက်ကြောင့်ခင်များစောစော သေသွားတာလေ ၊ ဘာလို့လုံခြုံရေးကိုသတိမထားခဲ့တာလဲ ၊ ခင်များနောက်ကလူသန်းပေါင်းများစွာကိုခင် များမသနားဘူးလား ၊ ဒီမှာဗျ ဦးအောင်ဆန်း ခင်များပေးခဲ့တဲ့လွတ်လပ်ရေးဆိုတာ နယ်ချဲ့ဖက်ဆစ်စီက ခင်များတိုက်ယူပေးခဲ့တာ ၊ အဲဒီဖက် ဆစ်ဆိုတာတွေက တိုင်းတပါးကဗျ ၊ ခင်များတိုက်ယူပေးခဲ့တဲ့လွတ် လပ်ရေးကို ခင်များပြီးဆုံးအောင်လုပ်မပေးဘဲ အလုပ်ကြံခံလိုက်လို့ အခုကိုယ့်မြေကိုယ့်ရေပေါ်ကဖက်ဆစ် တွေက တိုင်းပြည်ကအညွန့်ချိုးနေပြီ ၊ ၁၉၆၂ ခုနှစ် ကတည်းက အညွန့်ချိုးလာလိုက်တာ အခုထိတိုင်းပြည် ဟာအညွန့်မပေါက်တော့ဘူး ၊ အဲဒီရဲ့ဆိုးကြိုးဟာ ခုထိခံနေရတုန်း ၊ ၁၉၈၈ခုနှစ်ကတည်းကအညွန့်ချိုးတဲ့ ဖက်ဆစ်တွေရဲ့ မကောင်းတဲ့ဆိုးကျိုးတွေက နောက်ကျွန် တော့မြေးတွေလက်ထက်ထိ အညွန့်ပေါက်ဘို့မနဲ ကြိုးစားရလိမ့်အုံးမယ် ။
တိုင်းတပါးမှာငြိုးငယ်စွာပညာသင်ရတယ်ဗျ ၊ မြန်မာနိုင်ငံသားပက်စပိုစ့်ကိုင်ဆောင်ထားတဲ့ လူတိုင်းဒီမိုက ရေစီ သိပ်ထွန်းကားပါတယ်ဆိုတဲ့ ၊ နိုင်ငံကြီးတွေမှာတောင် မြန်မာမလာရလို့ ထမင်းဆိုင်မှာ ဆိုင်းဘုတ်ရေး သားချိပ်စွဲခံနေရပြီ ၊ တိုင်းပြည်မှာ ဖက်ဆစ်တွေနှိပ်စက်လို့ အသိပညာရှင်အတတ်ပညာရှင်တွေမရှိတော့ဘူး တိုင်းတပါးမှာ အခြေချကုန်ပြီ ၊ မြန်မာလူငယ်တွေအားလုံးနီးပါး ပညာမတတ်တော့ဘူး မြန်မာမိန်းခလေး ခန္ဓာကိုယ်ရောင်းစားပြီး မိသားစုစား ၀တ်နေရေးဖြေရှင်းနေကြကုန်ပြီ ၊ သာသနာရောင်ဝါတွေ အရောင်မှိန် ကုန်ပြီ ၊ ပညာရှိဘုန်းတော်ကြီးတွေ ပြည်ပမှာအခြေချကုန်ပြီ ၊ တိုင်းပြည်မှာ သဘာဝသယံဇာတတွေ ကုန်ဆုံးလို့ ၊ ရာသီဥတုတွေဖောက်ပြန်ကုန်ပြီ ၊ ထမင်းမစားရလို့အော်ဟစ်ငိုယိုနေတဲ့ တိုင်းပြည်ရဲ့ အနာဂတ် သားကောင်းလေးတွေရဲ့ အော်ဟစ်ငိုယိုသံတွေဟာ တိုင်းပြည်အနှံ့မှာဆူညံကုန်ပြီ ၊ အတတ်ပညာရှင်အသိ ပညာရှင်တွေထောင်ထဲမှာ ရောဂါမျိုးစုံနဲ့ သေကုန်ပြီ ၊ ပညာတတ်လူရည်ချွန်တွေ ပါးစပ်မှာပလာစတာကပ် ပြီး လက်ကိုကြိုးတုတ် ၊ ခြေထောက်ကို သံချေကျင်းခတ်ခံနေရပြီ ၊ အားလုံးချွတ်ခြုံကျကုန်ပြီ အဲဒီပြဿနာ တွေအားလုံး ခင်များလုံခြုံရေးလေးတချက်ပေါ့ဆလိုက်တာကြောင့်ဖြစ်ကုန်တာ ၊ လူတော်တော်များများက တော့မိမိအသက်ရဲ့လုံခြုံမှုကိုတောင်အရေးမစိုက်ဘူး ၊ လိမ်ပြာလုံတဲ့ သူရဲကောင်း အဖြစ်ခင်များကို ချီးမွမ်း ထောပနာပြုလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မချီးမွမ်းဘူး ဦးအောင်ဆန်းဆို တဲ့လူဟာ သူ့ကိုယ်သူမပိုင်ဘူး လူသန်းပေါင်းများစွာကပိုင်ဆိုင်တဲ့လူ သူ့အတွက်မ ဟုတ်ရင်တောင်အနဲဆုံး အဲလူသန်းပေါင်းများစွာကိုခင်များ ငဲ့ညာပြီး လုံခြုံရေးကိုတင်းကြပ်စွာ ချထားခဲ့သင့်တယ် ၊ ရဲရဲပြောရဲတယ် ခင်များသာ အလုပ်ကြံမခံရရင် ဒီတိုင်းပြည်ဒီလိုမဖြစ်ဘူး ။
သေရဲတဲ့အာဇာနည်ဆိုတာလောကမှာပေါပါတယ်ဗျ ၊ ဒေါက်တာရီဇော်ကိုကြည့်လိုက်ပါလား သူ့သမိုင်းမှာ ခင်များ ထက်ထွန်းပြောင်ခဲ့တာပေါ့ ၊ သူ့အကြောင်း ယနေ့ဖိလပိုင်နိုင်ငံသားတွေမေ့ပျောက်ကုန်ပါပြီ ၊ စာအုပ် တောင်မ နဲရှာဖက်ရတော့မဲ့အခြေနေပါ ၊ သူ့ရဲ့အထိမ်းအမှတ်ဆိုတာ မရှိတော့ပါဘူး အသက်ကိုအသေခံပြီး တိုင်းပြည် ကိုချစ်ပြတဲ့သူရဲကောင်းဆိုတာ အဲလိုဘဲဗျ သေရဲတဲ့အာဇာနည်ကြီးကိုး ၊ ခင်များလဲတူတူဘဲ အသေခံရဲခဲ့တဲ့လူဆိုတော့ ၊ ဒီနှစ်မွေးတဲ့လူခလေးတစ်ယောက်တောင်ခင်များအကြောင်းကို သိဘို့မလွယ် တော့ဘူး ၊ ခင်များပုံတွေပျောက်ကုန်ပြီ ၊ ခင်များကိုအထိမ်းမှတ်လုပ်ထားတဲ့ ကြေးရုပ်တွေဟာကျည်ဆံတွေ အမြောက်ဆံတွေဖြစ်ကုန်ပြီ ၊ ကျောက်ရုပ်တွေဟာ ရေညှီတတ်ကုန်ပြီ စာအုပ်တွေဟာမီးရှို့ခံနေရပြီ ဘာလို့ လဲသိလား ခင်များ အစောကြီးသေသွားလို့လေ ။
တိန်းရှမ်းရင်ပြင်ပေါ်မှာလူပေါင်းများစွာကိုသက်ဖြတ်ခဲ့တဲ့မော်စီတုန်းလို လူကိုယနေ့တိုင်တကမ္ဘာလုံးက အာ ဇာနည်အဖြစ်အသိမှတ်ပြုနေတုန်း ၊ စတာလင်လို လူကိုတောင် တကမ္ဘာလုံးမမေ့သေးဘူး ၊ ခရုရှက်လို မိုက် ကန်းတဲ့လူကို ရုရှားတွေယနေ့တိုင်ကိုးကွယ်တုန်း ၊ ဟစ်တာလာလို လူသက်ကောင်ကို ဂျာမန်နိုင်ငံသားတွေ ယနေ့တိုင် ဟေး ဟစ်တလာလို့အလေးပြုနေချိန်မှာ ၊ အသက်ပေးပြီး တိုင်းပြည်ကိုချစ်တဲ့အောင်ဆန်းရဲ့ မွေးနေ့ကို သူ့နိုင်ငံသားတွေမသိတော့ဘူး ၁၉ဇူလိုင်မမေ့နိုင်သီချင်းကို ကျွန်တော့ကိုမွေးတဲ့ ကျွန်တော့်အဖေ တောင်မရတော့ဘူး ဦးအောင်ဆန်းခင်များစောစောသေသွားလို့ဗျ ခင်များသေရဲခဲ့လို့ ။
ခင်များရဲ့မျိုးဆက်မှာ သမီးတစ်ယောက်ထားခဲ့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် နိုင်ငံသားအားလုံးဟာ သူ့ကြောင့် ဂုဏ်တတ်ခဲ့ရတာပေါ့ဗျာ ၊ မြန်မာနိုင်ငံကလာပါတယ်လို့ ပြောတာတောင်မသိတဲ့ နိုင်ငံခြားသား တွေကို ခင်များ ရဲ့သမီးနာမည်ကိုပြောလိုက်တာ တန်းသိကြတယ်သူတို့တွေက အော်အောင်ဆန်းဆုကြည် ရဲ့နိုင်ငံကလားတဲ့ ၊ မြန် မာဆိုနိုင်ငံတခုလို့တောင်မသိတဲ့လူတွေဟာ ခင်များသမီးကိုတော့သိကြတယ် ၊ လေးစားကြတယ် ၊ အတုယူကြတယ် ၊ ဒါပေမဲ့ဦးအောင်ဆန်းရေ ဘမျိုးဘိုးတူလို့ပြောရမယ်ထင်တယ် ၊  ၂၀၀၂ခုနှစ်က ဒီပယင်းလိုနေရာကို ည၁၀နာ ရီလောက်မှာသူသွားတယ် ၊ ဒီတိုင်းပြည် ဒီလိုအခြေနေမှာ သူလိုလူသွားသင့်မသွားသင့် စဉ်းစားသင့်တာပေါ့ဗျာ ၊ ကျွန် တော်သာဆိုရင်မသွားဘူးဗျာ ၊ မိုးလင်းမှသွား မယ် ၊ ဦးအောင်ဆန်းရေ ပါကစ္စတန်နိုင်ငံမှာ ဘနာဇီယာဘူဒို လုပ်ကြံခံရတယ်ဗျ ၊ ယနေ့တိုင်တိုင်းပြည်ရဲ့ တခုတည်းဆီမီးတိုင်ငြိမ်းသွားလို့ ပါကစ္စတန်ဟာယောင်ဝါးဝါးနဲ့ ချီတတ် နေရတယ် ၊ စစ်တပ်အကြီးအကဲ ကြီး ဗိုလ်ချုပ်ပါပက်မူရှာရက်အနားယူသွားပေမဲ့သူ့သြဇာအောက်မှာ နိုင်ငံဟာ ပြားပြား ၀ပ်နေတုန်း ၊ ဘနာဇီ ယာဘိုတို အသေခံရဲလို့ သူ့ကိုအားကိုးနေတဲ့ လူသန်းပေါင်းများစွာ စစ်ဖိနပ် အောက်ရောက်နေတုန်းဗျ ၊ ဘနာဇီယာဘူတို သာရှိနေသေးရင် အခုလိုအခတ်ခဲတွေဘယ်ကြုံတွေ့မလဲဗျ ၊ အခုနေမှာ တော့သူ့ကိုလူ တိုင်းကချီးမွမ်းနေကြအုံးမယ်ထင်ပါတယ် ၊ နောင်၁၀နှစ်လောက်ကြာသွားရင်တော့ လူတွေအားလုံးမေ့နေ ရစ်ကြတော့မှာ ၊ ကျွန်တော့တို့နိုင်ငံမှာ သက်ရှိထင်ရှားရှိနေသေးတဲ့ ခင်များရဲ့မျိုးဆက်အမျိုးသမီးကိုလဲ ပြောလိုက် ပါအုံးဗျာ ၊ နေရဲတဲ့ အာဇာနည်ဘဲလုပ်ပါလို့ သေရဲတဲ့အာဇာနည်မလုပ်ပါနဲ့လို့ ၊ အခုပြောပြနေတဲ့ တိုင်းပြည်ရဲ့ ဒုက္ခသုက္ခတွေကို ကယ်တင်နိုင်မဲ့တယောက်တည်းသောလူ ၊ တိုင်းပြည်ရဲ့ ဒဏ်ရာဒဏ်ချက် မျိုးစုံကိုကုသပေးနိုင်မဲ့ တယောက်တည်းသောလူသူ တိုင်းပြည်ရဲ့ဆီမီးတိုင် သူသာ ခင်များလို လုံခြုံရေးသ တိမထားဘဲ တစုံတခုဖြစ်ခဲ့ရင် ကျွန်တော့်ရဲ့တိုင်းပြည်မိခင်မြေဟာ ဖက်ဆစ်စနစ်ကြောင့် မကြာမှီကမ္ဘာအ လယ်ကနေပျောက်ထွက်သွားလိမ့်မယ်ဗျ ၊ နေရဲတဲ့အာဇာနည်ဘဲလုပ်ကြပါ သေရဲတဲ့အာဇာနည်လုပ်ရင် သခင်ကိုယ်တော်မှိုင်းရဲ့လေးချိုးထဲကလို တောင်တမန်း ဒို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနဲ့ ဆိုသလို ဘဲ အဟောင်းဖက်ဆစ်လက်ထဲကယူခဲ့တဲ့တိုင်းပြည် ဖက်ဆစ် လက်ထဲမှာဘဲအဆုံးသက်ရလိမ့်မယ်ဗျ……။
ဦးအောင်ဆန်းရေ အာဇာနည်ဆိုတာပေါ်ခဲပါတယ်ဗျာ ၊ ပေါ်ခဲတဲ့အာဇာနည်တွေ ဘာမဟုတ်တဲ့အကြောင်း ကိစ္စလေး တွေကြောင့် တိုင်းပြည်ကိုပြစ်ပြီးထွက်ထွက်သွားကြတာ အရမ်းသမြောတယ်ဗျာ ၊ နောက်တခါများ လူပြန်ဖြစ်ခဲ့လို့ အာဇာနည်ဖြစ်ခဲ့အုံးမယ်ဆိုရင် နေရဲတဲ့အာဇနည်ကြီး ကမ္ဘာတိုင်တည်မဲ့အာဇာနည်ကြီးဖြစ်ပါ စေလို့ဆုတောင်းပါတယ်ဗျာ ခင်များအတွက် သခင်ကိုယ်တော်မိုင်းရဲ့ လေးကြိုးကြီးထည့်ပေးလိုက်တယ် ၊
မြန်မာမှာတော့ ပူစရာဘို့ ၊ တဗျုဟာ အောင်ခမန်းတွင်မှ ၊ လူမသာ အမှောင်သန်းချိန်မို့ ၊ သောင်ကန်းမို့မို့ စီက ၊ ဖောင်နန်းကတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော်………..တောင်နန်း မြောက် နန်း အဆောင်ကြတ်ငှန်းတွေနဲ့ ၊ အခေါင်မမြန်းရခင်က အောင်ပန်းညိုးရှာတဲ့ ၊ အောင်ဆန်းတို့ သေပုံသမျှော
…… ဟုတ်ကဲ့ဦးအောင်ဆန်းရေ ကျွန်တော်ဇေတာရာပါ….။
Saturday 17 July 2010
လမြတ်ဝါဆို
ဝါဆိုလသည် မြန်မာပြက္ခဒိန်တွင် လေးခုမြောက်လဖြစ်သည်၊ ရက်ပေါင်း ၃၀ရှိသော ရက်စုံလဖြစ်သည်၊ ၀ါထပ်သောယ္ခုနှစ်တွင်ပထမ၀ါဆို ၊ ဒုတိယ၀ါဆို ဟုနှစ်မျိုးခေါ်ဆို၍ ရသောလမျိုးဖြစ်သည်၊ မြန်မာစာပေ တို့တွင်ဝါဆိုလကို နွေတာလ ဟုလဲခေါ်ဆိုကြသည်၊ ၀ါဆိုလပြည့်နေ့သည် နွေကာလ၏ အဆုံးအဖျားကို ရောက်သောကာလဖြစ်၍ နွေတာလဟုခေါ်ဆိုသည်ဟု မှတ်သားရဘူးပါသည်။
မင်းကြီးစွာဆော်ကဲလက်ထက် မိဖုရားဖွားစော၏အလှူတော်ကျောက်စာတွင်
 { ဘုရားမြတ်မွန်၊ နှိဗ္ဗာန်လွန်ပြီး၊ သာသနာနှစ်၁၉၄၂ ၊ သက္ကရာဇ်၇၆၀ ၊နွေတာလဆန်း } ဟူ၍ရေးသားထားသောကြောင့် နွေတာလဟူသောအသုံးအနှုံးသည် ။ ပုဂံခေတ်မှစတင်သုံးစွဲလာသော အသုံးဖြစ်ကြောင်း မှန်းဆနိုင်ပါသည် ။  
ဝါဆိုဟူသောအမည်မှာ မြန်လူမျိုးဗုဒ္ဓဘာသာများရဲ့ ကိုးကွယ်ရာဖြစ်သော ရဟန်းသံဃာတော်များ (ဣမသ္မိံ ၀ိဟာရေ ဣမံတေမာသံ ၀ဿံဥပေမိ )ဟူ၍ရွတ်ဆို ၀ါကပ်သောလ ဖြစ်၍ ဤလကို ၀ါဆိုလဟုခေါ်ကြောင်းမှတ်သားဘူးပါသည် ။ ဤ၀ါဆိုလသည်နွေတာလဟူသော အမည်အပြင် ၊ မလွယ်တာလ၊ မြွတ်တာလ ၊ နွယ်တာလ ၊ နတ်ရှောင်လဟူ၍ ခေါ်ဝေါ်တတ်ကြပါ သေးတယ် ။ ထိုလေးခုထဲမှ ကျန်သုံးခုကိုမသိပေမဲ့ နတ်ရှောင်လဆိုတာကတော့ အသူရာနတ်မင်း  က သူ့သမီး သုဇာတာကို သိကြားမင်းခိုးသွားသဖြင့် သိကြားကို အငြိုးထားပြီး ပုန်းညက်ပန်းတွေပွင့် တိုင်း သိကြားမင်းနဲ့စစ်တိုက်ရာ ရှုံးသဖြင့်ထွက်ပြေးရသောလဖြစ်သောကြောင့် (ဒါမှမဟုတ်) သိကြားမင်းရဲ့ အန္တရာယ်ကို ရှောင်ရှားရာလ ဖြစ်သောကြောင့် နတ်ရှောင်လဟုလဲခေါ်ဆိုကြောင်း ပေါရာဏ ရှေးစကားတို့ကိုမှတ်သားဘူးပါသည် ။
{ဂျိုး ဂျိုမ့် ညံမာန်တင်းကာပ
၊ အသူရာသိကြားမင်းက စစ်ခင်း ခါပြိုင်ကြသည်၊
ဒီလဒီရာသီ } ဟူသောသီချင်းစာသားလေးက ဒီနတ်ရှောင်လကို ရည်ရွယ်ရေးသား ထားတာဖြစ်ပါတယ် ။ မဟာအတုလမင်းကြီးက၁၂လရာသီလွမ်းချင်းမှာဝါဆိုလရဲ့ရာသီအနေထား ကိုဒီလိုလေးမှတ် တမ်းတင် ထားခဲ့ပါတယ် ။
{ကိုးခွင်ငယ်မှိုင်းပါလို့ ၊
မြင်တိုင်းမှာတဲ့မဲညို ၊
လဲလဲငယ်စို ၊
ယုဂန္ဓိုရ် တောင်မဟာက ၊
ဗြုဗ္ဗာသဠ်ထွန်းတဲ့လကိုလေး} တဲ့ ရာသီမှိုင်းညိုတဲ့လမြတ်ဝါဆိုရယ်ပါ..။
ဝါဆိုလ၏ရာသီအနေအထားကို ရွှေပြည်ဝန်ကြီးဦးဘိုးလှိုင်ကသူ့ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ဤကဲ့သို့ မှတ်တမ်းတင် ရေးသားထားပါတယ် ။ ၀ါဆိုဝါခေါင်ဤနှစ်လကို ၀ဿာနဥတုမည်၏ ၊ ဤ၀ ဿာနဥတု၌စိုစွတ်၏ ၊ ပူတုံအေးတုံရှိ၏ ၊ အိုက်၏ ၊ကောင်းကင်၌မိုးမပြတ်ရှိ၏ ၊အနောက်လေကျ တတ်၏ ၊ ကွမ်းဆေးစသောပိုး ၊မှတ် ၊ ခြင် ၊ ဖား အစရှိသည်တို့ပေါများကုန်၏ ၊ ထိန် ၊မအူ ၊လက် ထုပ် ၊ ဆပ်သွား ၊ မုလေး ၊ ပုန်းညက် ၊ စသောပန်းတို့သည်ပွင့်ကုန်၏ ၊ မြစ်တို့ရေလျှံကုန်၏ ၊ ရေ အိုင် ၊ရေကန် ၊ စသည်တို့၌ကြာဖြူ ကြာညိုတို့သည် ပွင့်ကုန်၏ ၊ မြေပြင်၌ မိုးရေတို့ဖြင့်မထင်ရှား သောကုန်းကြည်းရှိကုန်၏ ၊ စပါးပင်တို့ဖြင့်တင့်တယ်ကုန်၏ ၊ ဟူပြီး ဥတုဘောဇနသင်္ဂဟကျမ်းမှာ ရွှေပြည်ဝန်ကြီးကမှတ်တမ်းတင်ထားပါတယ် ။ 
ရာသီပန်း မြန်မာလ ၁၂လမှာ လတိုင်း သူ့လနဲ့သူ အမြဲပွင့်တတ်တဲ့လရဲ့ သင်္ကေတပန်းလေးတွေ မြန်မာ့ရေမြေ ပေါ်မှာပွင့်ဖူးတတ်ပါကြပါတယ် ။ ဒီလရဲ့ သင်္ကေတပန်းကလေးကတော့ ပုန်းညက်ပန်းပါ ၊ အခြားပန်း တွေလဲပွင့်ဖူးတတ်ကြပါတယ် ။ ဒါပေမဲ့ ပုန်းညက်ပန်းကသာ ထင်ရှားပါတယ် ၊ ဒါကြောင့် မဟာအတု လမင်းကြီးက သူ့ရဲ့၁၂လရာသီလွမ်းချင်းမှာ ဒီလိုလေးစပ်ဆိုပါတယ်
{ရေလျှံတဲ့လ၀ါဆိုမှာ ၊
ပုန်းညက် ညို ၊
  သင်းလှတယ်လေး } တဲ့ ။။။။
လူဦးမင်းနဲ့ဖိုးသူတော်ဦးမင်းရဲ့၁၂လရာသီဖွဲ့မှာတော့
 {ပန်းများလှစ် ကြူ ၊
မဉ္စူရွှေခတ် ၊
ပုန်းညက်ကြိုင်သင်း }လို့ရေးဖွဲ့ခဲ့ပါတယ် ။။။။
ကင်းဝန်မင်းကြီးရဲ့၁၂ရာသီပန်းဘွဲ့မှာ တော့
{ပုန်းညက်အနန်း ၊
နှင်းဆီးပန်းနှင့် ၊
စခန်းကြိုင်သင်း ၊
ရဂုံတွင်းမှာ} လို့စပ်ဆိုပြီး ။။။။
အမည်မသိ ရှေးပညာရှိတဦးကတော့
{နက္ခတ်မိုးယံ၊
ဗြုဗ္ဗာသာဠ်တို့ ၊
လတံနီလျှက် ၊
ရောင်ခြည်ယှက်က ၊
ပုန်း ညက်ထိန်ထိန် ၊
ပွင့်ချင်းလိမ်ခဲ့ } လို့ရေးသားစပ်ဆိုပြီး ၀ါဆိုလမှာ ပုန်းညက်ပန်းပွင့်ကြောင်းရေးသား ထားခဲ့ကြပါတယ် ။ ပန်းေ ပါင်းစုံတဲ့ လရယ်ပါ ။ 
နက္ခတ်နဲ့ပွဲတော် မြန်မာလတွေကို မြန်မာလိုအဆိုအားဖြင့် တန်ခူး ၊ ကဆုန် စသဖြင့် ဗေဒအလိုအားဖြင့် ခေါ်ဆိုကြ သော်လဲ ၊ သူရိယသိဒ္ဓန္တ နေသွား ၊ လသွားဗေဒင်ပညာများအရ ပြိဿ ၊ မြိဿ ဟုခေါ်ဆိုပါတယ် ။ ဒီ အမည်များကတော့ ဝေဒပညာအခေါ်လို့ ဆိုပါတယ် ။ ၀ါဆိုလရဲ့ အမည်ကိုတော့ ကာရကဋ် ရာသီ လို့ ခေါ်ဆိုပါတယ် ။ ကာရကဋ် ရာသီဟာ ရာသီရုပ်အနေနဲ့ ပုဇွန်လုံးလို့ခေါ်တဲ့ ဂဏာန်းကောင်ရဲ့ပုံပါ ။ ဒါကြောင့်ဝါဆိုလဖွားတဲ့လူများဟာ ရေကြိုက်ပါတယ် ။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေတတ်ပါတယ်၊အများနဲ့နေထိုင်တာထက်တဦးတည်းသီးသန့်နေရတာကို ပိုမိုနှစ် သက် တဲ့လူမျိုးပါ။ဒီဝါဆိုလကိုရာသီအနေနဲ့ကာရကဋ်ရာသီခေါ်ဆိုကြသမို့မဟာအတုလမင်းကြီးက ၁၂ရာသီ ဖွဲ့လွမ်း ချင်းမှာ
ဆင်တာရာငယ် ၊
ရာသီကာရကဋ်နရိန္ဒာလဲ ၊
ကညာတောင်နတ်နှင့် ၊
ဖိုလ်မြတ်ကယ်နိဗ္ဗူ အောင်ဆုယူလို့ ၊
 ရှစ်ဖြူရိပ်စံ ပဉ္ဇင်းခံသောခါ }လို့ရေးသားစပ်ဆိုထားပါတယ် ကာရကဋ်ရာသီမှာ ကောင်းကင်မှာ ဆင်တာရာထွန်းလင်းတတ်ပါတယ် ။ မြေပြင်မှာတော့ ရဟန်းခံ ရှင်ပြုအလှူတွေ လုပ်ကြပါတယ် ၊ ဒါကြောင့် ရာသီပုံလဖွဲ့မှာလဲ
{၀ါဆိုကာရကဋ် ၊
ပုန်းညက် ၊
ပဉ္ဇင်းခံ ၊
ဗြုဗ္ဗာသဠ် ပုစွန်လုံး ၊
မုလေး မာလာပွင့်ကြရှာ} ဟူပြီး ရေးသားစပ်ဆိုပါတယ် ။
{ပဉ္ဇင်းတော်ပွဲ ၊
သဲသဲအုတ် အော် ၊
 ရွှင်ပျော်လှည့်ပတ် ၊
ကာရကဋ်} ဟု ရေးသားစပ်ဆိုထားသောကြောင့် ၀ါဆိုလရဲ့ နက္ခတ်မှာ ဆင်တာရာ(သို့) ဗြုဗ္ဗာသာဠ် နက္ခတ် ၊ ပွဲတော်မှာ ရှင်ပြုရဟန်းခံဟူ၍ ပုံသေမှတ်သားနိုင်ပါတယ် ။ 
ဝါဆိုနဲ့ဘာသာရေး
လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ သောင်းခွင်စကြာ ၀ဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု အစရှိသာခုနှစ်နေ့ဘုရားရှိခိုးမှ
{၀ါဆိုလပြည့် ၊
ကြွက်မင်းနေ့ဝယ်
ချမ်းမြေ့ကြည်ဖြူ ၊
သန္ဓေယူသည် ၊
နတ်လူငြိမ်းဘို့ ၊
ကိန်းပါကိုယ် } ဆိုတဲ့လကာင်္လေးအရ ဗုဒ္ဓရှင် ပင်ဟာ ၀ါဆိုလမှာပဋိသန္ဓေယူခဲ့သလို ၊ {ဘုရားဖြစ်ခါ ၊
မိဂဒါသို့ ၊ ……၊
ဝါဆိုလပြည့်၊ စနေ နေ့ဝယ် ၊
ကြွေ့ကြေ့လျှံတတ် ၊
ဓမ္မစက်ကို ၊
မိန့်မြွတ်ထွေပြား ၊
 ဟောဖော်ကြားသည် ၊
တရားနတ် စည် ၊
ရွမ်းတယ်ကိုယ် } ဟုရေးသားစပ်ဆိုတော်မူသောကြောင့် ၀ါဆိုလပြည့်စနေ့မှာပင် ကုဋေနဲ့ချီ ပြီး သတ္တ၀ါတွေ ကျွတ်တန်းဝင်စေမဲ့ ၊စမ္မစကြာဒေသနာမြတ်ဟောတော်မူခဲ့ပါတယ် ။ ယခုဇေတို့မြင် တွေ့နေသော ၊ ရဟန်းသံဃာအဖွဲ့အစည်းကို ၀ါဆိုလမှာပင် ထူထောင်ခဲ့ပါတယ် ။ လောကမှာ ဘုရား ၊ တရား ၊ သံဃာ ဟူ၍ ရတနာသုံးပါး ဒီလမှာပင်ပေါ်ပေါက်ခဲ့လထူးလမြတ်ဖြစ်သလို ၊ မြန် မာဗုဒ္ဓဘာသာတို့ရဲ့ ရှာဖွေစုဆောင်းထားသော ငွေကြေးဥစ္စာတို့ဖြင့် သင်္ကန်းဝယ်ယူပြီး
(ဣမံ ၀ဿ ၀ါသိကစီဝရံ သံဃဿဒေမ ) ဟူ၍ သံဃာတော်အရှင်သူမြတ်တို့အားလှူဒါန်းသောလမြတ်တခုလဲ ဖြစ်ပါတယ် ၊ သီတင်းသီလစောင့်စတင်ဆောက်တည်ရာ လထူးလမြတ်ဖြစ်သလို ၊
{၀ါဆိုမည်ဆန်း၊
မြတ်သင်္ကန်း၊
လှူဒါန်းကြလေလျှင် ၊
သောတာပန်နှယ် ၊
ဂုဏ်ရည်ကြွယ် ၊
အပယ်လွတ်ကင်စင်} ဆို တဲ့ကဗျာလေးအတိုင်း ၀ါဆိုသင်္ကန်းကပ်လှူပူဇော်၍ အပယ်လေးပါး လွတ်ကင်းကြပါစေကြောင်း ဆုတောင်းရင်းဖြင့် ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…။
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...