နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 30 June 2010

မိတ်ဆွေ


to be isolated is to be sick, and so far dead.

                                     (Ralph w.emerson)

အထီးကျန်ဖြစ်နေတာ ဘယ်သူနဲ့မှရင်းနှီးတဲ့ဆက်ဆံမှုမရှိတာဟာ မကျန်းမာတာ ဘဲတဲ့…။

Life without a friend is death,without a witness.

မိတ်ဆွေမရှိတဲ့ဘ၀ဟာ ဘယ်သူမှ မမြင်မသိဘဲသေနေတာနဲ့တူတယ် ။

There is no physician like a true friend.

မိတ်ဆွေနဲ့တူတဲ့သမားတော်ဆိုတာ ဘယ်မှာမှမရှိဘူး…။

Friends are the sunshine of life.

မိတ်ဆွေတွေဆိုတာ ဘ၀နေရောင်တွေတဲ့.။

If you want an accounting of your worth, count your friends.

ကိုယ်ဘယ်လောက်တန်ဘိုးရှိတယ်ဆိုတာသိချင်ရင် ကိုယ့်မှာမိတ်ဆွေကောင်းဘယ်နှစ်ယောက် ရှိလဲ ဆိုတာ ရေတွက်ကြည့်လိုက်တဲ့ ။

The only way to have a friend is to be one.

                                         (Ralph waido emerson)
မိတ်ဆွေကောင်းရှိဘို့ တခုသောနည်းလမ်းက ကိုယ်ကိုတိုင်မိတ်ဆွေကောင်းပီသဘို့ ဘဲ ။


အဲသလို အီမာဆန်ကဆိုပြန်တော့ဗျာ ဒီနေ့ကန်စွန်းရက်လေး၅ပင်ကျော်စားတယ် ၊ ၀က်သားက၄ ဖက်ချက်တယ် ၊ ငပိလေးလောက်စာလုံးလောက်ကျော်တယ် ၊ ချည်ပေါင်ဖူးခြောက် ၁၅ခုကို ဟင်း ချိုချက်လိုက်တယ် ၊ ခါကြတ်ဥတို့စားတယ် ဟင်းချက်တော့မွှေးနေတာဘဲ ဟိုအကောင်တွေဆို တာ ၊ မွှေးတယ်ဟေ့ မွှေးတယ်ဟေ့နဲ့နေတာဘဲ ၊ ဘယ်သူမှမကြွေးဘူး ၊ အခန်းတံခါးပိတ်စားတာ သနားတော့သနားပါတယ် ၊ အရင်ကဆိုဝက်သားတစ်ကီလိုကုန်တယ်အခုတော့ တစ်ကီလိုကို တလလောက်စားရမဲ့သဘောဘဲ ၊ အင်းမဖြစ်သေးပါဘူး နက်ဖြန်ခါ သြ၀ါဒပေးပြီး ပြန်လည်ရင် ကြားစေ့ရေးလုပ်ရမှာဘဲ ၊ ဇေလဲမှားတယ် ဒီကောင်တွေလဲမမှန်ဘူး ၊ ကိုယ်ကစပြီးရင်ကြားစေ့ ရေးလုပ်ရမှာဆိုတော့မလုပ်ချင်ဘူး လာတဲ့နိုင်ငံကိုကမြန်မာပြည်ကလာတာဆိုတော့လေ၊ တွေ့ဆုံ ဆွေးနွေးရေး မလုပ်ချင်ဘူး ။

ကဲလေဘာဘဲဖြစ်ဖြစ် ခလေးနဲ့မိခင် ၊ မားနဲ့ပါး ၊ မြစ်ရေနဲ့ကမ်းနဖူး ၊ လူသားနဲ့မိတ်ဆွေကင်းလို့မ ရပေဘူးမို့လား ၊ ကဲကိုယ်ကဘဲ တွေ့စုံဆွေးနွေးရေး စလုပ်ရတော့မယ် ကဲနက်ဖြန်စပြီဗျို့ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ.။

Tuesday 29 June 2010

ကဲပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ (၁)

ပြောလိုက်စမ်းမယ်သောင်းပြောင်းထွေလာဆိုတာက ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ စာအုပ်နာမည်ပါ သူက ပညာရှင်ဆိုတော့ ပညာရှင်တွေရဲ့ထုံးစံအတိုင်းပေါ့ စာအုပ်တွေထဲကဟာတွေ မွှေနှောက်ပြီး လူပိန်းကအစ  နားလည်အောင် ရေးပြတာ ၊ ဇေတို့က စာကလဲနှစ်ယောက်လုံးမဖက်ဘူး ၊ စာရေးတော့လဲ ဇေကသက်ပုံမ မှန်ဘူး ၊ နှင်းက ပုဒ်ထီးပုဒ်မ မကွဲဘူး အဲလိုဖြစ်တော့ ၊ ကိုယ်ပြောချင်တာ ကိုရေးချင်တာတွေဘဲ ရေးပြရမှာဘဲ အခုပြောလိုက်စမ်းမယ်သောင်းပြောင်းထွေလာဆိုတာက စာအုပ်ထဲကဟာတွေရေးမှာမဟုတ် ဘူး အခုတပတ်အတွင်းဖြစ်ခဲ့ တာ ပျက်ခဲ့တာ တွေရေးမှာ စိတ်ညစ်မခံနိုင်တဲ့လူတွေမဖက်သင့်တဲ့စာမျိုး ဘဲ ၊ လူတခုပူမှုရယ်တဲ့ ဆယ်ကုဋေမို့လား ၊ ဒါလေးတွေ ဖက်ပြီးသွားရင် ဒီမောင်နှမဘယ်လောက်ဒုက္ခသု က္ခတွေရောက်နေသလဲ ၊ အဲလိုအခတ်ခဲကြားကနေ ဒို့အတွက်ဖက်ဘို့စာလေးတွေရေးပေးနေပါလားလို့ မုဒိတာပွားနိုင်ဘို့ကိုသာရီရွယ်တာပါ ၊ မကဲ့ရဲ့နဲ့နော် မကြိုက်ဘူး ကဲစပြီ…။


ဖြစ်တာပြောရရင် အဆောင်ကကောင်တွေကစပြီးပြောရမှာဘဲ ဒီကောင်တွေခြောက်ကောင်ဟာ အင်မတန် ငတ်ကြီးကျတယ် ၊ လူတွေကလဲလူကောင်းတစ်ယောက်မှမပါဘူး မဓေရှိရာ မဓေလာဆိုသလို ဒီလိုဗရုက်သု က္ခတွေရှိတဲ့နေရာကို ဘရုသုက္ခတွေဘဲလာတယ် လူကောင်းမလာဘူး ၊ အပတ်တိုင်းဗုဒ္ဓဟူးနေ့ဆို ဇေကချက်ပြုတ်ကြွေးမွေးရတယ် တပတ်တပတ် ၊ မနက်စာရော ညစာရော ဟိုခွက်ပုန်းကိစ္စပါ ပါသေးတယ် ကျန်တဲ့ရက်ကတော့ဗျာ ၊ ထမင်းဘဲချက်နိုင်တာမို့ သူတို့ချက်တာလေးတွေကပ်စားရတာပေါ့ ၊ ဟင်းက လဲမကောင်းပါဘူးဗျာ ၊ ငံရင်ငံချိုရင်ချို စပ်ရင်စပ်နေတာ အရသာခြောက်ပါးညီညွတ်တယ်ကိုမရှိပါဘူး ၊ သည်းခံစားပါတယ် ၊ မပြောလဲမပြောပါဘူး ၊ ဇေချက်ကျွေးတာကျတော့ ကောင်းကောင်းချက်ကျွေးတာ ဈေးကိုကျကျနနသွား သေသေသပ်သပ်ဝယ်ပြန်လာ ချက်ပြုတ်ကျွေး  ၊ စားသောက်ပျော်ပါး ညစာရော မနက်စာရော ကောင်းမွန်မွန်ချက်ကျွေးနေတာဘဲလေ ၊ အခုတော့ ရွတ်စုတ်ပြက္ခဒိန်ကို ဗျာ တရက်ကြိုဖြဲ ထားတော့ တကယ်တန်း အင်္ဂါနေ့ဘဲရှိသေးတယ် ၊ ဗုဒ္ဓဟူးနေ့ဖြစ်နေရော ဒါနဲ့ချက်ပြုတ်ကြွေးရရောဆိုပါ ဆိုဗျာ ၊ ဒါကပြဿနာမဟုတ်သေးဘူး ၊ သောကြာနေ့ညပိုင်းမှာ ကျောင်းမှာကမ့်သွင်းဘို့လုပ်ထားတာ အဲ တော့ကြာသပတေးနေ့ကိုသောကြာနေ့မှတ်ပြီး အထုတ်တွေပြင်ဖုန်းတွေ ခိုးထည့် ဟိုဟာလုပ်ဒါလုပ်နဲ့ သောကြာထင်ပြီးကျောင်းကိုသွားတာ ၊ ဟိုရောက်တော့ခွေးနှစ်ကောင်ဘဲရှိတယ် ကျောင်းထဲမှာ မဟုတ် သေးပါဘူးတခုခုတော့လွဲနေပြီ မေးကြည့်တော့မှ ကြာသပတေးနေ့မှန်းသိတယ် ရှက်လိုက်တာဗျာ သေချင်တာဘဲ ၊ အဆောင်ကိုပြန်ရောက်တော့ တစ်ကောင်မှမရှိဘူး ဒါနဲ့ပြောဆို ပြီး နောက်အပက်ကစပြီး ချက်မကြွေးတော့ဘူး ၊ မင်းတို့ဟာလဲ ငါမစားဘူး ငါ့ဟာလဲမင်းတို့လာမစားနဲ့ စားချင်ရင်သွားတောင်းလို့ ပြောလိုက်တယ် ၊ အခုတော့တာဝန်တခုပေါ့သွားတာပေါ့ဗျာ ဒီကောင်တွေလဲ သူတို့ချက်တဲ့ဟင်းနဲ့ဇေ ချက်တဲ့ဟင်းရဲ့ အရသာကွာခြားမှုကို နားလည်သဘောပေါက်လာမှာပါ ၊ သူငယ်ချင်းတွေရဲ့ဒဏ်ကလဲအ လူးအလဲဘဲ ။

နောက်တခုကဗျာ ဒီအသက်အရွယ်ထိ ရီးစားမရှိသေးတဲ့ကိစ္စ ၊ ဒါကလဲထည့်ထည့်မပြောချင်ပါဘူး ၊ အတန်းထဲမှာ မော်နီတာဆိုတော့ ဆော်လေးတွေကတော့ နဲနဲတော့အာရုံညွတ်ကြပါတယ် ခတ်တာက သူတို့ချိန်းတိုင်းမသွားနိုင်တာ ၊ နောက်ပြီး ဟိုရောက်ရင်လဲပေါက်ကရတွေပြောတာ ၊ ဒီကအပြင်ထွက်ရမှာ ကို မေမေစကားများတာလောက်ကြောက်တယ် တအားပူတယ်ယိုးဒယားက ၊ ဒါနဲ့စကာင်္ပူက ကောင်မလေး တစ်ယောက်ကို ရီးစားစကားပြောမှိပါတယ် ၊ တအားပြည့်စုံနေလို့တဲ့ ၊ တအားလိမ်မာနေလို့တဲ့ ဒီလိုလူကို လက်ထပ်လို့မဖြစ်ဘူးတဲ့ ၊ နောင်တချိန်မှာ ပြဿနာဖြစ်လာနိုင်စရာအကြောင်းရှိတယ်တဲ့ ဒါနဲ့ ပြန်ပြောလိုက်တယ် နက်ဖြန်ကစပြီး အရက်သောက်မယ် ဖဲချမယ်လောင်းကစားလုပ်မယ် ၊ အကုန်လုပ်မယ် ဗျာ ၊ ရှုတ်တယ် ၊ ဒီမှာလဲ ချိန်းထားတာတော့ရှိတယ် ညဘက်ဆိုတော့ မသွားချင်ဘူး ဘယ်လိုဘဲဖြစ်ဖြစ်ယော ကျာင်္းလေးဖြစ်ရတာလဲမလွယ်ဘူးဗျာ ၊ မိန်းခလေးတွေကလဲ ဒီလိုတောသံနဲ့ပြောတာကိုမကြိုက်လောက်ဘူး
သက်တာဖြတ်တာ ၊ လိမ်တာညာတာ ဒီလိုမှကြိုက်တာလား ၊ မူးရူးပြီး တောင်အော်မြောက်အော် မိန်းခလေး အထည်လဲတွဲပြဒီလိုမှသဘောကျတာဆိုတော့ ၊ ပီယာနိုရှေ့မှာတောသံနဲ့အော်နေတဲ့လူလိုစိတ်မ၀င်စား ဘူးထင်တယ် ။

ကျောင်းနားတုန်းထိုင်ဝမ်သွားမလို့ပါဆို ၊ ရေကြီးလိုက်တဲ့ဖြစ်ချင်း မပြောကိုမပြောချင်တော့ဘူး ကံဆိုး မသွားလေရာ မိုးလိုက်ရွာတယ်ဆိုတာ ဒါဘဲနေမယ် ၊ ပါးကလဲနေမကောင်းဘူး ညကတော့အွန်လိုင်းမှာ တွေ့သားဘဲ ၊ ဟိုအကောင်တွက်ပီဆိုတဲ့လူက ငွေတွေချေးထားတာ ပြန်မပေးဘူး ဒါမကောင်းတဲ့စရိုက်ဘဲ  ငွေနံကလဲမသင့်ပါဘူး ပိုက်ဆံရှိရင်ချေးမဲ့လူကများတယ်……။

ဘယ်လိုဘဲဖြစ်ဖြစ်လေ သူငယ်ချင်းတွေဆိုတော့လဲ မခေါ်လဲမကောင်းဘူးမို့လား ဒီတော့ဒီကောင်တွေ ကိုပြန်ချက်ကြွေးအုံးမှဖြစ်မှာပါ ၊ သူတို့မရှိတော့လဲပျင်းစရာကောင်းသားဘဲ နောင်ကြဉ်အောင်တော့တ ပက်လောက် ၊ မချက်ကြွေးဘဲထားမယ် သူတို့ဘဲငတ်တာမဟုတ်ဘူး ငါလဲငတ်တာဘဲ ဘာလို့ဆိုတော့ သူ တို့ကိုတပက်ကိုတရာက်တည်းချက်ကြွေးရတာ ၊ သူတို့ဆီကနေတိုင်းစားရတာကိုး အင်း လျှာနဲ့သွား တောင်မကြာခဏကိုက်မှိတတ်သေးတာဘဲ အင်းမထူးဘူး ပြန်ခေါ်လိုက်မယ် ။


ဟိုဘလော်ကာမကြီးမိနှင်းနှင်းမိုးဆိုတာကြီးကလဲ အမြဲတမ်းစိတ်ညစ်နေတာဘဲ သူ့ဟာကတခါမှပျော် တယ်မရှိဘူး ၊ ဘယ်လိုလုပ်ပေးရမှန်းတောင်မသိဘူး အိပ်ရေးဝအောင်မအိပ်တော့လူက ပြောတဲ့စကား မှန်သမျှကို သူ့ကိုမကောင်းပြောတာဘဲမှတ်နေတာနေမှာ ဒါမကောင်းဘူး ၊ အိပ်ခိုင်းရအုံးမယ် ။

ဘလော့နဲ့ပတ်သက်ပြီးတော့ ဒီအပက်ကစပြီး တနလာင်္နေ့တိုင်းကို သောင်းပြောင်းထွေလာရေးမယ်ဗျာ တနင်္ဂနွေနေ့တိုင်း ကို သတင်းကြော်ငြာမယ်  ၊ ကျန်တဲ့ရက်တွေမှာ ဘာတွေမှာ စိတ်ကူးပေါ်တာ တင်မယ် ဒီဘလော့ကလဲအားကြီးချုချာတယ် ချုချာမှာပေါ့ မိခင်ရဲ့မေတ္တာမှမရတာ သူ့မွေးတဲ့အမေက  နွားမဒန်း သားမခင်ဆိုသလို ဟိုသွားဒီသွားနဲ့ လုပ်နေတာကိုး ၊ အမြဲတမ်းဇေကဘဲစောင့်လျှောက်နေရတာကိုး ၊ ဘဲငန်းအထီးကြီးကျနေတာဘဲ မွေးတုန်းကနှစ်ယောက်မွေးတာ အခုတော့တစ်ယောက်ထဲ ဒိုင်ခံပြီး စောင့် လျှောက်ရှောက်နေရတယ် ၊ အင်း လစဉ်လတိုင်း မြန်မာလတွေရဲ့အကြောင်းတွေလဲရေးအုံးမယ် ၊ လာဖက် တဲ့လူတွေ မျက်စိနောက်ရအောင်သာ ကြံပေတော့ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ……..။

Monday 28 June 2010

တာဝန်

သံကောင်းသည့်ဓား ဖြစ်တုံငြားလည်း ၊ 
ကျောက်သားထက်တွင်
မပြုပြင်က သံပင်ကောင်းငြား ၊ 
ဓားမထက်နိုင် ၊ 
ဥာဏ်စွမ်းဥာဏ်စ၊
ရှိတုံကလည်း လုံ့လနတ္ထိ ၊ 
ဇွဲမရှိသော် ၊ လိုရာခရီး ၊ 
အချည်းနှီးတည်း ။

ခုတလော ဘာမှမလုပ်ချင်ဘူး....။  စိတ်တွေရှုတ်နေတယ်...။ အပြစ်တွေပဲ လှိမ့်တင်နေတဲ့ သူရှိသေး..။ မလုပ်ချင်လို့ ဒီအတိုင်းနေ လို့ရလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်..။ တာဝန်တွေ ၀တ္တရားဆိုတာတွေက ရှိသေးတယ်..။ ကျောင်းစာတွေကိုပြစ်ထားတာ ကြာပြီ..။ အဲဒါနဲ့  စာပြန်ကျက်တယ်..။ စိတ်ဝင်တစားကျက်တာတောင် ကျက်သလောက်မရဘူး...။ နောက်တော့ မှသိလိုက်တယ်..။ ငါကကျောင်းသားယောင် ဆောင်နေပါလား ပေါ့...။ ကျောင်းသာတာဝန် မကျေသလို ၊ မိဘဆီက မုန့်ဖိုးညာတောင်းနေတာ ပါလားပေါ့ ။။ ပြီးတော့ ဒီကဗျာကို ပြန်ဖတ်မိတယ်...။ 
နောက်ဆုံး သိလိုက်တာ ဘာလုပ်လုပ် တာဝန်ကျေအောင်လုပ်...။ ကဗျာထဲကလို ဘယ်လောက်ပဲဥာဏ်ကောင်းနေပါစေ ၀ုန်ဒိုင်းကျဲနေရင်ဘာမှဖြစ်လာမှာ မဟုတ်ဘူး..။ စာမှန်မှန်ကျက်ရမယ်..။ 
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင် ။ ။

Sunday 27 June 2010

တပတ်အတွင်းဘလော့သတင်း

 မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လကွယ်နေ့ ခရစ်နှစ်၂၀၁၀ခု ဇူလိုင်၂၆ရက် ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှ ၊ တပတ်အတွင်း သတင်းပဒေသာများကို စတင်ကြေငြာပါတော့မယ် ။

ရွှေပြည်ကြီး၏ မြို့တော်နေပြည်တော်တွင် အမျိုးသားကြီး၂၇ဦးမှာ အမျိုးသမီးဝတ် ကြိုးကြီးချိပ်ခေါ် အချိပ်လုံချည်တမျိုးကို  အရောင်အသွေးစုံလင်စွာ မော်ဒယ်မသုံးဘဲ အမျိုးသား  ကြီးများဝတ်ဆင်ကြေငြာသွားခြင်း ၊ ချောအစိမ်းရောင်လွင်ပြင်တည်ထောင်သူ မမချောခရီးမှပြန် လည်ရောက်ရှိခြင်း ၊ ဘလော်ကာ မကောင်းမွန်ဝင်း ပို့စ်အသစ်တင်ခြင်း ၊ ၂၀၁၀ အမတ်လောင်းမမ ဗေခေါ် မဗေဒါသည် ဆွီင်္ဒင်မှအပြန် ပိုစ့်သစ်တခုတင်ခြင်း ၊ ဘလော်ကာနှင်းမိုးမိုးခေါ် မိရွှေနှင်း သည်ဘလော့လဲမရေး ဘလော့ကိုလဲမစောင့်လျှောက်ဘဲ ရွာရိုးကိုးပေါက်လျှောက်လည်နေခြင်း ။

သတင်းအစုံလင်မှာ

ရွှေပြည်ကြီး၏ မြို့တော်ကြတ်ပြေးတွင် ပြီးခဲ့သည့်ဇွန်လ ၂၁ရက်နေ့တွင် ၊ ကြိုးကြီးချိပ်ခေါ် မိန်း မ၀တ် အချိပ်လုံးချည်တစ်မျိုးအား ၊ အမျိုးသားကြီးများ ၀တ်ဆင်ပြီး ပရိုမိုးရှင်းလုပ်ခဲ့ကြသဖြင့် ၊ ခါ တိုင်းကြေငြာနေကြဖြစ်သော အမျိုးသမီးမော်ဒယ်များမှာ ရင်ထုမနာတစိမ့်စိမ့်ကြေကွဲလျှက်ရှိပြီး အခန်းနားကိုတတ်ရောက်လာသော လာအိုနိုင်ငံမှ အရာရှိကြီးမှာ ဂေးများစုဝေးနေထိုင်တတ် သောထိုင်းနိုင်ငံကို ရောက်ရှိနေသလိုခံစားရပါကြောင်းပြောဆိုပြီး ၊ ရွှေနိုင်ငံသားတို့အနေဖြင့် ဤ ကဲ့သို့ ယောကျာင်္းရင့်မာကြီးတို့အနေဖြင့် ဤနည်းဤပုံဖြင့် ပရိုမိုးရှင်းလုပ်သည်မှာ နှစ်သုံးဆယ်အ တွင်း လွန်တရာမှထူးခြားကြောင်းနှင့် ၊တောင်ပြုံးနတ်ပွဲတာဝန်ခံမာမီတဦးမှလဲ နတ်ပွဲချိန်မဟုတ်ဘဲဤကဲ့သို့ဝတ်ဆင်ကြသည်မှာ ကိုကြီးကျော်ဟုခေါ်သောနတ်ကမကြိုက်ကြောင်း မန္တလေးမြို့မှ အချိပ်လုံချည်ရောင်းဝယ်ရေး တခုမှလဲ ၄င်းတို့တိုက်မှ ဇွန်လ၂၀ရက်နေ့ညတွင် မိန်းမ၀တ်အချိပ်လုံချည် ၂၇ကွင်း ၊ မောင့် ကျတ်သရေခေါင်းပေါင်း ၂၇ လုံး ၊ ကတ္တီပါ ခုံအမြင့်ဖိနပ် ၂၇ ရံမှာ ထူးဆန်းစွာပျောက်ဆုံးသွား ကြောင်း ၊ ပျောက်သွားသော ပစ္စည်းအားလုံးမှာ ၂၂ ရက်နေ့ နေ့စဉ်သတင်းစာတွင် လူတချို့ဝတ် ဆင်ထားတာတွေ့မြင်ရကြောင်း ပြည်တွင်းသတင်းများကိုကိုးကားပြီးသိရှိရပါသည်..။

ခရီးထွက်နေသော အစိမ်းရောင်လွင်ပြင်တည်ထောင်သူမမချောမှာ ခရီးမှပြန်လည်ရောက်ရှိပြီဖြစ် ကြောင်းနှင့် စာပေများဆက်လက်ရေးသားလျှက်ရှိပါကြောင်း သတင်းရရှိပါသည် ။

စာတပုဒ်ရေးပြီးလျှင် ၊ နောက်တပုဒ်နှင့် အလှမ်းကွာဝေးလွန်းလှသော ဂျပန်နိုင်ငံအခြေဆိုက် မမကောင်းမွန်ဝင်းသည် ၊ ယနေ့ညပိုင်းတွင် ကွန်ပျုတာစောင့်နတ်၏ နိုးဆော်တိုက်တွန်းမှုကြောင့် ဒစ်စနေးဆီး ဟူသော ပိုစ့်အသစ်ကို တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။

၂၀၁၀အမတ်လောင်းကြီး မမဗေခေါ် ဗေဗေသည် အလုပ်မရှိအလုပ်ရှာပြီး ဟိုသွားဒီသွားသွားရာမှ လမ်းတွင် ဘောပင်တချောင်းကောက်ရသဖြင့် အသင့်ပါလာသော စာအုပ်တွင်တွေ့ရာမြင်ရာကို ရေးခြစ်ရင်း မတော်တဆ စာပိုဒ်ဖြစ်သွားသဖြင့် ကိုယ်ပိုင်ဗီဇာဖြင့်ခရီးသွားခြင်း ဟူ၍ အမည်ပေးခါ သူ၏ဘလော့တွင် တင်ထားကြောင်းသတင်းရရှိပါသည် ။

နှင်းမိုးမိုး ဘလော့ကိုတည်ထောင်သူ မရွှေနှင်းခေါ် ပေတိုးသည် အလုပ်မရှိအလုပ်ရှာပြီး ရွာရိုးကိုး ပေါက် ၊ လျှောက်လည်လျှက် စာလဲတလုံးမှမရေး ဘလော့သို့လဲမလာ သူ့၏ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဖြစ်သော ၊ ထိုင်းနိုင်ငံတွင် ပညာရင်နို့သောက်စို့နေသော နောင်တချိန်ကမ္ဘာကျော် ဘလော်ကာကြီးတဦးဖြစ်လာမည့်အပြင် ၊ သူထက်ရုပ်ရော အသံပါ ကိုးဆကျော် ဆယ်ဆနီးပါးမ က သာလွန်သည့် ခုဝယ်ဆရာလေး နောင်သော်ဆရာကြီးဖြစ်လာ မည့်ကိုကိုဇေတာရာအား လခမပေးဘဲ ဘလော့ကိုအခမဲ့ကြည့်ရှုခိုင်းခြင်း ၊ အခမဲ့ရေးသားစေ ခြင်း စသောဘလော့၏ ၀တ်ကြီးဝတ်ငယ်အသွယ်သွယ်ကို ဇွတ်ရောအဓမ္မပါ တာဝန်ပေးအပ်ပြီး ၄င်းကိုယ်တိုင်ကမှု ရွာရိုးကိုးပေါက် လျှောက်လည်လျှက်ရှိကြောင်း ဂျီတော့သတင်းအရသိရှိရပါ သည် ။

မိုးလေ၀သအထူးသတင်း
ယနေ့ဂြိုလ်တုကပေးပို့သည့်ပုံကြီးအရကပ္ပလီပင်လယ်တွင်တိမ်အ သင့်တင့်ဖြစ်ထွန်းနေ ပါတယ်ရခိုင်ပြည်နယ်   ၊ မွန်ပြည်နယ်နှင့် တနလာင်္ရီတိုင်း အောက်ပိုင်းတို့တွင် အများအားဖြင့်သာယာပါ မယ် ၊ နေပြည်တော်နဲ့အနီးတ၀ိုက်အတွက် ခန့်မှန်းချက်ကတော့ ယနေ့မိုး ရွာရင်ရွာမယ်မရွာရင် မရွာဘူး ဤတွင် သတင်းများကိုကျေညာလို့ပြီးပါပြီ စက္ခုရှင်များ ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာ ကြပါစေ။  ။
ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ….။

Saturday 26 June 2010

ပြောပေးကြပါ…….


ကျွန်မတို့ကတော့ နေ့တိုင်းသူနဲ့ထိတွေ့နေရတဲ့ ပစ္စည်းတွေပေါ့ ။ သူဆိုတာ အိမ်မှာတော့ မီးမီး လို့ခေါ်တယ် ကျောင်းမှာဆို နှင်းမိုး ဆိုလား ဘာလားပေါ့ ၊ ပြီးတော့ သူက ဟိုတီဗီ လိုမျိုးရယ် ၊ အောက်မှာ လက်တွေနဲ့ တဗြောင်းဗြောင်းရိုက်တဲ့ အပြားရယ် ၊ ဘေးနားက ဟိုရွှေ့ ဒီရွှေ့ လုပ်လို့ရတာကြီးနဲ့ အမြဲတမ်းအလုပ်ရှုတ်နေတယ်..။ သူ့ကိုသူလဲ ပြောတယ် ဘလော့ခါ ဆိုလား ဘလက်ဂါ ဆိုလားသိပါဘူး ။။
ကျွန်မက သူလွယ်နေတဲ့ အိတ်ပေါ့ ။ ကျွန်မ သူငယ်ချင်းတွေက ကိုစတီးချိုင့်ရယ် ၊ ကိုနီကို ဆိုတဲ့ ခပ်နွမ်းနွမ်းထီး ရယ် ၊ မပိုက်ဆံအိတ်ရယ် ၊ သူရဲ့ လက်စွဲတော် မအမ်ပီသရီး ဆိုတာရယ်ပေါ့ ။ ကျွန်မတို့အားလုံးက သူနဲ့ နေတိုင်းထိတွေ့နေရတဲ့ သူတွေလေ ။ ကျွန်မတို့ အားလုံးလေ သူကျောင်းပိတ်ရက်ဆို သိပ်ပျော်တာပဲ သိလား ။ ကျွန်မတို့ အားလုံးအနားရတယ်လေ ။ သူ့ကြောင့်စိတ်ညစ်ခဲ့ရတာတွေ ကတော့ မနည်းမနောပဲ ။
ကျွန်မက စပြီးရင်ဖွင့်မယ်နော်..။ သူက ကျွန်မထဲကိုလေ သူထည့်ချင်တဲ့ ပစ္စည်းပစ္စယတွေကို အကုန်ထည့်တယ်..။ တနေ့တနေ့ ကျွန်မ ဘာမှမစားရပဲ ၀က်ဖြစ်နေတယ်..။ လွယ်တာတော့ သူကလွယ်တာပေါ့ ။ ကျွန်မထဲမှာလဲ ကြည့်အုံး မပါမဖြစ်က ကျောင်းသားကဒ်ဆိုတာရယ် ၊ ဘောပင် ခဲတံ ပေတံ စတဲ့သပဒံ ပေါင်းစုံ ထည့်တဲ့  အိတ်တလုံးကပါသေးတယ် ။ 991 es ဆိုတဲ့ ဂဏာန်းပေါင်းစက်ရယ် ၊ ပိုက်ဆံအိတ်ရယ် ၊ ထီးရယ် ၊ ပြီးတော့ သူက အလှလဲကြိုက်တယ်ထင်တယ် ဘီးရယ် ၊ နှခမ်းနီ တထောင့်ရယ် ၊ အဆီစပ်တစ်ရှူးရယ် ၊ ကလင်းပတ်ဆိုလား ဟိုးအရင်တုန်းကတော့ မျက်နှာချေ လို့ခေါ်တဲ့ ဘူးရယ်..။ ဒါပင်မဲ့ အဲဒါတွေကိုတော့ သုံးလှတယ်မဟုတ်ဘူး ။ ရှိထားတယ် ပါတယ်ဆိုရုံပဲ .. ။ ကျောင်းစာအုပ်ကတော့ အနည်းဆုံး ၄ အုပ်ပါတယ် ၊ ကျန်တာကိုတော့ လက်ကကိုင်ပြီး သူ့ကိုသူ တက္ကသိုလ်ကျောင်းသူဆိုတာ လူသိစေချင်လို့နဲ့ တူတယ် လက်ကကိုင်တယ်လေ ။
ကျွန်မထဲကိုလဲ ဘယ်တော့မှ စီစီရီရီ မထည့်ဘူး သိလား ၊ ဟိုပစ္စည်း ပစ်ထည့်ဒီပစ္စည်းပစ်ထည့် နဲ့ ခေါင်းကိုမူးနေတာပဲ ၊ နေ့တိုင်းလုံးဝ မနားရဘူး ။ ပြီးတော့ ကျွန်မမှာ ကျွန်မနဲ့ဆင်တူ သူငယ်ချင်းအိတ်တွေရှိတယ် ။ သူတို့ သူငယ်ချင်းတွေ ဆင်တူလွယ်ကြတယ်ထင်တယ် ၄ လုံးတောင် ကျန်တဲ့သူတွေကတော့ နက်ပြာတွေပေါ့ ကျွန်မတစ်ယောက်ထဲ အနက်ရောင်လေ..။ တခြားအိတ်တွေဆို ခဏခဏ ပိုင်ရှင်မှားကြတယ်..။ ကျွန်မကတော့ တယောက်ထဲဆိုတော့ ဘယ်တော့မှ မမှားဘူး …။ သူ့ကျောင်းဆိုတာကြီးကိုရောက်တာနဲ့ ခုံအောက်ထဲ ကျွန်မကိုပစ်ထားတော့တာပဲ ။ ပြန်ခါနီးမှ ကျွန်မကိုလာခေါ်တယ် ..။ စနေ တနင်္ဂနွေ ဆိုလဲ ကျူရှင်ဆိုပြီး ကျွန်မကိုခေါ်ပြန်တယ်..။ မလိုက်ချင်လဲ လိုက်ရတော့တာပေါ့ ။ ကျေးဇူးပြုပြီး ကျွန်မ ကိုယ်စားပြောပေးကြပါနော် ကျွန်မကိုလဲ တစ်ရက်လောက်တော့ အနားပေးပါလို့ တကိုယ်လုံးလဲ မိုးရေတွေထိလို့ နံစော်နေပြီ ၊ ကျွန်မကို သန့်ရှင်းရေး လုပ်ပေးမယ်တော့ မစဉ်းစားဘူး ပရုပ်လုံးတွေ ပဲလှိမ့်ထည့်နေတယ်..။
ခုရင်ဖွင့်မှာကတော့ ကိုစတီးချိုင့်ပါ ။ ဟုတ်ကဲ့ ကျွန်တော်ကတော့ နေ့တိုင်းသူစားဖို့ ထမင်းတွေ ၊ဟင်းတွေ သယ်ပေးနေရတဲ့ ကောင်ပေါ့ ။ ကျွန်တော်ကတော့ သူ့အတွက် နေ့တိုင်း သူစားဖို့သယ်ပေးနေပင်မဲ့ ကျွန်တော့ကို ဂရုမစိုက်ဘူးဗျ ။ မနက်တိုင်း သူ့မေမေကတော့ ထပြီးထမင်း ဟင်းချက် လုပ်ရတယ် ၊ သူကတော့အေးဆေးပဲ ။ဒီလိုနဲ့ ကျောင်းသွားရော ကားပေါ်ရောက်လို့ ထိုင်စရာရတာနဲ့ ကျွန်တော့်ကို ပစ်ထားလိုက်တာပဲ ..။ ဒါမှမဟုတ် ထိုင်စရာမရဘူးဆိုရင်လဲ သူများကို မျက်နှာလွဲခဲပစ်ပေးပစ်တယ်လေ..။ ပြီးတော့ တခါတလေ ကားပေါ်မှာ ဒါမှမဟုတ် ပေးထားတဲ့ လူဆီမှာ ကျွန်တော့ကို မေ့ထားခဲ့တယ်ဗျာ ကောင်းကြသေးရဲ့လား စဉ်းစားကြည့် ၊ သူ့သူငယ်ချင်းတွေက ပြန်လာခေါ်ရတယ်လေ ကျွန်တော့ကို ။ အဲမမေ့ပဲ ကျောင်းခန်းထဲရောက်ရင်လဲ မအိတ်လိုပဲ ပစ်ထားပြန်ရော …။ သူ့ဗိုက်ဆာမှ သတိရတယ်..။  လမ်းလျှောက်ရင်လဲ ဘယ်လိုလျှောက်မှန်းမသိဘူး ။ ဟိုဝင်တိုက် ဒီဝင်တိုက်နဲ့ ကျွန်တော့ တကိုယ်လုံးလဲ ဒါဏ်ရာ ဒါဏ်ချက်ကြီးပဲ …။ ကျွန်တော့ ကိုယ်စားပြောပေးပါ ကျွန်တော့ကို သူများလက်ထဲမှာ ခဏခဏ မေ့မထားပါနဲ့လို့ နော်…။ ကျန်တာတွေကတော့ ကျွန်တော့အတွက် ရိုးဟိုးဟိုးးးးနေပြီမို့ အထွေအထူး မပြောချင်တော့ပါဘူး ဗျာ။။။
ခင်ဗျားတို့စဉ်းစားကြည့်ဗျာ ..။ ကျွန်တော့် သူ့ကို နေဒဏ် မိုးဒဏ်က ကာကွယ်ပေးခဲ့တာ ၃ နှစ်ရှိပြီ . ကျွန်တော့ကို ပင်စင်ပေးသင့်ပြီလို့ မထင်ဘူးလား ။ သူများတွေများ တနှစ်ကို တချောင်း နှုန်းကိုင်နေကြတာကို သူ့က ကျွန်တော့ကိုပဲ သစ္စာရှိတာလား ၊ ကပ်စီးနည်းတာလားတော့ မသိဘူး ၃ နှစ်ရှိပြီ ..။ ကျွန်တော်လဲ အရောင်တောက်ပြောင်မှု မရှိတော့ဘူး ။ ဂျပန်က လာတာဆိုတော့  ကျန်တဲ့ အစိတ်အပိုင်းတွေက ကောင်းနေတုန်းပဲ ဒါပင်မဲ့ ဟိုတုန်းကလိုတော့ ဘယ်သန်မာတော့မလဲ ဗျာ ။ ကျွန်တော့ကိုလဲ နေပူ ၊ မိုးရွာ မရှောင် တရက်မှ အနားမပေးဘူး ။ ကျောင်းရောက်လို့ မအိတ်တို့ ၊ ကိုစတီးချိုင့် တို့လိုနားရမလားမှတ်တယ် ဘယ်သွားသွား ကျွန်တော်ပါတယ် ။ ကင်တင်းဆိုတဲ့ မုန့်သွားစားရင်လဲ ပါတယ် ..။ အဲကိုစတီးချိုင့်လိုတော့ ကျွန်တော့ကို မမေ့ကျန်ခဲ့ဘူးဗျ ။ ပြီးတော့ ကျွန်တော့ကို သူ့သူငယ်ချင်းတွေ လက်ထဲဘယ်တော့မှ ဌားတာပဲဖြစ်ဖြစ် ခဏပဲဖြစ်ဖြစ် မထည့်ဘူးဗျ ..။ ခင်ဗျားတို့ကော ကျွန်တော့ကို အနားပေးသင့်ပြီလို့ မထင်ဘူးလား ။ လူလိုပြောရရင်တော့ ပင်စင်ပေါ့ဗျာ ကျွန်တော့လို ထီးတချောင်းကို ၃ နှစ်အထိခိုင်းစားရ ကျေနပ်ရောပေါ့နော်…။ ကျွန်တော်တော့ နားချင်ပီ ။ အဲဒါ သူ့ကိုပြောပေးနော်…။
ကျွန်မကတော့ သူဘယ်တော့မှ မမေ့ကျန်ရဲတဲ့ ပိုက်ဆံအိတ် ပြောပြော ဘိုလို အခေါ် ဝေါလက် ဆိုတာပေါ့ ။ ပြောသာပြောရတယ် များသောအားဖြင့် ကျွန်မက အခွံချည်းလိုလိုကို ဖြစ်နေတာ ပေါ့ ။ ဘယ်တော့မှ ခြင်္သေ့တွေ ၊ ဆင်တွေ ကို ကြာကြာမနေခိုင်းဘူး ။ ၀င်လိုက် ထွက်လိုက်ပဲ ။ ပြီးတော့ ကျွန်မရဲ့ အကန့်လေးတွေ ထဲမှာ ဘာစာရွက်တွေ ၊ ဘာကဒ်တွေ မှန်းတော့ မသိဘူး အမြဲတမ်းထည့်တယ် ။ ကျောင်းက ချလံစာရွက်တွေလို့တော့ပြောတာပဲ အပေါင်ဆိုင်ဘောင်ချာတွေလဲ ဖြစ်နိုင်တာပဲနော်.. ဟုတ်တယ်မလား ။ ဖောင်းနေတယ်ဆိုပြီး အထင်မကြီးလိုက်နဲ့ အဲဒါတွေကြောင့် ဖောင်းနေတာ မသိတဲ့သူကတော့ ပိုက်ဆံတွေ တထပ်ကြီးပဲ ပါသလိုလိုနဲ့ ။ ကျွန်မနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေ ထည့်ထားတာကိုတော့ ဘ၀င်မကျဘူး ။ ရှင်တို့ပဲ စဉ်းစားကြည့် ဟန်ဆာပလက်စ် ဆိုတဲ့ အနာကပ်ပလာစတာကြီးကို ထည့်စရာလားနော်.. ပြီးတော့  တခုတလေမဟုတ်ဘူး အနည်းဆုံး ၅ ခုလောက်ပါတယ်…။ လုံးဝ မကျေနပ်ဘူးနော် အဲဒါကြီးတွေကို မထည့်ဖို့ ရှင်တို့ ကြည့်ပြောပေးစမ်းပါတော်..။
ကျွန်မကိုတော့ သူတော်တော်ချစ်တယ်သိလား ။ သေသေချာချာကိုင်တယ် … ပြီးတော့ ဘယ်သူ့မှ မဌားဘူး ။ ဒါပင်မဲ့ ကျွန်မလဲ စိတ်ညစ်ရတာတွေရှိတယ် သိလား ။ ကျွန်မကို နားထောင်ပြီဆိုရင် ဘယ်တော့မှ အေးအေးဆေးဆေး နားမထောင်ဘူး ..။ ဟိုဖန်ရှင်ကလီ ဒီဖန်ရှင်ကလိနဲ့ ။ ပြီးတော့ သူ့အမ၀မ်းကွဲဆိုတဲ့ တယောက်ကတခါတလေ ယူနားထောင်တယ် …။ အဲချိန်ဆို ပိုစိတ်ညစ်ရတယ်..။ သူ့အမက  နားထောင်ပြီးအိပ်အိပ်ပျော်သွားတယ်…။ sleep timer လဲမပေးထားဘူးလေ ကျွန်မမှာ နားထောင်တဲ့သူ မရှိလဲ တညလုံးအော် နေရတယ်…။ ကျွန်မ ခန္ဒာကိုယ်ထဲက အားတွေကုန်သွားမှာ နားရတယ်…။ တညလုံးမောရောပဲ…။ သူကတော့ အားပြန်ဖြည့်ပေးပါတယ်…။ ပြီးတော့ သူ့မှာ ဘယ်သူမှ မသိတဲ့ အကျင့်တစ်ခုရှိတယ်  သူ့အသံကို ရီကော်ဒင်းလုပ်တတ်တယ် ..။ ပြောတာတွေကတော့ အစုံပါပဲ ..။ ကျွန်မကို ရင်ဖွင့်တယ်နေမှာပေါ့ ပြောချင်တာတွေပြောတယ်.. တခါတလေ ပျော်စရာတွေပြောတယ် ၊ တခါတလေ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လာရင်လဲ သူမကျေနပ်တာတွေကို ကျွန်မဆီမှာ ပြောတယ် ။ ပြောပြီးပြန်နားထောင်တယ်… အဲခဏနေလဲကျရော သူပြောထားသမျှတွေအကုန်ပြန်ဖျက်ပစ်တယ်တော့ ဘာသဘောလဲတော့ မသိဘူး …။ တခါတလေ ကျွန်မလေ သူ့ကို ရူးများရူးနေသလားလို့ တွေးမိတယ်…။ ကျွန်မမှာတော့ သူ့ကို မကျေနပ်တာရယ်လို့တော့ ထွေထွေထူးထူးမရှိပါဘူး…။ သူရဲ့ ပေါကြောင်ကြောင်နိုင်တာကို အတင်းပြောချင်လို့ ၀င်ပြောတာပါ…။
ကဲ ရှင်တို့ မကျေနပ်တာရှိလဲ သူသိသွားအောင် ကျွန်မတို့နဲ့ တခါတည်းပြောလိုက် သိလား..။ ဘာမှ အားနာနေစရာမလိုဘူး ။  မပြောမပြီး မတီးမမြည် တဲ့…။ သိအောင်တော့ပြောရမှာပဲလေ မဟုတ်ဘူးလား ။
 ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ ။

 

Friday 25 June 2010

စကားတခွန်းမှ အမှားမခံပါ


အနေအသွား ၊ အစားအ၀တ် ၊ နုတ်လွတ်စကား ၊ တံခါးဖွင့်ပိတ် ၊ အအိပ်အရီ ၊ဤကိုးလီ၌ ဒေသအ လိုက်တန်ဘိုးထိုက်အောင် ၊ လိုက်ရောညီထွေ ကျင့်တတ်စေလို့ အရှင်မဟာရဋ္ဌသာရဆုံးမတော်မူ ခဲ့ပါတယ် ၊ အခုလကာင်္လေးထဲမှာပါတဲ့ ကိုးခုဟာ လူ့ဘ၀တခုလုံးကို ချုံငုံပြီး အဆင့်အတန်းတ ရပ်လို့သက်မှတ်လို့ရအောင်အထိ တွင်ကျယ်လှပါတယ် ။

ဒီကိုးခုဟာ လူ့ဘ၀ရဲ့အဆင့်တန်းတနေရာမှာပါဝင်နေတာလုံးဝအငြင်းပွားစရာမလိုတဲ့ကိစ္စတွေပါ ဇေတို့ဟာလူငယ်တွေဖြစ်လို့ ၊ တရံတခါမှာလူငယ်အလျှောက် ပေါ့ပေါ့တန်တန်ပြောမှိပါတယ် ပေါ့ပေါ့တန်တန် စားမှိပါတယ် ၊ ပေါ့ပေါ့တန်တန်ဝတ်ခဲ့မှိပါတယ် ၊ ဒါကြောင့်ဆေးရုံကိုရောက်ခဲ့ ဘူးသလို ၊ အရှက်လဲကွဲခဲ့ဘူးပါတယ် ။ တရံတခါမှာစကားကို လူငယ်ဆိုပြီးပေါ့ပေါ့တန်တန်ပြော ဆိုမှိပါတယ် ၊ ပြောသင့်မပြောသင့်ကိုလဲမသိခဲ့ပါဘူး အိမ်မှာထဲကခလေးလိုနေလို့ အပြင်ရောက် တော့လဲ ခလေးလိုဘဲဖြစ်နေပါတယ် ၊ မိမိရဲ့မိသားစုက ခွင့်လွတ်ပေမဲ့ အပြင်ပတ်ဝန်းကျင်ကခွင့် မလွတ်ပါဘူး ၊ ဒါကြောင့်အဆင်မပြေမှုတွေ စိတ်ညစ်ရတာတွေ အလိုမကျတာတွေဟာ ခဏတိုင်း ကြုံတွေ့နေရပါတယ် ၊ အဓိကပြဿနာကတော့ စကားပြောတာပါ စကားဆိုတာ နုတ်ကောင်းရင် တုတ်တချောင်းလို့ဆိုသလို ၊ နုတ်အောင်ရင်တုတ်တောင်ဆောင်စရာမလိုလို့ဆိုပါတယ် ၊ နုတ်ချို ပြန်တော့လျှိုတပါးတဲ့ ၊ အပြင်မှာတကယ်တန်းချိုချိုသာသာပြောပြန်တော့လဲ မိန်းခလေးနဲ့တူတ ယ်လို့သင်္ဂြိုလ်ပါတယ် ၊ ဘုဆက်ဆက်ပြောတော့ရိုင်းတယ်တဲ့ ၊ ဘယ်လိုနေရမှန်းကိုမသိလောက် အောင်ကို အနေကြပ်လှပါတယ် ။

လူတိုင်းနဲ့ရန်ဖြစ်ရအောင်လဲအချိန်ကမရှိလို့ ၊ ကိုယ့်ကိုကိုယ်ဘဲ စာတွေအတိုင်းလိုက်ကျင့်နေပါ တယ် ၊ ၀ါသနာဘာဂီဆက်တိုင်းမှီ မွေးသန္ဓေသေမှပျောက် လို့ဆိုထားတာမို့အကျင့်ကိုတော်တော် ပြင်နေရပါတယ် ၊ တခါတရံလဲဖြေမှိပါတယ် ငါငယ်ပါသေးတယ်တဖြေးဖြေးပြင်လာမှာပေါ့လို့ကိုယ့် ကိုကိုယ်ကိုယ်အားတင်းမှိပါတယ် ၊ လူတစ်ယောက်ဖြစ်လာလို့ လူထဲမှာနေတတ်ဘို့ဟာ စကား ပြောတတ်ဘို့လိုပါတယ် ၊ ယနေ့ချိန်ထိစကားကို ကောင်းကောင်းမပြောတတ်သေးပါ ၊ ကိုယ်ပြော ချင်တာကိုဘဲရှေ့တန်းတင်မှိပါတယ် ၊ သူများပြောတာကိုနားထောင်ဘို့ထက် ကိုယ်ပြောချင်တာ ကိုဘဲ သူ့များကိုနားလည်စေချင်ပါတယ် ၊ ဒါဟာလူတော်တော်မုန်းတယ်လို့ အတွေ့အကြုံရသိပါ တယ် ၊ အသက်၂၀ဆိုတာမိန်းမတောင်ယူလို့ရတဲ့အရွယ်ပါ ၊ သို့သော်လည်းယနေ့တိုင်စကားကို အမြီးအမှောက်တည့်အောင်မပြောတတ်သေးတာမို့ မိန်းမလဲ မယူရဲသေးပါ ရီးစားတောင်မထားရဲ သေးပါ ၊ အိမ်မှာကတော့ဖြစ်ပါတယ် ၊ တအိမ်လုံးကိုဘယ်သူ့မှကရုမစိုက်တာမို့ကိုယ်ပြောချင်တာ ကိုပြောလို့ဖြစ်နေပါတယ် ၊ အခုကျင်လည်နေရတဲ့ ဘ၀မှာတော့ တော်တော်လေးကိုခတ်ခတ်ခဲခဲ ရင်ဆိုင်နေရပါတယ် ၊ သူငယ်ချင်းတွေနဲ့လဲ မတည့်ပါဘူး တနေ့ကို စကား၂ကြိမ်လောက်မှမများ ရရင် အိပ်လို့လဲမပျော်သလို စားလို့လဲမကောင်းတတ်ပါဘူး ဒါမို့လို့ အပြောအဆိုကိုတော်တော် လေးကိုဆင်ခြင်နေရပါတယ် ။


သူခိုးသေဖော်ညှိတာတော့မဟုတ်ပါဘူး ဘုရားဟောဇာတ်တော်ထဲက( ခုဒ္ဒကနိကာယ် ၊ ဧကနိပါတ် ထဲက နင်္ဂလိသဇာတ်တော်ကို) မြန်မာပြန်ဖက်ဖူးပါတယ် ၊ ဇာတ်တော်လေးကဒီလိုပါ ဘုရားရှင် လက်ထက်တော်က အရှင်လာဠုဒါယီမထေရ်ရှင်ဟာ အင်မတန် စကားပြောပါသတဲ့ ပြောရမဲ့နေရာ မပြောရမဲ့နေရာကိုလဲမသိဘူးတဲ့ ၊ အလှူအိမ်မှာ အသုဘနဲ့စပ်စပ်တဲ့စကားတွေကိုပြောသလို မင်္ဂလာဆောင်အိမ်မှာ လဲ မသာတရားတွေဟောပါသတဲ့ ဒါနဲ့ရဟန်းတွေဟာ မြတ်စွာဘုရားကို တိုင်ပါတယ် မြတ်စွာဘုရားက ဒီအရှင်ဟာ ဒီဘ၀မှဒီလိုမအပ်စပ်တဲ့စကားတွေပြောတာမဟုတ်ဘူး ဟိုတုန်းကလဲပြောဘူးတယ်ဆိုပြီး အတိက်ဇာတ်ကိုလှန်ပြီးဟောတော်မူပါတယ် ။

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်စဉ်ကာလမှာ ဘုရားလောင်းတော်မြတ်ဟာ တက္ကသိုလ်ပြည်မှာ တပည့်၅၀၀ကိုပညာသင်ပေးရတဲ့ ဒိသာပါမောက္ခဆရာကြီးဖြစ်ပါသတဲ့ ၊ အဲဒီ တပည့်တွေထဲမှာ လာဠမာဏ၀ခေါ်တဲ့ တပည့်တစ်ယောက်ပါပါတယ် သူဟာအင်မတန်ညာဏ်နဲ တဲ့တပည့်ဖြစ်ပါတယ် ၊ ဒါပေမဲ့ သူဟာဆရာသမားကိုတော်တော်လေးလေးစားစားရှိတဲ့တပည့် တဦးပါ တနေ့မှာ သူဟာ ဆရာကခိုင်းလို့ ညောင်းစောင်းခင်းပေးတုန်း ညောင်းစောင်းရဲ့ ခြေထောက် တခုဟာ သူ့ရဲ့ ခြေထောက်ကိုပိနေပါတယ် ဆရာကမသိဘဲနဲ့ တတ်အိပ်လိုက်တာ တပည့်ကနာ ကျင်နေပေမဲ့ ၊ ညောင်းစောင်းကိုမလိုက်ရင်ဆရာနိုးမှာဆိုးတဲ့အတွက် ကြောင့်သူဟာ တ ညလုံးမအိပ် ဘဲနဲ့ ဒီအတိုင်းရပ်နေပါတယ် အဲဒီအချိန်မှာ ဆရာသမားကနိုးတော့ မောင်ရင်ဘာ ကြောင့်မအိပ်သလဲ လို့မေးတော့တပည့်ဟာ အကြောင်းကျိုးတွေပြောပြတော့ဆရာဟာအင်မ တန်တပည့်ကိုသနားသွားပြီးမောင်ရင် ၊ ယနေ့ကနေစပြီးမင်းကိုစာမတတ်တတ်အောင်သင်ပေး မယ် လို့ကတိပြုပါတယ် ၊ တစ်ဆက်တည်းဘဲဆရာဟာ တွေးလိုက်မှိပါတယ် ဒီသူငယ်ဟာအင်မ တန်ထုံထိုင်းတယ် ၊ အဲတော့သူများတွေလို သင်ပုန်းမှာရေးသင်ရင်တတ်မဲ့လူမဟုတ်ဘူး တခုခုကို မှတ်သားခိုင်းပြီး သင်ပေးတာဟာ ဒီမောင်စာတတ်ဘို့အတွက်အထောက်ကူပြုလိမ့်လို့ တွေးပြီး မောင်ရင်နက်ဖြန်ရွာထဲသွားပါ တွေ့တဲ့ အရာတခုခုကိုမှတ်သားလာပြီး ငါ့ကိုပြန်ပြောပြပါ လို့ဆရာကမှာလိုက်ပါတယ် ။

ပထမနေ့မှာမောင်ရင်ဟာ ရွာထဲကိုသွားပါတယ် သွားရင်းနဲ့မြွေတကောင်ဖြတ်ပြေးတာကို မြင်ခဲ့ ပါတယ်  ၊ အဲဒါကိုမှတ်သားပြီးဆရာစီကို သူပြန်လာပါတယ် ဆရာကမေးတော့မြွေတွေ့ခဲ့ပါတယ် ဆရာလို့ဖြေပါတယ် ၊ မြွေဟာဘာနဲ့တူတုန်းမောင်းရင်လို့မေးတော့ မြွေဟာ လယ်တွေကိုထွန် တဲ့ထွန်တုံးနဲ့တူပါတယ် ဆရာလို့ဖြေပါတယ် ၊ ဆရာကသူမပြောတတ်လို့ဘဲနေမယ် လို့ဆိုပြီး မြွေကလဲရှည်တယ် ထွန်တုံးကလဲရှည်တယ်ဖြစ်နိုင်ပါတယ်ဆိုပြီးဆရာဟာဖြည့်မြင်ပေးပါတယ် ၊ နောက်တနေ့မှာ တခါသွားတော့ဆင်ကြီးကိုမြင်လာပါတယ် ဆရာမေးတော့ဆင်မြင်လာကြောင်း ပြောပါတယ် ၊ ဆင်ဘာနဲ့တူလဲလို့ဆရာကမေးတော့ ထွန်တုံးနဲ့တူကြောင်းထပ်ပြောပါတယ် ၊ ဆရာဟာ ဒီသူငယ် ဆင်ရဲ့နှာပေါင်းကိုကြည့်ပြောတာနဲ့တူပါတယ် သူမပြောတတ်လို့နေမယ် ဆို ပြီးထပ်ပြီးဖြည့်မြင်ပေးပါတယ် ၊ နောက်တနေ့တခါသွားပါတယ် နို့ဆန်ပြုတ်သောက်ခဲ့ပါတယ် ဆရာကိုနို့ဆန်ပြုတ်သောက်လာပါကြောင်းပြောပါတယ် အဲချိန်မှာဆရာက နို့ဆန်ပြုတ်ဘာနဲ့တူ လဲလို့မေးလိုက်တဲ့အခါ လာဠမာဏ၀လုလင်ဟာ နို့ဆန်ပြုတ်ဟာ လယ်ထွန်တဲ့ထွန်တုံးနဲ့တူ ကြောင်းပြောတဲ့အခါ ဆရာဟာ စိတ်ညစ်သွားပြီး ဂါထာလေးတပုဒ်ဆိုပါတယ် ဂါထာလဲရဲ့အဓိ ပ္ပါယ်က ။


မောင်ရင်ဟိုတုန်းက မင်းမြွေကို ထွန်တုံးနဲ့တူတယ်လို့ပြောတယ် ငါဟာ မင်းမသိဘူးထင်မှိလို့ ဖြည့်မြင်မှိတယ် ၊ ဆင်ကိုမြင်တော့ထွန်တုံးနဲ့တူတယ်လို့ ပြောတုန်းကလဲ အဲလိုဘဲငါထင်ခဲ့တယ် အခုနို့ထမ်းဆိုတဲ့ဟာကို မင်းထွန်တုံးလို့ပြောတာတော့ ၊ မင်းဟာမိုက်မဲလို့သာပြောခြင်းဖြစ် တယ်လို့ ဂါထာလေးကိုဆိုပါတယ် ။အဲဒီနောက်တပည့်တွေထဲကနေ သူ့ကိုမွေးရပ်ကိုပြန်လွတ် လိုက်ပါတယ်   ။  

 ဇာတ်တော်ကိုပေါင်းလိုက်တဲ့အခါမှာ လာဠမာဏ၀လုလင် ဟာလာဠုဒါယီ မထေရ်ဖြစ်ပြီး ၊ ဒိသာပါမောက္ခဆရာကြီးကတော့ဘုရားဖြစ်တယ်လို့ ရေးထားပါ တယ် ၊ ဒီဇာတ်တော်လေးကို ဖက်လိုက်ရတော့ ဒီသာပါမောက္ခဆရာကြီးဟာ ဇေတို့ရဲ့မိဘတွေနဲ့ တူပါတယ် ၊ အတဲ့လုလင်ကတော့ဇေတို့နဲ့တူတယ် ၊ ရွာထဲကမြင်ခဲ့တဲ့အကြောင်းအရာတွေက တော့ လောကကြီးနဲ့တူတယ်လို့ခံစားမှိပါတယ် ။

ဒါကြောင့်အင်းဝခေတ်စာဆိုကျော် အရှင်မဟာရဋ္ဌသာရဟာ (အနေအသွား ၊ အစားအ၀တ်၊နုတ် လွတ်စကား ၊ တံခါးဖွင့်ပိတ် ၊ အအိပ်အရီ ၊ ဤကိုးလီ၌ ၊ ဒေသအလိုက် ၊ တန်ဘိုးထိုက်အောင် ၊ လိုက်ရောညီထွေ ၊ ကျင့်တတ်စေ)ဟု ရေးသားခဲ့တာဖြစ်နိုင်ပါကြောင်း မှန်းဆရေးသားလိုက်ပါ တယ် ၊ စာရှုသူအားလုံးတို့နှင့် ထပ်တူကျင့်ကြံနိုင်ပါစေကြောင်း ဆုတောင်းရင်း ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ….။

Wednesday 23 June 2010

စာပေလုပ်သား

စာရေးမယ် စာရေးမယ် နဲ့မရေးဖြစ်ဘူးလေ ။ စာပေသမားဆိုတာ စာပေနဲ့ တိုင်းကျိုးပြည်ပြု အလုပ်ကို ထမ်းဆောင်ရတာမဟုတ်လား ။ ဒါကြောင့် ပြည်မျက်စိ ၊ ပြည်နားလို့ ခေါ်ကြတာ ။ အလကားကောင်တွေ မဟုတ်ဘူး ။ အခုလဲဈေးကို မီးလောင်တော့ စာပေလုပ်သား တစ်ယောက်အနေနဲ့ ကျရာတာဝန်ကို ထမ်းဆောင်ရမဲ့ အချိန်ဘဲလေ ။ ဟင်း… မဖြစ်သေးပါဘူး ဒီမီးဟာ တော်တော်လေး တိုင်းပြည်ကို ဒုက္ခပေးနေတာကြာပြီ ။ ဒါမို့လို့ မီးကိုဂရုစိုက်ဘို့ ရေးအုံးမှ ။ မီးအကြောင်း ရေးမယ်ဆိုတော့လဲ စာပေအဖွဲ့အနွဲ့ ဆိုတဲ့ ဗန္ဓကလိုသေးတယ်လေ ။ ဟုတ်တယ်မလား ။ 

စာကို တိုင်းပြည်ကို တင်ပြရမှာဆိုတော့ စာပေအဖွဲ့အနွဲ့ မပီပြင်ရင် စာကိုလူတွေ စိတ်ဝင်တစား ဖတ်ကြမှာ မဟုတ်ဘူးလေ ။ ဒါကြောင့် စာပေအဖွဲ့အနွဲ့ အတွက် အရေးကြီးတဲ့ စကားပြေ အရေးအသား လိုအပ်တယ် ။ ဒါကြောင့် ဆရာမောင်ခင်မင်း(ဓနုဖြူ)ရဲ့ စာအုပ်တွေကိုလဲ စကားပြေအတွက် လေ့လာမှဖြစ်မယ် ။ စာတပိုဒ် ရေးတယ်ဆိုတာ စကားပြေအရေးသားနဲ့တင် အဆင်ပြေတတ်တာ မဟုတ်ဘူးလေ ။ ၀ါကျ အဖွဲ့အနွဲ့ ဆိုတာရှိသေးတယ် ။ ပြောချင်တဲ့ဟာကို လိုရင်းမရောက်ရင်လဲ အလကားဘဲပေါ့ ။ ဖတ်တဲ့လူ စိတ်အနှောင့်ယှက်ဖြစ်စေတတ်တယ် ။ ဒါကြောင့် မြန်မာစာပေတွမှာ ၀ါကျပီပြင်တဲ့ ရွှေဥဒေါင်းရဲ့ စာအုပ်နဲ့ သိပ္ပံမောင်ဝတို့ ၊ သော်တာဆွေတို့ ဦးချစ်မောင်တို့ စာအုပ်တွေကိုလဲ ကိုးကားရမယ် ။  

ဝါကျပီပြင်ပေမဲ့လဲ ဇာတ်ကြောင်း မခိုင်လုံတော့ အလကားဘဲ ။ ဒါကြောင့် ဇာတ်ကြောင်းခိုင်လုံဘို့ လိုတယ် ။ ဒီလို ခိုင်လုံတဲ့ ဇာတ်ကြောင်းတွေ ရှိဘို့ကလဲ ရေးသားတဲ့ လူရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးနိုင်မှု ခိုင်လုံမှကောင်းမှာ ။ ဒါမို့လို့ ဦးမောင်မောင်ကြီးရဲ့ ခင်မြင့်ကြီးလို ၀တ္ထုတွေ ၊ ဘုန်းနိုင်ရဲ့ ၀တ္ထုတွေ ၊ ဒါတွေကိုလဲ လေ့လာထားဘို့ လိုတယ် ။ နောက်ပြီး စကားလုံးပေါင်းသတ်ပုံ ဒါကလဲ အရေးအင်မတန်ကြီးတယ် ။ ဒါမို့လို့ စိန္တကျော်သူဦးသြရဲ့ က၀ိလက္ခဏာသတ်ပုံဆိုကျမ်းတွေ ၊ ဒါတွေ ကို ဖတ်ရှုမှတ်သားဘို့ လိုတယ် ။ 

နောက်ခေတ်လူငယ်တွေကို စာပေနဲ့ဆွဲဆောင်ဘို့ဆိုတာက တော်ရုံနှံ့စပ်နေရုံနဲ့ မရဘူး ။ သူတို့တွေကလဲ စာတအားဖတ်ကြတော့ သိနေကြပြီ ။ စာပေကို ဒါမလို့သူတို့မသိနိုင်တဲ့ သမိုင်းတွေ ရာဇ၀င်တွေ ဒါတွေပါ ကိုးကားပြီးရေးသား နိုင်ရင် သူတို့လဲ ထက်ထက်သန်သန် ဖတ်ကြလိမ့်မပေါ့ ။ ဒါမို့လို့သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေထဲက ကျောက်စာဝန်ဟောင်းတော်စိန်ခိုရေးခဲ့တဲ့ ဆင်ကြီးလို့ခေါ်တဲ့ မြန်မာ့သမိုင်းစာအုပ်ကြီးတွေ ၊ ဦးကုလားရဲ့ မဟာရာဇ၀င်တွေ ၊ ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက် မဟာရာဇ၀င်လို စာအုပ်တွေ ၊ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တွေ ဒါတွေကိုလဲ မှီးငြမ်းရေးသားတတ်ဘို့လိုတယ် ။ ဒါမှကိုယ်ရေးတဲ့စာက ခန့်လဲခန့်သန့်လဲသန့်တော့မပေါ့ ။ ဒီလိုမှလဲ လူက စိတ်ဝင်စားမှာလေ ။ လူစိတ်ဝင်စားမှလဲ စာပေလုပ်သားတစ်ယောက်ရဲ့ တာဝန်က ကျေပြွန်တော့မပေါ့ဗျာ ၊ ကဲကြာတယ်ဗျာ အခုဘဲစရေးတော့မယ် စပြီဗျို့ ။ 

ရေးမယ်ဆိုတော့လဲ သဘင်သဘင်နဲ့ အမြင်သာလွယ်တာကိုးဗျ ။ တကယ်လုပ်တော့လဲ အဟုတ်ခက်တယ် ။ အင်း မီးလောင်တာဆိုတော့ မီးနဲ့ပတ်သက်တာ အရင်ရေးရမှာဘဲ ။ မီးဆိုတာကလဲ သုံးတတ်ရင်မိတ်ဆွေ ၊ မသုံးတတ်တော့ရန်သူမို့လား ။ သုံးတတ်ဘို့ အရေးကြီးတယ် ။ အိုစကားတွေမပ်ီပြင်လိုက်တာ ၊ အဖွဲ့အနွဲ့တွေဒီလောက်ရှုတ်နေရင် ဘယ်သူကစိတ်ဝင်စားပါ့မလဲ ။ တတ်နိုင်သလောက် ကျဉ်းအောင်ပြန်ရေးမှ တော်တော့မယ် ။  

မီးဆိုတာက တကယ်တန်းကျတော့ ရန်သူဘဲဗျ လေ ၊ရေ ၊ မြေ ၊မီး ဆိုတဲ့ဓာတ်ကြီး လေးပါဟာရန်သူတွေဘဲ ။ အိုမဟုတ်သေးပါဘူး ဒါတွေရန်သူဆိုမှတော့ ဘယ်သူကမိတ်ဆွေရှိအုံးမှာလဲ ။ မဖြစ်သေးပါဘူး ပြန်ပြင်အုံးမှ ။ မီး မီးဆိုတာဟာ မီးကိုစနစ်တကျသုံးစွဲရင် မီးဟာအင်မတန်အသုံးကျသလို ၊ ဟာမဟုတ်သေးပါဘူး ။ စနစ်တကျကိုယ်က ဘယ်လောက်ဘဲ အသုံးချချ သူများလာရှို့တာတို့ ဈေးဆောက်ထားတဲ့ မြေကွက်ကိုလိုချင်လို့ အရန်မီးသက်တပ်ဖွဲ့ကို မီးကွင်းပြစ်ခိုင်း ၊ ဒါမှမဟုတ်ဓာတ်ကြိုး ကို ရှော့တိုက်ခိုင်းရင်လဲ ဘာတတ်နိုင်မှာတုန်း ။ ဒါလဲ အာဂမယုတ္တိ ရှိပေမဲ့ သဘာဝယုတ္တိမရှိပြန်ဘူး ။  

ဘယ်လိုရေးရမလဲ စဉ်းစားစမ်းကွာ ။ စာကရေးတော့မယ်ဆိုရင် ဥာဏ်ကမထွက်ဘူး ။ နေ့လည်က၀ယ်ထားတဲ့ အရက်လေး နှစ်ပုလင်းကို ဥာဏ်ထွက်အောင် အဖော်ပြုအုံးမှ ။ သောက်ပြီးတော့ဥာဏ်က အင်မတန်ရွှင်တယ် လျှင်တယ် ၊ ဘာစာရေးရေး လက်လဲသွက်တယ် ။ အခုသောက်လိုက်ပြီ ဟော လက်တွေက သွက်လာပြီ ။ လူလဲတအားပေါ့ပါးတယ် ၊ စာရေးတယ်ဆိုတာက စိတ်ပေါ့ဘို့ အင်မတန်အရေးကြီးတယ် ။ ဒါမှလဲ စာကသွက်လက်နေမှာကိုး ။
ကဲမှန်း မဟုတ်သေးပါဘူး ။ စာရေးတယ်ဆိုတာ ၀မ်းစာလိုတယ် ။ အခုလိုဥာဏ်ရွှင် နေတုန်း စာအုပ်တွေဖတ်လိုက်ရ အိုး ဟုတ်ပြီ စာအုပ်ဖတ်ရမယ် ။ စာဆိုတာ ဘယ်အချိန်ရေးရေးရတယ် ။ စာပေ ၀မ်းစာပြည့်စုံဘို့ စာဖတ်တာက ပိုအရေးကြီးတယ် ။ ဒီလိုဖတ်လိုက်မှ စာအုပ်ထဲက ကိုးကားစ၇ာတွေကို အပီအပြင်ကိုးကားနိုင်မှ ငါ့ရဲ့စာက ခန့်မယ် ။ ဒီလိုဖတ်ဘို့အတွက် စိတ်ကူးစိတ်သန်းကောင်းဘို့ လိုသေးတယ် မဟုတ်လား ။ စိတ်ကူးကောင်းလာအောင် ဆန်းသစ်လာအောင် ဆေးပေါ့လိပ်လေး ဖွာအုံးမှ ၊ အင်းခုမှပေါ့ပါးပြီး ကြည်လင်လာတယ် ။ 

 ကဲဖတ်ပြီ သမိုင်းစာအုပ် တအုပ် နှစ်အုပ် သုံးအုပ် သမိုင်းဆိုတာက မျက်မှောက်ခေတ်နဲ့က သဟဇာတသိပ်ဖြစ်တာမဟုတ်ဘူး ။ သင်္ခန်းစာလောက်ဘဲ ဖြစ်စေတာ ၊ တကယ်ကောင်းတာက စကားပြေစာအုပ်တွေ စကားပြေ ဖတ်လိုက်အုံးမယ် ။ တစ်အုပ် နှစ်အုပ် စကားပြေဆိုတာလဲ ဒီခေတ်နဲ့သိပ်ဂွင် ကျတာမဟုတ်ဘူး ။ အခုခေတ်က မော်ဒန်ခေတ်လေ ။ ပွင့်လင်းတယ်ဆိုရမှာပေါ့ ၊ ကဲ ခေါင်းကလဲ အမူးပြေသွားတော့ သိပ်အလုပ်မလုပ်ချင်ဘူး ။ ကဲ လာထား နောက်တပုလင်း ၊ အင်းအခုလို နောက်တပုလင်း ၀င်သွားတော့ ဆေးလိပ်လေးနဲ့ မှ ဥာဏ်ကထွက်တယ် ။  

အော် စာရေးအုံးမှတော်မယ် ။ မီးအကြောင်းရေးရမယ် ။ ဒီမီးဟာ လူတွေကို တော်တော်ဒုက္ခပေးတယ် ။ စာဖတ်တာထက် စာရှာပြီး ဒီစာကိုဘဲ တိုက်ရိုက်တင်ပြရင်မကောင်းဘူးလား ။ အိုကေ အဲဒီအတိုင်းလုပ်မယ် လာထားကွာ ၊ စာအုပ်တွေ တစ်အုပ် နှစ်အုပ် သုံးအုပ် လေးအုပ် ဟူး မောတာ လိုချင်တဲ့စာသားကို မတွေ့ဘူး ။ ဆေးလိပ်လဲ တစ်ဘူးပြောင်ပြီ  ။ အရက်နှစ်ပုလင်းလဲ မရှိတော့ဘူး။ ဥာဏ်ကတော့တော်တော်လေးသွက် နေသေးတယ် ။ ကဲပါလာစမ်းကွာ သမိုင်းစာအုပ်တွေ တစ်အုပ်နှစ်အုပ် သုံးအုပ် လေးအုံး ဟူး စိတ်ညစ်တယ် ။ စာပေလုပ်သားလုပ်ရတာအင်မတန်ခက်တယ် ။ အခုလဲစာအုပ်ပုံ တစ်ပုံလုံးလဲ မွှေနှောက်ရှာဖွေပြီးသွားပြီး ။ လိုချင်တဲ့စာသားကမရဘူး ဥာဏ်ထွက်အောင်လုပ်ဘို့ ကျတော့လဲ  အရက်လဲကုန်နေပြီ ။ ဆေးလိပ်လဲ တစ်လိပ်ဘဲကျန်တယ်။ ကဲဒီတလိပ်နဲ့ ရအောင်ရှာမယ်ကွာ ။ အချိန်ကလဲ စာဖတ်တာနဲ့ကို ညနေထမင်းစားပြီးကထဲကအခု မိုးလင်းတော့မယ် ။  

ကဲပါလေ အော ဟိုမှာစာအုပ်တအုပ် မှန်း ဒီစာအုပ်ထဲမှာများ ငါလိုချင်တဲ့စာသားလေးရှိနိုင်မလား ၊ လာထား ရွမ်းရွမ်းရွှမ်း ဟိုက် တွေ့ပြီ တွေ့ပြီ ဟူး ခုမှဘဲ ငါတာဝန်တွေကျေတော့တယ် ။ ဒီလိုအဖွဲ့အနွဲ့ကောင်းကောင်း စကားလုံးကျစ်ကျစ်လစ်လစ်နဲ့ ဌာန်ကရိုဏ်းကျတဲ့ စာမျိုး ငါလိုလူမို့လို့ရှာနိုင်တယ် ။ စာကိုဖတ်လိုက်တာနဲ့ အဓိပ္ပါယ်က တန်းကနဲပေါ်လာတယ် ။ လူကြီးရော ခလေးပါမကျန် အရွယ်သုံးနားလည်တယ် ။ ဘီအေဘီအီးလို ဘွဲ့တွေရထားတဲ့လူမပြောနဲ့ နှစ်တန်းကျောင်းသားဖတ်လိုက်ရင်တောင် သဒ္ဒတ္ထ ၊ အဓိပ္ပါယ်ယတ္ထတို့ပေါ်လွင်စေတယ် ။ အော်ဒီစာကိုနက်ဖြန် မြန်မာ့အလင်းသတင်းစာ ဖောင်မပိတ်ခင်သွားပို့ရမယ် ။ ပြည်တွင်းဂျာနယ်တွေအပြင် ၊ အင်တာနက်စာမျက်နှာတွေပေါ်အထိ ရောက်အောင်ပို့ပြီး မြန်မာ့လူထုပါမက ကမ္ဘာ့လူထုကိုပါ အသိဥာဏ်ဖြန့် ဝေပေးရမယ် ။ ဟုတ်ပြီ ဟုတ်ပြီ ကဲပြောနေကြာတယ် ကွာ တော်ကြာမေ့သွားလိမ့် ခုကတည်းကချရေးထား လိုက်မယ် မီး သ တိ ပြု ပါ ကဲဘယ်လောက်ခန့်ငြားတဲ့စာပေလဲ ။  ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါ ခင်မျာ………။

Tuesday 22 June 2010

ဘယ်သူသာမယ်ထင်သလဲ

မိန်းမတို့၏ အစာစားခြင်းကား ယောက်ျားတို့ထက် နှစ်ဆလွန်သည်ဖြစ်ရာ၏ ။ ပညာသည်လည်း လေးဆလွန်၏ ။ လုံ့လကား ခြောက်ဆ လွန်သည်လည်းဖြစ်၏ ။ ကာမဂုဏ်တပ်မက်ခြင်းက ရှစ်ဆလွန်၏ ။ လောကနီတိ (၁၂၉)

အဲဒီအထဲက ကျန်တဲ့ဟာတော့မပြောချင်ပါဘူး ။ ယောကျာင်္းတို့ထက် ပညာလေးဆလွန်တယ် ဆိုတာကို ပြောချင်တာ ။ ဟုတ်နိုင်လား မဟုတ်နိုင်လားပေါ့ ။ ကျန်တာ မပြောပါဘူး ။ ဇေ့မေမေကိုကြည့်လိုက်
မေမေ ဇေ့အခုအသက်ဘယ်လောက်လဲ ၂၀ ထဲမှာ ၊ ဒီဇင်ဘာ ၃၁ ဆိုပြည့်မယ် ။
ကိုလတ်ကရော
သူက ၂၇ မတ်လကပြည့်ခဲ့ပြီ ။
ကိုကိုကြီးရော
ပြည့်သေးဘူး ၃၂ အတိကျပြောနိုင်ပါတယ် ။ ဘယ်သားတွေ ဘယ်အချိန် မွေးတယ် ၊ သူအတိအကျ မေးချင်တဲ့အချိန်မေး လုံးဝမမှားဘူး ။
မား ပါးနဲ့အိမ်ထောင်ကျတာ ဘယ်လောက်လဲ
၃၃ နှစ်ပြည့်ခဲ့ပြီ ။ မင်္ဂလာကိုဝါဆိုလကြီးဆောင်ခဲ့တာ ဘာတွေကြွေးတယ် ၊ အစတုန်းကမင်းဖေဖေက ငွေနှစ်ရာ မေမေက ၄၀၀ ဘဲရှိတယ် အဲကနေစပြီး ကုန်ကူးလိုက်တာ ဘာညာနဲ့ ယခုလက်ရှိအချိန်ထိ တိတိကျကျပြောနိုင်တယ် ။
မေမေဇေ့ကိုငွေလေးချေးပါအုံး မုန့်ဘိုးမရှိတော့လို့
ဟဲ့ကောင်လေး မင်းဟာ ငွေအင်မတန်သုံးတယ် ။ ဘာလို့ပေးရမလဲ ဟိုလက ၂၀၀၀၀ ယူထားသေးတယ်လေ ။ ဟိုနေ့ကလဲ ဈေးသွားမယ်ဆိုပြီး အင်္ကျီဘိုးငွေ ထုတ်ပေးလိုက်သေးတယ် မို့လား ။ မေမေမှာ ငွေတွေ တအားဝေ့ ဖြစ်နေတာ ။ မင်းကိုကိုကြီးကလဲ ချေးတယ် ။ အလတ်ကောင်လဲ ချေးထားသေးတယ် ။ နဲနဲဘဲရမယ် ။ ရှေ့လ မုန့်ဘိုးထဲကနှိမ်မယ် ဟုတ်ပြီလား ။
မေကြီး ကိုခင်မောင်ဝင်းနဲ့ မသန်းငြိမ်းတို့ငွေယူထားတာ ဘယ်လောက်ကြာပြီလဲ ။
လေးလပြည့် တော့မယ် ။ ဒီလကုန်ရင် လေးလပြည့်ပြီ ။
ဖေကြီး ရှင့်မွေးနေ့ရောက်တော့မယ်နော် သိလား ။ ကုသိုလ်လေး ဘာလေး လုပ်ရအောင် ဟုတ်ပြီလား ။
ဟုတ်လား ။ ဘယ်တော့တုန်း ။
ဒီစနေနေ့ဆို ရှင်မွေးနေ့ရောက်ပြီ ။ အဲလောက်ကို မှတ်ညာဏ်ကောင်းပါတယ် ။ 

ဇေတို့ ပြည်ပရောက်တာ ဘယ်လောက်ကြာမှန်း မသိသလို ၊ ငွေတွေ ဘယ်လောက်တောင်း သုံးမှန်းလဲမသိတော့ပေမဲ့ မေမေကတော့ အကုန်လုံးနီးပါး သိပါတယ် ။ မှတ်မှိပါတယ် ။ ဒါကြောင့် လောကနီတီဆရာက မိန်းမတို့သည် ယောကျာင်္းတို့ထက် ပညာလေးဆသာရာ၏ လို့ဆိုတာဖြစ်နိုင်ပါတယ် ။ 


မိန်းမများဟာ ယ္ခုမှ ဥာဏ်ကောင်းတာမဟုတ်ဘဲ ဟိုးရှေးရှေးကတည်းကဥာဏ်ကောင်းခဲ့ကြ ဟန်ရှိပါတယ် ။ လောကနီတိ သင်တုန်းက သင်ပေးတဲ့ အဘိုးက ပုံပြင်ပြောပြပါတယ် ။ ဒီအပိုဒ်ကို ရောက်တော့ မိန်းမများဟာ ဥာဏ်လေးဆ သာတယ်ဆိုက သာဓကရှိတယ်တဲ့ ။ ဟိုးတုန်းက ယောကျာင်္းတွေဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်ကြရပါသတဲ့ ။ ၃ နှစ်သင်ပြီးရင် ပြန်လာကြသတဲ့ မွေးရပ်ကို လူငယ်တယောက်ဟာ တက္ကသိုလ်ပြည်မှာ အတွေးအခေါ်ဆိုင်ရာဒ ဿနိကဗေဒကို သင်ပြီးပြန်လာတော့ ရွာတရွာအရောက်မှာ ရေငတ်လို့ရေတွင်းမှာ ရေခတ်နေ တဲ့ကောင်မလေးတယောက်စီမှာ ရေတောင်းသောက်ပါသတဲ့ ၊ အဲဒီမှာ အချင်းချင်း  ချက်တင်ဝင် ကြတော့ မောင်ကြီးဘယ်ကကြွလာတုန်း တက္ကသိုလ်ပြည်ကပါ ဘာသွားလုပ်တာတုန်း ပိုကာသွား ဒေါင်းတာလား မဟုတ်ပါဘူး နှမလေးရယ်မောင်ကြီးက ဖီလော်ဆိုဖီသွားသင်တာ အောဟုတ်သ လား ဒါဆို ပညာလေးဘာလေးပြိုင်ရအောင်လေ ကောင်းတာပေါ့နှမရယ် ဒါနဲ့ ကောင်မလေးက ရုတ်တရက် အောင်မလေးကယ်ကြပါအုံး ရှင် ကယ်ကြပါအုံးလို့ရုတ်တရုက်အော်လိုက်သတဲ့ အဲချိန်မှာ တက္ကသိုလ်ကမောင်က ပြူးပြာသွားတယ် ဟဲ့ဘာလို့အော်တာတုန်း လူတွေလာနေပြီ ဟာဒုက္ခဘဲ အော်မောင်ကြီးရယ် ဒါကလွယ်လွယ်လေးပါ မောင်ကြီးက  အတွေးအခေါ်ရှိတယ်မို့ လား အတွေးအခေါ်နဲ့ဖြေရှင်းပေါ့ လို့ပြောတော့ မလုပ်တတ်တော့ပါဘူးဗျာ ကယ်တော်မူပါလူ တွေဝိုင်းရိုက်လို့သေပါလိမ့်မယ်လို့ပြောတော့ ၊ အို ဒါလေးများလွယ်လိုက်တာဆိုပြီး သူငယ်မက တက္ကသိုလ်ကျောင်းသားကို ရေထဲတွန်းချလိုက်ပါတယ်တဲ့ လူတွေရောက်လာတော့ဘာဖြစ်တာ လဲကောင်မလေးလေး ဘာညာနဲ့မေးတော့ မဟုတ်ပါဘူးရှင် ဟိုမှာလူတယောက်ရေတွင်းထဲကျ သွားလို့တဲ့ ၊ ဒါကမိန်းခလေးတွေ ညာဏ်ကောင်းတဲ့သာဓကတရပ်ပါ…..။


ဧရာဝတီမြစ်ကမ်းနဘေး ကောင်းမှုတော်အနီးက ဗြဲထရော်ဆိုတဲ့ရွာကိုကြားဘူးကြလားမသိ ဘူးနော် အဲဒီရွာကမိန်းခလေးများဟာ ယနေ့တိုင် ကဗျာစီစာစပ်ညာဏ်ကောင်းကြသတဲ့ ၊ ဒါကို သိလို့ ဘုရင့်လေထိုးသားတယောက်ဟာ ပညာသွားစမ်းမယ်ဆိုပြီး ဗြဲထရော်ရွာကိုရောက်လာသ တဲ့ လူတွေကစတွေ့ရင်မေးလေ့မေးထရှိတာက ၊ ဘယ်မှာနေပါလဲ ဘာလုပ်သလဲ နာမည်က ဘယ်လိုခေါ်သလဲ ဆိုတာမျိုးတွေမေးတတ်ကြတယ်လေ ၊ ဒီလှေထိုးသားက သူတို့ကျန်တာတွေ သာကဗျာစပ်လို့ရစေရမယ် ငါ့နာမည်ကဗျာစပ်လို့မရစေရဘူးဆိုပြီး ၊ ကောင်မလေးတွေနဲ့တွေ့ တော့မောင်ကြီးကဘယ်ကလဲ မန္တလေးကပါ ဘာလုပ်ကိုင်ပါသလဲရှင် ဘုရင်လှေတော်ထိုးပါတယ် ညီမတို့ ၊ နာမည်ကရောရှင် မောင်ဂွတ်ဂွတ်ဂွမ်းပါညီမတို့ အဲလိုပြောပြီး မကြာခင်မှာဘဲ ခလေးမ တယောက်ဟာ ကဗျာချက်ချင်းစပ်လိုက်သတဲ့ နန်းရွှေမြို့ပေါ် ၊ လှေတော်ကွဲ့မှု့ထမ်း ၊ ဗြဲထရော် သူလာစမ်းတယ် ၊ မောင်ဂွတ်ဂွတ်ဂွမ်းတဲ့…။ 


နောက်တခုကလဲရှေးပုံပြင်လေးတခုပါဘဲ ကဗျာဆရာတဦးမှာ တပည့်နှစ်ယောက်ရှိသတဲ့အဲဒီထဲ မှာတယောက်ကမိန်းခလေးတဲ့ ၊ ညာဏ်ကောင်းလိုက်ပုံများ နှင်းနဲ့နင်လားငါလားဆိုသလို အခုက ဗျာရေးနည်း သင်ပေးလိုက် တော်ကြာကဗျာစပ်တတ်သွားတယ်တဲ့ ၊ နောက်တယောက်ကယော ကျာင်္းလေး အတယ်တဲ့ ကောင်မလေးနဲ့ကဗျာ ပြိုင်စပ်တိုင်းသူကြီးရှုံးသတဲ့ အဲဒါနဲ့ဒီမောင်ဟာကြံ တယ် ၊ ငါသူ့ကို ဒီလိုအေးဆေးပြိုင်ရင်တော့ရှုံးမယ် ၊ ဒီတော့ သူသတိမထားမှိတဲ့အချိန်မှာကဗျာ ချိုးပြီး မြင်းစီးပြေးလိုက်ရင်တော့ သူဟာ ငါ့ကိုပြန်ချိုးနိုင်မှာမဟုတ်ဘူးဆိုပြီး ၊ မြင်းပိန်တကောင်ကို စီးပြီး ကောင်မလေးအိမ်နားကိုသွားသတဲ့ ၊ အဲချိန်မှာကောင်မလေးက အ၀တ်ရှော်နေသတဲ့ ရှော် ပြီးသားစောင်တထည်ကိုလဲ အိမ်မှာကပ်ပြီးလှမ်းထားသတဲ့ အဲဒါကိုကြည့်ပြီး မြင်းပေါ်ကမောင်ရင် က ဒွေးချိုးအခံပိုဒ်တခုကို အခုလိုစပ်လိုက်တယ်  စောင်တင်းတိမ်နဲ့ ၊ ချင်းအိမ်ဟဲ့ တဲ့အဲဒါကို ကောင်မလေးလဲကြားရော အ၀တ်လျှော်တာချက်ချင်းရပ်ပြီး မြင်းနောက်ကိုပြေးလိုက်ပြီး ကြည့် လိုက်တော့မြင်းက မြင်းပိန် စီးတဲ့လူကဆံထုံးထုံးထားတာ ဆံပင်မသန်လို့သေးသေးလဲအဲဒါကို ကြည့်ပြီး ဟိုလူကိုလှန်းပြီး ကဗျာအအုပ်ပိုဒ် ချက်ချင်းဒီလိုစပ်လိုက်တယ် ယောင်ဖျင်းသိမ်နဲ့ ၊ မြင်း ပိန်ဟဲ့ ၊ တဲ့ ဒါဆိုရင်မိန်းခလေးတွေဟာ ယောကျာင်္းတွေထက် တင်္ခဏုပ္ပတ္တိညာဏ်ရင့်သန်တာကို သိကြလောက်ပြီလို့ထင်ပါတယ် …။


အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်လက်ထပ်ကနေ သမ္မတဂျော့ဘွစ် လက်ထက်ထိသ မ္မတွေရဲ့ အထူးအကြံပေးတွေထဲမှာ မစ္စက် ကွန်ဒိုလီဇာရိုက်ပါတယ်လေ ဘွတ်စ်လက်ထပ်ရောက် တော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သွားတယ် ၊ စူပါ ပါဝါနိုင်ငံကြီးများကို အကြံပေးတဲ့လူတွေထဲမှာ အဲ ကလိုမိန်းမသားတွေပါသလို ရွှေတို့နိုင်ငံကြီးမှာလဲ ဘဲ  မသိမသာရော သိသိသာသာရော အကြံပေးနေတာ မိန်းမတွေပေါ့ ဒါပေမဲ့ အောက်ဖိုစ့်တက္ကသိုလ်ရဲ့ သုတေသနစာတမ်းတခုမှာ တော့ မိန်းခလေးများဟာယောကျာင်္းလေးတွေထက်ညာဏ်ရည်သာတာမှန်ပါတယ်တဲ့ သို့သော် သေးငယ်တဲ့ကိစ္စလေးတွေကိုသာ ယောကျာင်္းတွေထက်ပိုမြင်အမြင်စူးရှ ကြတယ်လို့ဆိုပါတယ် ၊ ကြီင်္းမားတဲ့ ကိစ္စရပ်တွေမှာတော့ ယောကျာင်္းတွေကသာ ပိုမိုထက်မြတ်ကြပါတယ်လို့မှတ်သားဘူး ပါကြောင်း … စာဖက်ပရိတ်သက်များအနေနဲ့ ဘယ်သူကပိုညာဏ်ကောင်းတယ်ဆိုတာကို ဝေဘန် အကြံပြုကြပါအုံးလို့  ..။ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…..။

Sunday 20 June 2010

တစ်ပတ်အတွင်း ဘလော့သတင်းပဒေသာ

မင်္ဂလာညချမ်းပါရှင်....မြန်မာသက္ကရာဇ် ၁၃၇၂ နယုန်လဆန်း (၉) ရက် ၊ ခရစ်နှစ် ၂၀၁၀ ၊ ဂျွန်လ (၂၀)ရက်နေ့ ခုချိန်မှစပြီး ဘလော့သတင်းများကိုကြေငြာပါတော့မယ်..။ တစ်ပတ်အတွင်း ဘလော့သတင်းကို အစီရင်ခံပါမယ်ရှင် ။

သတင်းခေါင်းစဉ်……

နှင်းမိုးမိုး ဘလော့၏ ပင်တိုင်ဘလော့ရေးသူ ကိုဇေတာရာ ဆိုသူ ကမ့်သွင်းခံရခြင်း ၊ တေလေမှတ်တမ်း လမ်းပေါ်မှကဗျာများ ၏ဘလော့ ပိုင်ရှင် နတ်ဆိုးလေး အိမ်ပြောင်းခြင်း ၊ ဘလော့ဂါ ဘွားအေကြီး အန်တီခင်ဦးမေ ဘလော့မရေးသည်မှာ ၃ ရက်ရှိခြင်း ၊ ဘလော့ဂါ ကိုမာန်နတ် ဖြေနေရသော စာမေးပွဲ အကြောင်း ၊ ဘလော့ကာ အန်ကယ် မောင်မောင် နှင့် မဗေဒါ (၈၈) တို့ ပိုစ့်အသစ်များဖြင့် ဘလော့လောက သို့ ပြန်လည် ၀င်ရောက် လာခြင်း ၊ ဂျပန်နိုင်ငံ အခြေစိုက် ဘလော့ဂါ မကောင်းမွန်ဝင်း ပိုစ့် အသစ်မရေးခြင်း……..။

သတင်းအစုံအလင်ပါရှင်…..။

နှင်းမိုးမိုး ဘလော့၏ ပင်တိုင် ဘလော့ရေးသူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ကိုဇေတာရာ ခေါ် ကိုကိုဇေ သည် သောကြာနေည မှစတင်ပြီး ကမ့်သွင်းခံရ၍ ဘလော့လောက ၊ အွန်လိုင်းလောက နှင့် ခေတ္တအဆက်အသွယ်ဖြတ်ထား ပြီး တနင်္လာနေ့ညပိုင်းမှစတင်ပြီ အွန်လိုင်းပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဂျီတော့ သတင်းများမှ စုံစမ်းသိရှိရပါသည်….။

တေလေမှတ်တမ်းဟု အမည်တွင်သော ဘလော့ဖန်တီးရှင် ကိုနတ်ဆိုးလေးသည် ယခင် www.netsoelay1.blogspot.com အစားယခု www.netsoelay.tk ဟုပြောင်းလည်သွားပြီး ရွှေပြည်မှ စာဖတ်ပရိတ်သတ်များ ကျော်ခွစရာမလို ပဲစိတ်အေးချမ်းသာစွာ ဖတ်ရူနိုင်ပြီဖြစ်ကြောင်း ဘလော့ရပ်ဝန်းမှ သိရှိရပါသည်…..။

ဘလော့ဂါကြီး အန်တီ ခင်ဦးမေ သည်လဲ ဘလော့မရေးသည်မှာ ၄ ရက်ရှိနေပြီဖြစ်သည့် အတွက် အန်တီခင်ဦးမေ နေများမကောင်း၍လား ၊ ခရီးများထွက်နေသလော စသဖြင့် ဘလော့ဂါများမှ စိတ်ပူနေကြောင်း ၊ သူမ နောက်ဆုံးတင်ထားသော ပိုစ့်မှာ အလကားနေ အလကား.....ငါ ဖြစ်ကြောင်း ဘလော့ဂါရပ်ကွက်မှ သတင်းရရှိပါသည် ။

စာမေးပွဲ ဖြေနေသည်ဟု ပြော၍ ပိုစ့် အသစ် မတင် သော ကိုမာန်နတ် သည်လဲ စာမေးပွဲ ဖြေနိုင်ကြောင်း ဂျီတော့ သတင်းဌာနမှ သိရှိရပါသည် ရှင်…..။

အန်ကယ်မောင်မောင် ၏ ဘလော့သည် ကတ်ပြားပျောက်မှုဖြင့်၎င်း ၊ မမဗေ (၈၈) သည်လဲ အမေစု အကြောင်း ဖြင့် ဘလော့လောကသို ပြန်လည် ၀င်ရောက် လာပါကြောင်း ဘလော့ရပ်ဝန်းမှ သိရှိရပါသည် …..။

နောက်ဆုံးသတင်း အနေဖြင့် ဂျပန်နိုင်ငံ အခြေစိုက် ဘလော့ဂါ မကောင်းမွန်ဝင်း သည်လဲ ပိုစ့်မရေးသည်မှာ ၅ ရက်ရှိပြီး သူမ၏ နောက်ဆုံးတင်ထားသော ပိုစ့်မှာ သွေးခွဲတဲ့ စကား ဖြစ်ကြောင်း ဘလော့ သတင်းဌာန မှ သိရှိရပါသည်ရှင်….။
ဤတွင်သတင်းများကိုကြေငြာလို့ပြီးပါပြီ ရှင်…။
ဟုတ်ကဲ့ ...ကျွန်မ နှင်းမိုးမိုး ပါရှင်...။

စောင့်ယူပေးပါဖေဖေ



ဇေငယ်ငယ်စကားမတတ်ခင်က ပါးပါး လို့သင်ပေးခဲ့တဲ့ ဖေဖေကို
ဖေဖေ အသက်ကြီးလို့  သူငယ်တွေပြန်ပြီး စကားတွေကိုမေ့တဲ့အခါ
ဖေဖေဇေ့ကိုသင်ပေးခဲ့ စကားလုံးတွေကို ပြန်သင်ပေးမယ်ဖေဖေ ..။

ဇေလမ်းမလျှောက်တတ်ခင်က ဇေ့လက်ကိုတွဲပြီး 
ရပ်နိုင်ပေ့လို့ သင်ပေးတဲ့ဖေဖေ့ကို
ဖေဖေအသက်ကြီးလို့ လမ်းမလျှောက်နိုင်တဲ့အခါ
ဖေဖေ့ကို ဖေဖေ့ချွေးမနဲ့ ဖေဖေမြေးလေးတွေကို ခြံရံပြီး
ဖေးဖေး မမလမ်းလျှောက်ပေးမယ် ဖေဖေ………..။

ဇေငယ်ငယ်က  ဇေ့ရဲ့အညစ်ကြေးတွေကို ဖေဖေသန့်ရှင်းရေးလုပ်ပေးခဲ့သလို
ဖေဖေ အသက်ကြီးလို့ အညစ်ကြေးတွေ ကိုယ်တိုင်မသန့်စင်နိုင်တဲ့အခါ
ဖေဖေ့ရဲ့ အညစ်ကြေးတွေကို ဇေ လက်တွေနဲ့ သန့်ရှင်းရေးလုပ်ပေးမယ် ဖေဖေ…။

ဇေငယ်ငယ် စာမတတ်ခင်က ဇေ့ကို ဟိုးရှေးရှေးတုန်းကလို့ ပုံပြင်တွေ
ဖက်ဖက်ပြခဲ့တဲ့ ဖေဖေ့ကို 
ဖေဖေအသက်ကြီးလို့ မျက်လုံးတွေမှုန်ဝါးသွားတဲ့ အခါ
ဖေဖေ့ကို  ဘာသာရေးစာတွေပြန်ဖက်ပေးမယ် ဖေဖေ…….။

စားချင်တိုင်း ချက်ကြွေးခဲ့တဲ့ ဖေဖေ့ကို
ဖေဖေ အသက်ကြီးလို့ မချက်စားနိုင်တော့တဲ့အခါ
 ဇေကိုယ်တိုင်ပြန်ချက်ကြွေးမယ် ဖေဖေ….။

ဇေ့ကိုကျောင်းပို့ပေးခဲ့သလို ဖေဖေအသက်ကြီးလို့ဘုရားကို ကိုယ်တိုင်မသွားနိုင်တဲ့ခါ
ဇေ့ကိုကျောင်းလိုက်ပို့သလိုမျိုး ဇေကိုယ်တိုင် ဘုရားကို ပြန်လိုက်ပို့ပေးမယ် ဖေဖေ…။

မိသားစုတွေထဲမှာ ဇေ့ကိုပျော်အောင်ထားပေးခဲ့တဲ့ဖေဖေကို
ဖေဖေအသက်ကြီးလို့အထီးကျန်လာတဲ့အခါ
ဇေ့မိသားစုထဲမှာ ဖေဖေကို ပြန်ပြီးပျော်အောင်ထားပေးမယ်ဖေဖေ

အကြွေးဆိုတာ ပေးပြီးရင်ပြန်ယူရမယ်လို့ဖေဖေသိပေမဲ့
အကြွေးလို့မသက်မှတ်ထားမှန်းလဲ သားသိတယ်ဖေဖေ
ဒါပေမဲ့ သားရဲ့စိတ်ထဲမှာ ဖေဖေ့ရဲ့ကြွေးဟောင်းတွေကို
ထမ်းပိုးထားတယ်ဆိုတာလဲ ဖေဖေမမေ့ပါနဲ့ ။

အရသာအထူးအစမ်းတခုကိုလျှာပေါ်ကိုတင်လိုက်တိုင်း
မမြင်ဘူးတဲ့အရာတခုကို တွေ့ဘူးလိုက်တိုင်း
မကြားဘူးတဲ့သံစဉ်တခုကိုနားထောင်မိတိုင်း
မရှုရှိုတ်ဘူးတဲ့ အနံတခုကို ရှုရှိုက်ဘူးတိုင်း
မထိတွေ့ဘူးတဲ့ အတွေ့တခုကို တွေ့ထိတိုင်း
ငါဒီလို ခံစားနိုင်တာ ဖေဖေကြောင့်လို့
အမြဲခံစားမှိသလို အဲဒါတွေကိုဘယ်အချိန်အစား
ပြန်ပေးရမလဲလို့တွေးမှိတယ်ဖေဖေ ။

ဇေ့ရဲ့ဒီအသိကို ဖေဖေယုံကြည်တယ်ဆိုရင်
ဇေ့ရဲ့ တုန့်ပြန်ပေးဆပ်မှု့ကို
စောင့်ယူပေးပါ ဖေဖေ
စောင့်ယူပေးပါ………
စောင့်..ယူ…ပေး…ပါ..စောင့်….ယူ ……..ပေး………ပါ…..။


အဖေများနေ့သို့အမှတ်တရ…….

http://www.mylivesignature.com/signatures/85802/hninmoekhine/a6229c22d9caebf2345c88141a4ef21e.png







Friday 18 June 2010

ပါးသို့ဆုတောင်း

နေမကောင်းဘူးဆို…။ နေကောင်းအောင်နေပါ ပါးရယ် ။ ပါးတို့ နေမကောင်းရင် သမီးတို့စိတ်ထဲမှာလဲ နေလို့မကောင်းဘူး ပါးရ ။ အဝေးရောက်နေတဲ့ ဇေ ဆိုရင် စိတ်ပူပြီး ထိုင်မရ ထမရ ဖြစ်နေမှာပဲ…။ သမီးကတော့ ကိုယ်ချင်းစာတယ် ပါးရေ ..။ ဘာလို့လဲ ဆိုတာ သမီး နဲ့ ဖေကြီးအကြောင်းကို ပြောပြမယ်နော် ။
သမီး ဆယ်တန်းအောင်ပြီး တက္ကသိုလ်ပထမနှစ် စတက်တဲ့နှစ် စာမေးပွဲဖြေခါနီးမှာပေါ့….။
သမီးဖေကြီးမှာ နှလုံးခုန်တာအရမ်းမြန်တဲ့ ရောဂါရှိတယ် ပါးရ ။ သာမန်လူတွေက တစ်မိနစ်ကို အကြိမ် ၇၄-၈၀ ပျှမ်းမျှခုန်တယ်ပေါ့ ။ သမီးဖေကြီးက တစ်မိနစ်ကို အကြိမ် ၂၅၀ လောက်ခုန်တာတဲ့ ပါးရေ ။ ဘယ်လောက်တောင်ခံရခက်မလဲ နော် ..။ ပြီးတော့ အဲလိုဖြစ်တာကလဲ ရုတ်တရက်မှ ထထဖြစ်တာလေ ။ နောက်ပိုင်းဖြစ်တာတွေ စိပ်စိပ်လာတယ် ..။ တနှစ်ကို ဆေးရုံ အနည်းဆုံး ၃ ခါတက်ရတယ် ..။ နှလုံးကို လျှပ်စစ်နဲ့ ရှော့ရိုက်တာ ၄ ခါတောင်ရှိသွားပြီ ..။ နောက်တခါဆို မရတော့ဘူး နှလုံးက ခံနိုင်ရည်မရှိတော့ ဘူးလို့ ဆရာဝန်ကြီးတွေက ပြောပါတယ် ။ နောက်ပိုင်းရောဂါရှာလိုက်တော့ ဖေကြီးရဲ့ နှလုံးသွေးကြောတွေမှာ သွေးကြောလေးတစ်ခု ပိုနေပါတယ်တဲ့ ..။ ဆရာဝန်ကြီးတွေက အဲဒီသွေးကြောလေးကို ဖြတ်ထုတ်ပစ်လိုက်ရင် ကောင်းသွားမယ်တဲ့ ။ ဒါပင်မဲ့ ဆရာဝန်ကြီးတွေက အဲဒီသွေးကြောကို ဖြတ်ထုတ်မယ်ဆိုရင် ဖေကြီးရဲ့ နှလုံးကို ခဏရပ်ထားရမယ် ၊ ဖြတ်ပြီးတော့မှ နှလုံးကို ပြန်နိုးမယ် ။ အဲနှလုံးက ပြန်နိုးလာ မနိုးလာဆိုတာ ၅၀-၅၀ % ပါတဲ့ ။ အဲဒီ စကားကိုကြားပြီး သမီးလေ ဘယ်လိုဖြစ်သွားမှန်း မသိဘူး ။ ဒီအော်ပရေးရှင်းကို လုပ်လိုက်လို့အောင်မြင်သွားရင် ဖေကြီးရောဂါက လုံးဝပျောက်သွားပြီလေ ။

 အဲ မအောင်မြင်ရင်တော့ …………...။
မလုပ်ရင်လဲ ဒီရောဂါကြီးနဲ့ ဘယ်နေ့…………..။ ဒီအခြေအနေကို သမီးလေ ရင်မဆိုင်ရဲတော့ဘူး ။မေကြီးနဲ့ ဖေကြီးတိုင်ပင်ကြတော့ ဖေကြီးက ခွဲမယ်တဲ့ ..။
ဖေကြီးအော်ပရေးရှင်း လုပ်တဲ့နေ့က သမီးစာမေးပွဲ ဖြေရမဲ့နေ့နဲ့ တိုက်နေပါတယ် ..။ ဖေကြီးက သမီးကို စာမေးပွဲသွားဖြေပါတဲ့ …။ဆေးရုံမှာ အမေကလွဲပြီး ဘယ်သူမှ မစောင့်ပါနဲ့တဲ့ ။ သမီးက ဖေကြီးရယ် သမီး  စာမေးပွဲ သွားမဖြေချင်ဘူး ။ ဖေကြီးက ဖြေပါတဲ့…၊ သူ့အတွက်ဖြေရမယ်တဲ့ ..။ ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့ဘူး …။ ဖေကြီးရှေ့မှာလဲ မငိုချင်ဘူး ..။ နောက်တော့ သမီးက ဟုတ်ကဲ့ ဖေကြီး အတွက်စာမေးပွဲ သွားဖြေမယ် ၊ ဒါပင်မဲ့ သမီးအတွက်ဖေကြီး အသက်ရှင်ပေးရမယ် ၊ အဖေ့နှလုံးကို နိုးအောင်ပြန်လုပ်ပေးရမယ် လို့ ကတိတောင်းလိုက်တယ် …။

ဖေကြီးက အော်…သမီးရယ်တဲ့……။ အဖေဟာ အားလုံးကို စိတ်လျှော့ထားပုံရပါတယ် …။ဒီဖြစ်ရပ်ကြီးကို ရင်ဆိုင်ဖို့ ၁၆ နှစ်အရွယ်သာရှိတဲ့ သမီးရဲ့ အသိဥာဏ်နဲ့ နှလုံးသားက ခံနိုင်ရည်မရှိဘူးလေ ..။ ဘာမှမသိတဲ့ ကလေးငယ် အရွယ်ဆိုရင်လဲ အကောင်းသား  ။ ခုတော့ ရင်ထဲမှာ နာကျင်နေတယ်…။
ဖေကြီး သမီးအတွက် အဖေ ရှိမှဖြစ်မှာ ဖေကြီးရ ။ ဖေကြီးမရှိရင် သမီးဘယ်လိုနေရမှာလဲ ။ ဖေကြီးသမီးရဲ့ convocation မတက်ရသေးဘူးလေ ..။ ဖေကြီးကပဲ သမီးတို့ကို ရှာကျွေးပြီးတာ ၊ ဖေကြီးကို သမီးရဲ့ လုပ်အားခတွေ အပ်ချင်သေးတယ် ၊ ဖေကြီးမရှိပဲ ဘ၀ကို သမီးတစ်ယောက်ထဲ ရင်မဆိုင်ရဲဘူး ဖေကြီးဆိုပြီး သမီးပြောချင်တာတွေ ပြောပြီး ထွက်လာပါတယ်…။ ဖေကြီးကို သမီးစကားလုံးဝ မပြောတော့ ပါဘူး ။

ခွဲမဲ့နေ့ရောက်လာပါပြီ .. ။ စာမေးပွဲက မနက်ပိုင်းဖြေရပါတယ် ။ ဖြေပြီးတာနဲ့ ချက်ချင်းပြန်ပါတယ် ..။ ဆေးရုံကို မသွားပါဘူး ။  သမီးသွားတာ သမီးရဲ့ အခန်းကိုပါ ။ ဖေကြီးကို စကားပြောဖို့ပါ ..။ စိတ်ထဲကနေ ဖေကြီးကြားအောင် စကားပြောမလို့ပါ ။ ဒီအချိန်ဆို ဖေကြီးကို ခွဲစိပ်နေကြပြီလေ…။ ဖေကြီးရဲ့ နှလုံးသားကို ခဏ ရပ်ထားပြီးပေါ့…။ ခွဲပြီးရင် ဖေကြီးနှလုံးကို ပြန်နိုးတော့မယ်…။ နောက် ၂ နာရီ ၊ ၃ နာရီဆိုရင် သမီးရဲ့ ကံတရားကြီးက ပြောင်းလဲတော့မှာလေ….။

 ဖေကြီးရေ သမီးအတွက် အသက်ရှင်ပေးပါနော်… ။ဘာမဆို ဖေကြီးဆီကပဲ ယူနေရတာ ၊ ဖေကြီးကို တစ်ခုမှ ပြန်မပေးရသေးဘူးလေ ..။နောင်ဆို ဖေကြီးစိတ်မပူရအောင် ကြိုးစားပါ့မယ်..၊ ဘယ်သူတွေကိုယ်ပိုင်ကား စီးစီး ၊ ဘယ်သူတွေ ဟန်ဖုံးကိုင်ကိုင် သမီးအားမကျဘူး ဖေကြီးရ ။ သမီးအတွက် ဖေကြီး ကြို ၊ ပို့ပေးနေတဲ့ စက်ဘီးလေးက ပိုပြီး လုံခြုံနွေးထွေးပါတယ် ..။ ကားလမ်းကူးလို့ စိတ်မချနိုင်တဲ့ အကြည့် ၊  ဟိုဘက်ရောက်သွားမှ စိတ်ချသွားတဲ့ အကြည့်တွေက အလွယ်တကူ ဆက်သွယ်လို့ရတဲ့ ဟန်းဖုံးတွေထက် သမီးကို သမီးယုံကြည်မှုပိုရပါတယ် ဖေကြီးရယ် ။ 

အဖေ မရှိတော့ရင် ဆိုတဲ့ အတွေးက သမီးအတွက်တော့ ကမ္ဘာပျက်သလိုပဲ ဖေကြီး ..။ဖေကြီးဟာ သမီးတို့ မိသားစုအတွက် ခေါင်းဆောင်ကောင်းတစ်ဦးပါ ။ ဒီမိသားစုကို တာဝန်ယူခဲ့တာ ပင်ပန်းနေပြီဆိုတာ သမီးသိတယ် ဖေကြီး  ။ ဒါပင်မဲ့ သမီးဘာမှ မစွမ်းဆောင်နိုင်သေးဘူးလေ ။ သမီးမှာ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့ လုံလောက်တဲ့ အင်အားတွေမရှိသေးဘူး ဖေကြီးရ ..။ သမီးနားမှာ ဖေကြီး နဲ့ မေကြီး ရှိနေသ၍ ဘယ်သူ့ကိုမှ မကြောက်ဘူးဖေကြီးရ ။ သမီးက ဖေကြီးနဲ့တူချင်တာ နော်  ။ ဖေကြီးလို ဦးဆောင်နိုင်တဲ့သူ ၊ ထိန်းကွပ်နိုင်တဲ့သူ ၊ ပေးဆပ်နိုင်တဲ့သူ ဖြစ်ချင်တာ ဖေကြီးရ ။ သမီးက ဖေကြီးကလွဲပြီး ဒီလောကမှာ ဘယ်ယောင်္ကျားကိုမှ မယုံသေးဘူး ဖေကြီးရ ..။ သမီးလေ လောကမှာနေရာလေး တစ်ခုရဖို့ကြိုးစားရအုံးမယ် ၊ အဲဒီအတွက် ဖေကြီးရှိမှ ဖြစ်မှာနော် ၊ သမီးကို ဆက်လက်ကူညီပါအုံး ဖေကြီးရေ…။ ဆိုပြီး အဖေ့ရဲ့ အိပ်ပျော်နေတဲ့ နှလုံးသားကြားအောင် သမီးရဲ့ နှလုံးသားနဲ့ ခံစားပြီး စကားတွေ ပြောနေမိတယ်…။

နောက် ၂ ရက်ကြာတော့ ဖေကြီး ပြန်နိုးလာပါတယ်………။ ကျေးဇူးတင်ပါတယ် ဖေကြီး…………။
ဇေ့ ပါပါး ရေ….သမီးရဲ့ ဖေကြီးကတော့ သမီးအတွက် ပြန်နိုးလာတယ်….။ ခုတော့ သမီးရဲ့ အသက်ရှင်ရပ်တည် မှုတိုင်းဟာ အဓိပါယ် ပြည့်စုံနေပါတယ်…။ အားလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေနဲ့ ဘ၀ကိုဖြတ်သန်းနေပါတယ်…။
ဇေ့ ပါပါးကိုလဲ ဇေ့ အတွက် သမီးက တောင်းဆိုပါရစေ… .. ဇေ့ အတွက် ကျန်းမာပေးပါ..။
ဇေ့ အတွက် နေကောင်းအောင် အမြန်ဆုံး ကြိုးစားပေးပါလို့ ………………….။။။။
ကျွန်မရဲ့ ဖေကြီးရော…၊ ဇေ့ ပါပါးရော…၊ ကမ္ဘာ ပေါ်မှာ ရှိတဲ့ အဖေတွေအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေလို့….။
ဟုတ်ကဲ့  … ကျွန်မ နှင်းမိုးမိုး ပါရှင်…။ 
မှတ်ချက်။  ။ ဂျွန်လ ဒုတိယပတ်က ဖခင်များနေ့တဲ့လေ..။ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတာပေါ့…။ ဂျွန်လ ၂၀ ရက်နေ့မှာ ကျရောက်မဲ့ ဖခင်များနေ့ အတွက် ကျွန်မကိုယ်တိုင် ခံစားခဲ့ရတာလေးကို  ရေးလိုက်တယ်…။

http://www.mylivesignature.com/signatures/85802/hninmoekhine/896d5bfcc4ddb428c201fc2394d46fd4.png

Wednesday 16 June 2010

နင်ကငါ့သမီးလေ

ကျွန်မအသက် ၃၀ ပြည့်တော့မယ်လေ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာတော့ မဟုတ်ပါဘူး ။ အသက်၂၈နှစ်မှ အိမ်ထောင်ကျခဲ့တာ ၊ အိမ်ထောင်ဖက် အမျိုးသားကလဲ ကျွန်မပေါ်မှာ လင့်ဝတ္တရားနဲ့အညီ ဒိုးတူဘောင်ဖက် လုပ်ကိုင်စားသောက်ခဲ့တာပါ ။ အခုတော့ သူလဲမရှိတော့ပါဘူး ။ ကျွန်မသမီးလေး အခါလယ်ကျော်ကတည်းက ဆုံးသွားခဲ့တာလေ ။ လင်နဲ့သားနဲ့ ကောင်းစားစဉ်တုန်းကတော့ အမေ့အိမ်ဟင်းတစ်ခွက် မရောက်ခဲ့သလို ၊ ဆန်တစ်ပြည်လဲ မပို့ပေးခဲ့ဘူးပါဘူး ။ အမေနဲ့ကျွန်မက အိမ်ခြင်း တစ်ရပ်ကွက်ဘဲခြားပါတယ် ။ 

အမေက မုဆိုးမလေ ။ မုဆိုးမပေမဲ့ ကျွန်မကို ဆယ်တန်းအောင်အောင် ကျောင်းထားပေးခဲ့တယ် ။ ကျွန်မ၁၁ နှစ်သမီးကတည်းက အဖေဆုံးသွားလို့ မုဆိုးမအမေဟာ ကျွန်မကို အလုပ်မျိုးစုံ လုပ်ပြီး ကျောင်းထားပေးခဲ့တယ် ။ အမေနဲ့ ၁၆နှစ်ကျော်ကျော်နေခဲ့ပေမဲ့ အမေ့ကို ပြုစုရကောင်းမှန်းမသိခဲ့ပါဘူး ။ အိမ်ထောင်လဲကျရော တန်းပြီးအိမ်ခွဲခဲ့တာပါဘဲ ။ ကျွန်မတို့ငှားထားတဲ့ အိမ်လေးကလဲ ကျွန်မယောကျာင်္းမရှိတော့ ဆက်မငှားနိုင်တော့လို့ ကျွန်မအမေ့အိမ်ကို လက်ဗလာနဲ့ ပြန်တက်လာပြီး သမီးလေးတယောက်ပါ အစစ် ပါလာခဲ့သေးတယ် ။ 

အမေဟာ ကျွန်မနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားမျိုးရှိတယ် ဆိုတာ ကို ကျွန်မမသိခဲ့သလို သတိလဲမထားမိပါဘူး ။ မင်္ဂလာဆောင်ပြီး အိမ်ခွဲတော့ အမေဟာ ကျွန်မကိုငွေရှစ်ထောင် ထည့်ပေးလိုက်တယ် ။ အခုကျွန်မလက်ထဲမှာ တစ်ပြားမှမရှိဘဲ ခလေးတယောက်နဲ့သာ ပြန်လာခဲ့ပေမဲ့ အမေဟာ ကျွန်မကို တခွန်းမှမပြောခဲ့ဘူး ။ သမီးလာလေ အမေတို့အတူပြန်နေဘို့ ကံပါလာတယ်လို့တောင် ၀မ်းပမ်းတသာ ဆီးကြိုပြောလို့ ကျွန်မ စိတ်ကတောက်ကဆတောင် ဖြစ်ခဲ့ရပါသေးတယ် ။ 

အမေနဲ့ အတူပြန်နေဘို့ ကံပါလာလို့များ သူသေသွားရတာလားပေါ့ ။ ဒါနဲ့ကျွန်မ တို့သားအမိ အမေ့အိမ်ပေါ်ရောက်ပြီး တစ်လလောက်အထိ ဘာအလုပ်မှမရှိဘဲ ထိုင်စားနေကြတယ် ။ အမေဟာ ကျွန်မအတွက် စားကောင်းသောက်ဖွယ် တခုခုကို အမြဲ ဈေးရောင်းပြန်လာတိုင်း ၀ယ်လာခဲ့တယ် ။ ကျွန်မက ထမင်းဟင်းလေးချက် အ၀တ်လေးလျှော် အမေက သမီးလေးကိုထိန်း ၊ နေ့စဉ်အမေဟာ မနက်စောစော ၄ နာရီလောက်ထပြီး ပဲပြုတ်တယ် ။ ပြီးတာနဲ့ ကျွန်မတို့သားအမိစားဘို့ ထမင်းအိုးတစ်လုံး တည်ခဲ့ပြီး ဈေးရောင်းထွက်သွားလိုက်တာ ။ အမေအိမ်ကိုပြန်ရောက်ချိန်ဟာ နေ့လည် ၁၁ နာရီ ကျွန်မတို့သားမိက အမေချက်ထားတဲ့ထမင်းကိုစားပြီး တရေးတောင်ရနေပြီလေ ။ အမေဟာအိမ်ကို ရောက်တာနဲ့မီးဖိုချောင်ဝင်ပြီး ဈေးကပါတဲ့ ဟင်းချက်စရာဒါမှမဟုတ် ၀ယ်လာတဲ့ချက်ပြီးသား ဟင်းတွေကိုပြင်ဆင်ပြီး ကျွန်မတို့သားမိကို တူတူစားဘိုနှိုးပါတယ် ။ ဒီလိုနဲ့ ကျွန်မဘာအလုပ် ဘာဝင်ငွေမှ မရှိဘဲအမေ့အိမ်မှာထိုင်စားလာတာတလပြည့်ခဲ့ပါတယ်။ 

အဲနေ့က အမေဈေးမထွက်နိုင်ဘူး ။ ပဲတွေပြုတ်ပြီးမှ အမေ တအားနောက်ကြောတွေတက်လို့ ဈေးမထွက်နိုင်ဘူးလေ ။ ကျွန်မကိုသွားရောင်းပေးဘို့ အမေတခွန်းမမပြောခဲ့ဘူး ၊ ဒါနဲ့ မနက်၁၀နာရီလောက်ကြတော့ ချက်ပြုတ်လုပ်ကိုင်ပြီး အ၀တ်လျှော်ဘို့ သမီးလေးကို တုန်းလုံးလှဲနေတဲ့ အမေ့ကို အပ်ထားလိုက်တယ်လေ ။ 

အမေက ညည်းအေ နေပူပါတယ် မလျှော်ပါနဲ့အုံးတဲ့ ၊
ကျွန်မလဲ ရပါတယ်အမေရယ် ။ နေက ဒီလောက်မပူပါဘူးလို့ ပါးစပ်ကပြောနေပေမဲ့ ဒီအမိုးအကာမရှိတဲ့ ရေချိုးကျောက်ပြားပေါ်မှာ ကျွန်မအ၀တ်မလျှော်ချင်တာ တော့အမှန်ပါ ။ သမီးလေးရဲ့ အင်္ကျီတွေနဲ့ ဘောင်းဘီလေးတွေကို အရင်လျှော်ပြီး ၊ အမေ့အင်္ကျီနဲ့ ထမိန်ကို ညနေမှ လျှော်ဘို့ စိတ်ပိုင်းဖြတ်လိုက်တယ်လေ ။ ဒါနဲ့ကျွန်မ အ၀တ်ဇလားထဲ ကျွန်မသမီး လေးရဲ့အင်္ကျင်္ီတွေကို ဆပ်ပြာမှုန့်နဲ့ စတင်တိုက်ချွတ်နေတဲ့ အချိန်မှာတော့ အမေက တုန်းလုံးလှဲ ပြီး သမီးလေးကို မြူနေရာကနေ ညနေကျမှလျှော်ပါ သမီးရယ်လို့လှမ်းပြောနေပါတယ် ။

ကျွန်မလဲ အမေ့ အ၀တ်တွေကို ညနေကျမှ လျှော်မယ်အမေ ၊ ကျွန်မသမီးလေး အ၀တ်ကို အရင်လျှော်လိုက်အုံးမယ် ။ ရပါတယ်အမေ မပူပါနဲ့လို့ သာမန်ပြန်ပြောလိုက်ပါတယ် ။
အမေဟာ ညနေကျမှလျှော်လို့သာ တွင်တွင်ပြောနေတော့ ကျွန်မလဲ ပြန်မပြောဘဲ လျှော်စရာအ၀တ်တွေကို ဆက်သာလျှော်နေမိပါတယ် ။
 အဲအချိန်မှာ သမီးလေးရဲ့ စူးစူးရှရှငိုသံလေးဟာ ကျွန်မရဲ့အသဲနှလုံးကို အပ်ဖျားလေးနဲ့ ဆွ လိုက်သလိုပါဘဲ ။ ဘာဖြစ်လဲ မသိဘူးဆိုပြီး ကျွန်မ ချက်ခြင်းအိမ်ပေါ်ရောက်ချိန်မှာတော့ ကျွန်မဟာ စိတ်ကို တော်တော်လေး ထိန်းထားလိုက်ရပါတယ် ။ အမေမဟုတ်ဘဲ အခြားတယောက်ဆိုရင် ကျွန်မ ပါးစပ်ရော လက်ကပါ တခုခု ပြန်လုပ်မိလိမ့်မယ်လို့ ထင်ပါတယ် ။
 ကျွန်မမြင်နေရတဲ့ မြင်ကွင်းက အမေဟာ ကျွန်မသမီးလေးရဲ့ ဗိုက်ကို ဖွဖွလေး လိမ်ဆွဲနေတာကိုပါ ။ မေမေရဲ့ ခပ်ဖွဖွလေး လိမ်ဆွဲတာက အခါလည်ကျော် သမီးလေးအတွက် နာကျင်စေမှာ အမှန်ပါ ။ ခုနက ကျွန်မအ၀တ်စလျှော်ခါစအချိန် ဘွားအေနားမှာ ပျော်ရွင်ရီမောနေတဲ့ သမီးဟာ အခုမှ ရုတ်တရုက် ထငိုတာဟာ နာကျင်လို့သာဖြစ် မှာပေါ့ ။ 

ကျွန်မလဲစိတ်တိုပြီး အမေ့ကို အမေဘာလို့ ကျွန်မသမီးလေးရဲ့ ဗိုက်ကို လိမ်ဆွဲတာလဲ ။ ကိုယ့်အသားမဟုတ်တိုင်း အမေက ၊ ကိုယ့်အသားမဟုတ်တိုင်း အမေကနဲ့ ကျွန်မအမေ့ကို စိတ်လိုက်မာန်ပါ ပြောလိုက်တော့ အမေက ကျွန်မကို မချိပြုံးနဲ့ ပြန်ပြောတယ် ။ နင်က နင်သမီးငိုတော့ ရင်နာသလားတဲ့ ။ ခုနက နေပူထဲမှာ အ၀တ်လျှော် နေတာ ငါ့သမီးလေ….. တဲ့ အမေ့ရဲ့အဲဒီစကားကို ကြားလိုက်ချိန်မှာတော့ ကျွန်မဟာခေါင်းချာချာလည်သွားပါတယ် ။ နေ့စဉ်မနက် ၄နာရီလောက် ထပြီး ယနေ့ထိ နေပူထဲမှာ ဈေးရောင်းပြီး ကျောင်းထားခဲ့ မင်္ဂလာဆောင်ပေးခဲ့ ၊ သမီးတင်မကဘဲ မြေးကိုပါ ရှာဖွေကြွေးနေတဲ့ အမေဟာ သူနေပူတာကို တခွန်းမှ မဟခဲ့ပေမဲ့ အခု သူ့သမီးနေပူထဲမှာ အ၀တ်လျှော်နေတာကို မြင်တော့ xxxxxxxxxxxxxxxxxxxxxxxx ကျွန်မပါးစပ်တွေဆွံ့အသွားသလို မျက်ရေများဟာလဲ အလိုလိုပြိုဆင်းလာပါတယ် ။ 
နင်သမီးငိုတော့ရင်နာသလားတဲ့ နေပူထဲမှာအ၀တ်လျှော်နေတာ ငါ့သမီးလေ ငါ့သမီး ငါ့သမီး ငါ့သမီး………………..အော် အမေရယ်..။

 
ကျွန်မ ငယ်ငယ်က ဖတ်ခဲ့တဲ့ စာအုပ်ကနေ မှတ်မိသလောက်ပြန်ရေးပြတာပါ ။ ကျွန်မတို့တွေ အမေ့ရဲ့ မေတ္တာတွေကို တခါတလေ ဒီလိုလျစ်လျူရှူမိတတ်ကြပါတယ် ။ သဘာဝတရားအရ ကျွန်မတို့ရဲ့ အလှည့်ဆိုတာ တစ်နေ့ရောက်လာမှာပါ ။ အဲဒီအချိန်ကျရင် ကျွန်မတို့ ခံနိုင်ရည်ရှိပါ့မလား ။ ခုချိန်ထိ ကျွန်မတို့ ပြင်ဆင်ဖို့ အချိန်မှီပါသေးရဲ့လား …။ တကယ်တော့ အမေဟာ အမေ ပါပဲ………….။
ဟုတ်ကဲ့ကျွန်မနှင်းမိုးမိုးပါရှင်….။

http://www.mylivesignature.com/signatures/85802/hninmoekhine/896d5bfcc4ddb428c201fc2394d46fd4.png
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...