နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 2 September 2010

ကြုံတွေ့ရတာလေးတွေ

ခုတလော ကြားရ ၊ကြုံရတာတွေက စိတ်မကောင်းစရာတွေကြီးပဲဖြစ်နေတယ်…။ လူကြီးတွေ နဲ့ လူငယ်တွေကြား နားလည်မှုတွေလွဲနေကြတာလို့ထင်တာပဲ…။ ဘာမဆို ငါလူကြီးပဲ..၊ ငါမိဘပဲ ဆိုတဲ့ လူကြီးတွေရယ်…၊ ဒီအရွယ်ရောက်နေပြီ ငါမှန်တယ်.. ဆိုတဲ့ ကျွန်မတို့ရဲ့ ခပ်ရွတ်ရွတ်အတွေးတွေရယ် ထိတ်တိုက်တွေ့ကြတဲ့ပွဲပေါ့…။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို မဝေဖန်ချင်ဘူးးး..။ စိတ်ထဲမှာ မကောင်းတာတော့ အမှန်ပဲ..။ ဘယ်လိုမှ အဖတ်ဆယ်လို့မရတော့ဘူးထင်တယ်…။ ကျွန်မကိုယ်တိုင်များ ဖြစ်ခဲ့ရင် ကျွန်မ ခံနိုင်ရည်ရှိမှာမဟုတ်ဘူးးး။ ဘာအကြောင်းကြောင့်ဆိုတာကို မပြောချင်ဘူး…။


ကျွန်မတို့ နိုင်ငံရပ်ခြားကိုသွားရင်တောင် အိမ်ကိုတော့လွမ်းမိမှာပဲ..။ အိမ်ကိုကြီးပဲဆိုလွမ်းစရာမှမရှိတာ… အဓိကကတော့ ကိုယ်မိသားစုလေးပေါ့…။ တသက်လုံးနေထိုင်နေရတဲ့ ပတ်ဝန်းကျင်… တသက်လုံးထိတွေ့ဆက်ဆံခဲ့ရတဲ့ လူတွေ… အားလုံးသောအရာတွေက အဝေးရောက်ရင် လွမ်းစရာကြီးပဲဆိုတာ အဝေးရောက်နေတဲ့ လူတွေက ပိုသိမှာပါ…။ ဒါပင်မဲ့ အားလုံးက တနေ့ပြန်ကြရမှာနော်… ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ်ပိုင်တဲ့နေရာဆီကိုပေါ့…။
ကိုယ်တသက်လုံး နေထိုင်ရတဲ့ ပတ်ဝန်းကျင်ကနေ ခဏတာ ခွဲထက်သွားတဲ့လူတွေတောင် ဒီလောက်ခံစားနေရတယ်ဆိုရင်… တသက်လုံးစာ ခွဲထွက်သွားတဲ့ လူတစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လောက်တောင် ခံစားရမလဲ…။ ဒီပိုစ့်က သနားအောင်ရေးပြတာမဟုတ်ဘူးနော်…။


ခံစားမိတာကိုရေးပြတာ…။ သူ့လောက်မခံစားရရင်နေမယ်… သူ့ခံစားနေရတာကို နားလည်မိတယ်…။သူ့ကိုတော့ မသနားမိပါဘူးးးး…။ ကိုယ်မှန်တယ်ထင်တာကို လုပ်နေတာပဲ…။ ကိုယ်ဖြစ်ကိုယ်ခံ ကိုယ့်လမ်းကိုယ်ဖောက်ပေါ့… ဟုတ်တယ်မလား…။
ကဲ… စာဖတ်သူကော… သင်နဲ့သက်ဆိုင်တဲ့ မိသားစု အသိုင်းအ၀ိုင်းက သင့်ကို အမွေဖြတ်တယ်၊ သံယောဇဉ်ဖြတ်တယ်.. ဆိုတာကို လူသိရှင်ကြား သတင်းစာမှာကြေငြာမောင်းခတ်လိုက်တယ် အဖြစ်ကို ကြုံလိုက်ရမယ်ဆိုရင်………။

4 comments:

ညိမ်းနိုင် said...

အဲလိုဖြစ်လာနိုင်မှာကို ကြိုတွက်ထားခဲ့ရင်တောင်မှ နာကြင်
ကြေကွဲမှာပါ..။အင်းလေ....တစ်ခုကို လိုချင်ရင် တစ်ခုကိုတော့ပေးဆပ်ရမှာပဲ....။အရာရာ အဆင်ပြေပါစေ
လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

အမွေဖြတ်ကြတယ်ဆိုတဲ့ မိဘနဲ့ သားသမီးကြား ဖြစ်တတ်ကြတဲ့ ကိစ္စတွေဟာ စိတ်ဆိုးတုန်းမို့ ဒေါသတကြီးနဲ့ မစဉ်းစားမဆင်ခြင်ဘဲ စိတ်အလိုလိုက်ပြီး လုပ်မိတတ်ကြတဲ့ ကိစ္စမျိုးတွေပါ။
အချိန်တန်တဲ့အခါ ပြန်ပြီးပြေလည်သွားကြမှာပါ။
သားသမီးနဲ့မိဘဆိုတာ တစ်သက်လုံးတော့ ကင်းပြတ်ပြီး မနေနိုင်ကြပါဘူး
အချစ်ကြီးတဲ့သူတွေကပိုပြီး ဒေါသကြီးတတ်ကြတယ်..
အင်း ပြီးတော့လဲ စိတ်လဲပြေလွယ်ပါသေးတယ်လေ
အဲဒီအချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့။
အမြန်ဆုံး ပြန်ပြေလည်မှု ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

ကိုကိုးအိမ်(မန္တလေး) said...

နှင်းရေ ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါမှာ ဖြစ်သင့်တာ ကိုဦးစားပေးပြီးလုပ်ရမှာပေါ့.. ဒါပေမယ့် စိတ်ခံစားမှူ့ ဆိုတာ ဖျောက်ပစ်လို့လည်းရတဲ့အရာမဟုတ်လေတော့ ခံတော့ခံစား ဒါပေမယ့် ကိုယ့်အကျိုးယုတ်စေတဲ့ကိစ္စဆို ရင်ဘာလို့လုပ်မှာလည်း.. ကိုးသာအဲဒီနေရာမှာဆိုသူ တို့ထင်မထားတဲ့ရှူ့ထောင့်ကနေ အောင်မြင်တဲ့လူတစ် ယောက်ဘ၀ကိုဖန်တီးမယ်.

ခင်မင်လျှက်
ကိုကိုးအိမ်

မြစ်ကျိုးအင်း said...

မိဘနဲ့ သားသမီးကြား မာနနဲ့ အငြိုးအတေးဆိုတာ မထားသင့်ပါဘူး
အမြန်ဆုံး ပြန်လည် အဆင်ပြေ ချောမွေ့ကြပါစေ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...