နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 4 September 2010

ထိုသုံးယောက်


အခုပြောမဲ့ အဖြစ်အပျက်လေးဟာ ကမ္ဘာကျော် အီတလီနိုင်ငံဖွား ပန်းချီ ၊ ပန်းပု ၊ ဗိသုကာ ပညာရှင်ကြီး ၊ Michelangelo မိုက်ကယ်အိန်ဂျလိုရဲ့ ငယ်သူငယ်ချင်းနှစ်ဦးတို့ရဲ့ တကယ်ဖြစ်ပျက် ခဲ့တဲ့အဖြစ်ပျက်လေးပါ၊ ဆရာကြီးရဲ့ သူငယ်ချင်းတွေကတော့ ဂရာနာချီနဲ့ ၊ တိုရီယိုဂီနီ  ..။

 ဂရာ နာချီဟာ သူကိုယ်တိုင် မိုက်ကယ်ရဲ့ ပညာကို ခြေဖျားတောင် မမှီဘူး ဆိုတာ သိတယ်။ အဲဒီ အချက်ကို စိတ်သာယာ နှလုံးနှင့် ထားနိုင်တယ်။ မနာလို မဖြစ်ဘူး။ သူကိုယ်တိုင် မိုက်ကယ်ကို ဆရာသမားကောင်းဆီ ပို့ပေးတယ်။ အားပေး ချီးမြှောက်မယ့် လူတွေနဲ့ တွေ့ပေးတယ်။ အစွမ်းကုန် ကူညီတယ်။ မိုက်ကယ် ကျော်စော ကိတ္တိ ဖြစ် ကြီးပွားတာကို ၀မ်းမြောက် တယ်။
ဂရာနာချီ ကိုယ်တိုင်တော့ အနုပညာသည် အနေနဲ့ သိပ် အဆင့်အတန်းမမြင့်ပါဘူး။ မင်းပွဲ စိုးပွဲ အခမ်းအနားတွေ၊ ဘုရားပွဲ တွေမှာ သုံးတဲ့ မုခ်ဦးတို့၊ မဏ္ဍာပ်ဆောက်ပေး၊ ဆေးရောင် ခြယ်ပေး၊ ဒီလို အလုပ်တွေနဲ့ပဲ အချိန်ကုန် တာပဲ။


ဒီလို အဖြစ်မျိုးကို ဂရာနာချီ ကျေနပ် ပျော်ရွှင်တယ်။ မိုက်ကယ် အိန်ဂျလိုတို့ ဗင်ချီတို့လို ပန်းချီကားကြီးတွေ မဆွဲရ လေခြင်းလို့ စိတ်ဆင်းရဲခြင်း မဖြစ်ပါဘူး။ မိုက်ကယ်က သူ့သူငယ်ချင်းကို ခဏခဏ အပြစ်တင်တယ်။ ဒီလို “ပွဲပြီး အမှိုက် ဖြစ်တဲ့” ဟာတွေနဲ့ အချိန်ကုန် ရမလား ပေါ့လေ။


ဒီတော့ ဂရာနာချီက ပြန်ပြောတယ်။ “တကယ်တော့ သူငယ်ချင်းရာ အနုပညာ ဆိုတာ ယုတ်စွအဆုံး လူတွေကို နှစ်သက် ရွင်လန်းအောင် လုပ်နိုင်ရင် ပြီးတာပါပဲကွာ။ ပွဲပြီး အမှိုက်ဖြစ်တော့ ဘာဖြစ်သေးလဲ။ ငါလဲ ဒါလောက် လုပ်တတ်လို့ ဒါပဲ လုပ်ရ တာပါ။ မင်းလိုတော့ ခေတ်အဆက်ဆက် တည်ရစ်မယ့် ပန်းချီကားကြီးတွေ၊ ပန်းပု ရုပ်ကြီးတွေ မဖန်တီး နိုင်ဘူး။ အဲဒါ ဘာတတ် နိုင်မှာလဲ၊ ငါလုပ်တတ်တာ လုပ်ပြီး ငါတော့ ပျော်နေတာပဲ။ ငါ့ကို အကြောင်းပြုပြီး လူတွေ ပျော်တယ်။ ဒါကို ငါကျေနပ်တယ်။ 


မိုက်ကယ်က တော့ဖြင့် ဂရာနာချီရဲ့ အဖြေကို မကျေနပ်ဘူး။ သူ့ရဲ့ သူငယ်ချင်းဟာ ဒါထက်မက တတ်နိုင်တယ်လို့ ယုံကြည် တယ်။ ဘယ်လိုပြောပြော ဂရာနာချီကတော့ဖြင့် လေကလေး တချွန်ချွန်နဲ့ သူ့ရဲ့ မုခ်ဦးတွေ၊ ဘုရားပွဲ မဏ္ဍပ်တွေ ပွဲပြီး မီးသေ ပစ္စည်းတွေ လုပ်ပြီး ပျော်နေ တာပါပဲ။


ကျန်တယေက် တိုရီယိုဂီနီက ရှိသေးတယ်။ သူကလည်း ဂရာနာချီလို မိုက်ကယ့် ခြေဖျား မမီနိုင်တဲ့ အတန်းအစားမှာ ပါတယ်။ သူက မိုက်ကယ်လို ဖြစ်ချင်တယ်။ မဖြစ်နိုင်ဘူး။ ပါရမီချင်း မတူဘူး ဆိုတာလည်း သိတယ်။ အဲဒီလို သိလာလေလေ၊ မိုက်ကယ်ကို မနာလိုလေပဲ။ “ငါသူ့လို မဖြစ်ရလေခြင်း” ဆိုပြီး တနုံ့နုံ့ ခံပြင်းစိတ်တွေ ဖြစ်နေတယ်။


ဒီတော့ ပညာချင်း မပြိုင်နိုင်တော့ မိုက်ကယ်ကို ရန်စတယ်။ မထေမဲ့မြင် လုပ်တယ်။ ကွယ်ရာမှာ သိက္ခာ ချတယ်။ တခါတော့ မိုက်ကယ်ကို လက်သီးနဲ့ ထိုးတာ ခမျာမှာ နှာခေါင်း ကျိုးသွားတယ်။
ဂရာနာချီက ဒါတွေ မြင်တော့ ပြောတယ်။ “မိုက်ကယ်ရေ၊ လောကကြီးမှာ လူအမျိုးမျိုး ရှိကြတယ်။ တချို့က မင်းတို့လို အနုပညာ ပြောင်ပြောင်မြောက်မြောက် ဖန်တီး တတ်ကြတယ်။ တချို့က တော့လဲ အဲသလို အနုပညာ ပြောင်မြောက်အောင် မဖန်တီး နိုင်တော့ ဖန်တီး တတ်တဲ့ လူတွေကို မနာလို ဖြစ်ပြီး ဖျက်လို ဖျက်ဆီး လုပ်ကြတာပဲ”


အဲဒီ အဖြစ်အပျက် ကလေးဟာ အတော်ပဲ မှတ်သား စရာ ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင် ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ကို မနာလိုဘူးခဲ့ပါတယ် ၊ တခါတရံမှာ မုဒိတာမပွားနိုင် ဘဲကြည့်ရှုနေ ရတာဟာ တော်တော်လေးကို ပူလောင်ပါတယ် ၊ အခုတော့ မနာလိုခဲ့ဘူး တဲ့သူငယ် ချင်းလဲ ဇေ့ထက်မြင့်တဲ့ အနေထားတခုမှာ ရောက်နေပါပြီ ဇေမနာလိုခဲ့ပေမဲ့ အဲဒီသူငယ်ချင်း ဟာဘာမှမဖြစ်ခဲ့ပါဘူး ၊ ဇေသာပူလောင်ခဲ့ရပါတယ် ဒေါသတွေဖြစ်ခဲ့ရပါတယ် ၊ ဆရာမကြီးဒေါ်ခင် မျိုးချစ်ရေးခဲ့တဲ့ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ” စာအုပ်ထဲက “ပညာ”ဆိုတဲ့ ဆောင်းပါးလေး ဖက်မှိလိုက်တဲ့ အချိန်မှာတော့ ဇေတော်တော်လေး ရှက်သွားမှိပါတယ် ၊ သူငယ် ချင်းဟာ ဇေမနာလိုတာ ကိုမသိဘဲ အမြဲတမ်း ဖော်ရွေတဲ့သူပါ ၊ အဲဒီသူငယ်ချင်းကို ဒီပိုစ့်လေးနဲ့ တောင်းပန်လိုက်ပါတယ် ၊ ကြာတော့ကြာခဲ့ပါပြီ ဒါပေမဲ့ တွေးလိုက်တိုင်းရှက် မှိပါသေးတယ် ၊ ဘယ်လိုပင်ဖြစ်ဖြစ် လူတိုင်းဟာ တတ်နိုင်တဲ့ အလုပ်တခုတော့ ရှိကြစမြဲပါ အဲလိုကိုယ်တတ်တဲ့ အတက်ပညာ အသိပညာလေး အနဲငယ်နဲ့ ကိုယ်စွမ်းနိုင် သလောက် ၊ လုပ်နိုင်ကြမယ်ဆိုရင် မိုက် ကယ်အိန်ဂျလို ကမ္ဘာကျော်ချင်မှ ကျော်ပါလိမ့်မယ် ၊ ဒါပေမဲ့ ဂရာနာချီ လို အမြဲတမ်း ပြုံးပျော် နေမှိပါလိမ့်မယ်လို့ ထင်မြင် ယူဆမှိပါတယ် ၊ တိုရီယိုဂီနီ လို တတ်စွမ်းသမျှကို လုပ်ကိုင်နေတဲ့ လူတွေကို မနာလိုမရှုစိမ့်ဖြစ်နေပြီး ၊ ဘေးထိုင်းဘုတော အာဝါဒ လုပ်နေမယ်ဆိုရင် အနာဂတ်မိမိရဲ့ ပတ်ဝန်ကျင်နဲ့ ဘ၀ မလှ မပ ဖြစ်မှာ ဧကန်ပါ ဒါကြောင့်မို့လို့ ဇေအပါဝင် ဘလော့စာရှုသူ အားလုံး အကောင်းမြင်ပြီး မုဒိတာပွားခါ တတ်စွမ်းသည့်ဘက် မှ အကျိုးပြုနိုင်ပါစေကြောင်း ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…..။

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြိုးစားပါ့မယ် မနာလိုဝန်တိုတဲ့စိတ်မျိုး မထားမိအောင်
ဝန်တိုတဲ့စိတ်က အတော်လည်း ပူလောင်ပါတယ်..
ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတဲ့ အတွင်းမီးသာ ဖြစ်ပါတယ်..

ကိုကိုးအိမ်(မန္တလေး) said...

အင်း ဇေရေ အတွေးကောင်းလေးတွေကို အရေးကောင်းလေးနဲ့ရေးပေးတဲ့အတွက် ကိုးအပါအ၀င် လူတိုင်းလည်း စိတ်ထားကောင်းလေးတွေမွေးနိုင်လိမ့် မယ်လို့မျှော်လင့်မိပါတယ်။

ခင်မင်လျှက်
ကိုကိုးအိမ်

မြစ်ကျိုးအင်း said...

ဖတ်သွားပါတယ်ဗျာ
မှားမှန်းသိလို့ ပြင်နိုင်ခဲ့တာ တကယ်ကို ကောင်းပါတယ်..
တစ်ချို့တွေက မှားမှန်းတောင် မသိကြဘူး
တစ်ချို့ကျတော့လည်း မှားနေမှန်းသိသိကြီးနဲ့ မပြင်ချင်ကြဘူး။
ကိုယ်တိုင်လည်း မနာလိုစိတ် မမွေးမိအောင် ကြိုးစားရဦးမယ်။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...