နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 8 September 2010

ကဲပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ

မရေးတာလဲ တော်တော်ကြာပါပြီ ဟိုလုပ်ဒီလုပ် နဲ့ကိစ္စလေးတွေရှုတ်လို့ ရေးမယ်လို့ စိတ်ကူးမှိတုန်း ဘလော့တကာ ဘလော့ လိုက်လည်ဖက်လိုက်တော့ ပဲခူးက နှစ်လောင်းပြိုင်လူ သတ်မှု ကိုရောက်သွားတော့တာဘဲ ဒီသတင်းက ဒီသီတင်းအပတ် အတွက်တော့ သိပ်ဟစ်ဖြစ်တာ ပေါ့ ၊ ဘာမဆိုင်ညာမဆိုင်နဲ့ ကိုယ်ကပါ မခံချင်ဖြစ်ပြီး ၀င်စိတ်ဆိုးလိုက်သေး တာကိုး ပြည်သူမို့ လား ခင်မျ ၊ ကိုယ့်လူထိ တော့ဘယ်ခံချင်ပါ့မတုန်း အကိုတစ်ယောက်လဲ တပ်ထဲရှိပါရဲ့ သူကတော့ ခလရ ၅၉က ဗိုလ်ဆိုတဲ့ လူလောက်တော့ မိုက်ဘူးထင်တာပါဘဲ ပညာလဲတတ်သမို့ လား ၊ အခုတော့ ကျော်မကောင်း ကြားမကောင်း လူသတ်မှုအပြင် မသာဣနြေ္ဒပျက် မှုပါ ပါလာ တော့ လက်ကလေးကလည်း သိသလောက်ခလေးနဲ့ ရေးချင်ပြန်ပါရော ဗျာ ။

အခုဟာက အရပ်သားအခြင်းခြင်း ဖြစ်တဲ့လူသတ်မှု မျိုးမဟုတ်ပေဘူး မို့လား ၊ အာဏာပိုင် အဖွဲ့ အစည်းနဲ့ ဖြစ်တာ အာဏာပိုင် အဖွဲ့အစည်း ဆိုတာတောင် ၊ သာမန်အရပ်သား အာဏာပိုင် မဟုတ်ပေဘူး ၊ ကြည်း ၊ရေ ၊ လေ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကနေ ဖြစ်တဲ့ကိစ္စရယ်ပါ ၊ အစိုးရပိုင် FM သီတင်းဋ္ဌာန နဲ့ ပိတောက်မြေ အသံလွှင့်ဋ္ဌာန ကတော့ အရပ်သား မောင်ရင်နှစ်ပွေ သေနပ်လုလို့ ၊ တပ်က ပြစ်သက်လိုက်တယ် လို့ ကျေညာသွားတာဘဲ ၊ အခင်းဖြစ်တာက ပဲခူးမြို့ ဇိုင်းကနိုင်း တောင်ပိုင်းမှာ ၊ လာပြစ်တာက မြောက်ပိုင်းဆိုတော့ လုတယ်မလုဘူး ၊ ဟုတ်တယ်မဟုတ် ဘူးကတော့ ဖက်တဲ့သူရဲ့ တာဝန်ပေါ့ ၊

ဖြစ်တဲ့နေရာက ကယ်လီဖိုးနီးယား အရက်ဆိုင်ဆိုဘဲ ၊ အရာရှိမင်းများက တပ်ထဲကထွက်လာပြီး ဇရပ်မင်းစည်းစိမ် လာယူတော်မူဟန်ရှိပါရဲ့ ၊ အခင်းဖြစ်တဲ့ အချိန်နဲ့ဆိုရင် တပ်မတော်အရာရှိ တဦးဟာ အရပ်ထဲက ဘုံဆိုင်မှာ ရှိကိုမရှိသင့်တဲ့ အချိန်ဘဲမဟုတ်လား ၊ ဆိုင်ကယ်အမြီးချင်း ချိပ်မှိ တာစိတ်ဆိုးလို့ ၊ ရန်ဖြစ်တယ်ဆိုရင် အရာရှိမင်းအနေနဲ့ ပြန်လှန်ထိုးကြိတ်ပေါ့ ၊ နောက်ဆုံးဗျာ မကျေနပ် သေးဘူးဆိုရင် ဆိုင်ရာ ရယက ကိုခေါ်အပ်ပြီး ထုခိုင်းလိုက် အမိန့်လေးသုံးပြီး ၊ အခုတော့ တပ်ခွဲတခွဲလောက် ရှိတဲ့အင်အားကို လွတ်ပြီး ကျည်ကပ်လိုက် ကုန်အောင် ပြစ်သတ်တယ် ဆိုတော့ နဲနဲတော့ တွေးကြည့်ကြအုံးလေ ။

အခုခေတ် တပ်မတော်ကြီးကလဲ အရာရှိတွေတောင် ဥပဒေကို မသိတော့ပေဘူး လက်အောက်က ဟာတွေဆိုတာတော့ ထမင်းရှာမစားတတ်လို့ တပ်ထဲဝင်နေကြတာဘဲ ရှိတယ် ၊ အောက်ကတပ် သားတွေခင်မျာလဲ ၊ ပြစ်ဆိုပြစ်တာဘဲ ဘာမှန်းညာမှန်းကိုမသိဘူး လူနေရပ်ကွတ် ထဲမှာသေနပ် စစ်ဆင်ရေး တရပ်လို သေနပ်ဝင်ဖောက်တာ ကတော့ မင်းမဲ့ယုံတင်မဟုတ် ရှိကိုမရှိတဲ့ သဘောဘဲ လေ ၊ တပ်တွင်းမှာလဲ တပ်တွင်းဥပဒေဆို တာတော့ရှိမှာပါ ၊ ပုဂ္ဂလိက အခန်းကဏ္ဍကို ရာထူးအာဏာ ပါဝါကိုအသုံးချပြီး တပ်တွင်းဥပဒေကို ချိုးဖောက်တာမှန်း သိပါလျှက်နဲ့ လက်အောက် အမှုထမ်းကို အပြစ်ကျုးလွန်စေတာဟာ ရာဇ၀တ်မှုမြောက်ပါတယ် ၊ သေတာမသေ တာအပထားပေါ့ ဗျာ..။

ပြစ်မှုဆိုင်ရာ ဥပဒေ ကျင့်ထုံး ရာဇသတ်ကြီး အပိုင်း(၆-ခ)ကြည်း ၊ရေ ၊လေ တပ်နှင့်ဆိုင်သော ပြစ်မှုများမှာ ပုဒ်မ ၁၃၈ ၊ စီးကမ်း ဖီဆန်မှုကိုပြု ရန် တပ်သားကို အားပေးကူညီခြင်း ၊Abement of act of insubordindtion by soldier, soilor or airman. (section-138) အဓိပ္ပါယ်ဖွင့် ဆိုချက်ကတော့ ၊ ပြည်ထောင်စုနိုင်ငံတော်၏ ကြည်း ၊ရေ ၊ လေ တခုတခုတွင် အမှုထမ်းနေသော တပ်သား သို့မဟုတ်အရာရှိ၏ ပြုလုပ်မှုသည် ၊ စည်းကမ်း ဖီဆန်ရာရောက် ကြောင်းသိလျှက် ထိုပြုလုပ်မှုကို အားပေးကူညီသည်တွင် ၊ ထိုအားပေး ကူညီခြင်းကြောင့် စီးကမ်းဖီဆန် မှုကို ကျုးလွန်လျှင် ထိုအားပေးကူညီ သူကို ခြောက်လထိ ထောင်ဒဏ် အမျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ကိုဖြစ် စေ ၊ နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည် ။ လို့ပါရှိပါတယ် ထိုကျုးလွန်မှုဟာ လူသက်မှုမြောက်တဲ့ အထိ ဖြစ်ပေါ်လာခဲ့ရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေ (၃၀၂) နဲ့ တွဲဖက်ရမှာဖြစ်ပါတယ် ၊ ဒါကအာဏာ တပ်တွင်းအာဏာကို ဖီဆန်ပြီး လက်အောက်ငယ်သားကို အားပေးအားမြောက် ပြုတာဘဲရှိသေး တာပါ ။

အကျုံးဝင်တဲ့ အင်္ဂါရပ်တွေရှိပါသေးတယ် ၊ အဲဒါတွေကတော့ ကြည်း ရေ လေ တပ်တခုခု၏ တပ်သား သို့မဟုတ် အရာရှိ၏ ပြုလုပ်မှုသည် ၊ စီးကမ်းဖီဆန်မှု ပြုရာရောက်ခြင်း ။ စည်းကမ်းဖီဆန် မှုပြုရာရောက်ကြောင်း သိလျှက် တရားခံအား အားပေးအားမြောက်ပြုခြင်း (ဥပမာ အမိန့်ပေးစေခိုင်းခြင်း) အားပေးကူညီ သည့်အတိုင်း စီးကမ်းဖီဆန် မှုကိုကျုးလွန်ခြင်း စတဲ့ အချက်သုံးချက်လုံးနဲ့ ညီညွတ်မှ သာ ဒီဥပဒေနဲ့ ငြိစွန်းပါတယ် စွန်းတယ်မစွန်းဘူးကတော့ စာဖက်သူ တာဝန်ပေါ့ဗျာ ။

နောက်ပြီး ရှိသေးတယ်ဗျ ပြည်သူ့ဝန်ထမ်းနှင့် ဆိုင်သော ပြစ်မှုဥပဒေ ဆိုတာ ပုဒ်မ ၁၆၆ မှာ ပည်သူ့ဝန်ထမ်းက တဦးတယောက်သော သူကို နစ်နာစေရန် ကြံရွယ်၍ ဥပဒေကို ဖီဆန်ခြင်း ၊ Public servent disobeying law with intent cause injury t0 any person. (section-166) အဓိပ္ပါယ်ဖွင့် ဆိုချက်မှာကတော့ ပြည်သူ့ဝန်ထမ်းတဦးသည် ပြည့်သူ့ဝန်ထမ်းအဖြစ် ဖြင့်လိုက်နာရ မည့် ဥပဒေ ညွန်ကြားချက်ကို ဖီဆန်ခြင်းဖြင့် ၊ တစ်ဦးတစ်ယောက် သောသူအား နစ်နာစေရန် အကြံနှင့် သော်လည်း ၊ နစ်နာစေတန်သည်ကို သိလျှက်နဲ့သော် လည်းကောင်း ထိုဥပဒေ ညွန်ကြား ချက်ကို သိလျှက်ဖီဆန်လျှင် ထိုသူကို အလုပ်မဲ့ ထောင်ဒဏ်တစ်နှစ် ကိုဖြစ်စေ ၊ ငွေဒဏ် ကိုဖြစ်စေ ၊ ဒဏ်နှစ်ရပ် လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ကျင်းထုံးတွင် ဆိုပါ၏ ။

ဒါကဥပဒေစာအုပ် ထဲကဟာတွေ ဖက်ပြီးပြောတာ အပြင်မှာ ဥပဒေအထက် ဘယ်သူတွေရှိမှန်း မသိဘူး တချို့ကတော့ ခြင်္သေ့တွေ တဲ့ တချို့ကတော့လဲ အစိမ်းကောင်တွေတဲ့ ရွှေပြည်ကြီးမလဲ ဘုရားကားအောက် မျောက်ကား အထက်ဖြစ်နေတာ တွေက မဆန်းတော့ဘူးမလား ဗျ ၊ နိုင်ငံဝန် ထမ်းဟာ နိုင်ငံသားအတွေ အပေါ် တရားလက်လွတ် နိုင်ထက်ကလူ ပြုတာတော့ နိုင်ငံသား တိုင်း ခံချင်ကြမယ် မဟုတ်ပါဘူး ပြည်သူ့ဝန်ထမ်းနဲ့ ပြည်သူဆိုတာေ၇နဲ့ကြာ ကမ်းနဖူးနဲ့ ဒီရေ အမြဲတွဲစပ် နေရတာမို့ ညီညီညွတ်ညွတ် ပြေပြေလည်လည် ဆိုရင်တော့ သိပ်ကောင်းတာပေါ့ အခု ဟာက သေတဲ့လူလဲ သေသွားပါပြီ ၊ တရားခံ မဖြစ်သေးတဲ့ လူတွေလဲ မဖြစ်သေးပါဘူး ၊ အဲတော့ ဗျာ စာဖက်သူတို့လဲ စဉ်းစားပေါ့ ဇေလဲစဉ်းစားလိုက်အုံးမယ် ၊ တရားဆိုတာ နတ်စောင့်ပါတယ် အမှန်တရား အတွက် အချိန်တခုလိုပါတယ် ၊ ပြည်သူတွေ အတွက် မျှတမဲ့ အချိန်တခုတော့ မုချ ရှိလာမှာပါ အဲဒီအခါ ကြမှပေါင်း ပြီးစီရင်တာပေါ့ဗျာ ဥပဒေနဲ့ တွေအကြောင်း ပြောလာခဲ့တာမို့ ဥပဒေ စကားလေးတခုနဲ့ နိဂုံးချုပ်ပါ့မယ် တွေးခေါ်ပညာရှင် ကြီးဆော့ခရတ္တိရဲ့ စကားတခွန်းရှိပါ တယ် “လက်နက်မဲ့နဲ့ လက်နတ်ရှိသူ ရန်ဖြစ်ရင် လက်နက် ရှိသူဟာ အမြဲတမ်းရှုံးပါသတဲ့” ၊ အခုကိစ္စဟာ လက်နက်မဲ့တွေ သေကျေခဲ့တယ်ဆိုပေမဲ့ ၊ မျက်နှာဖုံး တချို့ကို ခွာချနိုင်ခဲ့ပြီ မဟုတ်ပါလား ၊ အဲလို မျက်နှာဖုံးတွေ ခွာချနိုင်ခြင်းက ပင်လျှင် နက်နှက်မဲ့တို့ရဲ့ အောင်ပွဲ တရပ် ပေမို့ လက်နက်မဲ့ များမရှုံး ပါဘူးလို့ ပြောရင်း ဟုတ်ကဲ့ ကျွန်တော် ဇေတာရာပါ..။

8 comments:

မဗေဒါ said...

မောင်ဇေရေ..

အဲဒီကိစ္စက အတော်ကြေကွဲစရာပဲ.. အိပ်ခါနီးမို့ ဒီလောက်ပဲနော်.. မနက်မှ ပြန်လာမယ်..။

ဗေဗေ

Anonymous said...

ချက်ကျလက်ကျရေးသွားတဲ့ ဒီပို့စ်ကို သိပ်အားရမိပါတယ်။

s

နတ်ဆိုးလေး said...

“လက်နက်မဲ့နဲ့ လက်နတ်ရှိသူ ရန်ဖြစ်ရင် လက်နက် ရှိသူဟာ အမြဲတမ်းရှုံးပါသတဲ့
ကောင်းလိုက်တဲ့ စကား
မှတ်သားသွားတယ် ကိုဇေရေ..

ကိုဇေ ရေးသမျှ မျက်စိနားပွင့်တယ်
ကောင်းတယ်
လာဖတ်ဦးမယ်ခင်ည

Ko Koe Aim(Mdy) said...

i come to your blog. i like this post. bravo.

forever friend
ko koe aim(Mdy)

Ko Koe Aim(Mdy) said...

koe toe tot hta min ngat tot mal nae tu tal zay yae. zay ka procedure taw lo hehe..

forever fri
Ko Koe Aim(Mdy)

သဒ္ဓါလှိုင်း said...

သိပ်မှန်တယ် ဇေရေ...
ကိုယ်ချင်းစာပြီးကြေကွဲရပါတယ်..
ခင်မင်စွာ
သဒ္ဓါ

မဗေဒါ (၈၈) said...

့မောင်ဇေ..

အခုမှ အားလို့ပြန်လာတယ်.. ကြားရတာ အတော်လေး စိတ်မကောင်းသလို ကြေကွဲတာပဲ.. မတရားတာတွေကို ခေါင်းငုံ့ခံနေလို့မရဘူး.. နောက်.. ဒီလို မျိုး မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လုပ်ခွင့်မရှိဘူးဆိုတာကို ဗေဗေတို့တွေ နည်းအမျိုးမျိုးနဲ့ ပြသရမယ် ထင်တာပဲ..။ တော်တော်ရက်စက်တဲ့ သူတွေပဲ.. သတင်းတွေ နားထောင်ရတယ်... စိတ်မချမ်းမြှေ့ဘူး..

မောင်ဇေရော ပျော်နေသလား.. အဆင်ပြေပါစေနော်.. ဗေဗေ

ကောင်းမွန်ဝင်း said...

သတင်းကြားတုန်းက သိပ်စိတ်ထိခိုက်ရတယ်။
ဒီပို့စ်ဖတ်ရတော့ ပိုပြီး သတိရစေတယ်။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...