နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 11 September 2010

နားအုံးမယ် ၀မ်းမန့်

စာလေးတွေ စရေးကတည်းက ကွန့်မင့်တအားရချင်တာ  တချို့ပိုစ့်လေးတွေ ဆိုရင် စာအုပ်တွေ လိုက်ရှာပြီး ၊ ဖက်ရတယ် ဘလော့တွေဖက်ရတယ် ၊ ရာသီဖွဲ့တွေဆို ၁၀ ရက် လောက်တောင် ကြာတယ်  ၊ ရေးပြီး တိုင်းအမောဆို့ရတယ် ၊ ကွန်မင့်ပေးမဲ့လူ မရှိလို့ လာဖက်တဲ့လူတွေ တော့များတယ် ၊ ကွန်မင့်လေးကျတော့ မပေးဘူး အဲဒါကြောင့် စိတ်ဆိုးတယ် ၊ ဒီနေ့ကစပြီး စာမရေးတော့ဘူး ၊ လို့တွေးတာ စာတပုဒ်ရေးပြီး တိုင်းဘဲ ၊ တချို့သူငယ်ချင်း နာမည်ပါပြော လိုက်မယ် ချောစု တဲ့ အိန္ဒိယမှာ ကျောင်းတတ်နေတာ ၊ ကွန်မင့်လေး ဖက်ချင်တာ တအားဘဲလို့ ပြောတာ ၊ အခါ ပေါင်း တစ်သောင်းခြောက်ထောင်နဲ့ ရှစ်ဆယ့်လေးကြိမ် ၊ ပေးပါဘူးဗျာ ။

ဝန်ထမ်းလုပ်ပါတယ်ဆို လခလိုချင်လို့ပေါ့  ဘလော့မှာ စာရေးပါတယ်ဆို ကွန်မင့်လိုချင်လို့ပေါ့ ဗျ ဟုတ်ပါဘူး အခု ဟာက ၊ ဘာလဲ အဖက်မလုပ်တာလား ၊ တင်းတယ်နော် အဲလိုစိတ်ထဲ မှာစာလာ ဖက်တဲ့လူတွေနဲ့ ရန်ဖြစ်တာ ခဏခဏဘဲ ၊ တော်ပြီဗျာ စိတ်ကုန်တယ် ကွန်မင့်လဲမပေးကြဘူး နောက်တခါကျရင် စာမဖက်တော့ဘူး ၊ ပေါက်ကရတွေဘဲ ရေးမယ်ဆိုပြီး စာစရိုက်တော့ အော်သူ တို့က အချိန်ပေးဖက်ရမှာ ငါမဟုတ်တာတွေ ရေးမှိရင် အချိန်ကုန် လူပန်းဖြစ်ပြီး ဘာအကျိုးမှ မရှိဘဲဖြစ်မှာ ပေါ့ လို့စိတ်က အဲလိုဖြစ်လာပြန်တော့ မြန်မာစာတောင် သတ်ပုံမှန်အောင် မရိုက်တတ် တဲ့လူက စာတွေကို ပြန်ပြန်စစ်ရတာ အခါပေါင်းမနဲဘူး ဒါတောင်မှားသေးတယ် ။

ဘာ မကောင်းဘူး ဟုတ်လား မင်းကဘာတတ်လို့တုန်း ၊ အမ်အေ တတ်တော့မဲ့ ကျောင်းသားကွ ဘိုလိုရေးလိုက်ရမလား ၊ စကားကြည့်ပြော လူကိုမစော်ကားနဲ့ ပညာလဲမစော်ကားနဲ့ ဘာမှမစော် ကားနဲ့ လာပြောတဲ့ ငနဲကို လက်သီးနဲ့ ပိတ်ထိုးလိုက်တာ ဆေးရုံပို့လိုက်ရတယ် ၊ သွားနှစ်ချောင်း ထွက်သွားတယ် ၊ သူ့အမေနဲ့ဆိုတာ ရန်ဖြစ်လိုက်ရတာမောလို့ အိမ်မက်ကလဲ နိုးရော ရေဆာ လိုက်တာ တအားဘဲ ၊ အဲလိုအိမ်မက် မက်ခဲ့ပေမဲ့ ဂျီတော့မှာ မင်းရေးတာတွေကလဲ ကွာရှုတ်ပွ နေတာဘဲ ၊ ရှင်းရှင်းလင်းလင်း မရှိဘူး လို့ရန်တွေ့လာရင် ဟုတ်ကဲ့ ဇေကြိုးစားနေပါတယ် လို့ပြန်ပြောရတာ ၊ ဘယ်လောက်တင်းဘို့ ကောင်းတုန်း ဟုတ်တယ်မလား….။

ကွန်မင့်တွေ အမြဲတမ်းလာပေး တဲ့ အစိမ်းရောင်လွင်ပြင်က မမချောရယ် ၊ ဗေဗေရယ်ကို မန္တလေးကြိုး ကြီးအချိပ်ထမိန် နှစ်ထည်စီ ၊ ကိုကိုးအိမ်ကို ဘန်ကောက်လုံချည်တကွင်း ၊ တခါတရံ မှ မျက်စိလည် လမ်းမှား ၀င်လာတတ်တဲ့ နတ်ဆိုးနဲ့ နတ်မိစ္ဆာမာနတ်ရယ် မသဒ္ဓါရယ်ကို နာရီလှလှ လေးတွေ တလုံးစီ ၊ ၀ယ်ပေးဘို့ အကြံအစဉ်ရှိပေမဲ့ စကာင်္ပူထီကလဲ မပေါက်ဆိုတော့ နဲနဲခတ်နေ တယ် ၊ တခုခုတော့ ပေးနိုင်ပါမှာ ၊ ဘာလို့လဲဆိုတော့ အခုတလော ရွှေဆိုင်တွေ ရတနာရောင်း ၀ယ်ရေး တွေဘက် လမ်းလျှောက်ဖြစ်နေတယ် ၊  လူကံဆိုတာ ပြောမရဘူးမလား ပေးကမ်း လှူ ဒါန်းချင်စိတ် ကတအားထက်သန် နေတော့ သိန်းတစ်ထောင် တန်စိန်တပွင့် လောက်ကောက်ရ လိုက်ရင် ပြီးပြီ ပြောထားတာထက် နှစ်ဆတောင် ပေးနိုင်သေးတယ် ၊ ကဲ အဲလောက်လှူဒါန်း ဘို့စိတ်သန် နေတဲ့လူ ကောက်မရဘူးလို့ ၊ ဘယ်သူပြောနိုင်တုန်း ကောက်ရနိုင်ပါတယ် ၊ ကောက်မရနိုင် ဘူးလို့ပြောတဲ့လူ ဘာမှမရဘူးမှတ်ပါ ။

ဂျီတော့က ဘလော့လာလာ ဖက်တဲ့လူတွေ သတိနဲ့နေကြ ၊ သိပ်ကောင်းတာဘဲ သိပ်ကောင်းတာဘဲ ချီးမွမ်းပြီးတော့ ဘလော့ကို လာကြည့်တော့လဲ ကွန်မင့်က ၇ ဆောင်ကနေ မတတ်ဘူး ၊ ဘာကောင်းတာလဲ မောက်နဲ့(ပါးစပ်) မကောင်းစမ်းပါနဲ့ ၊ လစ်တာနဲ့ ကောင်းစမ်းပါ ၊ အသဲယား လိုက်တာနော် ၊ ဟဲ့ခွေး ဒီခွေးကတမှောင့်  လူကကြောက်တတ်ပါတယ် ဆိုနေမှ သန်းခေါင် သန်းနွဲကြီး ထထဟောင်တာ ကြည့်လို့ကိုမရဘူး ၊ နက်ဖြန် စည်ပင်ကို ဖုန်းဆက်ရမယ်  အခုဘယ်နာရီ တုန်းမှန်း ၂ နာရီ ၃ မိနစ် ရှိပြီ တွေ့လား ၊ ပိုစ့်တိုင်းကို နေ့ဘက်မရေးဘူး ညမှ အိပ်ရေးပျက်ခံ ပြီးရေးတာ ၊ ဒါတောင် ကွန်မင့်မပေးချင်ဘူး ၊ ဘာကြည့်တာတုန်း မင်းကိုပြောနေတာ ။

ကဲကြာပါတယ် ဒဲ့ဘဲပြောလိုက်မယ် ကွန်မင့်လိုချင်လို့ဟေ့ ကွန်မင့်လိုချင်လို့ ၊ အရိပ်ပြ အကောင် မထင်ဘူး ၊ လခမပေးရင် ဘယ်သူမှ အလုပ်မလုပ်ချင်ဘူး သဘောပေါက်လား ၊ ဒီမယ် ဒီပိုစ့်အောက် မှာကွန်မင့်တွေ ၁၀ ခုမကျော်လို့ကတော့ ၊ နားပြီ နားပြီ  မရေးတော့ဘူး ဟာသတွေ ဘာသာ ပြန်ထားတာ အများကြီးဘဲ ၊ ရီချင်ရင် ကွန်မင့် များများ သာပေးကြ ၊ ကွန်မင့် ၁၀ စောင် ဆိုတာ ဘယ်လောက်မှ မများပါဘူး ၊ တစ်ယောက် ကိုနှစ်ဆောင် ရေးရင် ငါးယောက်နဲ့တောင် ကိစ္စပြတ်တယ် ၊ အဲဒီစကာင်္ပူက လူတွေအဆိုး ဆုံးဘဲ တနေ့ကို စကာင်္ပူကလူတွေ ၂၀ အထက်လာ ဖက်တယ် ၊ တစောင်မှ ရေးမသွားဘူး ၊ သူတို့ရီဘို့ စာလေးတွေရေးပေး ရသေးတယ် ကျေးဇူးတင် စကားတောင် မပြောသွားကြပါလား ၊ နောက်တခါ ရီစရာကောင်းတဲ့ ပိုစ့်တွေ မရေးပေးတော့ဘူး ဖိုရမ်တွေကို လိုက်ရေးတာမှ တနာရီကို လေးဆောင် လောက်ရအုံးမယ် ၊။

ကဲ ရန်လဲတွေ့ပြီးပြီ ကိုယ်လိုချင်တာလဲ တောင်းပြီးပြီး ဖြစ်မလာလို့ကတော့ ဘလော့ကို နှင်းမိုးမိုး လက်ထဲ ပြန်အပ်လိုက်ပြီ သာမှတ်ပေ တော့ ၊ ကဲ အပျင်းမ မိရွှေနှင်း ဇေနားတော့မယ် တလ ကြားလား ဒါဘဲ…..။

24 comments:

khin oo may said...

တို့လေ အမြဲလာဖတ်ပါတယ်။ မရေးရင်တောင်ဖတ်ပါတယ် သိား တစ်ခါတစ်ခါတော့စီပုံးမှာရေးဖြစ်တယ။်

Anonymous said...

အမြဲအားပေးနေတယ်သိလား.

Anonymous said...

တစ်ကယ်များနားပလားလို့ အနောင့်စ်လုပ်တယ်ထင်လို့ဖတ်တာ. နင်းမိုးမိုး နားဦးမယ် ဝမ်းမန့်ဆိုတော့နင်းမိုးမိုးနားမယ် လို့နားလည်တာ.

khin oo may said...

အခုဇေက ပြသာနာရှာနေတာကိုး.

Anonymous said...

ကွန်မက်ကအရေးမကြီးပါဘူး လာဖတ်ပေးရင် မဆိုးဘူးလို့မှတ်. ကိုယ်ပြောချင်တာပြောခွင်ရနေတဲကဘလော့ကလေးတစ်ခုရှိတာဝမ်းသာစရာပေါ့။

Anonymous said...

ရီချင်ပါတယ် ဆက်ရေးပါနော်

Anonymous said...

နင်းမိုးမိုးကလေည်းအမြဲကျေးဇူးတင်နေပါတယ် တ အဲလေသူ့ဘလော့ကလေး အသက်ဆက်နေတာ ဇေကြောင့်ပါတယ်ပြောထားပြီးသား.

Anonymous said...

နိုင်ငံရေးတွေတော့ေ၇းနဲ့။

Anonymous said...

အဲသလောက်ကြိးအားမထုတ်ပါနဲ့လေ. ပေါ့ပေါ့ပါးပါးပေါ့ ရေးချင်ရေးမရေးချင်နေ့း့ကွန်မက်တေါ ကို လာဖတ်ကြတယ် နဲနဲပါးပါးဆွေးနွေးပေးသွားကြတယ် ဒါဆိုရင် လောကကြီးကနေပျော်စရာပါ။

Anonymous said...

ကဲ

Anonymous said...

ကွန်မက်ဆယ်ခုကျော်သွားပြီ ဆက်ရေးပါတော့.

မာရ်နတ် said...

ကဲကဲ ဘော်ဘော်အတွက်တစ်ခုချန်သွားပေးမယ် အဟဲ
လောလောဆယ် မိရွှေနှင်းကတော့ အိုင်ဖုန်းဆိုပြီး
ဇေပေးတဲ့အကြံနဲ့ အလုပ်ဖြစ်နေလောက်ပြီ။
ဘလော့တက်မှာမဟုတ်ဘူး
ကွန်မန့်ဆယ်ခုကျော်တွားဘီနော့
ဟွန်းဟွန်း
နောက်နေ့လာလို့အသစ်မတွေ့ရင်တော့
....................

:P said...

လာဖတ်ပါတယ်....
ကောမန့်မရေးဖြစ်တာ :D
တခါတလေလည်း အမည်မသိနဲ့ ရေးသွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟား
ကော်မန့်တွေ များလှချည်လား
တို့ပေးဖို့တောင် မလိုတော့ဘူးဘဲ
တော်ပြီ ကော်မန့်မပေးဘဲပြန်တော့မယ်
အင်း မဖြစ်သေးပါဘူး ထီပေါက်ရင် ကြိုးကြီးချိန် မရဘဲနေဦးမှ
ချိတ်ထမီ မျက်နှာနဲ့ ကော်မန့် မပျက်မကွက် လာပေးရတော့မယ်..း))
ကိုဇေ.. ကိုယ်က ကော်မန့်တော့လိုချင်တယ်..
သူများ ဘလော့တွေကျ သွားမဖတ် သွားမပေးဘဲ ကိုယ်က ဘယ်လိုရမလဲ
ဘလော့ရေးနေပြီး အထာကို မနပ်ပါလား
သူများဆီလည်း သွားသွားလည်ပေါ့အေ

Anonymous said...

ရေးပါ အားပေးနေတယ် နေ့တိုင်းဖတ်တယ် ပို့စ်အသစ်မတင်လဲ ဖတ်တယ်
ရီချင်လို့ ရီစရာရှိတယ်ဆို တင်ပါနော် ဖတ်ချင်လွန်းလို့ပါရှင့်

Anonymous said...

အော် ပြောဖို့မေ့သွားလို့ နောက်ဆို ကောင်းကောင်း မကောင်းကောင်း ကွန်မန့်ပေးမယ်နော် စိတ်ဆိုးရဘူး

ကောင်းမွန်ဝင်း said...

နားမယ်ဆိုလို့လာနှုတ်ဆက်တာ။
နှုတ်ဆက်ကော်မန့်။
ကျွန်မလို ကလေးတစ်ယောက် ယောက်ျားတစ်ယောက်နဲ့
သူတွေက တခါတလေ ဖတ်ပြီး ပြီးကာနီးလေးမှာ သားက ခေါ်လို့ သွားရတယ်။
ယောက်ျားက ဘာယူပေးပါဦးဆို ထရတယ်။
တခါတလေ အလုပ်ကိစ္စနဲ့ နားရတဲ့ အချိန်လေး ရောက်တဲ့နေရာက ကွန်ပြူတာကနေ ဖတ်ချင်လွန်းလို့ဖွင့်ဖတ်တယ်။အချိန် မလောက်တာကတကြောင်း ၊ အင်္ဂလိပ်လို ရပေမယ့် မြန်မာဖေါင့်မရှိတဲ့ ကွန်ပြူတာမျိုးကနေ ဖတ်တဲ့ အခါတွေမှာ
ကော်မန့်ရေးလို့မရဘူးလေ။

ပြောရရင်တော့ excuse တွေ အများကြီးသုံးပြီး excuse meလို့ မပြောလိုပါဘူး။

ကိုဇေ
ရေးချင်တဲ့စိတ်နဲ့ရေးပါ။
အားပေးသူအများကြီး ရှိပါတယ်။
ကော်မန့်တွေက အားဆေးအဖြစ် အရေးကြီးကြောင်း ကိုယ်ချင်းစာပါတယ်။

ခင်မင်လျှက်

မြစ်ကျိုးအင်း said...

ရောက်လည်း ရောက်ပါတယ် ရေးဖြစ်တာတွေလည်း ရှိပါတယ်။ မတွေ့ဘူးထင်တယ်။

တလတောင် ခွင့်ယူမယ်ဆိုရင်တော့ လစာမဲ့ ခွင့်ပဲ ရမယ်ထင်တယ်။

Anonymous said...

I am always reading your every post. Pls keeping and carrying on your good effort.

Thanks and regards

Anonymous said...

အရင် ကလည်း လာဖတ်ပါတယ်။ ခုလည်း ဖတ်သွားပါတယ်။ နောင်လည်း လာမယ်လေ။ အားပေးပါတယ်။
အဟဲ လက်ဆောင်များရမလားလို့....း)

green fingers

မောင်မောင် said...

သြော် မောင်ဇေတို့  နှင်းမိုးမိုး တို့ ရယ် စိတ်မပျက်ပါနဲ့ 
အဘ တို့ မှား ကော်မန့် ရလဲ ရေး မရလဲရေးပဲ။
ကိုယ်ရေးချင်တာ ရေးလိုက်ရတာ ကိုပဲ အရသာပဲမဟုတ်လား။
ဖတ်တတ်သူများ ကလဲ မန့် ချင်လဲ မန့်သွားမပေါ့။
မမန့် ချင်လဲ မမန့် သွားဘူးမှတ်။
ဒီတော့ အဘ မှာခဲ့ မယ်။
ဆက်သာရေး။ စိတ်မပျက် ပါ နဲ့ ။
ဘကြီးမောင်
ခေတ္တ ကဘူးမြို့ 

suya said...

စွာလိုက်တဲ့ ဘိုးဘိုးဇေ..
ရန်တွေ့သွားလိုက်တာများ...
ကွန်မန့် မပေးဖြစ်ပေမယ့် စာတွေကိုတော့ ၂ ကျော့ ၃ ကျော့ အမြဲဖတ်ပါတယ်နော်။

ကိုကိုးအိမ်(မန္တလေး) said...

ဟဟ ဘန်ကောက်လုံချည်တော့ဝတ်ရချည်သေး.... ကွန်မန့်နှစ်ဆယ့်သုံးခုရှိပြီနော် နောက်နေ့အသစ်တင် တော့.. မတင်ရင် တွေ့မယ်။.. ဒါပဲနော် မြန်မာပြည်ပြန်လာ၇င်တော့ ဘန်ကောက်လုံချည်ပါရမယ် မဟုတ်ရင်တော့ ဘလော့ပို့စ်တစ်ခုတင်ပြီး ဘလော့ကာ လောကမှာ ဘလက်လစ်စ်တင်ပစ်မယ် ဘာမှတ်လဲ... အဟဲ ပြန်ခြိမ်ခြောက်ကြည့်တာ... တကယ်နော်

ခင်မင်လျှက်
ကိုကိုးအိမ်

Anonymous said...

ဟီး

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...