နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 11 September 2010

ဋ ဌ ဍ

ငယ်ငယ်က မြန်မာအက္ခရာ ကကြီး၊ ခခွေး ဗျည်းအက္ခရာ ၃၃ လုံးမှာမှတ်ရခက်တဲ့ ဋ ဌ ဍ ကို အမြဲတိုင်ပတ်နေခဲ့တယ်…။ ဗျည်း ၃၃ လုံးမှာ အဲ ၃ လုံးပဲ ထူးဆန်းနေတာလေ…။ ဘယ်လိုမှတ်မှတ် အစဉ်လိုက်မမှတ်မိဘူးဖြစ်နေတယ်…။ ခုတော့ သူငယ်ချင်းတစ်ယောက်က ပုံပြင်လေးတစ်ပုဒ်ပြောသွားလို့ အဲဒါကို တသက်လုံးမှတ်မိသွားတော့တယ်…။

သူငယ်ချင်းက ဘယ်လိုပြောလဲဆိုတော့

လူကြီး ၃ ယောက်အလှုခံထွက်လာတယ်…

ဋ ဌ ဍ

နောက်ဆုံးလူကြီးက အလယ်က လူကြီးကိုခြေထောက် နဲ့ လှမ်းကန်တယ်..

အလယ်က လူကြီးကလဲ ဘယ်ခံမလဲ နောက်က လူကိုခြေထောက် နဲ့လှမ်းကန်တယ်

ဋ ဌ

အဲဒီအခါမှာ ရှေ့ဆုံးရောက်နေတဲ့ လူကြီးက နောက်ကဒီလူကြီး ၂ ယောက်ဘာဖြစ်နေလဲဆိုပြီးလှည့်ဆူတယ်…။

ဋ ဌ ဍ

အဲလိုပုံစံ နဲ့ပဲအလှုဆက်ခံသွားရောတဲ့… ကောင်းလိုက်တဲ့ စိတ်ကူးလေး။


ခုတလော ဘလော့မှာ စာရေးဖို့ဆိုတာ ဘယ်လိုဖြစ်မှန်းမသိဘူးးး …။ စာအုပ်တွေဖတ်ပြီး ကြိုးစားပမ်းစား ရေးလာတော့လဲ သူများရေးထားတဲ့ အကြောင်းအရာကြီးတဲ့ ဇေ ကပြောတယ်..။ ကိုယ်ကလဲ ပရောက်စီအခက်အခဲ အကြောင့် ဘလော့ အစုံကို လိုက်မဖတ်ဖြစ်ဘူး…။ အတတ်နိုင်ဆုံးတော့ လက်လှမ်းမှီသမျှ ဖတ်ဖြစ်တယ်…။ကိုကိုဇေကလဲ စာအုပ် ၄ ၊၅ အုပ်ဖတ်ပြီး ရေးထားတဲ့ တော်သလင်းလဖွဲ့ ကိုဘယ်သူမှ မမန့်လို့ရွှေစိတ်တော်တိုနေလေရဲ့… နားအုံးမယ် ၀မ်းမန့် ဆိုပြီး ကွန်မန့်အလှူခံသွားတာ အ၀င်ကြမ်းအထွက်ကြမ်းကြီး…။ ကျွန်မတို့ မောင်နှမ ပေါင်းပြီး စိတ်ထဲခံစားမိသမျှကို ရေးထားတာလေးတွေကို ဖတ်ရှုပေးတဲ့ လူကြီးမင်းတွေကို ကျေးဇူးတင်ပါတယ်…။ အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့သစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ…

ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုးပါရှင်….။ 

 

^-*!

4 comments:

ညိမ်းနိုင် said...

ရေးချင်တာရေးပါ။အမြဲလာဖတ်ဖြစ်ပါတယ်..။သူများရေး
ပြီးသားဖြစ်တော့ရော ဘာဖြစ်သေးလဲ....၊ရေးပုံတူချင်မှတူ
မှာပေါ့။ကြည့်မြင်တဲ့ရှု့ထောင့်လည်း တူချင်မှတူမှာ...။
ကွန်မန့်ကတော့ ခုတလောအလုပ်ရှုပ်နေလို့ ကဗျာကယာ
ဖတ်ပြီးပြန်ပြေးနေရတော့ ပေးဖြစ်ဘူး...။

အုပ်ကြီး said...

ဟုတ်တယ်ဗျာ ..ဒီစာလုံးတွေ ကျွန်တော်လည်း
ခုထိ မှန်အောင်မဖတ်တတ်ဘူးဂျ .. :P
ပုံပြင်လေးတော့ ခုမှဖတ်ဖူးတာ...

မောင်မောင် said...

ဋ ဋလင်းချိတ်
ဌ ဌ၀မ်းဘဲ
ဍ ဍရင်ကောက်

ပုံပြင်လာဖတ်သွားခဲ့ကြောင်းပါ။

ကိုကိုးအိမ်(မန္တလေး) said...

အာ လာဖတ်တယ် မန့်တယ်လေ နှင်းရ။ တူ့ဟာတူ လျှောက်ပြောနေတာ။ နောက်ပြီး နှင်းပြောတဲ့ စာမှတ်နည်းကိုသဘောကျတယ်။ ကိုးတောင် ဆရာတစ်ယောက်ပြောဖူးလို့ ကလေးတွေကိုစာသင်ရင် အဲလိုထည့်ထည့်ပြီးမှတ်ခိုင်းတာမှတ်မိကြတယ်

ကိုကိုးအိမ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...