နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 13 September 2010

စိတ်ကြိုက်ဖန်တီးမှု

တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား

ဒီတစ်ခုလေးကို ဘာကြောင့်အချိန်များကြီးယူပြီးဖန်ဆင်းနေရတာလဲ ဟုအပြစ်တင်စကားဆိုလေ၏ ။

ထိုအခါ ဘုရားသခင်က

ဖန်တီးနေတဲ့ လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကို တွေ့လား .. ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်က ဆက်ပြောပြသည်…။ ဘုရားသခင်သည် သူဖန်တီး ပြီးပြီ ဖြစ်သော လူသားမိန်းမ၏ လက်နှစ် ချောင်းအား ညွှန်ပြလိုက်ပြီး

ဒီလက်နှစ်ချောင်း နဲ့ သူမ ဟာအ၀တ်လျှော်နိုင်အောင် လုပ်ထားတယ်..။ အိမ်က ပစ္စည်း ၂၀၀ လောက်ကိုလဲ ဟိုရွှေ့ဒီရွှေ့လုပ်နိုင်တယ် ..။ အစားအသောက်မျိုးစုံကိုလဲ ချက်ပြုတ်နိုင်တယ်..။ ဒါအပြင်ကလေးတွေကိုလဲ တစ်ကြိမ်ထဲမှာ ချီမပြုစုနိုင်တယ်..။ နောက်ပြီး ဒူးနာတာကနေ စပြီး အသဲကွဲတဲ့ ရောဂါ အဆုံးထိသူမက ပျောက်ကင်းအောင် စွမ်းဆောင်နိုင်တယ်.. ဟုဖန်တီးနေရင်းမှ ရှင်းပြသည်..။

ဘုရားသခင်၏ စကားကြောင့် နတ်သမီး သည် လူသားမိန်းမ ကို အထင်ကြီးလေးစားသွားသည်…။

လက်နှစ်ဘက်တည်းနဲ့ အဲဒါတွေ အကုန်လုပ်နိုင်တယ်… ၊ မဖြစ်နိုင်တာ… ဟုပြောပြီးခေါင်းခါနေပြန်သည်…..။

နောက်ဘုရားသခင်အား တစ်ချက်ကြည့်လိုက်ပြီး 

ဒါဟာ လူသားမိန်းမရဲ့ ဖြစ်ပေါ်ရမဲ့ ပုံစံအပြည့်အစုံပဲလား .. ဟုထပ်မေးပြန်သည်..။

ဒီနေ့တော့ သူမကို ဖန်တီးရတာတွေ အရမ်းများနေပြီ …မနက်ဖြန်ကို တစ်ချက်လောက် ကြည့်ပါအုံး…။ အဲဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမ ပုံစံကို တွေ့ရလိမ့်မယ်…။

ဘုရားသခင်က ဆက်ပြောပြန်၏။

ဒီနေ့မှာတော့ လူသားမိန်းမ ပုံစံဟာပြီးသင့်သလောက်တော့ ပြီးနေပါပြီ..။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမ ကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ…။

……….

နာမကျန်းဖြစ်တဲ့ အခါတွေဆို သူမဟာ သူမဘာသာ သူမပြုစုစောင့်ရှောက်တတ်တယ်..၊ ပြီးတော့ တစ်နေ့မှာ ၁၈ နာရီလောက်အလုပ်လုပ်နိုင်တယ်..။

နတ်သမီးသည် ဘုရာသခင်စကား ကိုနားထောင်နေရင်းမှ လူသားမိန်းမနားသို့ တို့ သွား၏ ။ထို့နောက် လူသားမိန်းမကို တို့ထိကြည့်လိုက်သည်..။

နူးညံ့လွန်းလှချည်လား..

ဟုတ်တယ် နူးညံ့တယ် ဒါပင်မဲ့ စိတ်ဓာတ်သန်မာအောင်တော့ ဖန်တီးထားတယ်…။အခက်အခဲတွေ အတားအဆီးတွေကိုလဲ ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်…။

သူမက တွေးတတ်လား.. ဟုနတ်သမီးကမေးလိုက်ပြန်သည်

တွေးတတ်ယုံတင်မကပါဘူး…။ ကျိုးကြောင်းဆီလျှော်အောင် စဉ်းစားနိုင်ပြီး ညှိုနှိုင်းမှုတွေလဲ လုပ်တတ်သေးတယ်..။

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်သည်..။

ဟင်..ဒီမှာ အရည်တွေ စိမ့်ကြနေပါလား၊ ဖန်ဆင်းထားတာ များလွန်းလို့ သူမမှာ ၀န်ထုတ်ဝန်ပိုးဖြစ်နေပြီလား မသိဘူး..။

ဒါ့ဟာ အရည်တွေ စိမ့်ကျတာမဟုတ်ဘူး..၊ အဲဒါကို မျက်ရည်လိုခေါ်ပါတယ်…

ဘာအတွက်လဲ..

သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊         ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေစတဲ့ စိတ်ခံစားမှုတွေကိုဖေါ်ပြဖို့အတွက်ပါ..။

ထိုအခါ နတ်သမီးသည် လူသားမိန်းမ အတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာအထင်ကြီးသွားလေ၏ ..။

သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ်..၊ အရာရာအားလုံးကိုလဲ စစ်စစ်ပေါက်ပေါက် တွေးတောနိုင်ပေတယ်..၊ သင်အခုဖန်တီးထားသော လူသားမိန်းမသည်လဲ.. ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်..  ဟုဆိုလိုက်လေသည်…။

ဘုရာသခင်က နတ်သမီး စကားကို တစ်ချက်ပြုံးလိုက်၏..။

 ဟုတ်တယ် လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ်..။ သူမမှာ လူသားယောက်ကျာ်းတွေ အံသြသွားစေလောက်မဲ့ ခွန်အားတွေရှိတယ်..။ မိသားစုရဲ့ ဒုက္ခနဲ့ ၀န်ထုတ်ဝန်ပိုးတွေကို လည်းဖြေရှင်းနိုင်သေးတယ်….။

သူမကြောင့်ပျော်ရွှင်ခြင်းတွေ  ၊ ချစ်ခြင်းတွေ  အတွေးအခေါ်တွေဖြစ်ပေါ်လာနိုင်တယ်..။ ကြောက်ရွှံ့မှုတွေ တွေ့ကြုံခံစားနေရတာတောင်မှ သူမက ပြုံးပြနိုင်တယ်..။

အဲဒီလောက်တောင်ပဲလား

ဒါအပြင် ငိုကြွေးရမဲ့ ဒုက္ခတွေ တွေ့ကြုံလာချိန်မှာလဲ သူမက သီချင်းဆိုတယ်..။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလဲ သီချင်းဆိုတယ်..။ ကြောက်ရွံ့တဲ့ အချိန်မှာလဲ သီချင်းဆိုတယ်..။

အို

သူ့မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ်..။ သူမဟာ သူမိသားစုအတွက် အခရာလို့ မှတ်ယူထားတတ်ပြီး ၊ မိသားစုအောင်မြင်ခြင်းဟာလဲ သူ့အပေါ်မှာ တည်မှီနေတယ်လို့ ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ..။ သူမရဲ့ နှလုံးသားဟာ ပုံသဏ္ဍန်အမှန်မရှိပါဘူး ။။။

သူမရဲ့ သားသမီးတွေ အောင်မြင်တာကိုကြည့်ပြီး ငိုကြွေးရင်လဲ ငိုကြွေးတတ်သေးတယ်..။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ လက်ထပ်တဲ့ အကြောင်းတို့ ကြားရရင်လဲ..တစ်စုံတစ်ဦးတွက် ဂုဏ်ယူနေတတ်သေးတယ်..။

နတ်သမီးမှာ ဘုရားသခင် စကားကို နားထောင်နေရင်းသဘောကျနေပုံရ၏ ။။ ဘုရားသခင်က လူသားမိန်းမ၏ နောက် အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေလေ၏ ။။

သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကြေကွဲတတ်ပါတယ်…။ ဒါပင်မဲ့ သူမဟာထိုကြေကွဲမှုတွေကို ဘ၀ရဲခွန်အားတွေ အဖြစ်ပြောင်းလဲ အသုံးပြုတတ်သေးတယ်..။

………

အနမ်းရယ် ၊ ယုယတဲ့ ထွေးပွေ့မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာကိုလဲ သူမက သိသေးတယ်။။

ဒါပင်မဲ့ သူမမှာ ချို့ယွင်းချက်တစ်ခုတော့ ရှိတယ်..

ဘယ်လို

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏ ။

ချို့ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ…။

ဘာချို့ယွင်းချက်လဲ..

သူမ ဟာ သူမရဲ့ အဲလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်..

ဟင်

နောက်ပြီး သူမ ဟာကမ္ဘာလောက အတွက် အဖိုးတန်လူသားတစ်ယောက်ပါလားဆိုတာကို သူ့ကိုသူအမြဲတမ်းလဲ မေ့နေတတ်တယ်…။

ဟုပြောပြီး ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏…။ ။

ဖတ်ခဲ့ဖူးတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြန်ခံစားတင်ပြထားတာပါ…။ ဒီဝတ္ထုကတော့ ဘယ်သူမှတင်ထားတာ မရှိသေးဘူးထင်ပါတယ်…။သူများဘလော့တွေမှာ တင်ထားတာရှိခဲ့ရင်လဲ တောင်းပန်ပါတယ်….။ သည်ဝတ္ထုလေးကို လူကြီးမင်းစိတ်ကြိုက် ခံစားနိုင်ပါတယ်…။ ဘာအကြောင်းမှ မပြောတော့ပါဘူး…။ ကြိုက်သလို ဝေဖန်နိုင်ပါတယ်…။

ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်………။ 


4 comments:

မြစ်ကျိုးအင်း said...

အဲဒီလောက်တောင်ပဲလားဗျာ
သူ့ကြောင့်ရော တခြားသူတွေ အသဲကွဲ တတ်သေးလား ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ဖူးသေးဘူး
ဖတ်လို့ကောင်းပါတယ်..
ဒါပေမဲ့ အနီရောင်စာလုံးတွေက နောက်ခံအရောင်ကြောင့် မျက်စိစူးစေတယ်
စာလုံးတွေက သေချာအားစိုက်ပြီး ဖတ်မှ မြင်ရတယ်
မနည်းဘဲ

ညိမ်းနိုင် said...

ပြောချင်တာကတော့ စာလုံးအရောင်တွေပါပဲ...။
မချောလို အားမစိုက်နိုင်တော့ select လုပ်ပြီး ဖတ်ရပါတယ်
း)။နောက်တခုက သူများရေးပြီးသားဖြစ်နေလဲ၊ရေးသာရေး
ပါ၊အမြင်၊ရှု့ထောင့်တူချင်မှတူမှာပေါ့။ဒီစာလေးကို တခါ
မှမဖတ်ရသေးဘူး။ကောင်း၏။မိန်းမတို့တန်ဖိုးပေါ့နော်..။
ကိုမျှစ်ပြောသလိုရော....အသဲခွဲတတ်သေးလားဟင်...။
ဘုရားသခင်က လူသားယောင်္ကျားကို ဖန်ဆင်းတုန်းကရော
အဲင်္ဒနတ်သမီးလေး လာကြည့်သေးသလား...။ဘာပြော
သွားသေးလဲ...။တကယ်သိချင်လို့နော်..။

မိုးယံ said...

အော် ဒွတ်ခ ဒွတ်ခ။ သူ့အရည်အချင်းတွေ ကြည့်ပြီး လေးစားနေတာ။ နောက်မှ အဲဒီ မိန်းမက အဲဒါတွေ မေ့နေတယ်တဲ့။ ပိန်းလိုက်တာ လွန်ရော။ ငတုံးမ(စိတ်ဆိုးလို့) လို့ခေါ်ချင်တယ်။ ဒါဗြဲ

ငြိမ်းချမ်းပါစေ
မိုးယံ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...