နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday, 16 October 2010

စကားလေးတခွန်း

ကျွန်မ ၁၀ တန်းဖြေထားပြီး သင်တန်းတွေလိုက်တက်နေတဲ့ အချိန်မှာ ကျွန်မ နားထဲမှာ အနာစိမ်းပေါက်ပါတယ်..။ ပြင်ပခန္ဒာကိုယ် မှာအနာစိမ်းပေါက်ရင်တောင် တော်တော်ခံစားရတာ ခုတော့မမြင်နိုင်တဲ့ နားထဲမှာဆိုတော့ တော်တော်ခံစား၇ပါတယ်..။ ဆေးခန်းသွားပြရတော့တာပေါ့..။ နားနှာခေါင်းလည်ချောင်း အထူးကု ဆရာဝန်ကြီး Drဦးမောင်မောင် ဆီမှာပြပါတယ်..။ အဲဒီမှာဆရာဝန်ကြီးက ကျွန်မနားကို ကိုင်မယ်လုပ်တော့ ကျွန်မ အော်တာပေါ့..ဆရာဝန်ကြီးက ပြုံးပြီး ကျွန်မကို
သမီး ဒီ လောက် လေး နာ တာ ကို အော် နေ ရင် ဒီ ထက် မ က နာ တဲ့ ဒါဏ် ရာ တွေ ဆို သမီး ခံနိုင်ရည်မရှိပဲ ဖြစ်သွားလိမ့်မယ်..။ ဘ၀ မှာ ဒီထက်မက နာကျင်စရာတွေ သမီး ကြုံရအုံးမှာ…နာကျင်စရာတွေ ကြုံတိုင်း အော်ဟစ်ငြီးတွားနေခဲ့ရင် ဘ၀ မှာ ရှေ့ ဆက် မဲ့ အား အင် တွေ ကုန် ခန်း သွား လိမ့် မယ်…ဒီ ထက် ပို ကြီး တဲ့ နာ ကျင် စ ရာ တွေ ကို သမီး ရင် မ ဆိုင် နိုင် ပဲ ဖြစ် သွား လိမ့် မယ်…သမီး ခံ နိုင် ရည် ရှိ အောင် ကြိုး စား ကြည့် ပါ နော်…. “
ဆိုပြီးပြောသွားတာ..   အဲတုန်းကကျွန်မခံစားနေရတဲ့ ဝေဒနာကို ကြိတ်မှိတ်ခံစားလိုက်ပါတယ်..
ခုတော့ကျွန်မ တခါတလေ နာကျင်စရာတွေ ကြုံတဲ့အခါ ဘယ်သူမှကြားအောင် မငြီးတွားတော့ပါဘူး..။ လောက ကပေးတဲ့နာကျင်မှုတွေ၊ ကံကြမ္မာရဲ့နောက်ပြောင်မှုတွေ ၊ အချစ်ကပေးတဲ့နာကျင်ခြင်းတွေကို ကျွန်မခံနိုင်ရည်ရှိအောင် ကြိုးစားဖြတ်သန်းနေပါတယ်..။ ကြိတ်မှတ်ခံစားနေတာတော့ မဟုတ်ပါဘူး..။ အဲလိုနာကျင်စရာတွေနဲ့ ကြုံလာတိုင်း ဒီကိစ္စလေးကတော့ အသေးအဖွဲလေးပါ.. ဒါထက်ပိုပြီးကြီးမားတဲ့ ပြဿနာတွေကြုံလာရင်များ…ဆိုပြီး…ကိုယ့်ကိုကိုယ် နှလုံးသွင်းလိုက်ပါတယ်…။
ခုတော့ ကျွန်မ ဘာကြောင့်ပဲ ခံစားရ ခံစားရ…ပိုပြီးတိတ်ဆိတ်စွာ ရင်ဆိုင်ဖြတ်သန်းနေပါတယ် ။ ။
ကျွန်မ Dairy ကိုပြန်ရှာဖတ်ကြည့်ပြီး ဟိုအရင်က အဖြစ်အပျက်လေးကို new version ခံစားထားတာပါ..
 
အရင်တုန်းကရေးထားတာလေးပါ... သူငယ်ချင်းတစ်ယောက်က ပြန်ဖတ်ချင်တယ်ဆိုတာရော.. ခုတလော ဘာကိစ္စလေးဖြစ်ဖြစ် ငြီးတွားနေတတ်တဲ့ ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ ပြန်တင်လိုက်ပါတယ်...။

ဆားချက်တဲ့ စနေနေ့ကို ငြီးတွားစွာဖြတ်သန်းရင်း
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်....။

8 comments:

နတ်ဆိုးလေး said...

ရှင်တို့နော်... ကျုပ်လည်နေတဲ့ ဘလော့ဂါတွေ ဆားချက်တဲ့ပို့စ်တွေ များနေပြီထင်တယ်..
(ကျုပ် အပါအ၀င်..)
ဟီး။။

ဆားအပေါ့အငံမြည်းသွားသည်..။

Anonymous said...

ဆားချက်တာ ကောင်းပါတယ် အမ မဖတ်ရသေးတာ ဖတ်သွားတယ်

နာကြင်စရာတွေ များလွန်းလို့
တော်ရုံ မနာတတ်တော့ဘူး

ရွှေစင်ဦး

မိုးယံ said...

နာကျင်စရာများနဲ့ စိမ့်ဝင်ကာဆီးခဲ့ ငါ့ရဲ့သွေး ခါးသီးပေမယ့် (ဘာမှလဲမဆိုင်ဘူး)

အနာစိမ်းက နားမှာလဲပေါက်တယ်လား။ ခွိ ခွိ

ဆားချက်တယ်ဆိုတော့ ငဠုန်ဆရာစံတို့ အညိုးလားဟင်

အုပ်ကြီး said...

နာကျင်စရာတွေ
ခံနိုင်ရည်မရှိတဲ့အဆုံးတော့ ..
ငိုကြွေးမိတာပေါ့ဗျာ..
မငိုပဲကြာလာတော့လည်း..မထုံတတ်တေး
ခံစားချက်တွေနဲ့ ဝေးဝေးလာလို့ ဗျာ..

မောင်လေး said...

ဟောဗျာ ဂျီးတော်...ကျွန်တော်တို့ နာကျင်ဖို့လည်း
ထားပါဦးဗျ...။အသက်ကလေး ငယ်ငယ်ရှိသေး...၊
ပျော်ပျော်နေပါဦးလေ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာဝန်ကြီးရဲ့စကားလေးက ကောင်းလိုက်တာ
မှတ်သားစရာဘဲ

မြစ်ကျိုးအင်း said...

နာကျင်တာကို ငြီးငြူဖို့ထက် အမြန်ဆုံး ဘယ်လိုကျော်လွှား မလဲ တွေးတာ ပိုဖြစ်သင့်တာပေါ့။
တခါတလေတော့လည်း စိတ်သက်သာဖို့ ငြီးငြူသင့်ပါတယ်။ အချိန်အကြာကြီး ငြီး နေတာမျိုးတော့ မဟုတ်ဘူးပေါ့။

မဗေဒါ (၈၈) said...

ညီမရေ..

မှတ်ထားတာလေး ရေးတင်ပေးတာ ကောင်းပါတယ်နော်..။

မဗေဒါ (၈၈)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...