နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 1 October 2010

CHANGE

Change ဆိုလို့ အိုဘားမားလို မဲဆွယ်တရားဟောတယ်များထင်သွားမလားးး။။
ဘာထူးခြားတာတွေ့လဲ Template ချိန်းထားတယ် တတ်သလောက် ချိန်းထားတယ်.. loading မကြာအောင် Gadget တွေအများကြီးမထည့်ထားဘူး..။ မျက်စိရှုတ်လို့လဲ ပါတယ်..။ လင်းသွားအောင် အပြာလေးရွေးထားတယ် ။ တကယ်တမ်း ပန်းရောင်ကိုကြိုက်တာ…။ မရှိဘူး…။ မျက်လုံးမထိခိုက်အောင် နောက်ခံအဖြူနဲ့ စာလုံးအမည်းကို သုံးထားတယ်…။ လှလှမလှလှ လှတယ်လို့ပြောပေးကြပါ…။ Template designer နဲ့ပဲ သိသလောက်(ဘာမှကိုမသိတာပါ) ကလိထားတာပါ…။ ဒီဇိုင်းစိတ်ကူးတွေတူသွားတယ်ဆိုရင် သွေ့ပုချိပါ..။ ပရောက်စီအဆင်ပြေတုန်းလေး အပြေးအလွှားပြင်ထားတာနော်.…။

ခုတလောစာမရေးဖြစ်ဘူး…။ ဒါပင်မဲ့ စာတွေဖတ်တယ်..။ ဘလော့ အစုံလိုက်ဖတ်တယ်..။ link to link ဖတ်တာ…။ c-box တို့ shout-box တိုမှာ ဘာမှမအော်ခဲ့ဘူး…။ ကွန်မန့်တွေတစ်ခုမှ မရေးဖြစ်ဘူး…။ သွေးကြီးတယ်လို့ထင်သွားကြမယ်မလား..။ အဓိက တရားခံကတော့ ပရောက်စီလေ…။ ဖရီးဂိတ် နဲ့ သုံးတယ်…။ ပိုလီဆော့ ဆိုတာ နဲ့ သုံးတယ်..။ အန်ဒူဘလော့ နဲ့ သုံးတယ်..။ ကျော်ခွတဲ့ နေရာစုံအောင်သုံးပြီးဖတ်ရတာလေ…။ ခွေးတိုးပေါက်တွေ စုံသွားတယ်…။ ဘလော့တွေကို ဒီလို ဒုက္ခခံပြီးလိုက်ဖတ်နေတယ်…။ silent reader ပဲလုပ်နေရတယ်…။ ဒီလောက်စာတွေလိုက်ဖတ်တာတောင် ဖတ်လို့တောင် မကုန်ဘူးဖြစ်နေလို့…။ 


ပိုစ့်က အပျင်းထူးပြီးမရေးတာ မဟုတ်…။ ဘာရေးရမှန်းမသိတာ…။ ခုတော့ ဘလော့တွေဖတ်တာ ဘလော့ဂင်းပါးဝသွားလို့လား မသိ ရေးတော့မယ်…။ ဘာဖြစ်ဖြစ်ရေးတော့မယ်..။ သည်းခံပြီးဖတ်ပေတော့…။ ဘလော့တွေ လိုက်ဖတ်တော့ မသိတာတွေသိသွားတယ်…။  ဆားချက်ပုံချက်နည်းတွေသိသွားတယ်…။

စာတွေဖတ်လွန်းလို့ မျက်စိတောင် ဒုက္ခရောက်နေပြီ…။ ခုဆို မော်နီတာကို ကြည့်ရင် မျက်မှောင်ရှုံ့ကြည့်နေရတယ်..။ မှုန်ကုတ်ကုတ် မျက်နှာပေးနဲ့ပေါ့…။ ဆေးတော့သောက်နေတယ်..။ မျက်မှန်တော့ လုံးဝ(လုံးဝ) မတပ်ချင်ပါ…။ လောကကြီးကို ဘောင်ခတ်ပြီးလဲမကြည့်ချင်တော့ပါ..။ မျက်မှန်ခဏခဏပျောက်တတ်တဲ့ မေမေ့ကိုလှောင်ထားသမျှ ၀ဋ်လည်မှာလဲစိုးလို့ပါ..။ ဆေးပဲသောက်မယ်…။ ဖတ်လိုက်နားလိုက် ရေးလိုက်နားလိုက် တလှည့်စီလုပ်မယ်ပေါ့နော်…။

စာအုပ်တွေအများကြီးဝယ်ထားတယ်…။ ဒါပင်မဲ့ မဖတ်ဖြစ်သေးဘူး…။ စာဖတ်ဝါသနာပါပင်မဲ့ ကွန်ပျူတာနဲ့စာမဖတ်တတ်ဘူး…။ အီးဘွတ်ဆိုတာတွေ အများကြီးရှိပင်မဲ့ မဖတ်တတ်ဘူးဖြစ်နေတယ်…။
ခေတ်နောက်ကျတယ်ပဲပြောပြော စာဖတ်ရင်စာအုပ်ကိုလက်က ကိုင်ဖတ်မှ အရသာတွေ့တယ်…။ အဲဒါမှ စာဖတ်တယ်လို့ကိုယ့်ကိုကိုယ် သတ်မှတ်တယ်…။ ဘယ်သွားသွား စာအုပ်တစ်အုပ်ယူသွားပြီး ဖတ်တယ်..။ အိပ်ယာထဲ စာဖတ်လိုက် တွေးလိုက် ၊ ကော်ဖီသောက်လိုက်ဟာ ဘ၀မှာ ဇိမ်အရှိဆုံး အလုပ်လို့ထင်တယ်…။

ပြောပြီးပြီနော်… ခုချိန်ကစပြီးပြန်ဘလော့ဂင်းတော့မယ်…။ စိတ်ထဲ ခံစားသမျှတွေရေးမယ်..။ ဖတ်သမျှ စာအုပ်တွေထဲက ကောင်းတာတွေ ပြန်ရှယ်ယာရင်း လုပ်မယ် ။ လက်ရှိကြုံတွေ့နေတာတွေ သိသလောက်ရေးမယ်…။ မမှန်တာတွေ မဟုတ်တာတွေဆိုလဲ ပြောကြအုံး..။ အရပ်ကူပါ လူဝိုင်းပါပေါ့..။ သူများရေးထားတာတွေတော့ ဘယ်တော့မှ ကူးချပြီးမတင်ဘူးနော် စိတ်ချ..။ စိတ်ကူးတူသွားရင်တော့ ဆောတီးပါ..။ ချက်ချင်းဖျက်ပေးပါမယ်…။

စာဖတ်သူအားလုံး ပျော်ရွှင်ဖွယ် အောက်တိုဘာဖြစ်ပါစေ
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်..။ 

6 comments:

:P said...

နောက်ခံ မီးခိုးရောင်ကို ပြောင်းလိုက်တာ အတော်စိတ်ချမ်းသာသွားတယ်...
မျက်စိ အားသိပ်မကောင်းတော့ ခါတိုင်းဆို အားလုံး select လုပ်ပြီးမှ ဖတ်ရတာ...
အခုက တော်တော် ကောင်းပါတယ်..။

နှင်းမိုး said...

ဟုတ်ကဲ့ ရေးတဲ့သူကိုယ်တိုင်တောင် စိတ်မချမ်းသာလို့ ဒီအတိုင်းပစ်ထားတာ ကြာပေါ့...။ ကျေးဇူးတင်ပါတယ်...။

မိုးယံ said...

ရေးသာရေးဗျာ အားပေးတယ် ။ လာလဲ ဖတ်မယ်။မယုံရင် စမ်းကြည့်လိုက်လေ ရေးတာနဲ့ ဖတ်ပြီးသားပဲ ။ ဟာဟ မျက်စိကို သက်သာအောင် ပြောင်းပေးတာတော့ ကျေးဇူးအရမ်းတင်တယ်။ တစ်ချို့နေရာတွေ မှာက မျက်စိ အရမ်းအား စိုက်ရတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

စာတွေအများကြီးရေးမဲ့ ညီမနှင်းမိုးမိုးလည်း အောက်တိုဘာမှာ ကျန်းမာချမ်းသာ စိတ်ရွှင်လန်းပါစေ။
စိတ်ရှိတိုင်း ရေးနိုင်ပါစေ ညီမရေ။

မြစ်ကျိုးအင်း said...

ဆားချက်ပုံ ချက်နည်း သိသွားတယ်တဲ့
ဒုက္ခ ငါတို့တော့ သွေးတွေတိုးတော့မှာပဲနော်း)

ညိမ်းနိုင် said...

ပထမဆုံးပြောချင်တာက တန်းပလိပ်လေးက လှပါတယ်..။
ရှင်းရှင်းလင်းလင်းနဲ့ စာဖတ်လို့ကောင်းသွားပြီ...။
နောက်တခုက ရေးသာရေးပါ...။ကြိုက်တာသာရေး...။
ဆားချက်ချင်လည်းချက်၊ငံပြာရည်ချက်ချင်လည်းချက်၊
အသစ်ရေးတိုင်းလာဖတ်ဖြစ်မှာပါ..။မျက်လုံးကိုတော့
ဂရုစိုက်ပေါ့..။မျက်မှန်တတ်သင့်လည်း တတ်ရမှာပဲလေ..။
Eဘွတ်ကနေဖတ်ရတာကို သိပ်မကြိုက်တာအမှန်..။ညီမ
ပြောသလို စာအုပ်ကိုလက်ကကိုင်ဖတ်ရမှ အားရတာကလား..။ကဲနောက်ဆုံးအနေနဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါရစေ...လို့...။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...