နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 25 April 2010

မျှော်လင့်ခြင်း

လူသားအားလုံး မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေကြတယ်တဲ့…၊
လူတွေကအသက် ၂၀ မှာ အချစ်ကိုမျှော်လင့်ကြတယ်။
အသက် ၃၀ မှာ လက်ထပ်ခြင်းကိုမျှော်လင့်ကြတယ် ။
အသက် ၄၀ မှာ အောင်မြင်မှုကို မျှော်လင့် ကြတယ် ။
အသက် ၅၀ မှာကြွယ်ဝမှုကို မျှော်လင့်ကြတယ် ။
အသက် ၆၀ မှာ အေးချမ်းမှု ကိုမျှော်လင့်ကြတယ် ။
အသက် ၇၀ မှာ စိတ်ချမ်းသာမှုကိုမျှော်လင့်တယ် ။
အသက် ၈၀ မှာအိပ်စက်ပြီး ပြန်နိုးထဖို့ကိုမျှော်လင့်ကြတယ် ။
အခုရောက်နေ တဲ့အသက်တာမှာ ကျွန်မ တို့တွေဘာ ကိုမျှော်လင့် ရင်း နဲ့အသက်ဆက်ရှင်ကြမလဲ ။ကုန်ဆုံးခဲ့ တဲ့အတိတ် ဆယ်စုနှစ်ကို ပဲပြန်တမ်းတနေမလား…?
မရောက်လာသေးတဲ့ ဆယ်စုနှစ်တွေ ကိုပဲမျှော်နေကြမလား…. ? ဘာတွေကိုမျှော်လင့်ကြမလဲ……..
အချစ် ၊ လက်ထပ်ခြင်း ၊အောင်မြင်ခြင်း ၊ ကြွယ်ဝမှု ၊ အေးချမ်းမှု ၊ စိတ်ချမ်းသာမှု ၊ပြန်နိုးထဖို့…
တခုခုတော့မျှော်လင့်နေရမှာပဲလေ..။အဲဒါတွေကပဲ ကျွန်မတို့ ဘ၀ကိုအဓိပ္ပါယ်ရှိစေတာလား…
အင်းပေါ့လေ…အဲဒါတွေကပဲဘ၀ကိုနေပျော်စေတာမလား.....အဲဒီမှာစဉ်းစားစရာတွေရှိလာပြီ ကျွန်မတို့ဘ၀ကို နေပျော်အောင်နေမလား ။ အဓိပ္ပါယ်ရှိအောင်နေကြမလား ။ကျွန်မကတော့ အဲဒီ ၂ ခုကိုစဉ်းစားရင်း တွေဝေနေမိတယ် ။လောကီလူသားဖြစ်နေတော့ လောဘကြီးနေမိတယ် ။ပြီးတော့လဲ စဉ်းစားနေမိတယ်…ဘယ်အရာတွေက ဘ၀ကို အဓိပ္ပါရှိစေတာလဲ ဆိုတာ……
သင့်အနေနဲ့ဆိုရင်ကော သင့်ဘ၀ ကိုဘယ်လိုအသက်ရှင်ထိုင်သွားမလဲ…? အဖြေတခုခုတော့ရှိမှာပေါ့နော်….
ကျွန်မကတော့ တွေဝေမိန်းမောနေဆဲပဲ……
ဒီပိုစ့် ကိုစိတ်ရှည်ရှည်ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်…..

3 comments:

Unknown said...

kg pa kg pa

ကိုကိုးအိမ်(မန္တလေး) said...

နှင်းမိုးရေ ညီမလေးဘလော့ တန်းပလိတ်လေးအရမ်းလှတယ် ဆက်ကြိုးစားနော် စီဘောက်ထည့် သူငယ်ချင်းတွေအိမ်လိုက်လည်ပြီး လင့်ခ်ချန်ခဲ့ နောက်ပြီး တခြားကောင်တာလည်းထည့်နော် ကြိုးစားပါ
အောင်မြင်ပါစေကွာ

ကိုကိုးအိမ်

Zay Tar Yar said...

အတွေးကောင်းတဲ့စာရေးဆရာမပေါက်စရေ မင်းစာလေး
တွေဖက်ရတာတမျိုးဘဲကွာ ဇေ၀မ်းသာတယ် မင်းရေးပုံ
ဟာ တချိန်မှာ နာမည်ကျော်ဖြစ်မဲ့လူဘဲလို့.......

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...