နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 30 September 2010

ကိုယ့်အတွေးပါ

ပြောချင်တာတွေ ပြောကြစတမ်းဆို အားမနာတမ်းပြောချင်တယ်…

စိတ်မဆိုးကြေးလို့ပြောပြီး စိတ်ထဲရှိသမျှပြောချင်တယ်…။

တကယ်တော့ ဘယ်သူမှ ကိုယ့်အကြောင်းကို သူများပြောတာ မကြားရဲကြပါဘူးးး…။

ဒါကလဲ လူတစ်ယောက်ရဲ အတ္တလေ…။

ငါလဲ ငါ့အကြောင်း သူများပြောမှာ မလိုလားဘူး။။။

တကယ်တော့ ကိုယ့်အကြောင်းကို သိတာအကောင်းဆုံးပဲ…။

လူတိုင်း ကိုယ့်အကြောင်းကိုယ် မသိတာ ခက်နေတာပေါ့…။

ဘာလဲ မဟုတ်ဘူးလို့ ငြင်းနေမလားးး. …။

ဘာကြောင့် ဗေဒင်စာအုပ်တွေရောင်းကောင်းနေတာလဲ…။

ဗေဒင်ဆရာတွေ ဘာလို့ အလုပ်ဖြစ်နေတာလဲ…။ ဘာရယ်မှတော့ မဟုတ်ပါဘူး…။

ကိုယ့်အကြောင်းထက် သူများအကြောင်း ပိုပြောဖြစ်နေတယ်…။

သိချင်တာကတော့ ကိုယ့်အကြောင်း ပြောဖြစ်တာက သူများအကြောင်း… အဲဒါမှ လူလို့ခေါ်တယ်…။

ကိုယ့်အကြောင်းပြောတော့ရော အမှန်တွေအားလုံးပြောလို့လားးး

ဟုတ်တယ် ငါပြောတဲ့ ငါ့အကြောင်းအမှန်လို့ အာမခံနိုင်လားးး။

လူဖြစ်ရတာ ပင်ပန်းတယ်နော်…။(ကိုယ့်အတွေးပါ)

မှတ်ချက်။ ။ depression ၀င်နေပါသဖြင့် စိတ်ကူးပေါက်ရာ ရေးချလိုက်ပါသည်…။

--
^-*!

6 comments:

ကိုကိုးအိမ် said...

ဒီပရက်ရှင်ဝင်နေလို့သာတော်သေးတာပေါ့။ ဒီပရက်ရှင်သာမ၀င်လို့ကတော့ ဒေါ်နှင်းရေ သေသွားတဲ့ဦးတင်မိုးတောင် မြေပုံကြီးစိုရွဲ နေလိမ့်မယ်ဗျ..


ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

ညိမ်းနိုင် said...

ဟယ်..ဝင်ပြန်ပြီလား..ဒေါ်ရွေနှင်းရယ်..။ဟာသတွေများ
များဖတ်၊ပုတီးစိတ်၊သယ်ရင်းတွေနဲ့ လျောက်လည်၊
စိတ်ကို နားနားနေနေထားပေါ့...။ကျွန်တော့်လိုတော့ ဆိုဆိုက် လုပ်ချင်စိတ်မပေါက်စေနဲ့နော်...။

ညိမ်းနိုင် said...

ဟုတ်တယ်...။ကိုယ့်အကြောင်းဆို နည်းနည်းတော့ ဖော့
ပြောမိတယ်...။လူဖြစ်ရတာ ပင်ပန်းတာပေါ့...။ဒါကြောင့်
တခါတလေ သစ်ပင်ဖြစ်ချင်စိတ်ပေါက်မိတယ်..။တကယ်...
(ပို့စ်ကို နောက်တစ်ခေါက်ဖတ်ပြီး နောက်တခေါက် မန့်လိုက်မိပြီ..ဟီး )

နတ်ဆိုးလေး said...

Dပရက်ရှင် ၀င်ပြီး စိတဆ်လေသွားရင် ကြောက်ဖို့ကောင်းတယ်နော
ဒေါ်နှင်းမိုး သတိထားဗျ...
ပုတီးလေးဘာလေး စိတ်

နှင်းမိုးမိုး said...

ကိုးးး ဘာကိုပြောသွားတာတုန်းးးးး နားမလည်ဘူးနော်... ငတုံးပါဆိုနေမှ..။
ကျေးဇူး ကိုမောင်လေး ရေ...
ဆိုဆိုက်တော့ မလုပ်ချင်တော့ပါဘူး...ဟို ၅၀၅ ကမ္ဘာကိုကြောက်လို့...။
နတ်ဆိုးလေး ပုတီးတော့ မစိတ်နိုင်ပေါင်....။

ဇေတာရာ said...

အော် သူ့ခမျာ အပူတယ်များသကိုး မာဆပ်ကို သွားသင့်တယ် ၊ ဒါမှမဟုတ် အနှိပ်သယ် ခေါ်ပြီး အပူထုတ်ပလိုက် ။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...