နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Sunday 3 October 2010

နင့်ထက်အရေးကြီးတာ…


အချစ်တစ်ခုကိုတွေ့ခဲ့တယ်….။

တကယ်တမ်းစဉ်းစားကြည့်လိုက်တော့

သူချစ်သလောက် ကိုယ်မချစ်နိုင်ခဲ့ဘူး ။။။

ကိုယ့်ကိုကိုယ် ညာခဲ့တာလား သူ့ကိုညာခဲ့တာလား…။

ကိုယ့်တိုင်တောင် အဖြေမထုတ်နိုင်ခဲ့ဘူး..။

ဒါပင်မဲ့ အချစ်တစ်ခု ကိုရှာရတာ ခက်ခဲတယ်လို့ထင်တယ်…။

လွယ်တဲ့ သူတွေ အတွက်တော့ လွယ်ကြမှာပေါ့လေ…။(မည်သူ့ကိုမှ မဝေဖန်လိုပါ)

နင့်ကို ငါချစ်တယ်တဲ့ ဒီစကားတွေကို နားခါးသွားပြီ…။

လိုချင်တာ ဒီလို အပြောတွေ မဟုတ်ခဲ့ဖူး…။

နင်တို့ လိုချင်တာတွေပဲ သွေးရူးသွေးတမ်း လျှောက်ပြောမနေကြနဲ့ဟာ…။

ဘယ်မှာတုန်း အစစ်အမှန်ဆိုတာတွေ…။

နင့်တို့ဆီမှာတောင်မရှိပဲနဲ့ များ သူများဆီက လိုချင်နေသေးတယ်…

ဒီခေတ်မှာ Vice versa မရှိတော့ဘူးလေ…။ ပေးသလောက် ပြန်မရကြတော့ဘူး…။ စိတ်ကူးယဉ်နေကြသေးတယ်..။

လူဆိုတာလဲ အခက်သားနော်… ပေးတာထက် တန်အောင် ပြန်လိုချင်နေကြတယ်…။

တချို့ကြတော့ မပေးချင်ကြဘူး.. လိုချင်တာတော့ အရူးတစ်ယောက်လို လိုက်တောင်းနေကြတယ်..။ အချစ်က အမဲခြောက်မှ မဟုတ်တာ…။

ဘ၀ မှာဒီကိစ္စကလဲ တစ်မှောင့်….။ အရေးမကြီးတာတွေကို ရေးကြီးခွင်ကျယ်လုပ်နေရတယ်…..။

သူမပါလို့လဲ မဖြစ်ပြန်ဘူး…။ သူပါပြန်တော့ကော အားလုံးပြည့်စုံသွားတာမဟုတ်…။

မပြည့်တာတွေ ပြည့်အောင်လိုက်ဖြည့်နေရသေးတယ်လေ…..ခက်တယ်နော်…။

ကောင်းပြီ… နင့်အတွက် တစ်နေရာတော့ ချန်ထားပေးမယ်… ။

ရှေ့ဆုံးတော့ မဟုတ်ဘူးနော်..ဒီလောက်နဲ့ပဲကျေနပ်သင့်တယ်…။

နင့်ထက်အရေးကြီးတာတွေက အများကြီးပဲရှိသေးတယ်  အချစ်ရေ…။


အားလုံးပဲ ပျော်ရွှင်ဖွယ် တနင်္ဂနွေနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ….။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

5 comments:

မြစ်ကျိုးအင်း said...

အင်းးး ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့။
တချို့ကလည်း ပြန်ရဖို့ထက် ပေးနေရတာကို အချစ်တဲ့..။
ယူတာပဲ ဖြစ်ဖြစ် ပေးတာပဲ ဖြစ်ဖြစ် စိတ်ကျေနပ်နေတာ အကောင်းဆုံးပဲ မဟုတ်လား။

ညိမ်းနိုင် said...

ဟုတ်ပ...။ဒီခေတ်ကြီးထဲမှာ ပေးသလောက် ပြန်ရဖို့များ
ယောင်လို့တောင်မစဉ်းစားလေနဲ့တော့....။

မိုးယံ said...

မှန်လိုက်တာ...။ ဒါနဲ့ စကားမစပ် မေးကြည့်ရဦးမယ်

ကျွန်တော်ပြောချင်နေတာတွေကိုများ ပြောပေးလိုက်တာ များလားလို့

ပြန်ဖတ်ကြည့်တော့မှ ကိုယ့်ရင်တွင်း ကိုယ်ပြန်မြင်သလို

မဗေဒါ said...

ညီမ နှင်းမိုးမိုးရေ..

အဲသလိုလား.. ပေးသလောက် ပြန်မရတာတွေ အများကြီးပဲ လောကကြီးထဲ... လိုချင်တာလည်း ပြဿနာ မပေးတာလည်း ပြဿနာ... အင်း... ။

ဒီလောက်ပါပဲ..။

မဗေဒါ (၈၈)

အားထိုက် said...

ပေးချင်ရင် ဘာမှမမျှော်ပဲ ပေးလိုက်ပေါ့ လိုချင်ရင်လည်း ကြိုးစားကြည့်ပေါ့ ရအောင်
ကိုယ်က မျှော်လင့်ချက်ကြီးနဲ့ပေးလိုက်ရင် ဟိုက ဘာမှပြန်မလာတယ့် အခါ ကိုယ်ပဲ စိတ်ထိခိုက်ရတာ
ဘာမှမျှော်ကိုးမနေနဲ့ သယ်ရင်း
ဟိုက ပြန်လာရင်လည်း ကိုယ်က လောဘကြီးရင် လည်း စိတ်ကထိခိုက်ရဦးမှာပဲ အဲ့တော့ စိတ်ရှင်းရှင်းနဲ့ လုပ်ချင်ရာသာလုပ် (ကျပ်ပေးတာ)ဟီး

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...