နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 14 October 2010

ချစ်အမျှ

မနေ့ညက MRTV-4 မှာဆရာကြီး ဘဘ ဦးသုခ ရိုက်ထားတဲ့ ချစ်အမျှ ဆိုတဲ့ ဇာတ်ကားကိုကြည့်လိုက်ရတယ်..။ အမေက လာကြည့်ဆိုပြီး အတင်းခေါ်လို့ သွားကြည့်တာ…။ ဇာတ်အိမ် ခိုင်ခိုင်နဲ့ ပညာရှင်တစ်ဦး ဒါရိုက်တာလုပ်ထားတဲ့ ဒရမ်မာ ကားကောင်းလေးတစ်ခုပါ..။ အန်တီ ချိုပြုံးရယ် ၊ အန်တီခင်ယုမေ ၊ ဦးဇော်လင်း ရယ် ပေါ့…။ ကျန်တဲ့ မင်းသားကြီးတွေတော့ မသိတော့ပါဘူး..။ ဒီဇာတ်ကားရိုက်တော့ ကျွန်မတောင် မွေးဖို့မပြောနဲ့ အဖေ နဲ့ တောင်မယူရသေးဘူးတဲ့ :P ။

ဇာတ်လမ်းအကျဉ်းကတော့ အန်တီချိုပြုံးရယ် ၊ အန်တီခင်ယုမေ က ညီအမ ပါ…။ အန်တီချိုက ပျော်ပျော်နေတတ်တယ် ၊ အိမ်ထောင်မှုမနိုင်နင်းဘူး …ဆိုရှယ်ကြတယ်ပေါ့။ အန်တီခင်ယုမေက အမ အိမ်ထောင်မှုနိုင်နင်းတယ်… မိန်းမပီပီသသ နေတတ်တယ်ပေါ့…။ ဦးဇော်လင်းက အန်တီချိုပြုံးကိုကြိုက်တယ်..။ အန်တီခင်ယုမေက ဦးဇော်လင်းကို တဖက်သတ်ကြိုက်ခဲ့တယ်ပေါ့…။ နောက်တော့ အန်တီချိုနဲ့ ဦးဇော်လင်း ညားသွားကြတယ်..။ ကလေးတစ်ယောက်မွေးတဲ့ အထိ အန်တီချိုက ပျော်တုန်း ပါးတုန်း ။ ကလေး ဆီကို လာလာနေတဲ့ ကြီးတော် အန်တီယု ကို အန်တီချိုက သူ့ယောက်ကျားနဲ့ ဘာညာဆိုပြီး အထင်လွဲတော့ ဦးဇော်လင်းးက အန်တီချိုကို ရိုက်လိုက်တယ်…။ အန်တီချို အိမ်ပေါ်ကဆင်းသွားတယ်..။ ကလော ဘက်က သူငယ်ချင်း အိမ်ကို သွားတယ်..။ အဲဒီ ရန်ဖြစ်တဲ့ အကြောင်းကို အန်တီချိုတို အဖေ က ကြားသွားတော့ သွေးတက်ပြီး သေသွားတယ်..။ ဦးဇော်လင်းးက အန်တီချိုကို ပြန်မခေါ်ဘူး..။ အန်တီချိုက ကလောမှာ ငယ်ရီးစား နဲ့ ပြန်တွေ့ပြီး တူတူနေကြတယ်..။ ဦးဇော်လင်းက အန်တီချိုကို စိတ်နာသွားတယ်..။ နောက်ဆုံးတော့ အန်တီချို ငယ်ရီးစားက ကုန်ကူးရင် ဓပြတိုက်ခံရပြီး သေသွားတယ်..။ လုပ်ဖော်ကိုင်ဖက် ဦးအံ့ကျော်က အန်တီချို ကိုစော်ကားဖို့ကြံရော..။ 
အန်တီချိုလဲ စိတ်ထောင်း ကိုယ်ကျေပြီး ရန်ကုန်ရောက်လာတယ်… ။ အိမ်ကို တန်းမပြန်ရဲတော့ သူနဲ့ ဦးဇော်လင်း လှုထားတဲ့ ဇရပ်ကိုသွားတယ်..။ ဦးဇောလင်းက စိတ်နာနာနဲ့ သံသရာရေစက်ပြတ်အောင်ဆိုပြီး ဇရပ်မှာ နာမည်ထိုးလှုထားတဲ့ အန်တီချိုနာမည်ကို ဖြုတ်ခိုင်းထားတယ်..။
အန်တီချို က စိတ်ထောင်းကိုယ်ကျေပြီး နောက်ဆုံး မသေခင် သူ့သားနဲ့ တွေ့ချင်တယ် ပြောတော့ ဦးဇော်လင်း က ပေးမတွေ့ဘူး..။ သေတော့ မယ်ဆိုတာ သိတော့မှ ပေးတွေ့တယ်..။ အန်တီချိုက သူ့အပြစ်နဲ့ သူ့ရောဂါ ခံစားနေရတာပေါ့…။ နောက်ဆုံး ဇာတ်သိမ်းကတော့ အန်တီချိုက သူ့သားနဲ့ တွေ့ပြီး ဦးဇော်လင်းကို တောင်းပန်နေတော့ ဦးဇော်လင်းက ဗြုန်းဆိုရောက်လာပြီး ခွင့်လွှတ်ပါတယ်ပြောရော အောင်မလေး ကို---(နာမည်မေ့သွားပါသဖြင့်) ဆိုပြီးလက်အုပ်လေးချီပြီး အသက်ထွက်သွားရှာလေသတည်းပေါ့…။

ဇာတ်လမ်းလေးက ဖြစ်တတ်တဲ့ လူ့သဘောသဘာဝ ရယ်…။ ၀ဋ်ဆိုတာ ရပ်မနေဘူးဆိုတာရယ်.. ကိုပြောချင်တာဖြစ်ပါလိမ့်မယ်…။ ကျွန်မ ပြန်ပြောပြထားတဲ့ ဇာတ်လမ်းအကျဉ်းချုံးက လိုအပ်တာတွေ အများကြီးရှိပါလိမ့်မယ်…။ ဇာတ်ကားလေးက ကျွန်မပြောတာထက် အဆများစွာကောင်းပါတယ်လို့ ကျွန်မ ရဲရဲကြီးအာမခံပါတယ်…။

ဇာတ်လမ်းလေးက ကိုရီးယား ကားထက်တောင် ကောင်းပါတယ်…။ အခန်းတစ်ခန်းနဲ့တစ်ခန်း အကူးအပြောင်းတွေက ဘာ Effect မှမပါပဲကြည့်ရတာ အချိတ်အဆက်မိနေပါတယ် ။ ဒိုင်ယာလော့တွေ ဆို ခုခေတ် ဇာတ်ကားတွေထက်တောင် လန်းနေပါတယ်…။ ကျွန်မတို့ မြန်မာရုပ်ရှင်တွေ ဒီလောက် ကောင်းခဲ့တာ ကျွန်မ ခုမှ သိခဲ့တယ်..။ အရင်အပတ်တုန်းက ကောလိပ်ဂျင်နေ၀င်းရဲ့ ပယင်းရောင် ကိုကြည့်ခဲ့တယ်…။ ခုခေတ်ကားတွေ နဲ့ ဘာကြောင့် ကွာလတီ ကွာနေရပါလိမ့်…။ ပိုက်ဆံတွေ အများကြီး သုံးပြီး ရိုက်ထားတယ်… စပါယ်ရှယ် အဖက် တွေ သုံးထားတယ်ဆိုပြီး အော်နေကြပင်မဲ့ ဘာကြောင့် အရင်ခေတ်က ဇာတ်ကားတွေကို မမှီရတာလဲ…။ ရသ ပိုင်း အရမ်းကို ကွာသွားတယ်…။ ကျွန်မက တော်ရုံ မြန်မာကားကြည့်ခဲ သူပါ…။ ဒါပင်မဲ့ ခုချိန်ကစပြီး အရင်ခေတ်က ဇာတ်ကားတွေကို ရှာကြည့်တော့မယ်…။ ကျွန်မ ကြည့်ချင်တဲ့ ကားတွေ ၊ ကျွန်မ ခံစားချင်တဲ့ ရသတွေ အဲဒီကားတွေမှာပဲ ရနိုင်တော့မယ်ထင်တယ်..။
ဒီခေတ်မှာလဲ ပညာရှင်တွေရှိရဲ့သားနဲ့ ဘာကြောင့်ဒီလိုဇာတ်ကားမျိုးတွေ မပေါ်ထွက်လာရတာပါလိမ့်…။ ဟာသကားတွေ တင်တိုင်း လက်ချိုးရေလို့ရတဲ့ ရုပ်ရှင်ရုံတွေမှာ လူတွေပြည့်ပြည့်နေတတ်တာကရော…..

စိတ်မောသော ကြာသာပတေးနေ့ကိုဖြတ်သန်းရင်း…
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်….။

8 comments:

မိုးယံ said...

ဟယ် သူပြောတာနဲ့ စိတ်တောင် ၀င်စားသွားပြီ ။ မချို တော်တော်ဆိုးတယ်။ အဲဒီလို ဇတ်လမ်းကောင်းမြန်မာကားတွေ ဘယ်ကနေ အလကား ရနိုင် မလဲဟင်။ မနှင်းလှူချင်လဲ လက်ခံမယ်နော်။ ဟာဟ

ဟုတ်ကဲ့ ကျွန်မ မိုးယံပါရှင် (နောက်တာနော် စိတ်နဆိုးကြေး)

ကိုကိုးအိမ်(မန္တလေး) said...

အဲဒီ ဇာတ်ကားလေးအရမ်းကြိုက်တယ်
တနင်္ဂနွေ မြန်မာ့အသံကပြတာလေ
အဲဒီဇာတ်ကားတစ်ကားလုံးမှာ ဒေါ်ချိုပြုံးသေခါနီး မျက်လုံးကြီးပြူးပြီး အောင်မလေး.... ကို(...) ဆိုပြီးတတဲ့ မျက်လုံးကိုသဘောကျတယ်။ အရမ်းပီပြင် တယ်... သူမြင်လိုက်ရတယ်ဆိုရုံပဲ.. အပြင်မှာ ငှက်အုပ်တွေပျံသွားတာလေ အရမ်းကြိုက်တယ်.. ဒေါ်ချိုပြုံး အကယ်ဒမီရသွားတယ်.

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

ငွေလမင်း said...

ညီမ ..ဇာတ်လမ်းပြောသွားတာလေး ကောင်းတယ် တို့တော့ မကြည့်ဖုဘူး နှင်းပြောမှ ကြည့်ချင်သွားပြီ
မိုးယံပြောသလို ဘယ်မှာကြည့်လို့ရမလဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီကားကြည့်ပြီး ကိုယ်တိုင်လည်း ငိုခဲ့ရတာ မှတ်မိသေးတယ်
ဟုတ်တယ် ညီမလေးပြောသလိုဘဲ
ခုခေတ်မှာ ဒီလို ခံစားမှုပေးနိုင်တဲ့ဇာတ်ကားတွေ အရမ်းရှားပါးသွားပြီ။
လူတွေကလည်း အပျော်အပါးဇာတ်ကားကိုဘဲ ကြိုက်လာတော့တယ် ထင်ပါတယ်.. ဒီတော့ ဒါရိုက်တာတွေကလည်း အပျော်ဇာတ်လမ်းတွေဘဲ ရိုက်ကြတော့တယ်လေ။
လူအများအကြိုက်လိုက်ရင်းနဲ့ပေါ့ညီမရယ်။

SHWE ZIN U said...

ညီမ ပြောတာလေး နဲ့ တောင် ကြည့်ချင်လာပြီ အမ ရုပ်ရှင် ခုခေတ်ကားတွေ မကြည့််ဖြစ်တာကြာပြီ အဲလို ကားဟောင်းတွေ တော့ ကြိုက်တယ်

ခင်တဲ့
အမရွှေစင်

ကောင်းမွန်ဝင်း said...

အရင်ခေတ်က အဲလိုကားတွေ သိပ်ကောင်းတယ်နော်။
↑ကျွန်မရဲ့ ကော်မန့်ပါ။

“ဒီခေတ်မှာလဲ ပညာရှင်တွေရှိရဲ့သားနဲ့ ဘာကြောင့်ဒီလိုဇာတ်ကားမျိုးတွေ မပေါ်ထွက်လာရတာပါလိမ့်…”
↑အဲဒါ နှင်းမိုးမိုးပြောတာပါရှင်။
ကျွန်မက ကောင်းမွန်ဝင်းပါ။
းP

sosegado said...

ကြားဖူးပါတယ်၊ မကြည့်ဘူးပါဘူး၊ တော်တော် ခံစားရမဲ့ ဇာတ်ကားဖြစ်မယ်၊ ရေးထားတာကိုဖတ်ပြီးတော့၊

Anonymous said...

ချစ်အမျှမှာ ပါတဲ့ သရုပ်ဆောင်က ဇော်လင်းပါ။
ဇော်ဦးမဟုတ်ပါဘူး။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...