နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 22 October 2010

မုန်တိုင်းနှင့်အတူ


မုန်တိုင်းတဲ့….။ ၂ လုံးတောင်…။ မီဂီ ရယ်… ဂီရီရယ်…။ ဂီရီကတော့ မြန်မာနိုင်ငံထဲဝင်နေပြီလေ…။ ဒေါက်တာထွန်းလွင်ရဲ့ MCCW မှာနောက်ဆုံးသတင်းတွေတင်ထားတယ်….။ နောက်ဆုံးလို့တော့ပြောတာပဲ…။ နာဂစ်တုန်းက ၁၅ မိုင်လောက်ပဲ စိတ်မပူပါနဲ့တဲ့…။ တကယ်တမ်း ၁၁၅ မိုင်နီးပါးတိုက်သွားတယ်…။ နဲနဲလေးပဲလွဲတာပါ…။ အေးလေ... သူက သိကြားမင်းမှ မဟုတ်တာနော်...။

နောက် http://www.tropicalstormrisk.com/ အဲမှာကော ၊ ပြီးတော့ http://www.gdacs.org/#TC_20542 ကော၊ အစုံတော့ကြည့်ဖြစ်တယ် ။ စလောင်းမှာလဲလာနေတယ်…။ Breaking news ပေါ့…။ အဖေကတော့ အိမ်မှာ ရေဒီယိုနားထောင်လိုက် သတင်းတွေကြည့်လိုက် MRTV 4 ကြည့်လိုကနေတယ်..။
MEGI အကြောင်းနဲ့ GIRI အကြောင်းကို ဒီမှာ ဖတ်နေတယ်…။ MEGI ကအဆင့် ၂ ပဲရှိတယ် တဲ့..လိမ္မော်ရောင်မရှိတရှိပေါ့ ။ GIRI ကတော့ အဆင့် ၄ လေ အနီရောင်အဆင့်ပေါ့..။  နာဂစ်တုန်းက လဲအနီရောင်လေ…။

မုန်တိုင်းဆိုတဲ့ အသံကြားရုံနဲ့ အမေက သွေးတိုးနေတယ်…။ နာဂစ်လိုမျိုးဖြစ်မှာကြောက်နေတယ်…။ ထမင်းတောင် အစောကြီးစားခိုင်းတယ်…။ အလုပ်သွားတော့လဲ အမေက သမီး ဘယ်လိုဖြစ်နေ ဖြစ်နေ အိမ်ကိုရောက်အောင် ပြေးလာနော်တဲ့…။ အဖေကတော့ ရီနေတယ် ။ အမေရယ် ရန်ကုန်နဲ့ အဝေးကြီးပါလို့တော့ ကူပြောပေးနေတယ်..။ ဒါပင်မဲ့ အမေတစ်ယောက်ကတော့ဖုံးတစ်လုံးနဲ့ အလုပ်ရှုတ်နေတယ်….။ သူသားငယ်ဆီ ဖုံးဆက်ပြီး သူ့အိမ်ကို စောစောပြန်ဖို့နဲ့ သူ့တူမ ကိုလဲ အိမ်ကို ချက်ချင်းပြန်လာဖို့ ပေါ့…။ ဟိုတလောက မုန်တိုင်းရှိမယ်ဆိုတဲ့ ကောလဟာလ သတင်းထွက်တုန်းက ဆန်တွေဝယ်ထားတာဆိုတော့ သူ့အတွက်တစ်ပူအေးနေပြန်တယ်…။ ပြီးတော့ မနက်ကလဲ ဘလချောင်ကျော် ကျော်နေတယ် မုန်တိုင်းလာလို့ ဟင်းမချက်နိုင်ရင်စားရအောင်တဲ့ …။ ကြက်ဥတွေလဲ အများကြီးဝယ်ထည့်ထားတယ်….။ နာဂစ်ကို အမေ ခုထိမမေ့နိုင်သေးဘူး…။ နာဂစ်အရှိန်မသေသေးဘူးပေါ့…။

ရန်ကုန်မှာတော့ နက်ဖြန်ဆိုသတင်းကျွတ်ပြီး ။ ခုဆိုလူတွေ ဈေးမှာ တိုးလို့တောင်မပေါက်ဘူး…။ သတင်းကျွတ်အတွက်ဝယ်စရာတွေဝယ်နေတယ်..။ သူတို့တွေ မုန်တိုင်းကို မမှုပေါင် …။ ရောင်းသူ ၀ယ်သူတွေများ တိုးမပေါက်နိုင်ဘူး…။ ပျော်ပျော်ပါးပါးပဲ…။ Show ပွဲတွေကော…၊ shopping center တွေမှာ သတင်းကျွတ်ပျော်ပွဲ ရွှင်ပွဲတွေတောင် ကျင်းပနေသေးတယ်….။ အေးဆေးပဲနော် ရန်ကုန်လေ…။ သိတယ်မလား…။ ရခိုင်ပြည်က လူတွေကတော့ ဘယ်လိုနေမှန်းမသိဘူး…။

အမေ ဆုတောင်းနေတယ်….။ ဒီအန္တာရယ်ဆိုးကြီးက လွတ်မြောက်စေဖို့ပေါ့…။ သူ့အတွက်တော့မဟုတ်ဘူး…။ ခံစားနေရတဲ့သူတွေအတွက်ပါ…။ ကျွန်မလဲ ဆုတောင်းနေမိတယ်…။ မြန်မြန်ပြီးဆုံးစေချင်နေပြီလေ…။ နာဂစ်လို အဖြစ်မျိုးဘယ်သူ့ကိုမှ ထပ်မကြုံစေချင်ဘူး..။ ကိုယ်တွေ့ဆိုတော့ အဲလိုအဖြစ်က အရမ်းခါးတယ်နော်…။ လူတွေသေလိုက်တာ…။ သေသွားတဲ့လူတွေကတော့ သေပေါ့…။ မသေတဲ့သူတွေက ဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲ…။ ဘေးနားမှာ လက်တွဲဖေါ်တွေ ပျောက်ဆုံးကုန်တယ်လေ…။ သနားစရာ ကလေးငယ်တွေ …. အိုးးးးးးးးးးး

ဘုရားသခင်…. ဒီဒုက္ခ၀ဋ်ဆင်းရဲ မှလွတ်မြောက်လိုပါတယ်…။ လူသားတိုင်း အေးချမ်းစေချင်တယ်…။ နက်ဖြန် သတင်းဆိုးတွေ မကြားရဖို့မျှော်လင့်ချင်တယ်...။

မုန်တိုင်းနှင့်အတူ သောကြာနေ့ကိုဖြတ်သန်းရင်း…
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

3 comments:

ညိမ်းနိုင် said...

ဟုတ်လား...လာပြန်ပြီလား။ဒုက္ခပါပဲဗျာ။
သတင်းဆိုးတွေမကြားရဖို့ ဆုတောင်းရတော့မှာပဲ..။
(ဒါထက်စကားမစပ် မုန်တိုင်းမဝင်ရင် ဘာလချောင်ကျော်
တွေ အလကားအဖြစ်မခံနဲ့နော် ဒီကိုပို့လိုက် ဟီး )

အနော် said...

ညီမလေးရေ ဆုတောင်းပေးပါတယ်.. ဘေးအန္တရာယ်ဆိုးကျရောက်ရင်တောင် အဆုံးအရှုံးနည်းပါးပါစေလို့.. နာဂစ်က ဒဏ်ရာက အခုအထိ အကင်းမသေသေးဘူးလေ... မုန်တိုင်းပီး သတင်းတွေက မုန်တိုင်းသတင်းထက် ပိုရင်နာစရာကောင်းလှတယ်.. :(

သောစေယျံ said...

လာရောက်ခဲ့ပါတယ် မုန်တိုင်းဆိုကြောက်တယ်
ဒီကောင်က သနားခြင်းကင်းတယ်လေ..

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...