နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 9 July 2010

တရားခံဘယ်သူလဲဟေ့


ဒညင်းသီး အကြောင်းသူငယ်ချင်းတွေပြောလို့ ဒညင်းသီးအကြောင်းအမှတ်တရလေးတခုပြောချင် လို့ ၊ အဲဒါနဲ့စာထရေးတာ ဘာရယ်မဟုတ်ပါဘူး ဒညင်းသီးဆိုတာ သိကြတဲ့အတိုင်းဘဲ သိပ်နံတာ အာ ဟာ ရ တန်ဘိုးအားဖြင့်ကလဲ ဘာမှမရှိပါဘူး ၊ ကျောက်ကပ်လဲအင်မတန်ထိခိုက်သတဲ့ ၊ ဆေးပ ညာ ရှင် တွေက ဆို တညင်းသီးတလုံးလုံးမှာ အဆိပ်ကြီးဘဲတဲ့ ၊ သို့သော် မြန်မာလူမျိုးတရာ မှာဒ ညင်းသီကို ၉၀% နှစ်သက်တယ်ကြတယ် ၊ ပြုတ်စားမလား ၊ အစိမ်းတို့မလား ၊ ငပိထောင်းနဲ့သော် ၄င်း ၊ ငံပြာ ရေ ချက်နဲ့သော်၎င်း ၊ အင်မတန်အစပ်အဟပ်တည့်ပါတယ် ၊ ဒါတင်မကသေးဘူး လက် ဖက် သုတ်တာ့ရော ပြုတ်ပြီးသားလေးတွေများ ပါးပါးလှီးထည့်စားလိုက်လို့ကတော့သောက် ကျိုးနဲကောင်း ၊ ဘာလုပ် စားလို့ရသေးတုန်း သိပ်ရသေးတာပေါ့ ဒညင်းသီးကိုပြုတ် ငရုပ်ဆုံထဲမှာ ထောင်း ပြားပြား ကြီးဖြစ် လာပြီဆိုရင် အုန်းနို့ဆီချက်နဲ့စား အောင်မလေးကောင်းလိုက်တဲ့ဖြစ်ချင်း.......။


ဗျာတို့    ၊ မန္တလေးမှာသိပ်စားကြပေါ့ ၊ နောက်ဒီလောက်မကသေးဘူး ဒညင်းသီးကိုဝက်သားနဲ့ထ ည့်ချက်စား ကောင်းမှကောင်း ၊ မုန့်တီသုတ်ထဲမှာ ထည့်စားလိုက်ရင်လဲကောင်းတာဘဲ ဒညင်းသီး ဟာဘယ်လိုစားစားကောင်းတယ် ၊ အရာဝတ္ထုတခုခုက အဲသလောက်ကောင်းနေပြီဆိုရင် သတိ ထားကြတော့ ပြဿနာရှိနေပြီ  အဲဒါကတော့ စားပြီးလို့ ရေအိမ်သုံးတဲ့အခါမှာ အင်မတန်မှ ရနံ့ ဖြာတယ် ၊ တော်တော်လေးကိုဖြာတယ် တညင်းသီးတလုံးမှာ 1-2%djenkoli acid ပါတယ် ဒါမို့ လို့ ကြင်ငယ် ၊ ကျင်ကြီး ၊ အခင်းငယ် ၊ အခင်းကြီး ၊ ရူရူး ၊ အီအီးတို့မှာ ရနံ့အင်မတန်ဖြာတယ် ၊ဒါ တင်မကဘူး စားပြီးတာနဲ့ ပါးစပ်မှာအနံ့နံတယ် ၊ ချွေးကအစနံတယ် အဲဒါကလဲဒညင်းသီးထဲမှာပါ တဲ့အက်စစ်ဓာတ်ကြောင့်ရယ် ၊ အားလုံးမပူနဲ့ အနောက်တိုင်းကဆေးပညာရှင်တွေ ဒညင်းသီးစား ပြီးရင် ပါးစပ်မနံအောင် မတီထွင်နိုင်သေးပေမဲ့ မြန်မာပြည်ကလူတွေက သိနှင့်တာကြာပေါ့ ထန်း လျှက်စားလိုက် အိပ်သာထဲကလွဲရင် ဘာအနံ့မှမနံတော့ဘူး ၊ ဒါကြောင့်မို့ ဒညင်းသီးကြိုက်တဲ့မိ သားစုထဲမှာ မကြိုက်တဲ့လူတစ်ယောက်ရှိရင် အဲဒါကွိုင်ဘဲ ။

မေမေ မော်လမြိုင်သူ ဒညင်းသီးကိုစပယ်ရှယ်လစ်ကြိုက်တယ် ၊ သာမာန်ကြိုက်တာမဟုတ်ဘူးနော် အပင်စိုက်ပြီးတော့ကိုကြိုက်တာ မော်လမြိုင်က ခြံမှာ မေမေအသက်၂၀လောက်ကတည်းကစိုက် ခဲ့တဲ့ ဒညင်းပင်ခုထိရှိတယ် ၊ ရာသီချိန်ရောက်ရင် အတောင့်လိုက်တွေပို့ပေးတာ အိမ်ရောက်မှထု ထောင်း ဒညင်းသီးစေ့တွေထုတ်တာလုပ်တယ် ၊ ဖေဖေ အစကတော့ဧရာဝတီတိုင်းသား မေမေကို ပိုးရင်းနဲ့ မော်လမြိုင်ရောက်လိုက် ၊ ရန်ကုန်ရောက်လိုက်နဲ့ ဘယ်လိုဒညင်းသီးကြိုက်သွားမှန်းမသိ ဘူး မေမေကစည်းရုံးတယ်ထင်ပါတယ် ၊ ဒညင်းသီးကြိုက်အောင် ပါးလဲဒညင်းသီးကြိုက်တယ် ဇေ တအားကြိုက်တယ် ပက်ပက်စက်စက်ကိုကြိုက်တယ် ၊ အလတ်ကောင် ကြိုက်တယ် ၊ အဲအကြီး ကောင်ကျတော့ မကြိုက်ဘူး ဘယ်လိုဓာတ်လဲမသိဘူး ဒညင်းသီးအနံနဲ့ဒူရင်းသီးအနံ့ကို သူမခံ နိုင်ဘူး စားလဲမစားဘူး ယုတ်စွအဆုံး ဟိုအရွတ်ဘာလဲ ဆူးပုတ်ရွတ် အဲဒါတောင်သူမစားဘူး အနံ အင်မတန်မခံနိုင်တဲ့ကောင် ဒညင်းသီးအိုးတွေရှိတယ်အိမ်မှာက ဒညင်းသီးအိုးဆိုတာ က ဒညင်း သီးတွေရှားခါနီးပြီဆိုရင် မေမေက ရင့်ပေ့ဆိုတဲ့ဒညင်းသီးကြီးတွေကို ထန်းလျှက်နဲ့ရေခန်းပြုတ် ပြီး ဒန်အိုးသစ်တလုံးထဲမှာ ဆီတွေနဲ့စိပ်ထားလိုက်တယ် ဒါဆို နောက်နှစ်ဒညင်းသီးပေါ်ချိန်ထိကျန် သေးရင်ထားလို့ရတယ် ၊ အဲဒီအိုးကို အခန်းလေးတခန်းမှာထားရတယ် ဟိုအကြီးကောင်အနံ့မခံ နိုင်လို့ အဲကောင်နာခေါင်းအာရုံအင်မတန်ကောင်းတယ် ခွေးဆိုရင် ကြွက်သိပ်ဖမ်းနိုင်မဲ့လူမျိုးပေါ့။


ဒညင်းသီးစားမဲ့ရက်ဆိုရင် အိမ်မှာ အိပ်သာနှစ်လုံးရှိတယ် တလုံးကိုဘဲ ကျန်တဲ့လူတွေကတတ်ရ တယ် ၊ ကျန်တဲ့တလုံးကို နာခေါင်းမင်းသားအတွက်ထားပေးရတယ် ၊ အနံမခံနိုင်လို့ ဒညင်းသီး တုန်းတဲ့ အချိန်ဆိုရင် ဒညင်းသီးကိုပေါပေါများများစားလို့မရတော့ဘူး ၊ဟိုဆေးပညာရှင်ကြီးနှစ် ယောက်က ညီညီညွတ်ညွတ်ဒညင်းသီးမကောင်းကြောင်းပြောကြလွန်းလို့ ၊ ရှားတဲ့အချိန်ဆို ၇  ရက်ခြား ၊ ၁၀ ရက်ခြားလောက်မှတခါစားရတယ် ၊ စားမဲ့ရက်ဆိုရင် အကြီးကောင်ကြီးကိုသတိပေး ထားရတယ် ဒညင်းသီးစားမယ်နက်ဖြန် ၊ မင်းဟိုအိပ်သာကိုမင်းသုံး အဲလိုအိပ်သာကစပြီးခွဲတမ်းချ ရတယ် ၊ ဒါနဲ့ဒညင်းအိုးထဲမှာ ဒညင်းသီးကလဲ အလုံး၂၀လောက်ရှိတော့တယ် မေမေကခိုးခိုးစား လိုက် အလတ်ကောင်ကခိုးစားလိုက် ၊ ဇေကလစ်လိုက် ၊ ပါးကသုတ်လိုက်ဆိုတော့ တဖြေးဖြေးနဲ့ ဒညင်းအိုးပြောင်လာတယ် ၊ အဲဒါနဲ့ မေမေက အရင်စအော်တယ် ဒညင်းသီးတွေနဲနေပြီး အလုံး၂၀ လောက်ဘဲရှိတော့တယ် ၊ဘယ်သူမှမစားနဲ့ကြတော့နော် ဘာညာဆိုတော့ အားလုံးကကိုယ်ရှိန် သတ်နေကြတယ် ၊ ဘယ်သူမှမစားကြတော့ဘူး ၊ မေမေလဲမစားတော့ဘူးသူစားရင်နောက်ကလူ တွေလိုက်စားမှာကိုး အဲဒါနဲ့တပက်လောက်ကြာတော့ ဖေဖေတို့သူငယ်ချင်း ဦးလေးကျော်ကသ ဘောင်္တတ်လာတယ် ဇေတို့အတွက်ချောကလပ်လာပို့တာတဲ့ အဲဒါနဲ့လ္ဘတ်သုတ်ပြီးဧည့်ခံတာ ကိုး ဘွားတော်ဆိုတာ သွားတိုက်ဆေးကြော်ညာနေသလားမှတ်ရတယ် ပျော်လွန်းလို့သွားတွေကို ဖြီးခံနေတာ ၊ လ္ဘတ်သုတ်ရင်ဒညင်းသီးပါရတော့မှာကိုး ၊ အဲကျရင်ဟုတ်ဟုတ်မဟုတ်ဟုတ်သူက အိုးသူကြီး ဆို တော့မြီးတာစွတ်တာနဲ့ဆို သူစားရတော့မှာ ဒီကလဲ ဒါမျိုးသိသပေါ့ ခလေးမှမဟုတ် တာချက်ဆို နားခွက်ကမီးတောက်တဲ့ကောင် မေမေရေ ဇေတို့အတွက်လဲ ပိုသုတ်နော် အန်ကယ် ကျော်နဲ့ တူတူမစားရတာကြာပေါ့ဘာညာနဲ့အသံပေးတုန်း ၊ ဖေဖေက ဟုတ်တယ်မေကြီး များများ လေး သုတ်  လိုက် ဒို့လဲစားမယ် နဲ့ဆိုတော့ မေမေတအားပျော်တာပေါ့ မျက်ဖြူစိုက်လေ ဆရာ ကြိုက် လေ ဆို သမို့လား များများသုတ်တော့များများ သူစားရမှာမို့ သုတ်ချလာတာ ဒညင်းသီးကို ဖွေးဖွေးဖြူနေတာဘဲ ၊ စားလိုက်ရေနွေးသောက်လိုက် ၊ လေရိုက်လိုက်နဲ့ လူကြီးတွေကတော့ ဣနြေ္ဒနဲ့ သံပတ်ခွေနဲ့ပေါ့ဗျာ ၊ ဇေကခလေးဆိုတော့ တ၀ကြီးစားလိုက်တာ ၊ စားတုန်း အလတ် ကောင်က အပြင်က နေပြန် လာပြီးစားပြန်ရော ၊ အဲဒါနဲ့ညနေစောင်းတော့ အန်ကယ်ကျော်လဲပြန် ဇေတို့လဲ ကိုယ့်ကိစ္စ ကိုယ် လုပ် ကြနဲ့ နေကြရင်း ညကိုးနာရီလောက်ကျတော့ အကြီးကောင်အသံ အိမ်သာထဲကနေကြားရတာဘဲ....။



ဘယ်သူလဲဟေ့ ဒညင်းသီးစားပြီး ဒီအိပ်သာလာတတ်တာ အနံမခံနိုင်ဘူးဟ ၊ ဒီအိပ်ကလူတွေက လူစကားကိုနားမလည်ကြဘူး ၊ ဒီအနံ့ကိုနံပါတယ်လို့ပြောထားတာမရဘူး ဆိုပြီးဘီလူးစိုင်းတီးပြီး ဧည့် ခန်းထဲပေါက်ချလာတော့ ၊ ဇေရယ်ပါးရယ် မားရယ် ကိုလတ်ရယ် တယောက်မျက်နှာတစ် ယောက်ကြည့်ပြီး ပုစ္ဆာထုတ်နေကြတာ ဘယ်သူလဲပေါ့ ၊ အဲလေ ခါတိုင်းလိုလဲကြိုမပြောထားဘူး လေဒီနေ့က ဧည့်သယ်လာတာဆိုတော့ ဒီဒညင်းသီးက အာဂန္တုကဒညင်းသီးလေ ဒီတော့ပြန် ကြားရေးကိစ္စမပြုမှိတော့ ၊ ခါတိုင်းလိုဘဲမှတ်တာပေါ့ ၊ အိမ်သာနှစ်လုံးကို လူသုံးယောက်ဘယ်သူ ကဘယ်အိမ်သာမှန်းကိုမသိလိုက်ကြတော့ကား ၊ ဟေ့ မေးနေတယ်မေးနေတယ် အဖက်လုပ်အုံး ဘယ်သူတုန်းလို့ ပါး..ဘာလို့တုန်း အကြီးကောင်ရဲ့ အာဒီလောက်နံနေတာအနံမရကြဘူးလား ဟာကွာ အိမ်ကိုပြန်လာရင် ကောင်းကောင်းမနားရဘူးစိတ်ပျက်တယ် ၊ ဟေ့ကောင်ဇေ ဗျာ မင်းဒီအိမ်သာကိုသုံးသေးလား ဟာကွာပေါက်ပေါက်ရှာ မသုံးပါဘူး ကိုကိုကြီးကလဲ ၊ အလတ် ကောင် ဗျာ မင်းလား ဟာကွာ ခုနကမှရောက်တာဟ အခွေသွားဝယ်နေတာ ၊ ဒါဆိုမေမေလား ဟယ် ဒီကောင်လေးနဲ့တော့ခတ်ပါတယ် ၊ တနေ့လုံး ကိုအလေးမစွန့်ရသေးဘူးဟဲ့  ဗိုက်တောင်
နာနေတယ် ၊ ကိုကိုကြီးဖေဖေမဟုတ်ဘူးနော် ဖေဖေက ဇေနဲ့ခုနကမှမုန့်ဆိုင်ကပြန်လာတာ ၊ ဟုတ်တယ်လေ တော်ကြာ ပါးကိုမေးနေမှာဆိုးလို့ ၊ ဟိုခွေးဝဲစားလေး ငြိမ်ငြိမ်နေ အာကသွပ်လျှာ ကသွပ်မလုပ်နဲ့ မင်းကိုမမေးဘူး ၊ ငါ့ဖာသာငါမေးမယ် ဖေဖေ ဖေဖေ ဒီအိပ်သာကိုသုံးသေးလား ပေါက်ပေါက် ရှာရှာကွာ ဇေပြောနေတာမကြားဘူးလား မုန့်ဆိုင်သွားနေပါတယ်ဆို ငါ့နှယ်နော် အိုးစွန့်မစားခွက်စွန့်မစား ၊ ဟာ ဒါဆိုဒီချီးကို ဒညင်းသီးအိုးစောင့်တဲ့နတ်က လာပါသွားတာနေ မယ် ပေါက်ကွဲတယ်ဟေ့ ဒီအိမ်ကလူတွေမကဘူး နတ်တွေလဲ စောက်ကျင့်မကောင်းဘူး အောင်မ လေးဗျား နံလိုက်တာ သေချင်ပါရဲ့ အောင်မလေး ဘယ်သူမှမသိဘူးတဲ့ မေမေ ဟဲ့ကောင်လေး တော်တော့မင်းအသံကြီးကလူကြားမကောင်းဘူး ၊ လူကြားမကောင်းရင် ဒီချီးကိုဘယ်သူပါလဲပြော ကြလေ ၊ အာမသိပါဘူးဆိုမှ အဲဒါကိုမကြိုက်တာ အဲဒါကိုမကြိုက်တာ အဲဒါကိုမကြိုက်တာ ရိုးရိုးသားလေးပေါ့ ပြောလိုက်ကြစမ်းပါ  ၊ ပါးပါး  ဟာအကြီးကောင်ရာတော်ပါတော့ ရှက်စရာဗျာ  အလတ်ကောင် ကိုကြီးတော်တော့ကွာ ဘာမှမဟုတ်ဘဲနဲ့ ၊ ဇေဟုတ်ပ မင်းဟာကလဲကြည့်လဲ လုပ်ပါအုံး ချီးလေးပါတာကို ဟိုခွေးသူတောင်းစားလေးက ချီးလေးချီးလေးနဲ့ထည့်ထည့်မပြောနဲ့ ဟ မင်းပြော တဲ့အဲဒီချီးလေးရဲ့အနံ့ကိုငါကမခံနိုင်ဘူး ၊ မင်းတို့ဒညင်းသီးစားတာကိုငါဘာပြောလို့ လဲ ၊ ငါ့ကိုနားလည် မပေးနိုင်ဘူးလား ၊ ဒီအိမ်သာမတတ်နဲ့လေ ၊ နှစ်လုံးရှိတာ တလုံးကိုစားတဲ့လူ ကသုံးပေါ့ ၊ အခုဟာကတယောက်မှသာ မပါတယ်  အနံကနှစ်လုံးလုံးမှာ ရှိနေတယ် ကဲဘယ်သူ လဲပြောဟေ့ ကြာတယ်နော် ပေါက်ကွဲလာပြီ ၊ ငါဝုန်းဒိုင်းကြဲပလိုက်ရ ၊ ဖေဖေ အကြီးကောင်ကြီး တော်တော့ကွာ ဟုတ်ပြီလား ၊ မတော်ဘူးဗျာ ၊ ဇေ ဟုတ်ပ ကိုကိုကြီးကလဲ ဒီလောက်ပြောနေရ ရင်ကျေနပ်ပေါ့ ၊ ချေးကဖြင့်ဘယ်သူ ပါမှန်းမသိဘဲနဲ့ လိုက်ပြောနေရင် မေမေဆို မင်းငရဲကြီးမှာ ဟဲဇေ ငါမဟုတ်ဘူး မင်းဟာလေ သက်သက်ငါ့ဘက်လှည့်လာအောင်လုပ်တယ် ၊ ကဲ ဒါဆို ဘယ် သူဒညင်း သီးစားလဲပြောစမ်း ၊ အယ် သံပြိုင် ၊ ဒညင်းသီကညနေက ဧည့်သယ်လာလို့ တော်ပါဗျာ ဘယ်သူစားသလဲပြောပါ အကုန်စားတာ ဟာ အကျိုးနဲပြီ အောင်မလေးတအိပ်လုံးစားတာကို ဒီအ နံ့မခံနိုင်မှန်းသိရဲ့သားနဲ့ အိပ်သာလေးတလုံးတောင်မချန်ထားကြဘူး ၊ ငါ့ကိုလူလို့ မမှတ်ဘူး လူလို့ကိုမမှတ်ကြဘူး ၊ တော်ပြီ အိမ်ပေါ်ကဆင်းမယ်ဟေ့ မေမေ အေးဆင်းဆင်း အခုဆင်း နား ညီးတယ် ၊ ပြန်တတ်မလာနဲ့ ၊ ဖေဖေ ဟုတ်ပကွာ ဘာမှန်းကိုမသိဘူး ကဲငါလဲမနိုင်ဘူးဟေ့ လုပ် ချင်တာလုပ်ကြ ၊ ဇေ အကြီးကောင် xxxxxxxxကွာ မင်းကဘာကောင်တုန်း ၊ အလတ်ကောင် ဟုတ်ပ မိသားစုကို စိတ်ဆင်းရဲအောင်မလုပ်နဲ့နော် ၊ ဘာညာသာရကနဲ့ အဲကောင်ဘုန်းကြီး ကျောင်းက သူ့ဦးဇင်းဦးဇာဂရဆီသွားအိပ်တယ် ၊ မိုးလင်းတော့ပြန်လာပါတယ် မေမေကစကားမ ပြောလို့ နေစရာတောင်မရှိဘူးအဲကောင်ဟိုကရန်စထောင်တာအိမ်ပေါ်ကဆင်းတဲ့လူကအဘယ် ကိစ္စနဲ့ ပြန်ကြွလာတာတုန်း ဘုန်းကြီးကျောင်းသွားနေလေ အာမေမေကလဲ ဘာညာနဲ့ပြီး သွားပါတယ် ၊ အဲဒီအိမ်သာနှစ်လုံးလုံးမှာ ချေးပါသွားတဲ့ တရားခံဟာ ဘယ်သူလဲဆိုတဲ့ပုစ္ဆာကို ယနေ့တိုင် ဘယ်သူကမှ ၀ိေဿဇ္ဇနာမပြုနိုင်သေးပါ ၊ ဇေမဟုတ်တာတော့ကြိန်းသေပါတယ် ပရိတ်သက်များ အနေဖြင့်  ၀ိုင်းဝန်းအဖြေရှာ ပေးကြပါအုံးလို့တိုက်တွန်းရင်း ဟုတ်ကဲ့ ကျွန်တော် ဇေ တာရာပါခင်မျာ…..။

6 comments:

မောင်မောင် said...

မောင်ဇေ ရဲ့  ဒညင်းသီးချေးဋီကာ ကြီးအား ဖတ်ရှု့ 
သွားပါကြောင်း ၊ သတင်းကောင်းပါးလိုက်ပါတယ်။

ခင်တဲ့ 
အဘ

နတ်ဆိုးလေး said...

ငါပဲ ငါပဲ ငါပဲ ငါပဲ....
ဟီးဟီးဟီး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး ရယ်လိုက်ရတာအေ..
ဓညင်းသီးအကြောင်းရေးထားမှ မနေ့က ဓညင်းသီးအလုံး၂၀လောက်ကိုယ်တစ်ယောက်တည်း စားလိုက်တာကို သတိရပြီး တွန့်သွားတယ်
ဒီလိုဆို ကိုယ်တော့ အဆိပ်တွေ အလုံး၂၀လောက်စားမိပြီ ဆိုပြီးလေ..
ကြောက်လာပြီ..
တို့ကလဲဓညင်းသီးဆို သိပ်ကြိုက်..

မိုးခါး said...

ဖတ်ပြီးရီနေရပါလား
ဓညင်းသီးမွှေတာ :P

ငွေလမင်း said...

ဇေ ..အမ လဲ ဓညင်းသီး အရမ်းကြိုက်တယ်...

မောင် လေး said...

စုံထောက်ကြီး ဦးရှံစား ကိုတော့မခေါ်ပဲကိုး....။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...