နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 29 July 2010

လူ့အခွင့်ရေး နိဒါန်း

အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေညာစာတမ်းကို ၁၉၄၈ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် ၊ စတင်အသုံးပြုပြီး ၊ ထိုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့တွင်၊ ပြင်သစ်နိုင်ငံရှိ Palais de chaillot တွင် အတည်ပြုခဲ့သည် ၊ ကမ္ဘာ့အံဘွယ်အခြင်းအရာများကိုရေးသားထားသည့် The Guinness book 0f Records စာအုပ်တွင် လူ့အခွင့်ရေးကျေညာစာတမ်းသည် ၊ ကမ္ဘာပေါ်တွင်အများဆုံးဘာ သာပြန် ဆိုထားရသည့် စာတမ်းတခုအဖြစ်အသိမှတ်ပြုခံသည့်အထိ ကြီးကျယ်ခဲ့သောစာတမ်းတ ဆောင် ဖြစ်ပါသည် ၊ ထိုစာတမ်းကြီးတွင် ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း ကမ္ဘာတ၀ှမ်းမှ တောင်းဆိုခဲ့သော လူသားတိုင်းသာတူညီမျှအခွင့်အရေးရရှိရန်ဟူသော အကြောင်းအရာအချက် လက်များကိုအခြေခံပြီး ၊ နိုင်ငံတကာနှင့် ဆက်ဆံမှု ၊ ပြည်တွင်းလူ့အခွင့်အရေးအုတ်မြစ်ချနိုင်စေ ရန်ဥပဒေနှင့်နိုင်ငံတိုင်းတွင်အခြေခံဥပဒေအဖြစ်ထည့်သွင်းမှီးငြမ်းရေးသားနိုင်ရန်ဟူသောအချက်တို့ ကို အခြေခံ၍ ဤအချက်၃၀ ရှိသောလူ့အခွင့်ရေးကျေညာစာတမ်းကို ကုသလမဂ္ဂအထွေထွေညီ လာခံ၏တာဝန်ပေးချက်အရ ၊ John Peters Humphrey  (ကနေဒါ)  Rene Cassin(ပြင်သစ်) P. C. Chang (တရုတ်) Charles Malik (လက်ဘနွန်) Eleanor Roosevelt (အမေရိကန်),စသော ဥပဒေပညာရှင်များနှင့် အသိပညာ ရှင်အတတ်ပညာရှင်များက စုပေါင်းရေး သားပြုစုခဲ့ခြင်းဖြစ်သည်...။

ကျေညာချက်၏နိဒါန်းတွင်
PREAMBLE
Whereas recognition of the inherent dignity and of the equal and inalienable rights of all members of the human family is the foundation of freedom, justice and peace in the world, 
Whereas disregard and contempt for human rights have resulted in barbarous acts which have outraged the conscience of mankind, and the advent of a world in which human beings shall enjoy freedom of speech and belief and freedom from fear and want has been proclaimed as the highest aspiration of the common people, 
Whereas it is essential, if man is not to be compelled to have recourse, as a last resort, to rebellion against tyranny and oppression, that human rights should be protected by the rule of law, 
Whereas it is essential to promote the development of friendly relations between nations,
Whereas the peoples of the United Nations have in the Charter reaffirmed their faith in fundamental human rights, in the dignity and worth of the human person and in the equal rights of men and women and have determined to promote social progress and better standards of life in larger freedom, 
Whereas Member States have pledged themselves to achieve, in co-operation with the United Nations, the promotion of universal respect for and observance of human rights and fundamental freedoms, 
Whereas a common understanding of these rights and freedoms is of the greatest importance for the full realization of this pledge,
Now, Therefore THE GENERAL ASSEMBLY proclaims THIS UNIVERSAL DECLARATION OF HUMAN RIGHTS as a common standard of achievement for all peoples and all nations, to the end that every individual and every organ of society, keeping this Declaration constantly in mind, shall strive by teaching and education to promote respect for these rights and freedoms and by progressive measures, national and international, to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction.

ကြေညာချက်နိဒါန်း
ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။ 

လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ငြိမ်းချမ်းမှုတို့၏အခြေခံအုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊ 

လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ်ပေါ်စေခဲ့သော ကြောင့်လည်းကောင်း၊ 

လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ် သောကြောင့်လည်းကောင်း၊


လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ
လက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကိုဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ 

နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့် ရေးများကို လည်းကောင်း၊
လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်ကောင်း၊လေးစားယုံကြည်ပါသည်ဟုကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှုကြီးပွား တိုးတက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘဝ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူအခွင့်အရေး များကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့်အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း၊ 

ထိုကြောင့် အထွေထွေညီလာခံ က အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့ အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတဝှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သား များအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း 

ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။ 

ဟူ၍ ၁၉၄၈ခုနှစ်ဒီဇင်ဘာလ၁၀ရက်နေ့တွင်အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေညာစာတမ်းကို ကုလသမဂ္ဂမှ တရားဝင်ကျေညာလိုက်သည် ၊ ထိုကျေညာလိုက်နေ့နေ့ကိုအစွဲပြု၍ နှစ်စဉ်ဒီဇင်ဘာ ၁၀ရက်နေ့ကို လူ့အခွင့်ရေးနေ့အဖြစ်သက်မှတ်ပြီး အခမ်းအနားများစာတမ်းဖတ်ပွဲများ ၊ လူထု ဟောပြောပွဲများ ၊(မြန်မာပြည်မပါ ) ကမ္ဘာအနှံ့အပြားတွင် ပြုမူပြောဆိုလုပ်ကိုင်ကြပါကြောင်းရေး သားရင်း ၊ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင်မျာ ။   
ဘိုလိုဖက်ချင်သော်ဒီမှာဖက်
 ဆက်လက်ဖော်ပြပါမည်.....။

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်သွားတယ်ကွယ်..
လူ့အခွင့်အရေးဆိုတဲ့စကားလုံးနဲ့ နည်းနည်းစိမ်းသလို ဖြစ်နေတယ်..
အဓိပ္ပါယ်က ဘာပါလိမ့်...

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...