နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 2 July 2010

တွေ့ဆုံဆွေးနွေးရေး

ဒီနေ့ကတော့ဗျာ စိတ်လဲတော်တော်လျှော့ထားပါတယ် ၊ လူကြီးလူကောင်းပီပီသသလုပ်ပြဘို့ စိတ်တိုလို့မဖြစ်ဘူးဆိုပြီး အတတ်နိုင်ဆုံး စိတ်ကိုထိမ်းချုပ်ထားပါတယ် ၊ စကားတွေလဲများများ ပြောလို့မဖြစ်ဘူး ၊ စကားနောက်တရားပါဆိုသမို့လား ၊ ဒီမောင်ရင်တွေလဲ နောင်တရလောက်ပါပြီ ဒါမို့လို့ ကိုယ်ကဘဲစပြီးအလျှော့ပေးပြီးအရင်လို ညီညွတ်ရေးနဲ့အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြင်တည်း ဆိုတဲ့စာသားလေးလို အရင်ကလိုပြန်လည်ပေါင်းထုတ်ဘို့က ကိုယ်ကနေစ ပြီးအဘိယာစကပြုမှဖြစ်မှာလေ ၊ နောက်ပြီးတော့ ဒီကောင်တွေမှားတာတော့အမှန်ဘဲသို့သော် လည်း မှားတဲ့လူကို မှားပါတယ်လို့ ၀န်မခံစေဘဲ တဖက်လှည့်နဲ့ ကိုယ်ကစြ့ပီးတောင်းပန်လိုက် ရင် ဒီကောင်တွေသဘောကျလက်ခံမှာပါ ၊ ဒါမို့လို့ မနေ့က ၀ယ်ထားတဲ့ ၀က်သားတကီလိုကို ၀က်သနီချက်ခလေးချက်မယ် ၊ ချက်ပုံကဒီလို ၀က်သားကရေခဲတုန်းကြီးဖြစ်နေပြီဆိုတော့ ရေအရင်စိပ်လိုက်တယ် ၊ ပြီးတော့တုံးလေးတွေတုံး လူကခြောက်ရောက်ဆိုတော့ ၁၈ တုံးရ အောင်တုံး ၊ ပြီးသွားပြီဆိုရင် အချိုမှုန့်နဲ့ ဆားနဲ့ ကြက်သွန်ဖြူဥကြီးတွေ ၁၀လုံးကို အမွှာလိုက် နှစ်ခြမ်းခွဲ ၊ ကြတ်သွန်နီဥအလတ်စား၁၀လုံးကိုလဲ လေးစိပ်စိပ် တခါတည်း ၀က်သားတွေနဲ့ပေါင်း နှယ် လက်အိပ်က တဖက်ဘဲရှိတော့ သိပ်အဆင်မပြေဘူးရတယ် ၊ ပြီးပြီ ဆီပူအိုးတင် ဆီမထည့်ခင် သကြားလက်တဆုပ်ထည့် သကြားတွေရေပျော်သွားပြီ ၊ အဲထဲကိုဆီ နဲနဲလေးဘဲထည့် ပြီးတော့ ဆီပူတာနဲ့ တပြိုင်နက် ခုနကနှယ်ထားတဲ့ဝက်သားတွေ အကုန်လုံးထည့်လိုက် ၊ အင်းဝက်သား တွေလဲနီလာပြီလေ သကြားရေတွေက သူတို့ထဲဝင်ကုန်တာကိုး နီရဲနေတာဘဲ ၊ မကြာခင်ရေထည့် ပေး ၊ ဂတ်စ် ကိုနဲနဲလျှော့ထားပြီး ၊ ဒီဘက်မီးဖိုကနေ ရေနွေးအိုးတအိုးတည် ဆွန်တန် အခြောက် တွေကိုရေဆေး ၊ ရေနွေးအိုးမဆူခင် ငရုပ်သီးစိမ်း အတောင့်တွေကို ထက်ခြမ်းခွဲ ပုဇွန်ခြောက်တွေ ကို ထောင်း ၊ ဟင်းခတ်မှုန့်မရှိတော့ မပူပါနဲ့လေ ခေါက်ဆွဲခြောက်ထုတ်ထဲက ဟင်းခပ်မှုန့်တွေ ယူလိုက်မယ် ၊ ကြက်သွန်ဖြူတွေကို အခွန်ကြမ်းဘဲခွာပြီး ဓားပြားရိုက်လိုက် ခုန်ထွက်ကုန်တာတွေ လဲလိုက်ကောက်ပြီးထည့် ခုန်ထွက်တဲ့ကောင်ကို နောက်ထပ်နှစ်ချက်ထပ်ရိုက် ခုန်ထွက်ချင်အုံး ၊ အိုးဝက်သားအိုးကမွှေးနေပြီ ၊ အင်းရေနဲနဲထည့်လိုက် ၊ ရေနွေးအိုးထဲကို ငရုပ်သီးစိမ်းခွဲခြမ်းတွေ ထည့်လိုက် ၊ ပြီးရင် ပုဇွန်ခြောက် မှုန့်ထည့် အချိုမှုန့်ထည့်ငံပြာရည်ပါထည့် မွေးလာပြီး အိုကေ အဲထဲကိုဆွန်တန်ခြောက်တွေထည့်လိုက် ၊ အိုးမွေးလိုက်တာ ပြီးတော့မှ ခေါက်ဆွဲထဲက အမှုန့်လေးတွေထည့်လိုက် ၊ ဟင်ချိုရေတွေက ပြာလာပြီ မွှေးလဲမွှေးတယ် ချိုချင်လေးအရသာက အင်း ၊ ၀က်သားမြည်းအုံးမှ လာထား တဖက် ရှုးပူလိုက်တာ အင်းအတော်ဘဲ ချိုချိုလေး အတော် ဘဲ ဒါပြီးရင် မြင်းခွာရွတ်ကိုသုတ်မယ် ၊ မြေပဲလှော်မယ် ၊ လှော်ပြီးသားမြေပဲလေးတွေကိုထောင်း တယ် ၊ ဆီချက်ချက်တယ် ကြက်သွန်ဖြူကကုန်သွားပြီ ဆိုတော့ကြက်သွန်နီ ဆီချက်ပေါ့ဗျာ ၊ ချက်ပြီးအအေးခံထားလိုက်တယ် ၊ မြင်းခွာရွတ်တွေကိုရေစင်အောင်ဆေးတယ် ပါးပါးလေး လှီး တယ် ၊ ဇလုံထဲထည့် ခုနကထောင်းထားတဲ့ မြေပဲလှော်မှုန့်တွေကိုထည့် ဆီချက်တွေအကုန်သွန် ချလိုက် ပြီးတာနဲ့ အချိုမှုန့်နဲနဲထည့် သံပုရာသီးကလဲသေးသေးလေးတလုံးရှိတယ် ညှစ်ထည့်
ပြီးတော့ပုဇွန်ခြောက် မှုန်မှုန်လေးတွေကို အကောင်လိုက်ထည့်၊ ငရုပ်သီးစိမ်းလေးနဲနဲညှပ်ထည့်
ငရုပ်သီးကတော့သိပ်ထည့်လို့မဖြစ်ဘူး ဆွန်တန်ဟင်းချိုက တအားစပ်မဲ့သဘောရှိတယ် ၊ အင်း နှယ်လိုက် ဆားပေါ့တယ် ငံပြာရည်ထည့် အိုးကောင်းလိုက်တာ ၊ ဟင်းကသုံးခွက် ၀က်သားအ သားအသနီချက်ရယ် ၊ ဆွန်တန်ဟင်းချို ၊ မြင်းခွာရွတ်သုတ် ၊ အိုကေ ဆန်လဲတကီလိုချက်ထား တယ် ၊ ပြီးရင် အရက်ပုလင်းထုတ်ရမယ် ၊ ဒီအရက်တွေက ပါးနဲ့ကိုကိုတွေသောက်ဘို့ ရန်ကုန်ပြန် မှယူသွားဘို့သိမ်းထားတာ ၊ လက်ဆောင်ရတာ လေဘယ်တအုပ်စုလုံး လက်ဆောင်ရထားတာ ပေးတဲ့လူကမိန်းခလေး ထည့်မပြောတော့ပါဘူး ကြွားတယ်ထင်မှာဆိုးလို့ လေဘယ်အုပ်စုဆို တာ ဘလက်လေဘယ် ၊ ၀ှိုက်လေဘယ် ၊ ဂိုးလေဘယ် ၊ အဲဒီအုပ်စုဝင်ညီကိုယ်တွေကို တစုတစည်းထဲ ခြင်းထဲထည့်ပြီး ၊ ပန်းဖွားလေးတွေနဲ့ကပ်ထားပြီး နှစ်ကူးတို့ ဘာတို့မှာလက် ဆောင်ပေးတာ ဒီကအဲညီကိုတွေ ရထားကတည်းက သိမ်းလိုက်ရတာ ဒီမှာကရေ၀န်မင်းကြီးတွေ ကများတယ် ၊ ရေ၀န်မင်းကြီးဆိုတာ ကင်းဝန်မင်းကြီးဦးကောင်းတို့လို့ ၀န်ကြီးကိုပြောတာမဟုတ် မဟုတ်ဘူး အရက်သမားတွေကို မခေါ်ချင်လို့ တဖက်လှည့်နဲ့ခေါ်တာ ၊ အရက်ကြိုက်တယ် အရက်တိုက်ရတာ ဘာမှမဖြစ်ဘူး စကားများတာဆိုးတာ အရက်လက်တလုံးသောက်ပြီးရင်စကား က တနာရီလောက်မနားတမ်းပြောတယ် ၊ အဲတော့ ကိုယ်လဲသောက်ဖြစ်မှာဆိုတော့ ဗျာ ဘလက် လေဘယ်သောက်ကြမယ် ၊ ခွက်ခလေးတွေထုတ်ခြောက်ခွက် ကိုယ်ကတော့ ကိုယ့်ခွက်နဲ့ကိုယ် အင်းထမင်းလဲကျတ်ပါပြီ ၊ နာရီကြည့်လိုက်တော့ ညနေ၆း၀၀ရီဆိုတော့ အင်းရေချိုးလိုက်အုံး မယ်ဘာစကားတွေပြောရမယ် ဆိုတာကိုလဲ ပြင်ဆင်ထားမှဖြစ်မယ် ၊ ဒီပွဲဟာ ကိုယ်လူကြီးလူ ကောင်းဘယ်လောက်ဆန်တယ်ဆိုတာကိုပြသရမဲ့ပွဲလေ ၊ စကားများလို့မဖြစ်ဘူး ၊ အတတ်နိုင် ဆုံးသီးခံရမယ် ပြီးမှ သူတို့ကို သေချာနားဝင်အောင်ရှင်းပြ ၊ ပါးကလဲ ညကအဲလိုမှာထားတယ်ဆို တော့ အင်းရေချိုး ၊ အ၀တ်အစားပါးပါးလေးတွေလဲဝတ် ၊ ဟိုကောင်တွေကို သွားပင့်မယ် ။

ဒေါက်ဒေါက် တွတ်ပီ ဇေပါကွ တံခါးဖွင့်ပါအုံး ၊ ဘာကိစ္စတုန်း မင်းက အော်ဒီညငါ မင်းတို့ကို တောင်းပန်ပွဲလုပ်ချင်လို့ပါ ၊ ဘာလုပ်ဘို့လဲမလိုပါဘူးကွာ အေးဆေးနေ ငါတို့ကနေတတ်ပါတယ် ဘယ်ဟုတ်မလဲကွာ ၊ ငါကမှားတာဘဲ ငါတောင်းပန်ရမှာပေါ့ ဟားဟား ပေါတိရေ ကိုကိုဇေကမှား တယ်လို့ဆိုပါလားဟ ၊ မိုးကြိုးတွေပြစ်တော့မှာဘဲ မိုးတွေကတအားရွာနေတာနေတာဇေပေါက်က ရတွေမပြောနဲ့ ၊ အေးပါကွာ ငါမှားပါတယ် ဒါမို့လိုချက်ပြုတ်ကြွေးမွေးပြီး ဘလောက်လေဘယ် လေးတလုံးနဲ့ ဂါရ၀ပြုချင်လို့ပါ ၊ ဟေ့ဘာဖြစ်တယ် လေဘယ် တဲ့ဟုတ်ရဲ့လား ဟေ့ ဘေဘယ် ဟုတ်လား အေးဟုတ်တယ်လေဘယ်အစစ် ပေါတိဆိုတဲ့မောင် ချက်တင်ဝင်နေရင်း ကြားပြီးတ အားတက်ကြွလာပုံဘဲ ၊ သူကတောင် တွတ်ပီကို လှမ်းဟောက်လိုက်သေးတယ် ၊ ဟေ့တွတ်ပီ မင်းဘာတွေစကားများနေတာလဲ ဇေ့ကိုတံခါးဖွင့်ပေးလိုက်လေ ၊ ဒါနဲ့တံခါးဖွင့်ပေးလိုက်တော့ ဇေကအခန်းထဲဝင်လိုက်တော့ဘာလုပ်နေတယ်ထင်သလဲ မြန်မာပြည်ကကောင်မလေးကိုလူ ခြောက်ရောက် ၀ိုင်းချက်နေတာတာ ၊ ပေါတိကစာရိုက်တယ် ၊ ငထက်နဲ့မြင့်သူက ဘေးကစကား ပြောပေးတယ် ၊ ဖိုးသူတော်နဲ့ ပြောင်ကြီးက ရီတယ် ၊ စမြင်ကတည်းကသဒ္ဓါစရာတကွတ်မှမ ကောင်းဘူး ၊ ကဲ သူငယ်ချင်းတို့ အခု၇နာရီကျော်ပြီနော် ရှစ်နာရီထိုးရင် ဇေ့အခန်းကိုကြွခဲ့ကြအခု ရေချိုးကြအုံး ငါလဲပြင်စရာတွေပြင်လိုက်အုံးမယ် ၊ မင်းတို့လာရင် မင်းတို့ပန်းကန်တွေပါ ယူလာခဲ့ အခန်းမှာ ပန်းကန်မရှိဘူး ဟုပြောဆိုပြီး အခန်းထဲကိုပြန်လာပြီး ၊ ဟင်းတွေခပ် ထမင်းအိုးကို စားပွဲ ခုံပေါ်ကိုတင် ၊ ဟင်းချိုကို စတီးဇလုံထဲထည့် ၊ မြင်းခွာရွတ်သုတ်ကို ပန်းကန်ပြားလေးထဲထည့် ဇွန်းကလဲ ၄ချောင်းဘဲရှိတယ် ဟဲဟဲ ၊ အရက်ခွက်၆လုံးကို စားပွဲပေါ်တင် တစ်ရှုးထုပ်ကို ဖောက် တင်ထား ၊ ၀က်သားကတယောက်ကိုနှစ်တုံးစာလောက်ဘဲထည့်ထားတာ ၊ အဲလိုမှမဟုတ်ရင်ထ မင်းစားရင် ၊ စားစရာကျန်မှာမဟုတ်ဘူး ၊ အကုန်မြည်းပြစ်မဲ့ကောင်တွေ အကုန်ပြီးပြီ ကြွလာပြီဗျ အသံတွေနားထောင်ကြည့် ဘယ်လောက်ကြည်ညိုဘို့ကောင်းတုန်း ။

ဖိုးသူတော်မင်းစကားလုံးကိုခိုက်သွားတယ်ထင်တယ် ဟားဟား ၊ ဟုတ်လောက်တယ်ကွ ၊ မြင့်သူ= အလကားပါကွာ ဟုတ်ချင်မဟုတ်တာအွန်လိုင်းဆိုတာ မင်းတို့သိရဲ့သားနဲ့ ၊ ပေါတိ =လက်ကို ညောင်းနေတာဘဲ ဆော်ကဘိုလိုကြီးမှုတ်တာနော် ပေါ့တော့တော့မဟုတ်ဘူး ၊ တွတ်ပီ=ဆော် လေးရဲ့လေသံကြည့်ရတာ အဝေးကွင်းခြေစွာမဲ့သဘောရှိတယ် ဟ အိမ်ကွင်းလဲကောင်းလောက် တယ် ၊ တယောက်တပေါက်နဲ့အခန်းထဲယောက်လာပြီ ၊ ဟာကောင်းလိုက်တဲ့ဟင်းတွေသံပြိုင် ဘယ်မ တုန်းလေဘယ်က ဒါအရေးကြီးတယ် အရင်လုပ်လိုက်ရအောင် ၊ အင်းဟုတ်ပ တတ်ညီ လက်ညီ ၊ မင်းတို့သောက်ပြီးဆောက်စကားမများနဲ့နော် xxxxxxxxxမှဘဲ နဲနဲသောက်ပြီး စကား များတာလက်မခံဘူး အဲစကားကိုကိုတွတ်ပီက စတင်ပြောဆိုပြီး ၊ အရက်ကိုသူငှဲ့မည်ဖြစ်ကြောင်း ပြောဆိုပြီး ပုလင်းဆွဲပြီး စတင်ငှဲ့ပါတယ် ၊ ၀က်သားကတယောက်နှစ်ဖက် နော် ၊ ကျန်တာကထ မင်းနဲ့စားမှာလို့ပြောလိုက်တော့ အကုန်လုံးအိုကေဆိုပြီးသောက်ပါတယ် ဇေလဲတခွက်သောက် တယ် အိုး ပူလိုက်တာ တအားပူတာဘဲ ။ ရူးဟင်းချိုကအေးနေတော့သိပ်မထိဘူးနော် မင်းကလဲ ကွာသူများလုပ်ကြွေးတာဘဲကျေးဇူးတင်စမ်းပါ ၊ တောက် ငါxxxxမ ၀က်သားချိုလိုက်တာ ဇေချက်လိုက် ရင်တော့ဟေ့ xxxမှဘဲကောင်းတယ် ဘာစားစား ၊ အစပ်တည့်တယ်ဟေ့ နောက် တပတ်ဟေ့ ၊ ဟုတ်တယ်နောက်တပက် သုံပတ်လောက်ပက်ပြီးချိန်မှာတော့ ၊ အားလုံးကနဲနဲ တော့ဝေတေတေ လေး အဲအချိန်မှာဇေကစတင်ပြီး စကားပြောပါတယ်.။

ကဲသူငယ်ချင်းတို့ ငါဟိုနေ့ကကွာ ငါနဲနဲပြောတာများသွားတယ် မင်းတို့ငါ့ကိုစိတ်ဆိုးလား အာမဟုတ်တာ ဘာလို့ဆိုးရမှာလဲ ၀ုတ်တယ်မလား တွပ်ဘီ ဟေ့ဝုတ်ပ စိတ်မဆိုးပါဘူး ကွ ရပါ တယ် ဖိုးသူတော်စိတ်ဆိုးလားမဆိုးဝူးကွာ ၊ မဆိုးပါဘူး -ီးမလို့ထပ်ထပ်မေးနေတာလားကွ ဟုတ်ပ လေကြောကိုရှည်တယ် ဒါကြောင့်မင်းကိုစကားမပြောချင်တာ ၊ ကိုယ်ကတောင်းပန်နေတာ ကို မခြေမငံပြန်ပြောနေသေးတယ် ၊ ဟေ့မြင့်သူ မင်းကဘာကောင်းတုန်း ငါတောင်းပန်နေတာကို မင်းကမကျေနပ်ဘူးလား ၊ မင်းကိုမင်းဘာကောင်မှတ်နေလို့တုန်း ဟင် မင်းငါ့ဆီကချေးထားတဲ့ ငွေကို ဘယ်နှစ်ခါပြန်ပေးသလဲ ၊ မင်းဟိုကောင်မလေးလိုက်မယ် ဒီကောင်မလေး လိုက်မယ် ဆိုတော့ငါ့အ၀တ်စားတွေမင်းဝတ်ဝတ်သွားတာကိုငါဘာပြောခဲ့သလဲ ၊ မင်းပြန်တောင်လျှော်ပို့ရဲ့ လား ငါ့ကို ငါ့ဖာသာငါလျှော်ဝတ်ရတယ်မလား ၊ မင်းစီကရော ငါဘာပြန်ယူဘူးတုန်း ၊ ငါကငါ့အမှား ကိုငါသိလို့ ငါကတောင်းပန်နေတာပါကွ ၊ ငါကလူကြီးလူကောင်းဘယ်လောက်ဆန်တယ်ဆိုတာ မင်းတို့ကိုသိစေ ချင်တာ ၊ အခုတော့ ကွာ ချက်ပြုတ်လဲကြွေးရသေး အရက်လဲတိုက်ရသေး ကျေး ဇူးမတင်ဖင်လန်ပြဆိုတာ ဒါမျိုးပေါ့ ၊ ဟေ့ ငထက် မင်းကမင်းယောက်ဖကိုထိလို့ နားရွတ်မလှုတ် ပါနဲ့ ၊ ငါမဟုတ်တာတခွန်းမှမပြောပါဘူး ၊ မင်းကရော ငါ့ကိုဘာပြောချင်သတုန်း မပြောချင်ဘူးမ လုပ်ပါနဲ့ အရက်ခလေး လက်လေးလုံးလောက်သောက်ပြီး လေထွားချင်တဲ့ကောင်ပါမင်းက မင်းယောက်ဖမမြင့်သူက မင်းကို ငွေတခါမှမချေးပါဘူး ငါကသာမိုက်လို့ ချေးတာပါ ပြန်မရမှန်းလဲ သိပါတယ် ၊ မင်းတို့ကိုပိုက်ဆံချေးရတာ အုန်းသီးရွေချပြီး ကြက်ကိုရေတိုက်ရသလိုပါဘဲ ကြက်ရေ ဘယ်လောက်သောက်သောက်သေးမပေါက်ပါဘူးကွ ၊ မင်းတို့ကိုငွေဘယ်လောက်ချေးချေး ငွေ ဟာတခါမှပြန်မရပါဘူး ၊ ဟိုကောင်ဖိုးသူတော် မင်းကရောဘာကောင်တုန်း ဘာအခုငါဘာမှမပြော ပါဘူးတုန်း ၊ ငါကရေချိုးပြီးတိုင်း ဘော်ဒီလိုးရှင်းလူးတာ မင်းကအတင်းတုတ်စရာလား မင်းကအ ငါခြောက်တယ် ဆိုတယ် မင်းမသိဘူးလား ၊ မင်းညီမကိုတောင် ငါကရီးစားစကားပြောခဲ့ဘူးတဲ့ ကောင်ကွ ၊ လိုးရှင်းလူးတိုင်း ဂေးဆိုရင် တကမ္ဘာလုံးဂေးကြီးပေါ့ကွ ၊ နေပါအုံး မင်းတို့ကိုယ်နံ့က ရောဘယ်လောက်သင်းနေလို့တုန်း ၊ လူစော်တောင်မနံ့ဘူးမို့လား ၊ လူဆိုတာ သန့်ရှင်းသပ်ရပ် စွာနေထိုင်စားသောက်တတ်ရတယ်ကွနားလည်လား ၊ဟေ့ပေါတိ မင်းကခေါင်းကြီး ဒီပြဿနာအား လုံးမှာ မင်းတာဝန်အရှိဆုံးဘဲ ရွတ်စုတ်ပြက္ခဒိန်ဖြဲတာ မင်းခေါင်းဆာင်မဟုတ်လား မင်းလုပ်တာတဲ့ မင်းတို့ ကိုငါကအငတ်ထားနေလို့လား ၊ ဒီလောက်စိတ်ပါလက်ပါ ချက်ပြုတ်ကြွေးမွေးနေတာကို မင်းတို့က ငါ့ကိုတမင်းကားခကုန်အောင်လူပင်ပန်းအောင်လုပ်တယ် ဒါကိုမကျေနပ်တာရှင်းရဲ့လား ပိုက်ဆံကုန်တာအရေးမကြီးဘူးကွ ၊ လူပင်ပန်းတယ် မင်းတို့က ငါခေါင်းမူးရင် မသိချင်ယောင် ဆောင်နေတဲ့ကောင်တွေပါကွ ၊ ဟားဟား မသိရင်ခတ်မယ် ကိုကိုဇေတို့က ဒါမျိုးရိုးဟိုးဟိုးဟိုး နေ ပြီသိလား အန်တွေတောင်တိုနေပြီ ၊ ဟေ့တွက်ပီ မင်းဟာဒီထဲမှာအကြီးဆုံး ဆောက်ပေါ လဲ ဆောက်ပေါဘဲ ကဲပြောတယ်ကွာ ပြောတယ်ကွာ ဆောက်ပေါ ဆောက်ပေါ ဆောက်ပေါ ကဲအဲလိုပြောတော့ဘာဖြစ်ချင်တုန်း ပြောလိုက်စမ်းပါ အေးပေါ့မင်းကမင်းအပြစ်နဲ့ မင်းဆိုတော့ ပြောပါကွာပေါ့ ၊ ဘယ်မတုန်း လကုန်ရင်ပြန်ပေးမယ်ဆိုတဲ့ ပိုက်ဆံ မင်းဟာဂတိမတည်ဘူး ကြီးပွားမဲ့သဘောလက္ခဏာမရှိပါဘူး ၊ ဟေ့ဖိုးသူတော် လူလိုနားမလည်ဘူးလား စကားပြောနေ တယ်ကွ ၊ အောင်မလေး ဘိုလိုလေးကညှပ်ညှပ်ပြီး ပြောချင်သေးတယ် ရန်ကုန်ပြန်တုန်းက လူများ တွေအိမ်ကို တအိမ်သုံးရက်နှုန်းနဲ့လိုက်လည်တာ မှတ်မှိသေးလား ၊ ကျန်တဲ့ကောင်တွေ အိမ်ကို လည်တုန်းက ခြင်ထောင်ခေါင်းအုံးမယူရပါဘူး မင်းအိမ်ကျမှ ခြင်ထောင်သယ်ရခေါင်းအုံးသယ်ရနဲ့ တယ်ရှုတ်ပါလား ၊ ဟင် မင်းပြောစမ်း လူများတွေအိမ်ကိုမင်းလိုက်အိပ်တော့ ဘယ်အိမ်မှာတို့တွေ စောင်ခြင်ထောင်ခေါင်းအုံးသယ်ရတုန်း ၊ မင်းဟာ မင်းကျရင်သာပြည့်စုံအောင်လုပ်မပေးတတ်တာ ပါသူများဟာကြတော့ မင်းကပြည့်စုံမှကြိုက်တဲ့ကောင် ၊ အောင်မာ ဟင်းကိုများ ချိုသလေးအေး သလေးနဲ့ မင်းကဘယ်လောက်ချက်တတ်တာတုန်း မင်းအချိုမုန့်နဲ့ စားပွဲတင်ဆားတောင် မကွဲတဲ့ကောင် အောင်မလေးဗျာ ဟိုတခါ ငပိကြော်သတဲ့ ချိုလိုက်တာ ချိုမှာပေါ့ အချိုမှုန့်နဲ့သ ကြားမှားထည့်တာကိုး ဒါထည့်စရာလားဟာ အဲလောက်သောက်သုံးမကျလို့ မင်းအမြဲတမ်းစာ မေးပွဲကျတာ ၊ အော်မလေးဗျာ ဂျီတော့ကနေကျူတာကြတော့ ပါရဂူမြောက်ပါရဲ့ ဟိုခွေးမသား တွေကငြိမ်ငြိမ်နေကြပါ သောက်ပင်းချပြီးရင်လဲ နားနားနေနေမူးယစ်ကြပါ ငါတောင်မမူးသေးဘူး မင်းတို့ကမူးပလား ဟိုသောက်ပေါကြီး နင်ဟာအရပ်ငှဲ့တာ ငါ့ခွက်ကိုကျတော့နဲနဲလေးငှဲ့ပါလား နင်ခွက်ကျတော့ သူများထက်လက်တလုံးလောက်ပိုပိုနေတယ် ၊ ဘာခွက်ကြီးလို့လဲ ဒီခွက်တွေ အားလုံး ငါ့ခွက်တွေပါ ငါသိတာပေါ့ဟ ၊ ယောက်ျားတန်မဲ့ပလီချင်တယ် ၊ ဟိုပြောင်ကြီးဆိုတဲ့ ကောင် မင်းဟာ အင်မတန်မှ စကားများတယ် ၊ ခွက်တယ်ကိုဖြေးဖြေးချပါ ပဲ့ကုန်ပါမယ် မင်းညီမ ကငါ့ကိုလာဝယ်ပေးမှာမဟုတ်ပါဘူး ၊ ငါကသာ ငါ့ဖာသာငါဝယ်ရတာပါ မင်းတို့တွေဟာ အားလုံး ငါ့လောက်မကောင်းကြပါဘူး ၊ ဒါကိုလက်ခံကြတယ်မလား ၊ ဟေ့တွတ်ပီ မင်းက မြတ်သူကို လက် မကုတ်ပါနဲ့ ငါမြင်တာ ဒါနဲ့ဆို ၄ခါရှိပြီ မင်းငါ့ကိုမူးတယ်ထင်နေသလား ၊ ဒါမျိုးကိုအရက်ကိုဒို့ကမူး ပါဘူး ၊ နားလည်လား ကြတ်သိန်းဖြန်းလောက်ရှိပါတယ် ၊ ကဲကွာ ပြောနေကြာတယ်ကွ ၊ ငါကလူ ကြီးလူကောင်းဆန်ဆန်မင်းတို့ကို ၊ တောင်းပန်တာပါ ငါတခုမှမမှားခဲ့ပါဘူး ဟေ့ စောက်ပေါတွေ ဘယ်ကောင်ကိုမှကရုမစိုက်ဘူးကွ ၊ မင်းတို့မခေါ်လဲ ငါကနိုးသောက်ဂရုဘဲ သဘောပေါက်လား အပိုတွေမပြောချင်ဘူး ၊ ငါကမင်းတို့လိုမဟုတ်ဘူး လူကြီးလူကောင်းဆန်တယ် ငါကစတင်ပြီး တောင်းပန်တာကိုတောင်မင်းတို့က ကဂျီကဂျောင်လုပ်နေသေးတယ် ဟေ့ မင်းတို့မကျေနပ်ရင် အခုအခန်းထဲကထွက်ကြ ဟေ့ပြောတာကြားလား ၊ ဒီအရက်ဘယ်လောက်တန်သလဲမင်းတို့သိ ရဲ့လား ၊ ဒါငါ့ဖေဖေနဲ့ကိုကိုတွေနဲ့သောက်မလို့ချန်ထားတာ မင်းတို့သောက်ဖူးအောင်ဆိုပြီးစေတ နာနဲ့ထုတ်တိုက်တာ ဘယ်လောက်ငတ်နေသလဲဆိုတာ ဟိုအကောင့်ငထက်စောက်ခွက်ကိုကြည့် ရင်သိသာပါတယ် ၊ အရက်ကိုမသောက်သေးဘူး လျှာလေးနဲ့တို့ပြီး ပလပ်ပလပ်နဲ့လုပ်နေတာကို က ငတ်နေတာကြာပြီဆိုတဲ့သဘောပါဘဲ ၊ ဟေ့ကောင်တွေ ငါ့ကိုကျေးဇူးတင်ကြပါ ၊ တယောက် တပေါက်မလုပ်ကြပါနဲ့ ပြိုင်တူသုံးခါ ကျေးဇူးတင်ကြောင်းပြောကြပါ ၊ အေးဟုတ်ပြီး ဟိုခွေးမသား ပေါတိက စိတ်မပါဘူးမို့လား ၊ ပြိုင်တူပြောကြပါကျေးဇူးတင်ကြောင်း ၊ မင်းတို့ကျေနပ်လား ကျေနပ်ကြလား ၊ အင်းဒါဆို မင်းတို့နက်ဖြန် ဟင်းချက်ငါလာစား မယ် ၊ ခါတိုင်းလိုဘဲဟုတ်ပြီလား ဟေ့လူတွေအကုန်နားထောင် လာမဲ့ဗုဒ္ဓဟူးနေ့ ဟော့ပေါ့လုပ်သောက်မယ် ၊ ကဲ ဒါဘဲ ။

သြ၀ါဒမြွတ်ကြားပြီး ဘယ်လိုအိပ်ယာပေါ်ရောက်နေမှန်းမသိလိုက်ပါ ၊ မိုးလင်းတော့အခန်းထဲမှာ ပန်းကန်ခွက်ယောက်တွေဆေးကြောသုတ်သင်ထားပြီး သပ်သပ်ရပ်ရပ်မူလနေရာမှာပြန်လည်နေ ရာချထားတာကိုတွေ့လိုက်ရပါတယ် ၊ စာလေးလဲကပ်ထား တယ် ဟင်းတွေ ရေခဲသေတ္တာထဲမှာ တဲ့ ၊ အော်သူငယ်ချင်းတွေက ဇေလူကြီးလူကောင်းဆန်ပုံကို တအားလေးစားသွားတယ်နဲ့တူပါ တယ် ဒါမို့လို့ ဒီကောင်တွေ ပုဂံတွေကို သူ့နေရာနဲ့သူ ပြန်လည်နေရာချပေးသွားတာနေမယ် ဒီလိုကျတော့ ဒီကောင်တွေဟာတော်ရှာကြတယ် ၊ ကဲမိတ်ဆွေတို့အနေနဲ့ ဒီလိုပြဿနာတွေကြုံ တွေ့လာတဲ့အခါ ဇေ့လိုအရာရာကို မှတ်သားမထားဘဲ သီးခံခွင့်လွတ်ပြီး လူကြီးလူကောင်းဆန် ဆန် ပြုမှုပြောဆိုဆက်ဆံနိုင်ပါစေကြောင်းဖြင့် ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ………..။

3 comments:

မောင် လေး said...

ရီလိုက်ရတာဗျာ...။
ဇေ့စာလေးဖတ်ရတော့ အရင်ကသောက်ဖော်သောက်ဖက်
တွေကိုတောင်သတိရမိသေး...။

နှင်းမိုး said...

အယ်
ဇေ မမူးပါဘူးနော်...။
တောင်းပန်တာတဲ့နော်...။
ဘယ်လိုကြီးတုန်း သူငယ်ချင်းတွေကို တွေ့ဆုံဆွေးနွေးတယ်လဲ ပြောတယ်... သူပဲ ကောနေတယ် ....။
ကောင်းပ ကိုကိုဇေ ရေ....

ချော(အစိမ်းရောင်လွင်ပြင်) said...

အဟ
Waka Waka ကို သူ့ထက်ဦးသွားလို့ မကျေမနပ်ဖြစ်နေတဲ့ဇေရေ..
အမလေး သူတိုက်တဲ့ အရက်သောက်ပြီး
သူခေါ်ဆူတာ ခံလိုက်ရတဲ့ သူ့သူငယ်ချင်းတွေ သနားမိသေး
စာရေးရင်း ဟင်းလေးချက်ပြသွားတာ ကောင်းလိုက်တာ
ဝက်သားနီချက်လေးတောင် ချက်စားချင်စိတ်ပေါက်လာတယ် တကယ်ဘဲ..
တယ်ဟုတ်... ဟင်းချက်လဲ ဖြစ်တာဘဲ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...