နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 3 July 2010

တပတ်အတွင်းသတင်းပဒေသာ


မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၁၀ခုနှစ် ၊ ဂျူလိုင်လ ၂ ရက်နေ့ တပက်အတွင်း အတင်းပဒေသာ အဲ သတင်းပဒေသာများကို စတင်ကျေညာပါတော့မယ် ။ ထိပ်တန်းရောက်သီတင်းများကို ကျွန်တော်ဇေတာရာက ဘန်ကောက်ဘက်မှကျေညာပြီး ၊ ကျန်သတင်းများကို နှင်းကနေ ရန်ကုန်ကနေ ကျေညာပါ့မယ် ။

သတင်းခေါင်းစဉ်
ရွှေပြည်ကြီး၏ မြို့တော်ကြပ်ပြေးတွင် ၊ ယ္ခုအခါ ကြတ်များသာမကဘဲ ၊ ကြွက်များ ပုတ်သင်ညှိများ ပရွတ် ဆိတ်များ အပြင် ၊ မြွေနဲ့ကင်းလိပ်လျှောများပါပြေးနေကြခြင်း ၊ ကြွက်ပြေးအစိုးရအဖွဲ့အတွင်းမှ ငှက်တစ် ကောင်၏ အမည်ဖြင့်နေထိုင်သူ ဗိုလ်ချုပ်တဦး၏ သမီးမှာ သြော်စီတွင်ကျောင်းတတ်နေစဉ် ပြစ်မှုထင်ရှားသ ဖြင့် ပြည်တော်ပြန်ရန် တရားရုံးတော်မှ  အမိန့်ချမှတ်ခြင်း ၊ မောင်းတောမြို့နယ်အတွင်းမှ ဆင်ဖြူဟုခေါ်သော မိုးခေါင်ရေရှားသတ္တ၀ါ တကောင်းဖမ်းမှိခြင်း ၊ မြန်မာနိုင်ငံ အခေါ်စာပေစီစစ်ရေးဟုခေါ်ပြီး ပြင်ပအခေါ်အဝေါ် အားဖြင့် စာပေသုတ်သင်ရေးဟုခေါ်သော  စာပေစီစစ်မှ တင်းကြပ်သောဥပဒေများထုတ်ပြန်ခြင်း ၊ ဘလော် ကာကြီးများဖြစ်ကြသော မကောင်းမွန်ဝင်း ၊ ချောအစိမ်းရောင်လွင်ပြင် ၊ နတ်ဆိုး ၊ ကိုကိုးအိမ်နှင့် ၊ အန် ကယ်မောင်မောင်တို့မှာ အာသ၀က္ခယံ ၀ဟံဟောတုဟူသော ဒေသနာတော်နဲ့အညီ လက်သွက်ခြေသွက် ဖြင့် ဘလော့တွင် ပိုစ့်အသစ်များတင်နေကြပြီး ၊ ၂၀၁၀အမတ်လောင်းကြီး မဗေဒါခေါ်ဗေဗေသည် ၊ ကိုတာ အကြောင်းသိကောင်းစရာ ဟူသောပို့သစ်တင်အပြီး ဘလော့ကာလောကမှ ရုတ်တရက်ပျောက်ဆုံးသွားသ ဖြင့် သူ့ညီမ မရွှေနှင်းမှာ တနေ့ကိုနှစ်ခါ ငိုနေရပါကြောင်းသတင်းရရှိပါသည်….။

သတင်းအပြည့်စုံမှာ
ကြတ်ပြေးနေပြည်တော်ဟုနာမည်ကြီးသော ရွှေပြည်ကြီး၏မြို့တော်တွင်၊ ဂျွန်လ ၂၇ ရက်နေ့ညတွင် မိုင်တိုင်အမှတ်၄၇ နားမှစတင်ပြီး ကြွက်အုပ်ကြီး ပြေးထွက်လာကြောင်း ကြွက်များမှာအတန်းလိုက် စီစီရီရီ သွားနေကြခြင်းဖြစ်ကြောင်း ၊ ထိုကြွက်တန်းကြီးကိုမြင်တွေ့ခဲ့ရသော ကြွက်စကားနားလည်သူတဦးမှလဲ ကြွတ်မကြီးတကောင်က လူနာမည်တွေကိုခေါ်ခေါ်ပြီး  ကြွက်တို့ဘာသာစကားဖြစ်ညစ်ညစ်ညမ်းညမ်းဆဲ တုတ်နေကြောင်း ၊ ထိုကြွက်မကြီးဆဲတုတ်နေသောလူ၏နာမည်မှာ သအက္ခရာနဲ့စကြောင်း ၊ ထိုကြွက်မကြီး မှာ ဆဲတုတ်ပြီးသည့်အပြင် ၊ ပါးစပ်မှလဲ ဒင်းတို့လိုဏ်ဂူတွေဆောက်လို့ ခုလိုဟိုပြောင်းဒီပြောင်းလုပ်ရတာ ဖြစ်ကြောင်း ဒို့အရင်ကတည်းကနေလာတာဘာမှမဖြစ်ကြောင်း ၊ ငါတို့ ခုလိုဟိုပြောင်းဒီပြောင်းလုပ်ပြောင်း သလို ၊ နင်တို့လဲပြောင်းရပါစေဟုဆုတောင်းသွားသေးကြောင်း ၊ နောက်ဆုံးမေတ္တာပို့အနေအားဖြင့် ဟေ တီငလျင် လိုငလျှင်လှုတ်ပြီးအိုးမဲ့အိမ်မဲ့ဖြစ်ပါစေဟူ၍၄င်း ၊ ၂၀၀၈ ခုနှစ်ကလှုတ်ခဲ့တဲ့တရုပ်ပြည်က စီချွမ်င လျှင်လို လှုတ်ပြီးအိုးမဲ့အိမ်မဲ့ဖြစ်ပါစေဟူ၍၄င်း ၊ ဆုတောင်းမေတ္တာပို့သသွားပြီး ၊ ကြတ်ပြေးနေပြည်တော် ကိုထိုကြွက်များစတင်နေရာပြောင်းသည့် နေ့မှစပြီး နေပြည်တော်ကို ကြွက်ပြေးနေပြည်တော်ဟု သမုတ်ကြောင်း သတင်းရရှိပါသည်
 .
သြစတြေးလျ နိုင်ငံ University of Western Sydney တွင် စာရင်းကိုင်ပညာသင်ကြားနေသော မဟ၀ါ၏ တရားဝင်ဖခင်မှာ ပက်စပိုစ့်စာအုပ်ထဲတွင်ပါလာသူမဟုတ်ဘဲ ၊ ကြွက်ပြေးအစိုးရ အဖွဲ့အ    တွင်းမှ ငှက်တစ်ကောင်၏ အမည်ဖြင့်  နာမည်ကျော်ကြားနေသော ဗျိုဂျုတ်ကြီး တဦးဖြစ်ကြောင်း
သြစတြေးလျ  အစိုးရမှ စုံစမ်းဖော်ထုတ်ပြီး ရုံးတင်စစ်ဆေးရာ ၊ ပြစ်မှုထင်ရှားသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ၊ နောက်တခါ အဲလိုအဖေနာမည်အရင်းကို ၀ှက်ထားပြီး တွေ့ကရာ လူနာမည်ကိုအဖေနေရာမှာ ရေးခဲ့ပါလျှင် ဗိုက်ခေါက်ကို နှစ်ခါလိမ်ဆွဲပြီး ၊ ခေါင်းကိုနှစ်ခါခေါက်ခါ ထိုင်ထ တရာတိတိလုပ်ရမည်ဖြစ်ကြောင်း တရားသူကြီးမှ သတိပေးပြောဆိုကြောင်းကို ဂျွန်လ၃၀ ရက်နေ့ထုတ်The Australian သတင်းစာကို ကိုးကားပြီး သိရှိပါတယ် ။ နောက်ဆက်တွဲအနေအားဖြင့်သိ ရသည်မှာ မဟ၀ါ၏ ပက်စပို့စ်စာထဲမှာ ပါသောလူနာမည်မှာ မဟ၀ါ၏ ဖခင်အရင်းမဟုတ်ဘဲ ကိတ္တိမဖခင် ဖြစ်ကြောင်း ၊ သူ့ဖခင်အရင်းမှာ ဇင်ယော်ငှက်နဲ့နာမည်တပုံစံတည်းဆင်တူကြောင်း ၊ ယခုအခါ ၄င်းဖခင် အရင်းမှာ ၊ ပုသိမ်ဘက်တွင်အမှုထမ်းနေကြောင်း ၊ ဘာသာရေးလေ့လာလိုက်စားသူ ဘုန်းတော်ကြီးတပါးမှ လဲယ္ခုကဲ့သို့ မိန်းမငယ်တဦးမှ အနန္တောအနန္တငါးပါးဝင်ဖြစ်သော ဖခင်တဦးအား စာအုပ်ထဲမှာ ထည့်မွေး စားသည်ကိုများစွာကြိုဆိုကြောင်း သာဓုလဲခေါ်ဆိုကြောင်း နှင့် နောက်နောင် မိခင်များပါမွေးစားသင့် ပါကြောင်း အကြံပြုပြောကြားသွားသည်ဟု  ကြားသိရပါသည် ။

မောင်တောမြို့နယ်အတွင်းတွင်မှ ဇွန်လ၂၈ရက်နေ့တွင် ဆင်ဖြူရတနာတကောင်ဖမ်းမှိထားသဖြင့် မြန်မာ နိုင်ငံရှိမြို့နေလူထုမှာ ရေများကို အလောတကြီးသိုမှီးနေကြပြီး ၊ တောနေလူထုမှာ သောက်ရေကန်အသေး စားများ ၊ စဉ့်ဖြင့်ပြုလုပ်ထားသော ရာဝင်အိုးဟုခေါ်သော ရေတည်အိုးများ ၀ယ်ယူရေသိုလှောင်နေကြ ကြောင်း သိရှိရပါသည် ၊ ထိုသတင်းကို ဆက်လက်ထောက်လှမ်းရာ ၊ သွားလေသူဝန်ကြီးချုပ်ကိုကိုခင်မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တကောင်းမှ ဆင်တကောင်ကို ဆင်ဖြူဟုဆိုပြီး သီရီပစ္စယ ဂဇရာဇာဘွဲ့ပေးပြီး ကျောက်တော်ကြီးဘုရားနားမှာ ထားခဲ့ဘူးကြောင်း ထိုဆင်ဖြူတော်သည် ရှေးခေတ်ကဆင်ဖြူတော်နဲ့မတူ ဘဲ ၊ အလွန်ခိုက်ကြောင်း ၊ ထိုဆင်ဖြူရပြီးမကြာခင် ထိုဆင်ကိုမှာယူမွေးစားခဲ့သော သွားလေသူဝန်ကြီး  ချုပ်ကြီးမှာ ရာထူးပြုတ်ကြောင်း ၊ ရေလဲအင်မတန်ရှားကြောင်း ၊ ယခုနှစ်ဆိုပိုဆိုးကြောင်း ထိုဆင်သည် ရန် ကုန်ုတိုင်းအတွင်းမှာ နေသောဆင်ဖြစ်၍ ၊ ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်သော ဒလ ကွမ်းခြံကုန်းစသော မြို့ နယ်များထိပါ ဆင်ဖြူတော်တန်ခိုးတော်နှံ့စပ်သဖြင့် ရေရှားငတ်မွတ်ကြကြောင်း ၊ ယခုမိသောဆင်ဖြူမှာ ထို ဆင်ထက်ပိုမိုတန်ခိုးကြီးကြောင်း ၊ ထိုဆင်မမှိခင် ရက်က ၀မ်းလီတာသောက်ရေသန့်တဗူးမှာ ၂၀၀ဖြစ် ပြီး ထိုဆင်မိသောနေ့မှာပင် ၂၅၀ ကျပ်အထိဈေးတတ်သွားကြောင်း ၊ ဆန်များလဲအင်မတန်ရှားကြောင်း ထိုဆင်မှိသောနေ့မှာပင် ၊ ဆန်အိပ်တအိပ်ကို ၅၀၀၀ထောင်ကျော် ဈေးတတ်သွားကြောင်း မြန်မာ့အလင်း သတင်းစာကိုကိုးကားပြီး သိရှိရပါတယ် ၊ နောက်ဆက်တွဲ အနေအားဖြင့် သိရသည်မှာ ထိုဖမ်းမှိသော ဆင် ဖြူရတနာ ခေါ် မိုးခေါင်ရေရှားသတ္တ၀ါကြီးအား ကြွက်ပြေးနေပြည်တော်တွင်ထားရှိမည်ဟုသိရပြီး ၊ ရှေ့မှီ နောက်မှီလူကြီးများ၏စကားအရ ကြွတ်တွေပြေးရခြင်းမှာ အဲအကောင်ကြီးလာလို့ြေ့ပးတာဖြစ်နို်င်သည် တယ်ဟုသုံးသပ်ပြောဆိုနေပြီး ၊ အ၀ီစိသောက်ရေတွင်းများ အိမ်တိုင်းတူးထားသင့်သည်ဟုအကြံပေးနေ ကြောင်း ကြားသိရပါသည်..။

 ပြန်ကြားရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိ စာပေစီစစ်ရေးခေါ်သော စာပေသုတ်သင် ရေးမှာခုတလော စာပေများကိုအသုတ်သင်ကြမ်းနေကြောင်းနှင့် ၊ ဘယ်သူမှ မလိုက်နာနိုင်သော ဥပဒေ ဥပဒက်များထုတ်ပြန် နေကြောင်းသိရပါသည် ၊ ထိုသတင်းကို အတွင်းကျကျစုံစမ်းကြည့်ရာ ရနောင်မောင်မောင်တုတ်ရေးပြီး ခင် ခင်ထန်တည်းဖြတ်သော စာရွတ်ရေ သုံးရာပါသော မေ့ခွက်ကိုရှာစာအုပ်ကို စာပေစီစစ်ရေး အားတင် လိုက်ရာ မျက်နှာဖုံးနဲ့ ဖင်ပိတ်ကျန်တဲ့အထိ သုတ်သင်လိုက်သည်ဟုသိရပြီး ၊ စာရေးသူက နောက်ဒါမျိုးမ ရေးနဲ့ဟု မှာကြားလိုက်ကြောင်း ၊ မြန်မာရုပ်ရှင်လောကအတွက် လဲ ဥပဒေအသစ်များ ထုတ်ပြန်ကြောင်းအ သစ်ထုတ်သော ဥပဒေများတွင် စာပေလောကအတွက် ကြိုက်သလောက် ချမ်းသာကြောင်း ကျမ်းမာကြောင်း ပြည်တော်သာကြောင်း ရေးနိုင်ကြောင်း အချစ်အကြမ်းအလွမ်း စိတ်ကြိုက်ရေးနိုင်ကြောင်း တို့ပါဝင်ပြီး ၊ ရုပ်ရှင်နှင့်ဗွီဒီယိုအတွက်ကိုမူ ကြိုက်သလောက်ငိုနိုင်ကြောင်း ဘယ်လောက်ငိုငို ဆင်ဆာ ဖြတ်မည်မဟုတ်ကြောင်း ၊ သတင်းထုတ်ပြန်ထားသည်ဟုသိရပါသည် ၊ နောက်ဆက်တွဲသိရသည်မှာ ရုပ်ရှင်လောကသားများဖြစ်ကြသော မင်းသားမင်းသမီးတို့မှာ ဥပဒေသစ်နဲ့အညီ ရုပ်ရှင်နှင့် ဗွီဒီယိုရိုက်ကူး ရန်အတွက် ကြာနီကန်ဆရာတော် ဦးဇဋိလ၏တပည့် အရှင်ရေ၀တထံတွင်၎င်း ၊  အလကာင်္ကျော်စွာ ရွှေ မန်းဦးတင်မောင်၏ သားသမီးမြေးများဖြစ်ကြသော ၊ ကိုညွန့်ဝင်း ၊ ကိုဆန်းဝင်း ၊ ကိုချမ်းသာ ၊ တင်မောင် ဆန်းမင်းဝင်း ၊ ဥဥနှင့်ပုပုတို့ထံတွင် ငိုချင်းချနည်းများသင်ကြားနေရသည်ဟု ရန်ကုန်ကလာသောသီတင်း များအရသိရှိရပါသည်..။

ကျန်ရှိနေသေးသောသတင်းများကို နှင်းကနေရန်ကုန်ဘက်ကနေတင်ပြပါလိမ့်မယ်ခင်မျာ၊ နှင်းရေမင်္ဂလာပါ မင်္ဂလာပါဇေရေ ဟုတ်ကဲ့ ကျမနှင်းမိုးမိုးကနေပြီး ဘလော့သတင်းများနဲ့ မိုးလေ၀သတင်းနှင့် ငလျှင်အထူး သတင်းတို့ကိုကျေညာပါ့မယ်ရှင်..။

ဘလော်ကာဖောက်သယ်ကြီးများဖြစ်ကြသော မကောင်းမွန်ဝင်း ၊ ချောအစိမ်းရောင်လွင်ပြင် ၊ နတ်ဆိုး ၊ ကိုကိုးအိမ်နှင့် ၊ အန် ကယ်မောင်မောင်တို့မှာ အာသ၀က္ခယံ ၀ဟံဟောတုဟူသော ဒေသနာတော်နဲ့အညီ လက်သွက်ခြေသွက် ဖြင့် ဘလော့တွင် ပိုစ့်အသစ်များတင်နေကြပြီး ၊ ၂၀၁၀အမတ်လောင်းကြီး မဗေဒါခေါ်ဗေဗေသည် ၊ ကိုတာ အကြောင်းသိကောင်းစရာ ဟူသောပို့သစ်တင်အပြီး ဘလော့ကာလောကမှ ရုတ်ရုက်ပျောက်သွားပြန်သဖြင့် ကိုကိုဇေမှာ တနေ့ကိုနှစ်ခါငိုနေကြောင်း ဂျီတော့ သတင်းများအရသိရပါတယ်ရှင် ။

မိုးလေ၀သ သတင်း
ဒီနေ့ဂြိုလ်တုကပေးပို့တဲ့ပုံကြီးက  ကပ္ပလီပင်လယ်မှာ လှိုင်းအသင့်တင့်ရှိပါမယ်ရှင် ၊ ရန်ကုန်မြို့နဲ့အနီး တ၀ိုက်အတွက်ကတော့ နေရာကွတ်ကြားမိုးထစ်ချုန်းရွာပါ့မယ် ၊ မန္တလေးနဲ့အနီးတ၀ိုက်အတွက်ကတော့ အိပ်ကောင်းရုံလောက်ဘဲရွာပါမယ် ၊ ရွာရန်ရာနှုန်း၈၀ဖြစ်ပါတယ် ၊ နေပြည်တော်နဲ့အနီးတ၀ိုက်အတွက်က တော့ သိပ်အခြေနေမကောင်းပါဘူးရှင် လေပြင်းမုန်တိုင်းကျပါမယ် ၊ တနာရီကို ကီလိုမီတာ ၂၄၀နှုန်းဖြစ်ပါ တယ် ၊ ပညာရေးဝန်ကြီးရုံးနားကိုတော့ တနာရီကိုကီလိုမီတာ ၄၈၀နှုန်းဖြစ်ပါတယ် ရှင် (စာမေးပွဲနီးလို့ပါ  ) 

မြေငလျှင်သတင်းတရပ် အနေအားဖြင့်ကတော့ ယနေ့မြန်မာစံတော်ချိန်နံနက် ၇နာရီအချိန်တိုင်းထွာချက် များအရ ကမ္ဘာအေးမြေလျှင်စခန်းနှင့် အရှေ့ဘက်မိုင်၁၉၀ အတွင်း ရာဇသင်္ဂဟအ၀ိုင်းအနီးရှိ တည်ခိုခန်းများ မှာ အင်အားအသင့်တင့်ရှိ မြေငလျှင်တခုလှုတ်ခတ်သွားတယ်လို့သိရှိရပါတယ်ရှင် ၊ နောက်နာရီ၃၀၀၀အ တွင်း ရစ်ခ်ျစ်တာစကေး ၇.၃ အဆင့်ရှိ ဟေတီငလျှင်နီးပါး သူ့ထက်သာရင်သာမယ် ကြွတ်ပြေးမှာသီးသန့် လှုတ်မယ်လို့ ယမမင်းထံမှ သတင်းရရှိပါတယ် ရှင်  ဤတွင်းအတင်းများကိုကျေညာ ဟာ သတင်းပါကွ ပြန် ဖက် ဤတွင်ဇေပြောသလို သတင်းများကို ကျေညာလို့ပြီးပါပြီ စက္ခုရှင်အပေါင်းကိုယ်စိတ်နှစ်ဖြာကျမ်းမာ ချမ်းသာကြပါစေ ၊ အော်ဒါနဲ့စကားမဆက် ဖက်တဲ့လူတွေထဲမှာ ရန်ကုန်ကပါရင် ရေဆောင်ထားကြအုံး နော် ၊ ဟုတ်တယ်ဟုတ်တယ် ရေကန်လေးဘာလေးနဲ့လှောင်ထားကြအုံးဗျ ၊ ဆင်ဖြူကြီးမှိပြန်ပြီတဲ့ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ ၊ ကျမနှင်းမိုးမိုးပါရှင် ။



5 comments:

Anonymous said...

ဘာရည်ရွယ်ချက်နဲ့ ပဲရေးရေး ဘယ်နေရာဘယ်ဒေသကို ငလျင်လှုပ်ပါစေဆိုတဲ့ သဘောမျိုးကြီးနဲ့ ရေးထားတာတော့ မကြိုက်ဘူး

MG

ဗေဗေ said...

ဟလို ညီမနှင်းမိုး

သတင်းတွေကို ဖတ်သွားတယ်..။

စိတ်ဝင်စားပါတယ်.. ကိုယ့်သတင်းပါလို့ ဟဲ.. ပေါကြည့်တာ မောင်ဇေနဲ့ အမျိုးတွေဆိုတော့..။

ပျော်ရွင်အဆင်ပြေပါစေ

ဗေဗေ

Zay Tar Yar said...

Anonymous ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ၊ ဆင်ခြင်ပါ့ မယ် ၊ ဟာသပညော ရွှင်သောပညာပေမို့ အမှားပါရင်ခွင့် လွတ်ပါစေကြောင်း တောင်းပန်လိုက်ပါတယ် ။

Myanmar Good Knowledg Co., Ltd said...

မင်္ဂလာပါ။
သတင်းလာဖတ်ပါတယ်။

ကြောက်စရာသတင်းတွေ အရမ်းများတယ်။
သတင်းဖတ်ပြီး ဘုရားစာတွေရွတ်ရမယ်။

ခင်မင်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ပတ်စာ သတင်းတွေလာဖတ်ပါတယ်..
ဒီတစ်ခါတော့စုံလှချည့်
ကြွက်ရော လူုတွေရော
စုံပါ့တော်...
ကြွက်တွေ ဘယ်ကမ္ဘာက မျက်စိလည်လာတာပါလိမ့် အံ့သြစရာနော်..
ငယ်ငယ်က ကြားဖူးတဲ့ ပုလွေသမားလေးရောက်လာရင်ကောင်းမယ်
ပုလွေသံလေးနဲ့ ကြွက်တွေကို ခေါ်သွားပြီး ပင်လယ်ထဲ နှစ်သတ်ပစ်ရမယ်..း)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...