နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 5 July 2010

ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ


ကဲကဲ ပြောမယ် ဒီတပတ်တော့ ကျွန်မ နှင်းမိုးမိုး ရဲ့ သောင်းပြောင်းတပတ်တာပေါ့…။
စာမေးပွဲနီးလာပြီလေ.. ဒါကြောင့်သူငယ်ချင်းတွေ စာမေးပွဲအတွက်စာတွေ အသည်းအသန်မကျက်ခင် ခေါင်းဆေးမယ်ဟေ့..ရုပ်ရှင်ကြည့်မယ် ဆိုပြီးတိုင်ပင်လိုက်တယ်..။ အားလုံးက ညီညီညွတ်ညွတ် သဘောတူကြတယ်..။ ကဲ မှန်း..သမ္မတ မှာဘာဇာတ်ကားတင်တုန်း ၊ နေပြည်တော်မှာ ဘာတင်လဲဟ စုံစမ်းတော့ နတ်ဖတ်တဲ့ စုံတွဲတဲ့ ။ ပြေတီဦး ၊ အိန္ဒြာကျော်ဇင် တဲ့..။ ဘာကားဖြစ်ဖြစ် ကြည့်မယ် ဟေ့…။ ကားက အသစ်ဆိုတော့ ဘွတ်ကင်လက်မှတ် မှာဟေ့… ဆိုပြီး သောကြာနေ့အတွက် လက်မှတ် ၁၁ စောင်မှာတယ် … အော်ပြောရ အုံးမယ်… တကယ်တန်းကျောင်းမှာ တွဲဖြစ်တာက မိန်းခလေး ၇ ယောက်..ကျန်တာက ကျောင်းမှာ ဒီအကြောင်းပြောကြရင် သူတို့လဲ ကြည့်ချင်တယ် လို့ပြောတဲ့ အကောင်ရှုတ်တွေပေါ့…။
 အားလုံး မျှော်လင်တဲ့ သောကြာနေ့ပေါ့ ။ ဗုဒ္ဒဟူးနေ့ ရောက်တော့ မိသားစုဆရာက သောကြာနေ့ မနက်ပိုင်း စာမေးပွဲဟေ့…ငါ့မေဂျာ pre test ဖြေမယ်တဲ့…။ သွားပြီ…. အားလုံးမျက်နှာတွေများ ဇီးရွက်မကဘူး ကင်ပွန်းချဉ်ရွက် သာသာပဲရှိတော့တယ်…။ ကိုယ်ကပဲ ဘာမှစိတ်မပူနဲ့ဟေ့ ငါတို့ရုပ်ရှင်က ၁၂း၃၀ မှလေ..။ မနက်စောစော လာဖြေပြီး ကျောင်းကနေသွားကြတာပေါ့ ..။ လူတောင်စုလို့ ရသေးတယ်နော့ ဆိုပြီးအားပေးတယ်..။
 အဲကြာသာပတေးနေ့ရောက်တော့ DCS သင်တဲ့ ဆရာမက သောကြာနေ့ ၁း၃၀ DCS pretest နော်တဲ့…။ အားလုံးပဲ အသံတွေတိတ်ကုန်ကြတယ်..။ ၃း၃၀ ကားကြည့်မယ်ပြောတော့ စာမေးပွဲက ၂း၃၀ မှပြီးမှာလေ..။ နင့်မှာ လေယဉ်ပျံရှိလို့ လား ၃း၃၀ ရောက်အောင်သွားဖို့ ..။ ( မှော်ဘီ နဲ့ သမ္မတရုပ်ရှင်ရုံ ဆိုတာ တောင်ဝင်ရိုးစွန်း နဲ့ မြောက်ဝင်ရိုးစွန်းလိုပါပဲ ။ မှော်ဘီကနေ မြို့ထဲရောက်အောင် ၁၃၂ အထူးကား မြန်မြန်မောင်းမယ် ဆို ၁း၃၀ နီးပါးမောင်းရပါတယ် ) ကျွန်မလဲ အားပေးဖို့နေနေသာ… စကားတောင် မပြောနိုင်တော့ဘူး…။ သူငယ်ချင်းတယောက်ဆို ငါ့ရီးစား နိုင်ငံခြားသွားတုန်းကတောင် ဒီလောက်ဝမ်းမနည်းဘူးတဲ့..။
ဒီတပတ်မကြည့်ရလဲ နောက်တပတ် ကြည့်လို့ရတာပဲလို့ ပြောကြမယ်မလား..။ နောက်တပတ်က monthly test တဲ့..။ ပြီးတော့ ရှေ့လ တစ်လ လုံးကျောင်းလုံးဝ ပျက်လို့ မရတော့ဘူးလေ..။ စာမေးပွဲ ၈ လပိုင်း ၁၆ ရက်နေ့တဲ့..။ စာကျက်ဖို့တောင် အချိန်သိပ်မရှိတော့ဘူးလေ..။ ခုထိ ၀မ်းနည်းတုန်း သိလား…။ ရုပ်ရှင်တအားကြည့်ချင်လို့တော့ မဟုတ်ဘူး..။ သူငယ်ချင်းတွေ စုစုစည်းစည်း ဒွန့်ချင်တာလေ..။ ဟိဟိ ပျော်ချင်ပါးချင်ကြတယ်လေ ..လူငယ်ကိုးးး ။ နောက်တော့ အားလုံးကို နောက်တပတ် ကြာသာပတေးနေ့ စာမေးပွဲလဲပြီးတယ်..။ ငါလဲ အလုပ် off တယ် ညနေမှာ လှည်းတန်းမှာ ငါးကင်သွားစားကြမယ် ဆိုပြီး သူငယ်ချင်းတွေကို နှစ်သိမ့်လိုက်ရတယ်...။ စိတ်နာတယ် သောကြာနေ့ ရယ်…။
နောက်တခုကတော့ စနေနေ့ရယ် နဲ့ တနင်္ဂနွေ မှာလှည်းတန်းမှာ ကျူရှင်တက်ကြတော့ အပြန်ဆို လှည်းတန်းတခွင် ပြဲပြဲစင်အောင်  ဟိုကြည့် ဒီကြည့်နဲ့ ၀င်းဒိုးရှော့ပင် သွားကြတယ်လေ..။ ပြီးတော့ ကျောင်းတက်ရင် မုန့်ဖိုး သိပ်မကုန်ဘူး ။ အိမ်က ပါတဲ့ ထမင်းထုတ် ဖွင့်စားရုံပဲ..။ အဲ ကျူရှင်တက်ရင်တော့ မုန့်ဖိုးတအားကုန်တာ..။ သိတဲ့ အတိုင်း လှည်းတန်းက စားစရာ တယ်ပေါသကိုးးး ။ ဘာစားချင်လဲ ကြိုက်တာစားလို့ရတယ်…။ ကျူရှင်ပြီးတဲ့ အချိန်ကလဲ ၁၀း၃၀ လေ…။ စနေနေ့မှာ ကျုရှင်က မနက် ၇း၃၀ဆိုတော့ ၀ုန်းဒိုင်းကျဲလာတာ ပိုက်ဆံအိတ်ကျန်ခဲ့တယ်..။ အိတ်ထဲက အကြွေတွေနဲ့ ကျူရှင်ရောက်အောင် လာတာလေ..။
အပြန် မုန့်စားချင်တော့ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးတော့ ဟိုတယောက်ပဲ ချေးတော့မလို ၊ ဒီတယောက်ပဲ ချေးတော့မလို နဲ့ တော်တော် မျက်နှာငယ်ရတယ်..။ နင်တို့ ဆီက ပိုက်ဆံချေးရတာ ပိုက်ဆံ အိတ်မပါလို့ ချေးတာနော်..။ ဘယ်တုန်းက ချေးဖူးလို့တုန်း ။ ပြန်မဆပ်မှာ စိုးရိမ်နေတာလား ။ မချေးချင်လဲ နေကြဟာ ဆိုပြီး အားလုံးကို စိတ်ဆိုးပြီး ထွက်လာတယ်…။ လက်ထဲမှာ ပိုက်ဆံ ၂၀၀ ပဲကျန်တော့တယ်..အိမ်ရောက်တဲ့ အထိတော့ ရပါတယ် ကားက ၂ ဆင့်လေ ..။ ၁၀၀ နှစ်ခါဆိုရောက်တယ်လေ..။ အဲစိတ်ဆိုးဆိုး နဲ့ တွေ့တဲ့ ကားပေါ်တက်စီးကော..။ ကားထွက်တော့ စပယ်ယာ ပိုက်ဆံလာကောက်တယ်..။ ၂၀၀ တန်ပေးလိုက်တာ ပြန်မအမ်းတော့
ဒီမှာ ၂၀၀ တန်ပေးထားတာ ၁၀ မိုင်ကို နော်..။ (အရင်တုန်းက ဆိုပြန်မတောင်းဘူး ၊ ခုတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ပေါ့ ) ။
အမ ဒါက အထူးကားလေ အမရဲ့..။ အတက်အဆင်း ၂၀၀ လေတဲ့..။
 (((သွားပြီ)))
သူငယ်ချင်းတွေကို ရော ၊ ကိုယ့်ကိုကိုယ်ရော တော်တော် ဒေါသထွက်သွားတယ်..။ နောက်တဆင့် စီးဖို့ ပိုက်ဆံမရှိတော့ဘူးလေ..။ တွေးလေ တွေးလေ ဒေါသထွက်လာလေ နဲ့ ဆင်းမဲ့ မှတ်တိုင်ကိုရောက်လာရော..။ အိမ်ကို ဖုံးဆက်ပြီး  ပိုက်ဆံလာပို့ ခိုင်းမယ်ဆိုတော့ ဖုံးက ဘထ္ထရီ အားကုန်နေလို့ ထားခဲ့တယ်လေ..။ အပြင်မှာ ဖုံးဆက်ဖို့ ကြတော့လဲ ပိုက်ဆံ တပြားမှ မရှိလေ..။ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ တက္ကစီ ဌားသွားရတယ် အိမ်ကို ။ ၁၀၀ ပဲကုန်မဲ့ ခရီးကို ၁၅၀၀ ပေးစီးလိုက်ရတာ တော်တော် နှမျှောတယ် ။ တကယ်ဆို မြေအိုးမြီးရှည် တပွဲနဲ့ အအေးတောင် သောက်လို့ရတယ်လေ..။ နောက်နေ့ကြတော့ ဟိုကောင်တွေ လာချော့တယ် ။ နင်က စိတ်ဆိုးပြီး ထွက်သွားတာကို နင့်ကို စနေတာလေဟာ ။ နင်ကပဲ ငါတို့ကို ချောက်တွန်းလိုက် ၊ ချွန်လိုက် ကျပ်လိုက် လုပ်နေတော့ အကွက်ဝင်တုန်း နင့်ကို ပြန်လုပ်တာလေတဲ့….။ ဟိဟိ ဟုတ်တယ် ကိုယ့်အလှည့်တုန်းကလဲ အနိုင်ကျင့်ထားတာလေ.. တယောက်မှ မလွတ်ဘူး ..။ ပဲနို့တွေဝယ်တိုက် ၊ ရေခဲမုန့်တွေဝယ်ကျွေး နဲ့ချော့ကြတယ်..။ ကိုယ်ကြိုက်တဲ့ အစားတွေ့တော့ စိတ်လျှော့ပေးလိုက်တယ်..။
နောက်တပတ် စာမေးပွဲတွေရှိတယ်..။ စာတွေကတော့ ရပြီးသားတွေပါ..။ ပူသွားအောင် ပြန်နွေးရုံပဲ ။
အပြင်မှာ သူငယ်ချင်းတွေ ကို မကြောက်ရဘူး ။ ဘလော့ပေါ်မှာတော့ ကြောက်ရတဲ့သူရှိတယ် ။ မပြောတော့ဘူး ဘယ်သူလဲဆိုတာ သိမှာပါ..။ လူကိုယ်လဲ နွားမဒန်းလို့ ပြောလိုပြော နဲ့..။ အဖေ နဲ့ အမေ သာသိရင် ရင်ကျိုးမှာ..။ ဘလော့တူတူရေးတဲ့ ဇေတာရာ ဆိုတာကလဲ ခုတလော ရီးစားလိုချင်နေတယ် ..။ စင်ကာပူက မမ ကို ရီးစားစကားပြောထားတယ်တဲ့..။ အဲ မမ ကိုလဲ ကူပြောပေးရအုံးမယ်..။ အဖြေမြန်မြန် ပေးဖို့ ။ နားငြီးတယ် တနေ့တနေ့ ရင်ဖွင့်နေတာ..။ ဟဲဟဲ မူကြည့်တာ ..။ ဇေ မပြောပြန်ရင်လဲ ဒီက နားထောင်ချင်နေတာ ။ 
နောက်ပိုင်း သူငယ်ချင်းတွေရဲ့ ရီးစားတွေ အကြောင်းရေးအုံးမယ်..။ မကောင်းကြောင်းက ပိုများတယ်..။ အတင်းပြော သလိုရေးမှာ မဟုတ်ဘူးနော်.. ။ မိန်းခလေးတွေ ရီးစားရှိလို့ စိတ်ညစ်ရတဲ့ အကြောင်းမှန်တွေ ရေးမှာ..။ ဟိုရီးစား မရှိတဲ့ ဇေတာရာတို့ ၊ နတ်ဆိုးလေး တို့ ခုတလောမှ ဘလော့စရေးတဲ့ ကိုမောင်လေး တို့ တွေ  ဘယ်လို နေရမယ် ၊ ကိုယ့်ကောင်မလေးတွေကို ဘယ်လိုပျော်အောင်ထားရမယ် ဆိုတာတွေ သိအောင်ပေါ့..။ တော်ပြီနော် ဒီတပတ်အတွက်တော့..။ အားလုံး ပျော်ရွှင်ဖွယ်နေ့ လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ..။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါရှင်……..။    ။

8 comments:

မာရ်နတ် said...

မာမီရယ် ရှာပေးကွယ် ရည်းချားလိုချင်တယ် :P

Zay Tar Yar said...

မျက်နှာကိုခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော် ။
လင်ငါးယောက်ခုပေါ်စေ
ကျွန်တော်ကမလွဲ ။
တစ်သက်လုံးလင်ငယ်နေပါ
သည်မေကိုရိုးပြာကျစွဲ ။
ချစ်လှလို့သည်းညည်းခံတယ်
ဆဲရေးသံကိုလည်း
အငြိမ့်သံဇာတ်ပွဲလို
စိတ်ထဲကထင်တယ် ။
ကွာမည်ကိုမဆိုလိုက်နဲ့
မယ်ရိုက်ရင်ဘုန်းခံပါ့မယ် ။
ဖိနပ်နဲ့အရပ်လည်မှာ
မပြတ်ကွယ်ရိုက်စေတော့
နာလိုက်တဲ့စိတ်ကယ်နော်
ရွေးမျှမပေါ် ။
ခင်လေးကကြင်ရေးမျှော်လျှင်
ထမီလျှော်ခိုင်းပါတော့လေး ။ ။ဆိုတဲ့ယောကျာင်္းမျိုးရပါစေကြောင်း ဟောင်းဟောင်း

မောင် လေး said...

အောင်မလေးဗျာ မောင်လေးကိုများ အထင်သေးလို့...၊
ကိုယ့်ကောင်မလေးကို ပျော်အောင်ဘယ်လိုထားရမလဲ
ဆိုတာများ သိသားပဲ..။နေပူထဲ တနာရီလောက်ပစ်ထား
လိုက် ပျော်သွားမှာပဲကို....။(ဒါထက် နှင်းမိုးတို့မောင်နှမ
က မှော်ဘီကလား..။ကျွန်တော်လည်းမှော်ဘီကပဲ..။
ပြောပါဦးမှော်ဘီဘယ်နားကလဲ..။ကျွန်တော်က ရုံးပေါက်
မှာနေတာ..။)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဇေအကြောင်းတော့ သိလိုက်ရပြီဟေ့..
ဘာဘဲဖြစ်ဖြစ် ဇေ့ထက်စာရင် နှင်းက ဆရာကြီးဖြစ်နေပြီ..
အင်း ဇေမြန်မြန်စွံအောင် ကူညီပေးလိုက်ပါဦး..
မြန်မြန်စွံမှ နှင်းကို ရန်မရှာတော့မှား)

ကိုကိုးအိမ်(မန္တလေး) said...
This comment has been removed by the author.
ကိုကိုးအိမ်(မန္တလေး) said...

အဟား နှင်းမိုးရေ နတ်ဆိုးလေးက လျှိုထားတာဗျ
ဒီလူကစော်ကြည်ဘဲ ကိုယ့်လူအကြောင်းကိုယ်သိတယ်
အဟဲ ကိုနတ်ဆိုးကတော့ သူ့လာဘ်ပိတ်တယ်ဆိုပြီး ဒေါသထွက်တော့မယ်

ဇေပေးတဲ့ဆုနဲ့ ဒေါ်နှင်းပြည့်ပါစေဗျာ အဟီး ကြားဝင်ဆုတောင်းပေးတာ
ခု ရုပ်ရှင်က နတ်ဖက်တဲ့စုံတွဲများ တင်ထားတယ်နော်
ကြုံတုန်းသတင်းပေးတာခင်ည

ကိုကိုးအိမ်

Unknown said...

ဇေက ချစ်သူ ရှိ မရှိတော့မသိဘူး ပြောလိုက်သမျှတော့ ၁ခါပြော ၁ ယောက် ပဲ မှတ်တောင်မမှတ်မိဘူး

Unknown said...
This comment has been removed by the author.
အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...