နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 6 July 2010

လရာသီ

လဟူသည် ပါဠိစာပေများတွင် မာသဟုခေါ်ဆိုပြီး (ရေတွက်ခြင်းလို့) အဓိပ္ပါယ်ရှိပါတယ် ၊ အင်္ဂလိပ် အယူအဆမှာတော့ ရေတွက်ခြင်းလကို month လို့ခေါ်ဆိုပြီး ၊ ကောင်းကင်မှလ moon ကိုအစွဲ ပြုခေါ်ဆိုကြတယ်လို့သိရပါတယ် ၊ ဥရောပဘာသာစကားတို့တွင်လကို လက်တင်ဘာသာစကား mensis မှဆင်းသက်လာသည်ဟုမှတ်သားရပါတယ် ။ ဒီဝေါဟာရကို ဘာသာဗေဒ သဘောပုံစံ ပြောင်းပြီး ကာလအပိုင်းအခြားကို ပြဆိုသောလအဖြစ် ခေါ်ဝေါ်သုံးစွဲကြပါတယ် ။

လကိုမြန်မာ့နက္ခတ်ပညာများတွင် တနလာင်္ဂြိုလ်ဟု ခေါ်ဝေါ်သုံးစွဲပြီး ၊ ဗေဒင်ကျမ်းများမှာတော့ ဆန်းဟုပြဆိုပါတယ် ၊ တနှစ်တာကာလကို ၁၂နှင့် ပိုင်းချားထားသော်လည်း အညီအမျှပိုင်းခြားနိုင် ကြသည်ကား   မဟုတ်ပါချေ ၊    မြန်မာအယူအဆနှင့် ဟိန္ဒီ အယူအဆများတွင် လကိုပိုင်းခြားရာတွင်
နေသွားလမ်းကြောင်းနှင့် လသွားလမ်းကြောင်းများကို ကြည့်၍ ပိုင်းချားကြသော်လည်း ၊ အ နောက် တိုင်း နက္ခတ္တဝေဒပညာရှင်အများစုကကြယ်တွေသွားတာကိုကြည့်ပြီးပိုင်းချားကြလို့သူ့စနစ်နဲ့သူမတူကြပါချေ ။

လသည်ကမ္ဘာကိုလှည့်ပတ်သည့်အခါ ၄င်းကိုကမ္ဘာမြေပြင်မှကြည့်လျှင် လဆန်းတရက်မှ လ ကွယ်နေ့ရောက်အောင် ရက်ပေါင်း ၂၉ ရက် ၁၂နာရီ ၄၄ မိနစ် ၈ ဒဿမ ၄၄စက္ကန့်ကြာတယ်လို့ မှတ်သားဘူးပါတယ် ဤကဲ့သို့ တပတ်လှည့်လည်သော လ၏လမ်းကြောင်းကိုကြည့်ပြီး ဟိန္ဒူဝေ ဒကျမ်းများမှာ စန္ဒရမာသ လို့ခေါ်ဆိုပါတယ် ။

အလွန်ဝေးသောကြယ်စဉ်တခုမှကြည့်လျှင် လသည် ကမ္ဘာကိုပတ်ရန် ၂၇ ရက် ၊ ၇နာရီ ၊ ၄၃မိနစ် ၁၁ ဒဿမ ၅စက္ကန့်ကြာပါတယ် ၊ ဒါကတော့ ကြယ်ကိုအစွဲပြုပြီးခေါ်ဆိုတဲ့ လပါ ဒီလကိုတော့အ နောက်တိုင်း နက္ခတ္တဆိုင်ရာကျမ်းများမှာ နက္ခတ်လ လို့ခေါ်ဆိုကြကြောင်းမှတ်သားထားဘူးပါတယ် ။

မြန်မာနိုင်ငံသုံး သူရိယသိန္ဓ န္တ ကျမ်းများမှာတော့ ကမ္ဘာသည်နေကိုတပတ်ပြည့်အောင်ပတ် သောကာလမှာ တနှစ်ဖြစ်ပါတယ် ၊၄င်းကာလသည် ၁၃၅ရက် ၊ ၆ နာရီ ၊၁၂ မိနစ် ၊ ၃၇စက္ကန့်ကြာ ပါတယ် ၊ ဒါကို အတိုချုံးရရင် ကမ္ဘာဟာနေကို တပတ်ပတ်မှိဘို့၁၃၅ လေးပိုင်းတပိုင်းဖြစ်ပါတယ် ၊ယင်းအချိန်ကာလကို တနှစ်လို့ခေါ်ဆိုပါတယ် ၊ ၄င်းတနှစ်ကို လအားဖြင့် ၁၂ပိုင်းပိုင်းလိုက်တဲ့အ ခါမှာ တလကိုရက်ပေါင်း ၃၀ ရက် ၊ ၁၀နာရီ ၊၂၉ မိနစ်နဲ့ ၊ ၄ စက္ကန့်ရှိပါတယ် ။ အဲလိုတွက်ချက်ယူ တာကိုတော့ နေသွားလမ်းကြောင်းနဲ့ကြည့်ပြီးတွက်ချက်တာဖြစ်လို့ သူရိယမာသ လို့သူရိယသိ န္ဓ န္တကျမ်းမှာဆိုပါတယ် ။

အထက်မှာတင်ပြခဲ့တာများကတော့ ဝေါဟာရလကို လသွားလမ်းကြောင်းကိုကြည့်ပြီးတွက်ချက် ပုံ ၊ နက္ခတ်သွားလမ်းကြောင်း ၊ နေသွားလမ်းကြောင်းတို့နဲ့တွက်ချက်ပုံကိုတင်ပြခဲ့တာဖြစ်ပါတယ် အမှန်ကန်ဆုံးနီးစပ်တာကတော့ နေသွားလမ်းကြောင်းကိုကြည့်ပြီးလကိုတွက်ချက်တာ ပိုမိုနီးစပ် စွာ မှန်ကန်တတ်ပါတယ် ၊ ဒါကြောင့်သင်္ကြန်ရောက်ခါနီးမှာ မြန်မာနိုင်ငံပြက္ခဒိန်အဖွဲ့မှ သူရိယသိန္ဓ န္တကျမ်းနဲ့တွက်ချက်ပြီး မဟာသင်္ကြန်စာကိုထုတ်ဝေကြခြင်းဖြစ်ပါတယ် ။

ကမ္ဘာပေါ်ရှိလူမျိုးအသီးသီးမှာ မိမိတို့ဆိုင်ရာနေ့ ၊ လ ၊ ရက်တို့ကို နေသွားလမ်းနဲ့ညှိနှိုင်းပြီးပြက္ခ ဒိန်ဖွဲ့ကြပါတယ် ၊ထိုပြက္ခဒိန်မှာဖော်ပြသောလတို့သည် ၊ နိုင်ငံအသီးသီး ဆိုင်ရာလူတို့၏ ဓလေ့ ထုံးထမ်းအရ လူ့ကိစ္စအလို့ငှာ ခေါ်ဝေါ်ပညက်အပ်သော လများပင်ဖြစ်ပါကြောင်း သိသလောက် ဖောက်သယ်ချရင်း ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ .။

3 comments:

မောင် လေး said...

ဇေရေ...မှတ်သားသွားပါတယ်။

နတ်ဆိုးလေး said...

ဖတ်စရာရှိတာများ ဖတ်ပြီး မှတ်စရာရှိတာများ မှတ်သွားပါတယ် ဆြာဇေ ခင်ဗျားးး

ချော(အစိမ်းရောင်လွင်ပြင်) said...

အလဲ့
တကယ့်အတည်အခန့်ပါလား ဒီနေ့တော့
မှတ်သားစရာပါဘဲ
သေသေချာချာကို ဖတ်ရှုသွားပါကြောင်း
ဟုတ်ကဲ့

ကျွန်မ မချောပါး)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...