နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 8 July 2010

လေနဲနဲရှော့


အခုတလောရွှေပြည်ကြီးမှာtop ဖြစ်နေတဲ့သီတင်းကတော့ဆင်ဖြူရတနာသတင်းလေ ၊ ဒီသတ္တ ၀ါကြီးတွေကလဲ ၊ တော်တော်လေးကို မနေတတ်မထိုင်တတ်တာပါ ၊ ဒါနဲ့ဆိုလေးကောင်ရှိပြီလေ ရွှေတို့နိုင်ငံဟာ ဆင်ဖြူတော် ပေါသမို့ ရေအင်မတန်ငတ်ကျတယ် ၊ ဆန်ဈေးလဲအင်မတန်ကြီး တယ် ၊ ပိုက်ဆံအရွတ်ကြီးတွေလဲ ခဏခဏထွက်တယ် ၊ အင်းလေးမှာလဲ ရေခန်းလိုက်တာမှ လှေ နဲ့မလည်ဘဲ ၊ မော်တော်ကားနဲ့တောင်လည်ဘို့ကောင်းနေပြီ ၊ မင်းဘူးဦးသြဘာရေးတဲ့ဝေဿန္တ ရာဇာတ်တော်မှာ ၊ ဆင်ဖြူရတနာ ကြီးကြောင့် မိုးတွေရွာပြီး တိုင်းခန်းပြည်ရွာသာယာလို့ ၊ ဝေဿ န္တရာမင်းကြီးဆီက အလှူခံသွားတဲ့ ဆင်ဖြူတော်ကြီးကို ပြန်လာပို့ပေးတာဖက်လိုက်ရဘူးသေး တယ် ။

ဒီဆင်ဖြူတော်တွေကတော့ဘယ်လိုတန်ခိုးရှိတယ်မသိဘူး ၊ ကျောက်တော်ကြီးမြတ်စွာသီတင်းသုံး တဲ့ကျောင်းတော်နားမှာ အဆောင်နဲ့အယောင်နဲ့ထားတဲ့ ဆင်ဖြူဆိုတာကြီးကတော့ဘုရားဘက် ဖင်လှည့်ပြီး ချီးပါတယ် ၊ သူ့ကိုဖမ်းမှိတာ ဘယ်ကညာကနဲ့ သတင်းစာတွေကလိမ်ကြပေမဲ့ သူ့  ရဲ့မူရင်း က ဟို ဘင်္ဂလားဒေရှ့် နယ်စပ် စစ်တစ်ကောင်းနယ်ကမိလာတာ အဲဒီနိုင်ငံကတော့မသိ ဘူး ၊ ဆင်ဖြူရတနာကြီးမှိတဲ့ စစ်တကောင်းနယ်စပ်ကိုတော့ ထိုင်းကလူတွေက လူ့ငရဲပြည်လို့ ခေါ်ကြတာ ငတ်ကြပျက်ကြလွန်းလို့ ၊ လူတွေခေါင်းရှိရင်စဉ်းစားဘို့ကောင်းတယ် ဆင်ဖြူရှိတဲ့ အဲဒီနယ်တောင်ငတ်နေတာ ၊ ဒီဆင်ဖြူကိုဒေါ်လာနဲ့ဝယ်လာပြီး ဘုရားဘေးမှာ အဆောင်နဲ့ထား လိုက်တော့ တိုင်းပြည်က ဆန်ပေါမယ် ရေပေါမယ် မိုးရွာမယ်ဆိုတော့ ကြည့်လုပ်ကြကိုယ့်လူ တို့ မိုးလုံးပြည့်မုသာဝါဒီထဲပါကုန်ကြမယ်နော ။

သမန္တစက္ခုဒီပနီကျမ်းကိုရေးသားပြုစုတော်မူတဲ့ မုံရွေးဆရာတော်ဘုရားရေးစပ်တဲ့ကုသပျို့ထဲ မှာ ဆင်ဖြူ ၁၂ မျိုး ရတနာသရဘူ ရတနာပလ္လင် ရတနာကကျည်း ရတနာထောက်ရှည် ရတနာ ပြဿဒ် ရတနာပိန်း ရတနာမုံ ရတနာဆုပ် ရတနာကြံဆင် ရတနာယပ် ရတနာကြန်စုံ ဆို ပြီး ၁၂ ပါးတဲ့ အချို့သော ဆင်တွေဟာ မဲနေပေမဲ့ အထက်ပါလက္ခဏာ တွေထဲက တခုခုနဲ့ညီနေ ရင် ဆင်ဖြူလို့သာသက်မှတ်ရသတဲ့ ကျောက်တော်ကြီးမြတ်စွာနားက ဆင်ဖြူကြီးကတော့ရတ နာကြန်စုံ တဲ့ ကြန်တော့မသိဘူး ကြံတော့တော်တော်ကြိုက်တယ် ကြံဘိုးကြီး သိန်း၁၃၀၀ကျော် ရှိတဲ့ မီလျှံနာဆင် သူ့ဓာတ်ပုံကိုရိုက်ပြီး တပုံကို၃၀၀၀နဲ့ရောင်းစားတာ လက်မလည်ဘူး မော်ဒ ယ်ဂဲလ်ဆင်လို့လဲဆိုနိုင်သပေါ့ဗျာ ဆင်ဖြူရတနာတွေရဲ့ဂုဏ်ရည်တွေထဲမှာ စစ်ပြည်ငြိမ်းစေ တတ်ခြင်း ဆန်ရေစပါးပေါများခြင်း ရာသီဥတုသာယာခြင်း ပြည်သူပြည်သားတွေစိတ်နှလုံးငြိမ်း အေးခြင်းတဲ့ကဲကြည့်ကြအုံး အဲဒါတွေနဲ့ညီကြရဲ့လား နယ်စပ်မှာ သေနတ်သံတွေနေ့တိုင်း ကြားနေရတယ် နာဂစ်တိုက်တယ် ကံကောင်းလို့ဆင်ဖြူပါ မသာပေါ်တော့မလို့ ဆန်ရေစပါး ဟားဟား ဆန်ဝယ်ဘူးတဲ့လူတိုင်းသိတယ် ကဲ ရေကြတော့လဲ ဒီနှစ်တော်တော်ငတ်တယ် ဆင် ဖြူတကောင်ရှိရင် ဒါတွေကပြည့်စုံရမဲ့ဟာ အခုဟာကလေးကောင်မြောက်ဆင် ဒီဆင်ဖြူ လား ခရုသင်းစွဲတဲ့ဆင်လား မက်ခရုပေါက်တဲ့ဆင်လား ထုံးသုတ်တဲ့ဆင်လား မသိဘူးလေဗျာ ကြေးမုံ နဲ့မြန်မာ့အလင်းအလိုအားဖြင့်ကတော့ ဆင်ဖြူရတနာဆိုသကိုး ဆင်ဖြူရောက်ပြီးမကြာဘူး ပဲခူး တိုင်းထဲက ဘုရားကြီးရွာနားမှာ ကြွက်တွေစပါးပင်တွေကိုက်လို့တဲ့သတင်းတွေဖက်ရတယ် စဉ်း စားကြပါအုံးဗျ ဆင်ဖြူတော်တန်ခိုးပေလား ဘာလာညာလား အခုလဲသီတင်းစာမှာ ဖက်လိုက်ရ ပြန်ပါပြီ ဆင်ဖြူတော်များပေါများခြင်းကြောင့် ဆန်ရေစပါးပေါများခြင်း ဘုန်းကံကြီးခြင်း စစ်ပြေ ငြိမ်းခြင်း ဘာခြင်းညာခြင်းနဲ့ ဘာမှတော့မပြောချင်တော့ပါဘူး ငယ်ငယ်တုန်းကဆိုခဲ့တဲ့ကဗျာ လေးကိုဘဲ ဆိုချင်ပါတယ် အာလူးလာမပေးနဲ့ လေနဲနဲရှော့ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါခင် များ...........

5 comments:

မောင်မောင် said...

မောင်ဇေ ရေ မယောင်ရာဆီလူးတဲ့  ဘုန်းတန်ခိုး အာဏာ မက်မော တဲ့ဘဘ တို တိုင်းပြည်က တော့
ဒီလိုပဲရှိလေ ရဲ့ ။
စိတ်လျော့ လူလေး ရေ.......

ဘဘမောင်
အာဖဂန်ပြည်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟဲ့
ဒီတစ်ယောက် မှန်တာတွေရေးလှချည်လား
ကြောက်ဖူးလား အေ..း)

ကိုကိုးအိမ်(မန္တလေး) said...

အား ဇေရေ လက်ထိပ်စော်နံတယ်ဟ
မဖြစ်ဘူး လိုင်စင်လေးပြုတ်သွားလိမ့်မယ် ပြေးမှ ပြေးမှ
သတိတော့ပေးလိုက်မယ် နောက်လည်းရေးဦး အဟီး

ခင်မင်လျှက်
ကိုကိုးအိမ်

ငွေလမင်း said...

ကောင်းတယ်ကိုကိုဇေရေ သိပ်ကောင်းတာဘဲ ဟားဟား
ဟုတ်ပ ၊ လူအားမကိုးဘဲ ဆင်အားကိုးတာတော့ အင်းပေါ့ လေ တူရာတူရာအားကိုးတာပေါ့ လူကလူကိုသာအားကိုးတာ ။

အမတ်လောင်း said...

ဟလိုမောင်ဇေ

ဘာဖြစ်လို့ မဟုတ်တာတွေ ရေးနေတာလဲ..။

မကြိုက်ပါ..။

ဆင်ဆာက ခွင့်မပြုပါ..။

စိန်ဗေဒါ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...