နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Saturday 10 July 2010

တပက်အတွင်းသတင်းပဒေသာ


မင်္ဂလာညချမ်းပါခင်မျာ ယနေ့မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် ၊ ခရစ်နှစ် ၂၀၁၀ ခု ဇူလှိုင်လ ၁၀ ရက် စနေနေ့ တပတ်အတွင်းသတင်းဒေသာများကိုကျွန်တော်ဇေတာရာ ဘန်ကောက်မြို့တော်မှစတင်ကျေညာပါတော့ မယ် ၊ မရွှေနှင်းကတော့ ဒီတပက်မကျေညာနိုင်ပါဘူးခင်မျာ ကော်နရှင်ကျနေလို့ပါ……။

သတင်းကောင်းစဉ်
ရွှေပြည်ကြီးတွင် ရွေးကောက်ပွဲနီးလာသဖြင့် လူထုလှုတ်ရှားမှုများလုပ်ကြရာတွင် နိုင်ငံရေးပါတီကြီးနှစ်ခုမှ ၀ါးခ မောက်တလုံးအားအသဲအသန်သူပိုင်ငါပိုင်လုယူနေကြခြင်း ၊ စစ်တွေနည်းပညာ တက္ကသိုလ်မှ ကျောင်း သားများ မြေပေါ်တွင်လမ်းလျှောက်ပြီး ကျောင်းသားအားကစားပွဲတော်လုပ်ကြခြင်း ၊ ရွှေပြည်ကြီး မှ သာမ ဏေ တပါးအား သပိတ်ထဲတွင်သနတ်ပါသည်ဟု ရဲမှမသကာင်္မှုဖြင့် သပိတ်လှန်စစ်ဆေးကြခြင်း ၊ ရွှေပြည် ကြီးမှ ဘလော်ကာများ အင်တာနက်ပေါ်မတတ်နိုင်အောင် ပရောက်ဆီများမကြာမကြာဘမ်းခြင်း ၊ ဘလော် ကာကြီး များတချို့ပျောက်ဆုံး၍ တချို့သတင်းမရခြင်း ၊ ဘလော်ကမနှင်းမိုးမိုး ဖေးဘွတ်တွင်တင်ထားသော ပုံအား သွားရောက်ကြည့်ရှုသူများက ၀ိုင်းဝန်းဝေဘန်ကြခြင်း …..။

သတင်းစုံလင်မှာ

ရွှေပြည်ကြီး၏ ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ခွင့်ပြုချက်ရယူပါတီတည်ထောင်ထားသော နိုင်ငံရေးပါ တီတခုနှင့် ၊ ပါတီဟောင်းကြီးတခုမှာ မိုးတွင်းကာလတွင်ခမောက်ဆောင်း၍ မဲဆွယ်စီးရုံးရန် မြန်မာနိုင်ငံလုပ် ၀ါးခမောက်အား ၄င်းပါတီကယူငင်သုံးစွဲသဖြင့် ၊ ပါတီဟောင်းကြီးမှတာဝန်ရှိသူများမှ မြန်မာနိုင်ငံလုပ်ဝါးခ မောက်အမျိုးမျိုးအား ပါတီဟောင်းကသာပိုင်ဆိုင်ကြောင်း သက်သေခံလက်မှတ်နှင့်တကွ ရွေးကောက်ပွဲ ကော်မရှင်သို့ တရား ၀င်ကန့်ကွတ်စာတင်သွင်းမည်ဖြစ်ကြောင်း ဘလော့သတင်းများအရသိရှိရပါသည်.. နောက်ဆက်တွဲ သတင်းများအရ ၀ါးခမောက်ဟူသည် ခမောက်လုပ်တဲ့လူများသာ ပိုင်ဆိုင်ကြောင်း သိရှိရ ပြီး ၊ တချို့သော လူများအဆိုအရ ၀ါးခမောက်ဟူသည် ၀ါးပိုးဝါး၏ ဖက်ဖြင့်ပြုလုပ်ရသဖြင့် ၀ါးပိုးဆိုက်သော ၀ါးခြံပိုင်ရှင်များသာ ပိုင်ဆိုင်တာဖြစ်တယ်လို့ ဝေဘန်နေကြောင်း ကော့မှူးမြို့နယ် ၀ါးခြံပိုင်ရှင်တယောက် ၏ စကားကို ကိုးကားသိရှိရပါသည်…။

နည်းပညာတက္ကသိုလ်စစ်တွေမှ ကျောင်းသားများမှာ နေ့စဉ်ဓာတ်ပုံတွင်မြင်တွေ့ရသည့်အတိုင်း ကားစီးရ သဖြင့် ၊ စာမေးပွဲဖြေပြီးပြီးခြင်း အညောင်းဆန့်သောအနေဖြင့် ၁၂မိုင်ဝေးသော စစ်တွေမြို့သို့ လမ်း လျှောက် ပြန်လာကြသဖြင့် စစ်တွေမြို့တွင်နေထိုင်သော စွမ်းအားရှင်ဟုခေါ်သောလူတစုမှ လှိုက်လှိုက်လှဲ လှဲ ၀မ်းပမ်းတသာကြိုဆိုပြီး ဒီတခါ ဒီလူအုပ်ကိုရိုက်လိုက်ရလျှင်ဖြင့် အိမ်ကမိန်းမ ရွှေငါးကျပ်သားလောက် ဆင်နိုင်မည် ဟုတွေးတောနေကြကြောင်းနှင့် ၄င်းသတင်းအထက်ကို ပြန့်သွားသဖြင့် အထက်မှ လူကြီးတ ယောက်အောက်သို့ဆင်းလာပြီး ၊ လမ်း လျှောက်အားကစားပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသောကျောင်းသားများ ကို သားတို့ဟာ လမ်းမလျှောက်သင့်ကြောင်း ၊ ကားကိုသာစီးသင့်ကြောင်း ကားစီစဉ်ပေးမည်ဖြစ်ကြောင်း အခုလိုကာလမှာ လမ်းလျှောက်ခြင်း သည် အန္တ ရာယ်အလွန်များကြောင်း ၊ အခုလို မလျှောက်နဲ့လို့ပြောပါ လျှက်ဆက်လက်လျှောက်နေအုံးမည်ဆိုပါက ၊ ထိုကျောင်း သားကျောင်းသူတို့အား ဂုဏ်ပြုမည်ဖြစ်ကြောင်း ယခုလည်း လမ်းလျှောက်ပွဲကို ဖြစ်မြောက် အောင်ဝိုင်းဝန်း ကူညီပံ့ပိုးပေးသောကျောင်းသားများကို ဂုဏ်ပြုမ ည်ဖြစ်သဖြင့် အမည်စာရင်းများ မှတ်တမ်းတင်ထားကြောင်းပြောဆိုပြီး အထက်သို့ပြန်လည်ထွက်ခွာသွား သည်ဟု သိရှိရပြီး ၊ ကျောင်းသားများအဆိုအရ ယခု ကိစ္စသည် ကျောင်းသားအား ကစားပွဲတော်လုပ်တာ မဟုတ်ကြောင်း ၊ သပိတ်မှောက်တာဖြစ်ကြောင်း လျှောက်သပိတ်ဟုခေါ်ကြောင်း ၊ ကျောင်းသား အများစုမှာ သပိတ်ခရေဇီ များဖြစ်ကြသဖြင့် ဤကဲ့သို့ လျှောက်သပိတ်နဲ့မရလျှင် ၊ ပြေးသပိတ် ၊ ရေကူးသပိတ် ၊ ဒိုင် ဗင်သပိတ် ၊ အိပ်သပိတ် ၊ လျှောင်းသပိတ် စသော ဣရိယာပုဒ် လေးပါးနဲ့ မလွတ်သော သပိတ်မျိုးစုံနှင့် ဆက်လက် မှောက်သွားမယ် သိရှိရပါတယ် ခင်မျာ…….။

ရွှေပြည်ကြီး၏ မြို့တော်တခုတွင် တာဝန်သိပြည်သူတစ်ယောက်၏ သတင်းပေးချက်အရ ၄င်းတို့တာဝန် ကျရာရဲစခန်း ပတ်ဝန်းကျင်သို့ ဆွမ်းခံကြွသော ကိုရင်တပါး၏သပိတ်အတွင်းတွင် သေနတ်ပါသည်ဟု သ တင်း ရရှိသဖြင့် တာဝန်မှူးမှ ထိုကိုရင်၏ သပိတ်ကို ခေါ်ယူစစ်ဆေးရာ ဆွမ်းဟင်းအဖြစ်လောင်းလှူလိုက် သော သရက်သီး  သနပ် ဖြစ်နေသဖြင့် ပြန်လည်လွတ်လိုက်ကြောင်း အစစ်ဆေးခံရသော ကိုရင်သာဓု၏ ပြောပြချက်အရ သိရှိရပါသည်..။


ရွှေပြည်ကြီးတွင်အင်တာနက်ကော်နရှင်များသည် ၊ နိုင်ငံတော်မှကျင်းပပြုလုပ်တတ်သည့် နေ့ကြီးရက်ကြီး များ အခါကြီးရက်ကြီးများတွင် နှေးတတ်ကျတတ်သည်အားလျှော်စွာ ၊ ယ္ခုလဲ အာဇာနည်နေ့ဟုခေါ်သော နေ့ထူးနေ့ မြတ်နှင့်နီးသဖြင့် ၊ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို လေးစားသောအနေအားဖြင့်  ယမန်နေ့မှ စတင်၍ အာဇာနည်နေ့ပြီးသည့်တိုင်အောင် ကော်နရှင်လုံးဝမတတ်တော့ဘဲ ကော်နရှင်အကျ ဖြင့်ဂုဏ်ပြု မည်ဖြစ် ကြောင်းသိရှိရပြီး ၊ အာဇာနည်နေ့ပြီးမှ ယခင်ကအတိုင်းအလုပ်ဆက်လုပ်မည်ဖြစ် ကြောင်းနှင့် ၊ နောက်နောင် ထိုကဲ့သို့ရက်များတွင်လဲ ဤကဲ့သို့ ဆက်လက်ဂုဏ်ပြုမည်ဟုသိရှိရပါသည်..။
နောက်ဆက်တွဲသတင်းများအရ  ကော်နရှင်၏ လျှင်မြန်မှုနှုန်းထားမှာ ပတ်ကျိ၏ လျှင်မြန်မှုထက် ပိုမိုသွက် လက်ခြင်းကြောင့် gtalk ကိုပင် ၄၅ မိနစ်ဝင်ရကြောင်း ဂျီတော့သတင်းများအရသိရှိရပါသည်…။


ဘလော့စာရေးဆရာဆရာမတချို့ ပျောက်ဆုံးနေပြီး ၊ ဘလော်ကာ ဗေဗေခေါ် မမဗေသည် ၊ လုံးဝမတွေ့ ရတော့သဖြင့် ၊ လူပျောက်ပင်ကျေညာထားကြောင်း သတင်းရရှိပါသည်…။


ဘလော်ကာနှင်းမိုးမိုးသည် ရီးစားလက်ဆုတ်လက်ကိုင်မရှိသည့်အားလျှော်စွာ ၊ ကန့်ကွတ်မည့်သူမရှိသ ဖြင့်သူ၏ ကိုယ်ပိုင်ဓာတ်ပုံများကို ဖေးဘွတ်တွင်တင်ထားရာ ၊ သတင်းကျေညာသူ ကိုကိုဇေ၏ သူငယ်ချင်း များဖြစ်ကြသော  မိဘကပင်ဆုံးမ၍မရသဖြင့်လွတ်ထားရသော ကိုတွတ်ပီဦးဆောင်သော သူငယ်ချင်း ခြောက်ယောက်ကို သွား ရောက်ကြည့်ရှုစေရာ ငပူတင်းနှင့်တူကြောင်း ၊ ငါးပြတိုက်သို့ရောက်နေသလိုခံစား ရကြောင်း ၊ အရပ်ပုကြောင်း စတိုင်များကြောင်း ၊ ဂိုဏ်ပေးကြမ်းကြောင်း ၊ စသော မနှင်းမိုးမိုး၏ ၃၂ကော ဋ္ဌာသကို ၀ိုင်းဝန်းဝေဘန်သွားကြတယ်လို့ သတင်းရရှိပါတယ်ခင်မျာ ။ နောက်ဆက်တွက်သိရှိရသည်မှာ မနှင်းမိုးမိုးခင်မျာ ထိုအသံတွေကိုကြားသိရသဖြင့် စိတ်မကောင်းခြင်း ကြီးစွာဖြစ်သဖြင့် အိပ်ယာဖျာကပ် သေကောင်ပေါင်းလဲ ခံစားရပြီး အလွန်ပင်နေ မကောင်း ဖြစ်နေကြောင်း ပူးတွဲသိရှိရပါတယ်ခင်မျာ..။

မိုးလေ၀သ သတင်း
ဒီနေ့ဂြိုလ်တုကပေးပို့တဲ့ပုံကြီးကတော့ ရန်ကုန်တိုင်းနဲ့အနီးတ၀ိုက်အတွက် နေရာကွတ်ကြားမိုးထစ်ချူန်း ရွာပါ့မယ် ၊ ရွာရန်ရာနှုန်း၈၀ဖြစ်ပါတယ် ၊ နောက်နှစ်ရက်အဘို့ ရွှေပြည်ကြီးတပြည်လုံးမှာသာယာပါမယ် (ကြတ်ပြေး)မပါ ၊ ဏေကြည်ထော် နဲ့အနီးတ၀ိုက်ကတော့ မုန်းတိုင်းကျပြီး ငလျင်လှုတ်ပါမယ် ။
အထူးသတင်း
ရွှေပြည်ကြီး၏မြို့တော် ကြွပြေးတွင် ပလိပ်ရောဂါစတင်တွေ့ရှိကြောင်း ကျမ်းမာရေးဝန်ကြီးဋ္ဌာနမှ ဇူလိုင် ၇ ရက်နေ့တွင်တရားဝင်ထုတ်ပြန်ကျေညာထားပါသည် ၊ အနီးဝန်းကျင်မြို့များဖြစ်ကြသော တောင်ငူမြို့တွင် ပလိပ်ရောဂါ ဖြင့် သေဆုံးသူ ၆ဦင်္းခန့်ရှိပြီဖြစ်ကြောင်းဖုန်းသတင်းများအရသိရှိရပါသည်…။

ဤတွင်သတင်းများကိုကျေညာလို့ပြီး ပါပြီ  ၊ သောတရှင်များကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာတော်မူကြပါ စေ ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်မျာ…။

7 comments:

ငွေလမင်း said...

ကိုကိုဇေ..သတင်းတွေကတော့ လန်ထွက်နေ တာဘဲ...ပေါက်ပေါက်ရှာရှာ တော်တော်ပြောတတ်တယ်..

မောင် လေး said...

အရင်က အာဇာနည်နေ့ဆို အလံတော် တိုင်တဝက်လျော့
ပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ် လုပ်ကြတယ်..။
အခုတော့ အရမ်း၊အရမ်း ကိုဝမ်းနည်းလွန်းလို့
အလံတင်မဟုတ်၊ ကိုးနတ်ရှင် ကိုပါ လုံးဝ ချလိုက်ပြီး
ဝမ်းနည်းကြောင်း ပြတာပါ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

တင်ထားတဲ့ ကျောင်းသားတွေစီးတဲ့ကားပုံကြည့်ပြီး စိတ်မကောင်းဘူး
ကိုယ်သာဆိုရင်လဲ ဒီလိုကားမျိုးနဲ့ နေ့တိုင်းကျောင်းတက်ရမယ်ဆိုရင် လွယ်မယ်မထင်ဘူး ကျောင်းသားတွေကို ကိုယ်ချင်းစာမိပါတယ်..
လူတိုင်းလဲ ကိုယ်ချင်းစာစိတ်လေး ရှိကြစေချင်ပါတယ်..

မောင်မောင် said...

သြော် မောင်ဇေ သတင်းကြေငြာ တာတော်တော်စုံစုံစိသွားတာပဲနော်။
တော်ပေသေးတာက အဘသတင်းမထည့်တာပေါ့ကွယ်။
မောင်ဇေ ကျေးဇူးနော်။
ဘယ်လို ဘယ်လို မနှင်းတစ်ယောက် သေကောင်ပေါင်းလဲ အိပ်ရာဖျာကပ်နေတယ်ဟုတ်စ?
အဘဖြင့် လူနာသတင်းမေးရချေသေးရဲ့ :P

ခင်တဲ့
အဘမောင်မောင်

ကိုကိုးအိမ်(မန္တလေး) said...

ဇေရေ နှင်းမိုးက ရည်းစားလက်မဲ့ကြီးလား အဟီးဝိုင်းရှာပေးမှဖြစ်မယ်နော့

ခင်မင်လျှက်
ကိုကိုးအိမ်

မဗေဒါ (၈၈) said...

ဟလိုမောင်ဇေ

ကျောင်းသားတွေ သတင်းဖတ်ပြီးစိတ်မကောင်းဘူး..။ ဒီအစိုးရကတော့လေ လိုတာတွေမဖြည့်ပဲ မလိုတာတွေလိုက်လုပ်ရင်း လူတွေကို လုံးချာပတ်လည်ဖြစ်အောင် လုပ်ထားတယ်.. တော်တော်စိတ်တို..ဒေါသဖြစ်ရတယ်..။

နဲနဲဒေါသထွက်နေတယ်..။ဒါပါပဲ..။

ဗေဗေ

ကိုလူထွေး said...

ဖေ့ဘွတ်မှာမတွေ့မိပါဘူး...

းဝ)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...