နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 15 July 2010

လေးစားစရာရွှေတို့စီက ဘလော်ကာ


ခုတလောဘရွှေပြည်ကြီးကဘလော်ကာတွေဖြစ်တဲ့ကိုမာနတ်တို့၊ကိုကိုးအိမ်တို့၊ကိုနတ်ဆိုးတို့ဘလော့တွေ
မှာ၊ပိုစ့်အသစ်တင်တာမတွေ့မှိဘူး၊ဘယ်လိုလဲစုံစမ်းကြည့်လိုက်တော့ကော်နရှင်ကအာဇာနည်နေ့ကိုဂုဏ်
ပြုနေတာရယ်၊ကျော်လို့ခွလို့ရတဲ့ပရော်စီလေးတွေကိုဘဘကြီးတို့အုပ်စုကဘမ်းသွားကြတာရယ်တွေကြောင့်
အသစ်မတင်နိုင်ကြရှာဘူးလေ ။

ပြောမဲ့သာပြောကြတာတကယ်တန်းကြတော့နိုင်ငံခြားရောက်နေတဲ့ဘလော်ကာတွေဟာအင်မတန်အဆင်
ပြေတယ်၊မီးပြည့်စုံတယ်၊ကော်နရှင်ကောင်းတယ်၊ကျော်စရာခွစရာမလိုဘူး၊အချိန်လေးပေါပေါများများသာ
လိုတယ်၊ရွှေပြည်ကြီးကဘလော်ကာတို့ကျတော့ဒီလိုမဟုတ်ပေဘူး၊ပိုစ့်သစ်တခုတင်တော့မယ်ဆိုရင်အရင် ဆုံးအင်တာနတ်သုံးဘို့ငွေလိုတယ်တနာရီ၄၀၀/၅၀၀တဲ့ပိုစ့်သစ်တခုတင်ဘို့အချိန်တနာရီလောက်အနဲဆုံး
ပေးရတယ်၊ငွေတော့ရပြီဘာလိုသေးလဲလိုသေးတယ်ကော်နရှင်ကောင်းတဲ့အင်တာနက်ဆိုင်၊ဒါဆိုရင်ရောပြီး
စုံပလားဟင့်အင်းလိုသေးတယ်၊မိမိရဲ့ဘလော့ထဲရောက်ဘို့ကျော်စရာခွစရာပရော်စီ၊အိုကေပလားနိုးမီးမှန်မှ
စာတွေပြင်နေတုန်းမီးပျက်သွားလို့ဆိုပြီးတင်ထားတဲ့စာတပိုင်းတစနဲ့ပြန်ဖြုတ်ပြန်တတ်တော်တန်ဝါသနာနဲ့အ
နစ်နာမခံနိုင်တဲ့သူတွေရွှေပြည်ကြီးမှဘလော့ရေးနိုင်မယ်မထင်ဘူး ။

သူတို့ဘယ်လောက်ဘဲအခတ်ခဲတွေရှိနေရှိနေ၊သူ့တို့တင်တဲ့စာလေးတွေကစေတနာတအားပါတယ်လာဖက်
သွားတဲ့လူကိုရယ်မောစေတယ်၊ပြုံးစေတယ်၊ဗဟုသုတဖြစ်စေတယ်၊လွမ်းစေတယ်အောလေးစားစရာကောင်း
တဲ့ဘလော်ကာလေးတွေ၊ဘလော့ကိုဖက်နေတဲ့လူတွေရယ်မောစေဘို့ပြုံးပျော်ရွှင်စေဘို့၊ လွမ်းစေဘို့သူ့တို့
ချွေးသံရဲရဲနဲ့အဲယားကွန်းမရှိတဲ့အင်တာနတ်ဆိုင်ထဲမှာအချိန်တွေငွေတွေအကုန်ခံပြီးသူ့တို့ဖန်တီးထားတဲ့ဘ
လော့လေးတွေကိုသူများတွေကိုအလကားပေးဖက်တယ်လာဖက်တဲ့လူတွေကတော့ကွန်မင့်လေးတစောင်မ
ပြောနဲ့၊စီဘောက်လေးမှာတောင်လာဖက်သွားပါတယ်လို့အော်ဟစ်မသွားကြပေဘူး၊ဒါပေမဲ့ဘလော်ကာလေး
တွေစိတ်မပျက်ကြပါဘူး၊သူ့တို့ရဲ့အလုပ်တွေပြီးသွားတဲ့အခါညကအိပ်ရေးပျက်ခံပြီးရေးလာတဲ့စာလေးတွေကိုမျှ
ဝေဘို့အင်တာနက်ဆိုင်ရှိတဲ့နေရာကိုအချိန်မှန်ရောက်လာတတ်ကြပြန်ပါရော၊အင်တာနက်ဆိုင်ကကော်နရှင်
ကျတာရယ်၊သူ့တို့ဆိုက်ကိုဝင်ဘို့ရထားတဲ့ပရော်စီလေးတွေကိုဘမ်းခံထားရတဲ့ရက်များဆိုရင်သူတို့မျက်နှာ
လေးတွေညိုပြီးပြန်သွားရှာကြတယ်၊စိတ်ထဲမှာလဲနောက်နေ့ရမှာပေါ့တဲ့နောက်နေ့တခါလာပြန်တော့လဲမနေ့
ကလိုဘဲဆိုတော့။

အခုလိုအခါမျိုးမှာဆိုရင်မန္တလေးသားကိုကိုးအိမ်နဲ့ကိုနတ်ဆိုးတို့အင်တာနတ်ဆိုင်မှာအလုပ်ရှုတ်နေကြပြီ၊ပ
ရော်စီအသစ်ရှာတယ်ကိုနတ်ဆိုးကလူလည်ဆိုတော့လုပ်တတ်တယ်သူက၊ကိုကိုးအိမ်ကြီးကအတော့သူက
တော့ဒီတိုင်းထိုင်နေရမှာဘဲ၊ဒါပေမဲ့ကိုနတ်ဆိုးပရော်စီအသစ်ရသွားရင်တော့သူ့ကိုပေးမှာပါ၊အဲကျရင်ရန်ကုန်
ကကိုမာနတ်နဲ့၊နှင်းတို့ကိုလက်ဆင့်ကမ်းလိုက်ပြန်တယ်ဒီနေ့သုံးလို့ရလို့ပျော်ရွှင်ပြီးသူ့တို့ဘလော့လေးတွေ
ကိုပြင်ဆင်၊ပိုစ့်အသစ်လေးတွေတင်ကြ၊နောက်နေ့လဲဒီပရော်စီကိုမဘမ်းသေးဘူးဆိုရင်သူတို့ရေးထားတဲ့ပိုစ့်
အသစ်လေးတွေကိုယူပြီးလာကြပြန်တယ်အသစ်မတင်ရတာကြာပြီမို့လား၊ပရော်စီလေးအဘမ်းမခံရခင်တင်
မှဆိုပြီအားတင်းထားတုန်း၊Gtalkကနေ လှမ်းပြောကြတယ်ကိုဇေရေ ပရော်စီလေးဘမ်းခံလိုက်ရပြီတဲ့…။

မရော်စီအဘမ်းမခံရတဲ့နေ့တွေမှာဆိုရင်တော့သူ့တို့ဘလော့လေးတွေစီကိုအပြေးအလွှားသွားပြီးသူတို့ဘ
လော့မှာလာရေးထားတဲ့ကွန်မင့်လေးတွေကိုဖက်ပြီးသူတို့ပင်ပန်းခဲ့သမျှကိုကွန်မင့်လေးတွေဖက်ပြီးအပန်း
ဖြေကြလေရဲ့၊တချို့ဘလော်ကာလေးတွေကျတော့ကွန်မင့်မရရှာလို့မောဟိုက်သွားတယ်၊ဒါပေမဲ့သူတို့ဆက်
ပြီးကြိုးစားကြပါတယ်၊ပိုစ့်တခုထက်နောက်ပိုစ့်တခုကပိုကောင်းအောင်ရေးတတ်ကြတယ်၊စာဖက်သူတွေစီက
သူ့တို့အဘိုးအခလိုချင်ကြတယ်ဒါကြောင့်သူတို့ကြိုးစားပြတယ်အခတ်ခဲမျိုးစုံအကြပ်အတည်းမျိုးစုံကနေသူ့
တို့ရဲ့စာလေးတွေကိုစာဖက်သူတွေရဲ့ကွန်ပျုတာမျက်နှာပြင်ပေါ်ကိုရောက်ဘို့အင်တာနက်ဆိုတဲ့ ကွန်ယက်
ကြီးထဲကိုချိပ်ဆက်ပေးလိုက်တယ်။

သူတို့ငွေကြေးအကျိုးမြတ်ဂုဏ်ပကာသနဘာမှမမက်မောကြဘူးဆိုပေမဲ့ စာဖက်သူစီကနေသူတို့လိုချင်တာ
လေးနှစ်ခုရှိတယ်အဲဒါလေးကိုလဲသူ့တို့ရဲ့အဘိုးအခအဖြစ်သက်မှတ်ထားတယ်အဲဒါလေးနှစ်ခုအတွက်ငွေကုန်
တယ်၊အချိန်ကုန်တယ်၊လူပင်ပန်းတယ်၊ဒါပေမဲ့သူတို့တွေမှုကြပါဘူးစာဖက်သူတွေစီကနေကွန်မင့်လေးရယ်၊
အသိမှတ်ပြုတာလေး တခုရယ်ကသူတို့ရဲ့ အမောတွေကိုပြေစေသတဲ့အော် လေးစားဆရာကောင်း တဲ့ဘ
လော်ကာလေးတွေရယ်၊မင်းတို့အတွက်ဇေအမြဲတမ်းကွန်မင့်လာရေးပေးပါ့မယ်၊စာဖက်သူအားလုံးတို့ရေအာ
ဇာနည်နေ့တို့ဗိုလ်အောင်ကျော်နေ့တို့ပါတော်မူနေ့တို့ဆိုတဲ့နေ့ကြီးတွေကိုဘဲသတိရမနေကြပါနဲ့ဗျာ၊ဘလော့
လောကမှာသူတို့လေးတွေမရှိတော့ရင်ချောက်ကပ်ကြီးဖြစ်သွားပါလိမ့်မယ်၊အရွယ်နဲ့မမျှအောင်ကိုယ်ကျိုးစွန့်
အနစ်နာခံတတ်တဲ့ရွှေတို့နိုင်ငံကနိုင်ငံသားကောင်းဘလော်ကာလေးတွေကိုအသိမှတ်ဂုဏ်ပြုပြီးကွန်မင့်လေး
တွေရေးပေးကြစို့လားဗျာ ဟုတ်ကဲ့ကျွန်တော်ဇေတာရာပါ..။

7 comments:

သဒ္ဓါလှိုင်း said...

ရွှေတို့ဆီကဘလော်ကာမောင်နှမတွေကိုအရမ်းလေးစားမိ
ပါတယ်.။တော်ရုံဝါသနာမဟုတ်ဘူးလေ.။အခက်အခဲ
ပေါင်းစုံကြားထဲကနေရေးရတာကိုလည်းကိုယ်ချင်းစာမိတယ်
အစစအရာရာအဆင်ပြေဖို့ဆုမွန်ကောင်းတောင်းပေးပါတယ်
အင်း......ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်..????

ခင်မင်စွာ
မသဒ္ဓါ

မောင် လေး said...

ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာပြည်ကြီးမှာ
အင်တာနက် သုံးရတာ အရမ်းဒုက္ခရောက်တယ်ဆိုတာ
ကိုယ်ချင်းစာ၊နားလည်ပါတယ်..။အခက်အခဲကြားထဲက
မြန်မာပြည်ဘလော့ဂါတွေ ကို အားပေးနေလျက်ပါ။

မဗေဒါ (၈၈) said...

မောင်ဇေရေ

ကျန်းမာပြီပေါ့.. ပေါနိုင် ရေးနိုင်ပြီပေါ့.. အလကား အပျော်ပြောတာပါ..။

ဖတ်ပြီးတော့လေ မကောင်းတဲ့ အတွေးတခု ဝုန်းဆိုဝင်သွားတယ် မောင်ဇေ..။

ပရော်စီ ချုပ်ကိုင်တဲ့သူကို လာဘ်ထိုးလို့ မရဘူးလား..။ ဒါမှမဟုတ် ညှိနှိုင်းပြီး သူငယ်ချင်း လုပ်လို့မရဘူးလား.. အဟီး စာရေးသူတွေကို သနားလို့.. အခုလိုရေးပြတော့ ပိုသနားသွားတယ်.. အခက်အခဲကြားက လာဖတ်တာ.. ရေးကြတာကိုလည်း အရမ်းလေးစားတာပါပဲ..။

ရွေပြည်ကြီးကတော့ အံ့စရာတွေ အပြည့်ပဲ မောင်ဇေ..။

ဗေဗေ

နတ်ဆိုးလေး said...

ဒီလိုပဲ ကိုဇေရေ
နားလည်ပေးမယ့်သူလေးတွေ ရှိနေတာကိုပဲ
ကျေနပ်ပါတယ်ဗျာ

ကိုယ်ချင်းစာပေးတာကျေးဇူးဗျို့
ပရောက်စီရှိတုန်း အားရပါးရ လည်နေတာ
ဆက်လည်လိုက်ဥိးမယ်ဗျို့

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်သာ သူတို့လိုဆို စိတ်ရှည်လက်ရှည်နဲ့ ရေးနိုင်ပါ့မလားမသိဘူး
ဇွဲလုံ့လတွေကိုတော့ ချီးကျူးစရာပါဘဲ..
စာရေးချင်စိတ်တစ်ခုတည်းနဲ့ ကိုယ့်အိတ်ထဲကစိုက်ပြီးရေးနေရတဲ့ ဘဝ
ကော်နက်ရှင်လေးတစ်ခု မြန်လိုက်ရင်တောင် အတော်အဆင်ပြေမယ်...
ခုတော့ ကော်နက်ရှင်ကနှေး
ပရောက်စီတွေက ဘန်း
ဘာတွေကိုကြောက်နေတာပါလိမ့်း)

မြစ်ကျိုးအင်း said...

နိင်ငံခြားက ပြန်သွားတဲ့ ဘလော့ဂ်ဂါတွေ တော်တော် စိတ်ဆင်းရဲ နေကြတယ်လေ
သူတို့အတွက် အဆင်ပြေပြေနဲ့ သုံးခဲ့သမျှ ကြုံရတဲ့ အခက်အခဲတွေ များလွန်းလို့ ပို့စ်တင်တာတွေ ကျဲကုန် ကြတော့တယ်။
မြန်မာပြည်က ဘလော့ဂ်တွေကတော့ လေးစားစရာပါပဲ။
ကျနော်တို့ ပြန်ရင်လည်း ရေးဖြစ်ပါ့မလားတောင် မသိဘူး။

ကိုကိုးအိမ် said...

ဇေရေ ကျွန်တော် ပရုပ်ဆီအသစ်ရပီဗျ ဒီပရုပ်ဆီကိုတော့ သူတို့ဘယ်လိုမှဘန်းလို့မရတော့ပါဘူး။ ပရုပ်ဆီဆော့ဖ်ဝဲလ်လေးလေ ဘာလည်းလို့တော့မမေးကြေးနော် ဆွဲစိခံရမှာစိုးလို့
ရရချင်းကွန်မန့်ရေးလိုက်တာ ခဏနေရင် နတ်ဆိုးလေးနဲ့ ကိုမိုးကောင်းကင်စက်ကို သွားတင်ပေးလိုက်ဦးမယ် ရွှေတို့ ဘလော့ကာတွေကိုနားလည်ပေးလို့ ခရက်ကာ ကျေးဂျူးကမ္ဘာဆိုင်

ကိုကိုးအိမ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...