နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 19 July 2010

ဦးအောင်ဆန်းသို့ပေးစာ


{အော်…….အဆောင်ကြငှန်းတွေနဲ့နှော၊ အခေါင်မမြန်းခင်က အောင်စာတမ်းချို့စေဘို့ ၊ အောင်ပန်းညို့ရှာ တဲ့ ၊တောင်တမန်း ဒို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနဲ့ ၊ အောင်ဆန်းတို့မသာမယာ ၄င်းကံကြမ္မာ အလုပ်ပေထင့် ၊ သောင်းမြန်မြန်မာစမုတ်မှာတော့ ၊ ချုပ်သနဲ့ယင်းအလိုတွင် ၊ ဒေါင်းအလံပ၀ါအုပ်လို့ ကျုပ် ဖြင့်သဂြိုလ်ချင် ။  }

ဦးအောင်ဆန်းရေခင်များလုပ်ကြံခံရတုန်းကဆရာကြီးသခင်ကိုယ်တော်မှိုင်းကဂုဏ်ပြုထားတဲ့အာဇာနည်ဗိမ္မာန်လေးကြိုး
ကြီးလေဗျာ၊ခင်များကတော့သေသွားရှာပြီးဆိုတော့မသိတော့ဘူးလေ၊ဒါတွေကိုခင်များမသိတော့ဘူး၊ဦးအောင်ဆန်းလို့
သိခဲ့တာကကျွန်တော်လေးတန်းကျောင်းသားဘ၀ကမှသိခဲ့တာခင်များအကြောင်းတွေကိုနောက်စာတွေရှာဖက်ရင်းနဲ့သိ
လာခဲ့တာ၊ဦးအောင်ဆန်းဆိုတာကိုမမြင်ဘူးဘူးဗျာ၊ဒါပေမဲ့ခင်များအကြောင်းကိုစိတ်ဝင်စားတယ်၊ဒါနဲ့ခင်များရဲ့စိတ်ဓာတ်
တွေကိုလေးစားတယ်၊ခင်များရဲ့အနစ်နာခံမှုတွေကိုလဲအားကျတယ်ခင်းများလုပ်ကြံခံပြီးနှစ်ပေါင်းလေးဆယ်သုံးနှစ်ကြာမှ ကျွန်တော့်ကိုမွေးတာဗျ၊ခင်များကိုမမှီလိုက်ပေမဲ့ခင်များသေလိုက်တဲ့အတွက်ကြောင့်မကောင်းတဲ့ဆိုးကြိုးတွေယနေ့တိုင်
ကျွန်တော်တွေ့ကြုံခဲ့ရတယ် ၊ ကျွန်တော်မှမကဘူးနော် လူသားပေါင်းသန်းရှစ်ဆယ်ကျော် ဒီဒုက္ခတွေခံစားနေရတာ အဲ ဒါဘာဖြစ်လို့လဲဆိုရင် ခင်များအစောကြီးသေသွားခဲ့လို့ဘဲဗျ…။

အာဇာနည်ဆိုတာ သေရဲဘို့ထက်နေရဲဘို့အရေးကြီးတယ်ဗျ ၊ ခင်များကခင်များအသက်ကိုပဓာနမထားပေမဲ့ ခင်များ ကိုအားကိုးနေတဲ့လူသန်းပေါင်းများစွာအတွက်ခင်များအသက်ဟာ အင်မတန်အရေးကြီးတယ်ဆိုတာ သတိမ ထားခဲ့ ဘူးမို့လား ၊ ကိုယ့်အသက်ကိုကာကွယ် လုံးခြုံရေးပေါ့ဆခဲ့တဲ့အတွက်ကြောင့်ခင်များစောစော သေသွားတာလေ ၊ ဘာလို့လုံခြုံရေးကိုသတိမထားခဲ့တာလဲ ၊ ခင်များနောက်ကလူသန်းပေါင်းများစွာကိုခင် များမသနားဘူးလား ၊ ဒီမှာဗျ ဦးအောင်ဆန်း ခင်များပေးခဲ့တဲ့လွတ်လပ်ရေးဆိုတာ နယ်ချဲ့ဖက်ဆစ်စီက ခင်များတိုက်ယူပေးခဲ့တာ ၊ အဲဒီဖက် ဆစ်ဆိုတာတွေက တိုင်းတပါးကဗျ ၊ ခင်များတိုက်ယူပေးခဲ့တဲ့လွတ် လပ်ရေးကို ခင်များပြီးဆုံးအောင်လုပ်မပေးဘဲ အလုပ်ကြံခံလိုက်လို့ အခုကိုယ့်မြေကိုယ့်ရေပေါ်ကဖက်ဆစ် တွေက တိုင်းပြည်ကအညွန့်ချိုးနေပြီ ၊ ၁၉၆၂ ခုနှစ် ကတည်းက အညွန့်ချိုးလာလိုက်တာ အခုထိတိုင်းပြည် ဟာအညွန့်မပေါက်တော့ဘူး ၊ အဲဒီရဲ့ဆိုးကြိုးဟာ ခုထိခံနေရတုန်း ၊ ၁၉၈၈ခုနှစ်ကတည်းကအညွန့်ချိုးတဲ့ ဖက်ဆစ်တွေရဲ့ မကောင်းတဲ့ဆိုးကျိုးတွေက နောက်ကျွန် တော့မြေးတွေလက်ထက်ထိ အညွန့်ပေါက်ဘို့မနဲ ကြိုးစားရလိမ့်အုံးမယ် ။

တိုင်းတပါးမှာငြိုးငယ်စွာပညာသင်ရတယ်ဗျ ၊ မြန်မာနိုင်ငံသားပက်စပိုစ့်ကိုင်ဆောင်ထားတဲ့ လူတိုင်းဒီမိုက ရေစီ သိပ်ထွန်းကားပါတယ်ဆိုတဲ့ ၊ နိုင်ငံကြီးတွေမှာတောင် မြန်မာမလာရလို့ ထမင်းဆိုင်မှာ ဆိုင်းဘုတ်ရေး သားချိပ်စွဲခံနေရပြီ ၊ တိုင်းပြည်မှာ ဖက်ဆစ်တွေနှိပ်စက်လို့ အသိပညာရှင်အတတ်ပညာရှင်တွေမရှိတော့ဘူး တိုင်းတပါးမှာ အခြေချကုန်ပြီ ၊ မြန်မာလူငယ်တွေအားလုံးနီးပါး ပညာမတတ်တော့ဘူး မြန်မာမိန်းခလေး ခန္ဓာကိုယ်ရောင်းစားပြီး မိသားစုစား ၀တ်နေရေးဖြေရှင်းနေကြကုန်ပြီ ၊ သာသနာရောင်ဝါတွေ အရောင်မှိန် ကုန်ပြီ ၊ ပညာရှိဘုန်းတော်ကြီးတွေ ပြည်ပမှာအခြေချကုန်ပြီ ၊ တိုင်းပြည်မှာ သဘာဝသယံဇာတတွေ ကုန်ဆုံးလို့ ၊ ရာသီဥတုတွေဖောက်ပြန်ကုန်ပြီ ၊ ထမင်းမစားရလို့အော်ဟစ်ငိုယိုနေတဲ့ တိုင်းပြည်ရဲ့ အနာဂတ် သားကောင်းလေးတွေရဲ့ အော်ဟစ်ငိုယိုသံတွေဟာ တိုင်းပြည်အနှံ့မှာဆူညံကုန်ပြီ ၊ အတတ်ပညာရှင်အသိ ပညာရှင်တွေထောင်ထဲမှာ ရောဂါမျိုးစုံနဲ့ သေကုန်ပြီ ၊ ပညာတတ်လူရည်ချွန်တွေ ပါးစပ်မှာပလာစတာကပ် ပြီး လက်ကိုကြိုးတုတ် ၊ ခြေထောက်ကို သံချေကျင်းခတ်ခံနေရပြီ ၊ အားလုံးချွတ်ခြုံကျကုန်ပြီ အဲဒီပြဿနာ တွေအားလုံး ခင်များလုံခြုံရေးလေးတချက်ပေါ့ဆလိုက်တာကြောင့်ဖြစ်ကုန်တာ ၊ လူတော်တော်များများက တော့မိမိအသက်ရဲ့လုံခြုံမှုကိုတောင်အရေးမစိုက်ဘူး ၊ လိမ်ပြာလုံတဲ့ သူရဲကောင်း အဖြစ်ခင်များကို ချီးမွမ်း ထောပနာပြုလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မချီးမွမ်းဘူး ဦးအောင်ဆန်းဆို တဲ့လူဟာ သူ့ကိုယ်သူမပိုင်ဘူး လူသန်းပေါင်းများစွာကပိုင်ဆိုင်တဲ့လူ သူ့အတွက်မ ဟုတ်ရင်တောင်အနဲဆုံး အဲလူသန်းပေါင်းများစွာကိုခင်များ ငဲ့ညာပြီး လုံခြုံရေးကိုတင်းကြပ်စွာ ချထားခဲ့သင့်တယ် ၊ ရဲရဲပြောရဲတယ် ခင်များသာ အလုပ်ကြံမခံရရင် ဒီတိုင်းပြည်ဒီလိုမဖြစ်ဘူး ။

သေရဲတဲ့အာဇာနည်ဆိုတာလောကမှာပေါပါတယ်ဗျ ၊ ဒေါက်တာရီဇော်ကိုကြည့်လိုက်ပါလား သူ့သမိုင်းမှာ ခင်များ ထက်ထွန်းပြောင်ခဲ့တာပေါ့ ၊ သူ့အကြောင်း ယနေ့ဖိလပိုင်နိုင်ငံသားတွေမေ့ပျောက်ကုန်ပါပြီ ၊ စာအုပ် တောင်မ နဲရှာဖက်ရတော့မဲ့အခြေနေပါ ၊ သူ့ရဲ့အထိမ်းအမှတ်ဆိုတာ မရှိတော့ပါဘူး အသက်ကိုအသေခံပြီး တိုင်းပြည် ကိုချစ်ပြတဲ့သူရဲကောင်းဆိုတာ အဲလိုဘဲဗျ သေရဲတဲ့အာဇာနည်ကြီးကိုး ၊ ခင်များလဲတူတူဘဲ အသေခံရဲခဲ့တဲ့လူဆိုတော့ ၊ ဒီနှစ်မွေးတဲ့လူခလေးတစ်ယောက်တောင်ခင်များအကြောင်းကို သိဘို့မလွယ် တော့ဘူး ၊ ခင်များပုံတွေပျောက်ကုန်ပြီ ၊ ခင်များကိုအထိမ်းမှတ်လုပ်ထားတဲ့ ကြေးရုပ်တွေဟာကျည်ဆံတွေ အမြောက်ဆံတွေဖြစ်ကုန်ပြီ ၊ ကျောက်ရုပ်တွေဟာ ရေညှီတတ်ကုန်ပြီ စာအုပ်တွေဟာမီးရှို့ခံနေရပြီ ဘာလို့ လဲသိလား ခင်များ အစောကြီးသေသွားလို့လေ ။

တိန်းရှမ်းရင်ပြင်ပေါ်မှာလူပေါင်းများစွာကိုသက်ဖြတ်ခဲ့တဲ့မော်စီတုန်းလို လူကိုယနေ့တိုင်တကမ္ဘာလုံးက အာ ဇာနည်အဖြစ်အသိမှတ်ပြုနေတုန်း ၊ စတာလင်လို လူကိုတောင် တကမ္ဘာလုံးမမေ့သေးဘူး ၊ ခရုရှက်လို မိုက် ကန်းတဲ့လူကို ရုရှားတွေယနေ့တိုင်ကိုးကွယ်တုန်း ၊ ဟစ်တာလာလို လူသက်ကောင်ကို ဂျာမန်နိုင်ငံသားတွေ ယနေ့တိုင် ဟေး ဟစ်တလာလို့အလေးပြုနေချိန်မှာ ၊ အသက်ပေးပြီး တိုင်းပြည်ကိုချစ်တဲ့အောင်ဆန်းရဲ့ မွေးနေ့ကို သူ့နိုင်ငံသားတွေမသိတော့ဘူး ၁၉ဇူလိုင်မမေ့နိုင်သီချင်းကို ကျွန်တော့ကိုမွေးတဲ့ ကျွန်တော့်အဖေ တောင်မရတော့ဘူး ဦးအောင်ဆန်းခင်များစောစောသေသွားလို့ဗျ ခင်များသေရဲခဲ့လို့ ။

ခင်များရဲ့မျိုးဆက်မှာ သမီးတစ်ယောက်ထားခဲ့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် နိုင်ငံသားအားလုံးဟာ သူ့ကြောင့် ဂုဏ်တတ်ခဲ့ရတာပေါ့ဗျာ ၊ မြန်မာနိုင်ငံကလာပါတယ်လို့ ပြောတာတောင်မသိတဲ့ နိုင်ငံခြားသား တွေကို ခင်များ ရဲ့သမီးနာမည်ကိုပြောလိုက်တာ တန်းသိကြတယ်သူတို့တွေက အော်အောင်ဆန်းဆုကြည် ရဲ့နိုင်ငံကလားတဲ့ ၊ မြန် မာဆိုနိုင်ငံတခုလို့တောင်မသိတဲ့လူတွေဟာ ခင်များသမီးကိုတော့သိကြတယ် ၊ လေးစားကြတယ် ၊ အတုယူကြတယ် ၊ ဒါပေမဲ့ဦးအောင်ဆန်းရေ ဘမျိုးဘိုးတူလို့ပြောရမယ်ထင်တယ် ၊  ၂၀၀၂ခုနှစ်က ဒီပယင်းလိုနေရာကို ည၁၀နာ ရီလောက်မှာသူသွားတယ် ၊ ဒီတိုင်းပြည် ဒီလိုအခြေနေမှာ သူလိုလူသွားသင့်မသွားသင့် စဉ်းစားသင့်တာပေါ့ဗျာ ၊ ကျွန် တော်သာဆိုရင်မသွားဘူးဗျာ ၊ မိုးလင်းမှသွား မယ် ၊ ဦးအောင်ဆန်းရေ ပါကစ္စတန်နိုင်ငံမှာ ဘနာဇီယာဘူဒို လုပ်ကြံခံရတယ်ဗျ ၊ ယနေ့တိုင်တိုင်းပြည်ရဲ့ တခုတည်းဆီမီးတိုင်ငြိမ်းသွားလို့ ပါကစ္စတန်ဟာယောင်ဝါးဝါးနဲ့ ချီတတ် နေရတယ် ၊ စစ်တပ်အကြီးအကဲ ကြီး ဗိုလ်ချုပ်ပါပက်မူရှာရက်အနားယူသွားပေမဲ့သူ့သြဇာအောက်မှာ နိုင်ငံဟာ ပြားပြား ၀ပ်နေတုန်း ၊ ဘနာဇီ ယာဘိုတို အသေခံရဲလို့ သူ့ကိုအားကိုးနေတဲ့ လူသန်းပေါင်းများစွာ စစ်ဖိနပ် အောက်ရောက်နေတုန်းဗျ ၊ ဘနာဇီယာဘူတို သာရှိနေသေးရင် အခုလိုအခတ်ခဲတွေဘယ်ကြုံတွေ့မလဲဗျ ၊ အခုနေမှာ တော့သူ့ကိုလူ တိုင်းကချီးမွမ်းနေကြအုံးမယ်ထင်ပါတယ် ၊ နောင်၁၀နှစ်လောက်ကြာသွားရင်တော့ လူတွေအားလုံးမေ့နေ ရစ်ကြတော့မှာ ၊ ကျွန်တော့တို့နိုင်ငံမှာ သက်ရှိထင်ရှားရှိနေသေးတဲ့ ခင်များရဲ့မျိုးဆက်အမျိုးသမီးကိုလဲ ပြောလိုက် ပါအုံးဗျာ ၊ နေရဲတဲ့ အာဇာနည်ဘဲလုပ်ပါလို့ သေရဲတဲ့အာဇာနည်မလုပ်ပါနဲ့လို့ ၊ အခုပြောပြနေတဲ့ တိုင်းပြည်ရဲ့ ဒုက္ခသုက္ခတွေကို ကယ်တင်နိုင်မဲ့တယောက်တည်းသောလူ ၊ တိုင်းပြည်ရဲ့ ဒဏ်ရာဒဏ်ချက် မျိုးစုံကိုကုသပေးနိုင်မဲ့ တယောက်တည်းသောလူသူ တိုင်းပြည်ရဲ့ဆီမီးတိုင် သူသာ ခင်များလို လုံခြုံရေးသ တိမထားဘဲ တစုံတခုဖြစ်ခဲ့ရင် ကျွန်တော့်ရဲ့တိုင်းပြည်မိခင်မြေဟာ ဖက်ဆစ်စနစ်ကြောင့် မကြာမှီကမ္ဘာအ လယ်ကနေပျောက်ထွက်သွားလိမ့်မယ်ဗျ ၊ နေရဲတဲ့အာဇာနည်ဘဲလုပ်ကြပါ သေရဲတဲ့အာဇာနည်လုပ်ရင် သခင်ကိုယ်တော်မှိုင်းရဲ့လေးချိုးထဲကလို တောင်တမန်း ဒို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနဲ့ ဆိုသလို ဘဲ အဟောင်းဖက်ဆစ်လက်ထဲကယူခဲ့တဲ့တိုင်းပြည် ဖက်ဆစ် လက်ထဲမှာဘဲအဆုံးသက်ရလိမ့်မယ်ဗျ……။

ဦးအောင်ဆန်းရေ အာဇာနည်ဆိုတာပေါ်ခဲပါတယ်ဗျာ ၊ ပေါ်ခဲတဲ့အာဇာနည်တွေ ဘာမဟုတ်တဲ့အကြောင်း ကိစ္စလေး တွေကြောင့် တိုင်းပြည်ကိုပြစ်ပြီးထွက်ထွက်သွားကြတာ အရမ်းသမြောတယ်ဗျာ ၊ နောက်တခါများ လူပြန်ဖြစ်ခဲ့လို့ အာဇာနည်ဖြစ်ခဲ့အုံးမယ်ဆိုရင် နေရဲတဲ့အာဇနည်ကြီး ကမ္ဘာတိုင်တည်မဲ့အာဇာနည်ကြီးဖြစ်ပါ စေလို့ဆုတောင်းပါတယ်ဗျာ ခင်များအတွက် သခင်ကိုယ်တော်မိုင်းရဲ့ လေးကြိုးကြီးထည့်ပေးလိုက်တယ် ၊

မြန်မာမှာတော့ ပူစရာဘို့ ၊ တဗျုဟာ အောင်ခမန်းတွင်မှ ၊ လူမသာ အမှောင်သန်းချိန်မို့ ၊ သောင်ကန်းမို့မို့ စီက ၊ ဖောင်နန်းကတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော်………..တောင်နန်း မြောက် နန်း အဆောင်ကြတ်ငှန်းတွေနဲ့ ၊ အခေါင်မမြန်းရခင်က အောင်ပန်းညိုးရှာတဲ့ ၊ အောင်ဆန်းတို့ သေပုံသမျှော
…… ဟုတ်ကဲ့ဦးအောင်ဆန်းရေ ကျွန်တော်ဇေတာရာပါ….။

5 comments:

မောင်မောင် said...

သြော် မောင်ဇေ ရေ ဦးအောင်ဆန်း သို့ ပေးစာလေး
ကို ဖတ်ရှု့ ဗဟုသုတ ယူသွားပါတယ်။
တကယ်တော့ လဲ သူလဲ ဘယ်စောစော သေချင်ပါ့မလဲ နော်။ သူတင်မက ဘူး ကျန်တဲ့  အာဇာနည်ကြီးတွေ လည်း စောစော သေချင်မယ်မထင်ဘူး။
အကြောင်း က ဆုံလာပြီ ဆိုတော့ လည်း ဂဠုန် လက်စာမိသွားရရှာတယ်။
နောက်တစ်နှစ် ၁၉၄၈ ခုနစ် မေလ ၈ ရက်နေ့ မှာတော့ ဂဠုန် ကို ကြိုးပေးကွပ်မျက်ခဲ့ လေရဲ့ ။
ဒါပေမယ့် မတန် ဘူး။ အခု တော့ ပြည်သူ သန်း ၅၀ က ပေးဆပ်နေရပြီလေ။
ကဲ အဘ လဲ အဲလောက်ပဲ ပြောတော့မယ်နော်။ :D

ချော(အစိမ်းရောင်လွင်ပြင်) said...

အသေစောတဲ့ ဦးအောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများကို မနက်စောစော လာရောက်အလေးပြုပါတယ်..

မာရ်နတ် said...

သေတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ပြောမဲ့အစား သူလုပ်ခဲ့တဲ့ အမြင့်ဆုံးစွမ်းဆောင်မှုကိုသာ ဂုဏ်ပြုစို့လား ကိုဇေရေ့ သူလည်း သူ့အကျင့်စရိုက်နဲ့ သူရှိမှာပေါ့ဗျာ။ သူ့အတွက် တစ်ခြားသူ ကရိကထမခံစေချင်တဲ့အကျင့်ကြောင့်ပဲ သူ့ကိုပြည်သူ့ဗိုလ်ချုပ်လို့သမုတ်ခဲ့ကြတာမဟုတ်လား။ ကျနော့်စိတ်ထင် သူ့အသက်ကိုသူစိုးရိမ်စိတ်ရှိခဲ့မယ်ဆိုရင်တော့ လွတ်လပ်ရေးဖခင်ဖြစ်ဖို့ခဲယဉ်းခဲ့မယ်ထင်တယ်။ အနော်လဲ နိုင်ငံရေးဆိုလို့ အဲလောက်ပဲသိသဗျ။ အရေးအသားကောင်းတယ်ဗျို့ :)

ကိုကိုးအိမ်(မန္တလေး) said...

ဇေ့အမြင်တွေဖတ်သွားပါတယ်

ကိုကိုးအိမ်

thadarhline said...

ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများကို
ဦးညွှတ်ဂါရ၀ပြုပါတယ်.။
ယနေ့အထိလည်း ကိုယ်ကျိုးစွန့်ပြီး အသက်ပေးသွားသော၊
အသက်ပေးနေဆဲဖြစ်သော အာဇာနည်ပုဂ္ဂိုလ်များကို
လေးစားဂုဏ်ပြုရင်းရင်ထဲမှာမမေ့မလျော့သတိရကြနိုင်ဖို့
ဆုတောင်းမိပါတယ်..။
အာဇာနည်နေ့အတွက်အမှတ်တရရေးတဲ့ဇေတာရာကို
လည်းလေးစားပါတယ်နော်..။
ခင်မင်စွာ
သဒ္ဓါ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...