နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 21 July 2010

ခဏတာ နုတ်ဆက်ပါတယ်

အရင်တစ်ပတ်က သူငယ်ချင်း ၅ ယောက် မိတင်ထိုင်ကြတယ်..။ ဘာတွေ ဆွေးနွေးကြလဲ ဆိုတော့ စာမေးပွဲကိစ္စ…။ စာမေးပွဲက  ၈ လ ပိုင်း ၁၆ ရက်နေ့ မှာ ဖိုင်နယ်ဖြေရမယ်တဲ့ ဆရာမတွေပြောတဲ့ အော်ဒါ(order) ဆိုတာကြီး ထွက်လာပြီ…။ ဖိုင်နယ်မဖြေခင် ပလီတက်စ်… အဲ… ပရီတက်စ် ( pretest) ဆိုတာ ၃ နာရီ မေးခွန်းကို တနေ့ ၂ ဘာသာနှုန်းဖြေရမယ်..တဲ့.. ဒါကနောက် တစ်အော်ဒါ….။ pretest နဲ့ final exam ကကြားထဲမှာတစ်ပတ်ထဲခြားတယ်…။ ၁ ရက် ၁ ဘာသာတောင် မနည်းဖြေနေရတာ… ခုတော့ ၁ ရက် ၂ ဘာသာတဲ့…။  ဦးသောင်း အရမ်းရက်စက်တယ်နော်….။ သူပါတီထောင်ရင် မဲမပေးဘူးးးးးးးး ။။။ 
အရင်ဆုံးကိုယ့်ကို ကိုယ်ပြန်မေးကြတာက စာတွေရပြီလားးးးးး။။
အားလုံးအဖြေက တူတူပဲ…..((( နိုး ))) တဲ့…။
ကဲ… ဒီတော့စာကျက်ရမှာပေါ့..။ စာကျက်ရမယ်ဆိုတာ ထက်ဒီနှစ်က အတွက်အချက်တွေပိုများတယ်။။။ ကဲ ကျက်စာတွေ ကျက်ကြမယ်ဆိုတော့ တစ်နေ့ကုန်ကျက်တာတောင် အေဖိုး ၂ ရွက်သာသာပဲရတယ်…။ ဥာဏ်တွေကလဲ ထုံကုန်ပြီထင်တယ်..။ ( ဥာဏ်ကောင်အောင်း ဥာဏ်ကောင်းတဲ့ နတ်မျိုး နတ်နွယ် ကိုနတ်ဆိုးလေးတို့   ၊ ကိုမာန်နတ်တို့ ကတော့ ဆေးသောက်ပါတယ်တဲ့…။ ဘာဆေးသောကိလဲ သိချင်ရင် ကိုမာန်နတ် က သူသောက်တဲ့ ဆေးကို သူ့ဘလော့မှာ ပိုစ့်တစ်ပုဒ်တင်ပြီး ကြေငြာထားတယ် …ဤကား စကားချပ်…။။။။ )

ကိုယ့်ဘာသာကိုယ် တွက်ကြမယ်ဆိုတော့ တွက်လိုက်တာ ၂ ပုဒ်နဲ့ တနေကုန်သွားပြန်ရော… တစ်ယောက်ထဲ တိုင်ပတ်နေတယ်..။ တစ်ပုဒ်ကို အနည်းဆုံး ၃ မျက်နှာ ၊ ပြီးတော့ တစ်ပုဒ်ရပြီးလို့ နောက်တစ်ပုဒ်ပြောင်းရင် ဖော်မြူလာတွေ ၊ သီအိုရီတွေက နောက်တမျိုးပြောင်းသွားပြီ…။ ခက်ပြီဟေ့… ဒီပုံဆို  အထူးကားမပြောနဲ့ တက္ကစီ စီးပြီးလိုက်တောင် မမှီနိုင်တော့ဘူး ဆိုပြီးးး နောက် တစ်မိတင် ထပ်ထိုင်ကြတယ်…။ ကဲ.. ရဲရဲ အိမ်မှာ စစ်ဆင်ရေးလုပ်မယ်ဟေ့…။ တွက်စာတွေ တူတူတွက်ကြမယ်…။ ဒီအတိုင်းတော့ ဖောရှောရိုက်လို့ မရဘူး….ဆိုပြီး ကိုယ်ကပဲ စည်းကမ်းချက်တွေ စထုတ်တယ်…။  
၁။ အင်တာနက် လုံးဝ မသုံးရ…( ရဲရဲ အိမ်မှာက wifi ရတယ်လေ… လက်ပတော့လေးတွေကိုယ်စီ..၊ သူ့ရဲ့ ဒက်စတော့လေး နဲ့ ကျူရှင်တက်တိုင်း သုံးနေကြဆိုတော့….။ )
၂ ။ စာကိစ္စမှ လွဲပြီး မည်သူနှင့်မျှ ဖုံးမပြောရ… စာလုပ်နေစဉ် ဖုံးပိတ်ထားရမည် ။ 
၃ ။ မည်သည့်ဇိမ်ခံ ပစ္စည်းမျှမယူရ.. မကြည့်ရ..။( MP3 , MP4 , သီချင်းခွေ ,၀တ္ထု , မဂ္ဂဇင်း ) 
၎ ။ အိမ်မှ ထွက်လာကတည်းက မိမိစားချင်သော မုန့်ကို ၀ယ်လာရမည်…။ ( စာလုပ်နေစဉ် ဆင်းမ၀ယ်ရ..၊ အန်တီမှ နေ့ခင်းကော်ဖီ ၊ မုန့် စီစဉ်ပေးမည်…။ )
၅။………..
၆။ ………. Etc
…… ဆိုပြီးစည်းကမ်းတွေ ထုတ်ကြတယ်…။ ကဲ မိတင်ထိုင်ပြီးကြတော့ ကဲ တယောက်ချင်း ဆင်ခြင်ရမယ့် အပိုင်းတွေ .. ပြောရအောင်… အပြစ်ရှာကြရအောင်… ဆိုပြီး ကိုယ် ဦးဆောင်ပြီး စကားစလိုက်တော့
ရဲရဲ နင်ဆေးလိပ်မသောက်ရဘူးနော်… ငါဆေးလိပ်နံ့ မခံနိုင်ဘူး သောက်ချင်ရင် စာလုပ်ပြီး မှသောက်… ပြီးတော့ နင်က အားတိုင်း ဖုံးဆက်ပြီးကျူနေတယ်… သတိထား…ဆိုပြီးရွှေရည်က ရဲရဲ ကိုပြောပြန်ရော… ၊
ဝါ၀ါ နင်ကလဲ အားတိုင်း ချတ်တင်ပဲ ထိုင်မနေနဲ့ လေ..။ ကောင်လေးတွေကို သနားတယ်… ချတ်တင်ထိုင်မဲ့ အချိန်စာကျက်လေ….ဆိုပြီး ရဲရဲက ၀ါဝါ ကို ပြောပြန်တယ်…။
ပြီးတော့ ဟိုဘလော့ကါ မမ ညီး ဘလော့က ဘယ်လိုတုန်း။။။။။ အားတိုင်း သူများ ဘလော့ ဖတ်လိုက် ၊ သူက ရေးလိုက် နဲ့ အလုပ်ရှုတ်နေတယ်…။ စာကျက်ရတော့မှာလေ… ဘလော့ကို ခဏ နားလို့ မရ ဘူးလား.. ။ ဆိုပြီး ၀ါဝါက ဆရာလာလုပ်ပြန်ရော…..။  ဟဲ့ င့ါကိစ္စ ငါသိတယ်.. နင်က ငါ့ အမေ မို့လို့ လားဟဲ့ …။
ဝင့်ဝါ နင်ကရော အားတိုင်း နင့်ကိုကြီး နဲ့ ဖုံးပြောနေတယ်…။ ပြီးရင် စားမယ်သောက်မယ်ဆိုတာကြီးပဲ…။ စားပြီးသောက်ပြီးရင် အိပ်ချင်တယ်ပဲ ပြောတယ်…။ သတိထား ၀က်ဖြစ်မယ်…။  ဘာညာနဲ့ ပြောကြဆိုကြရင် စာမေးပွဲ စစ်ဆင်ရေး အတွက် ပြင်ဆင်နေပါတော့တယ်…။
ပြီးတော့ ကျောင်းပြီးသွားတဲ့ သူငယ်ချင်းကို ဂိုဒ်ဌားတယ်..။ ဒီကောင်ကလဲ ဘယ်ကတည်းက အငြိုးထားနေလဲ မသိဘူး အသေမောင်းတယ်…။ လူတွေဆို ခိုင်းနွားတွေကြနေတာပဲ လုံးဝ အနားတောင်မပေးဘူး..။ ပြောလိုက်တာမှ ပက်ပက်စက်စက်…။ ကိုယ်တွေ ကလန်ရင်လဲ သူက ချိမ်းခြောက်သေးတယ်…။  စာမေးပွဲ ပြီးမှ ဒီကောင်ကို ကောင်းကောင်းကျေးဇူးဆပ်ရမယ် …ဟဲဟဲ။။။  
ပြောချင်တာက စာမေးပွဲရှိလို့ ဘလော့ ရေးတာကို ခဏ နားထားမယ်ဆိုတာပါ…။ တိုတိုတုတ်တုတ် ပြောရင်ရတယ်လေ…။ ဒါပင်မဲ့ ကိုယ်က နာမည်ကြီးဘလော့ ကါမှမ ဟုတ်တာ…။ အချိန်နဲနဲ လေးရတာနဲ့ စာတွေရေးပါ့မယ်…။ ခုတောင်သံယောဇဉ် မပြတ်ပါဘူး…။ ခုဆို ဂျီတော့ ကို လုံးဝ မ၀င်တော့ပါဘူး…။ ဂျီပုန်းလဲ မချတ်ပါဘူး…။ facebook က ဂိမ်းတွေကိုလဲ လုံးဝ မကစားတော့ပါဘူး…။ အဲ.. အီးမေးတော့ ၂ ရက်ခြားတစ်ခါ စစ်ပါတယ်..။ ဘလော့တွေတော့ အချိန်ရတိုင်းဝင်ဖတ်ပါတယ်…။ ဇေတာရာကတော့ ဒီဘလော့ကို ဆက်ရေးချင်ရေးပါမယ်…။ မရေးလဲ ရ ပါတယ်…။ ရေးလဲ ကောင်းပါတယ်…။ ကျွန်မ နှင်းမိုးမိုးကတော့ တိုက်ပွဲ ၀င်ဖို့အတွက် ပြင်ဆင်နေပါတယ်…။ စာတွေက တကယ်ကိုမရသေးတာပါ… ဒီလိုပြောရတာလဲ ရှက်ပါတယ်…။ ရှက်ရှက်နဲ့ ပဲ… ပြောပါတယ်…။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

7 comments:

မောင်မောင် said...

သြော် နှင်းမိုး ရေ လွယ်ပါတယ်။
စာအုပ်အားလုံး မီးရှို့  ပြာချ ပြီး ရေဖျော်ပြီးသောက်လိုက်။
အဲတာ စာရစေတဲ့ နည်းပဲဗျာ။
ဒါမှ မဟုတ်ယင်တော့
နတ်တင်ရမယ်ဗျာ။ နတ်မတင် ယင်တော့ အောင်မယ်ထင်ဘူး။ :D
ဘဘမောင်

မာရ်နတ် said...

နတ်တင်ချင်လဲ ဒီမှာနတ်တွေအဆင်သင့်ရှိတယ်အဟီး
ဘလက်လေဘယ်တို့ ချီးဗက်စ်တို့လောက်ဆို အဆင်ပြေပါတယ်။ အဘနတ်တွေလိုတော့ ဘလူးလေဘယ်တို့ဘာတို့မလိုပါဘူးကွယ် ဟိဟိ

ချော(အစိမ်းရောင်လွင်ပြင်) said...

စာမေးပွဲကိုစိတ်ဖြောင့်ဖြောင့်နဲ့ဖြေပါကွယ်..
စာရေးတာက ဘယ်ချိန်ရေးရေးရပါတယ်..
စာမေးပွဲသာ သူ့အချိန်နဲ့သူဖြေရတာမို့
စာမေးပွဲကို အဆင်ပြေချောမွေ့၊ စိတ်လက်ကြည်သာစွာ ဖြေဆိုနိုင်ပါစေညီမရေ..

ခင်မင်စွာ

မချော

မြစ်ကျိုးအင်း said...

စာမေးပွဲပြီးတဲ့အခါ စာတွေပြန်ရေးပေါ့
အားပေးနေပါတယ်..
ကျွန်တော်အလုပ်များသွားလို့ မရောက်ဖြစ်တာ
နောက်ကိုလဲ မကြာခနလာဖတ်ပါမယ်..
ခုတော့ စာမေးပွဲအတွက် အားမွေးလိုက်ပါဦး.

သဒ္ဓါလှိုင်း said...

စာမေးပွဲအတွက်စိတ်ဖြောင့်ဖြောင့်နဲ့စာကျက်လိုက်ပါ
ညီမလေးရေ..။ စာမေးပွဲပြီးရင်စာပြန်ရေးပေါ့..။
စာတွေကိုကောင်းမွန်စွာမမေ့မလျော့ဖြေဆိုနိုင်ပါစေ
လို့ဆုတောင်းပေးနေမယ်နော်.။

ခင်တဲ့
မသဒ္ဓါ

မောင် လေး said...

ကြိုးစား....နှင်းမိုးရေ....ကြိုးစားထား...
ဘလော့က ဘယ်အချိန် ရေးရေး..၊ဘယ်အချိန် ဖတ်ဖတ်
ရတယ်..။

YeTheinSwe said...

အမလေးလေး......
BE ကို ROLL 1 နဲ့ တက်နေရမရ် သိပ်မလုပ်ပါနဲ့...
ကျန်တဲ့ကျောင်းသားတွေကိုအားနာပါဦးဟ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...