နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 27 July 2010

နှင်း ရေ မြန်မြန်လေး


နှင်းနဲ့ဇေဆိုတာဘလော်ကာမောင်နှမလို့လူတွေသိကြတယ်မဟုတ်လား ၊ တကယ်တန်းကျတော့ဇေတို့ နှစ်ယောက်ကအပြင်မှာတောင်မမြင်ဘူးကြဘူး၊ အွန်လိုင်းမှာသိရင်းကနေခင်နေကြတာ ၊ စခင်တာကဒီလို လေဇေကလူပျိုကာလသားမို့လား ၊ အဲတော့အွန်လှိုင်းကကောင်မလေးတစ်ယောက်ကိုလှမ်းကြူတာပေါ့၊သူ များလိုကြူတာမဟုတ်ဘူးနော်အထက်စီးကနေကြူတာဇေက ၊ ဇေ့ကိုချစ်တဲ့ကောင်မလေးတွေများတယ် နော်ဘာညာ ၊ ဇေကမင်းကိုသာချစ်တယ်လို့ပြောတာ ၊ အခြားလူကိုပြောတာမဟုတ်ဘူးဘာညာနဲ့ ရီးစား စကားပြောလိုက်တာကနေစတာဘဲ ၊ မိရွှေနှင်းဆိုတာခေသူမှမဟုတ်တာသိပ်လည်တာပေါ့ ၊ မိတ်လဲမပျက် လက်လဲမခံဇေ့ကို ငြင်းလိုက်တာအဲကနေစပြီးခင်တာဘဲ၊ ၂နှစ်တောင်ကျော်ပြီလေ သူငယ်ချင်းဖြစ်တာအဲတ ခါဘဲသူ့ကိုရီးစားစကားပြောလိုက်တာ ၊နောက်တခါတွေမပြောရဲတော့ပါဘူး ဘာလို့လဲဆိုတော့ သူဘလော့ လုပ်တော့ ဇေကကူညီနေရတာဆိုတော့၊ ဇေကူညီနေရတဲ့အချိန်မှာသူ့ကိုချစ်ရေးဆိုလိုက်ရင် အနိုင်ကျင့်သ လိုဖြစ်သွားမှာကိုး အဲလိုနဲ့မပြောတော့ပါဘူးရီးစားစကား အခုလဲသူလဲမှတ်ပုံတင်နဲ့ ၊ ကိုယ်လဲ ပိုင်ရှင်နဲ့ဖြစ်နေ ပြီမို့လား…။

အခုစာမေးပွဲဖြေဘို့စာကျတ်နေတယ်တဲ့၊ အွန်လိုင်းမှာ မီးဝါလေးနဲ့တော့မကြာမကြာတွေ့ပါတယ်၊ ဟိုနေ့က စိတ်ညစ်လို့တဲ့ ၊ သူ့မေမေနဲ့ သူ့ယောင်းမရန်ဖြစ်သတဲ့ ၊ အဲဒါစိတ်ညစ်လို့တဲ့ အော်ခတ်လိုက်တာ ၊ ဇေက အားပေးလိုက်ပါတယ်၊ ချွေးမနဲ့ယောက္ခမရန်ပွဲဆိုတာ ၊ အာဒန်နဲ့ဧ၀စုံတွဲကနေလွဲရင်၊ သားမွေးတဲ့အမေ မိန်း မယူတဲ့ယောကျာင်္းလေးတိုင်းတွေ့ရတတ်တဲ့ပြဿနာပေမို့လား၊ဖြစ်တတ်ပါတယ် အဲဒါကိုမယ်မင်းကြီးမက ဇေ့ကိုတိုင်ပြောပြနေတော့ ၊ အားပေးရသေးသပေါ့ဗျာ ၊ ဇေကစချင်တာ စာမေးပွဲဖြေရက်မလို့ တမင်မစချင် လို့ကြည့်နေတာ ၊ မေးလိုက်တိုင်းအဆင်ပြေရဲ့လား နှင်းရဲ့ဆိုရင် စိတ်သိပ်ညစ်တာဘဲဘာညာသာရကာ ပျော်တဲ့ရက်ကိုသိပ်မတွေ့ရတော့ဘူး ။

သူမရှိလဲဘလော့ကို ကြည့်ပေးထားတယ်မဟုတ်ဘူးလား ၊ စာတင်စရာရှိရင်လဲတင်ပေးနေတာ ၊လူတွေလဲ လာလိုက်သမ ၊ သိပ်လာပေါ့ တခါမှကျေးဇူးတင်စကားပြောတယ်မထင်နဲ့ ၊ စာရေးတာကဘယ်လိုရေးတာ တုန်းဘာမှကိုရှင်းရှင်းလင်းလင်းမရှိဘူး ၊ဘာညာနဲ့ သူကရောဘယ်လောက်ကောင်းတာတုန်း မပြောချင်ပါ ဘူးဗျာစာစရေးတုန်းကပေါ့ ၊ ဇေ့ရဲ့ ကြောက်ပါပြီဖေဖေကို လူတွေကွန်မင့်ပေးတာ ၉ စောင်တောင်ရတာ လေဟီဟိ ၊ မနာလိုလိုက်သမ အရမ်းမနာလို သူစာတွေက မရရှာဘူးမို့လား ၊ နောက်ကြတော့လေ ဇေရေး သလိုလိုက်ရေးရတာသူ့မှာကွန့်မင့်လိုချင်လို့ ၊ မသိရင်ခတ်မယ် မယုံဖက်ကြည့်လိုက်ကြပါလား ဇေ့ရေးတဲ့ပုံ နဲ့နှင်းရေးတာနဲ့က တော်တော်များများအာဘော်တူနေတာ ။

ဒီဘလော့မှာ သူကမော်နီတာဆိုပေမဲ့ ဇေကသူ့ထက်ကိုတော်လွန်းအားကြီးတယ် ၊ အမှန်မှာကဇေ့ကိုခေါင်း ဆောင်တင်သင့်တာ ၊ အခုလဲဇေဘဲခေါင်းဆောင်နေတာဘဲမဟုတ်ဘူးလား ၊ ဟုတ်တယ်မလား အခုစာမေး ပွဲရက်မလို့ဇေက သူ့ကိုစာရေးဘို့မတောင်းဆိုပါဘူး ၊ ဇေသီးဇစ်တင်တုန်းကလဲ ဇေရေးနေတာဘဲ လူညံ့တွေ များအရမ်းသိသာတယ် ၊ တခုဆိုတခုဘဲလုပ်တတ်တယ် ၊ အခုဆိုဇေကချစ်သူနဲ့သွားလိုက်လာလိုက် စားလိုက်သောက်လိုက်လည်လိုက်ပတ်လိုက် ၊ ညဘက်ဆိုစာရေးလိုက် ၊ ဒီကြားထဲမှာ စာဖက်တယ် စာ ကျတ်တယ် တယောက်ထဲအများကြီးလုပ်နိုင်တယ် ၊ ဟွန်း သူကျတော့ စာကျတ်နေရလို့တဲ့ စာမရေးနိုင်ဘူး အောင်မလေးဗျာ ၊ ကျားသား မိုးကြိုး ကြုံဘူးပေါင်ဗျာ ။

အခုသူစာမေးပွဲပြီးရင်လေ ဇေတို့ဘလော့စရေးကတည်းက ကတိပြုထားတာရှိတယ် ၀တ္ထုရေးမယ်လို့နှစ် ယောက်ပေါင်းပြီးတော့ ၊ အချစ်ဝတ္ထု အခုဇေလဲချစ်သူရှိပြီ သူလဲချစ်သူနဲ့ဆိုတော့ ခံစားတတ်ကြပြီမို့လား ရေးမဲ့ဝတ္ထုကဒီလို ကောင်လေးကကောင်မလေးကိုရီးစားစကားပြောမယ် ၊ ကောင်မလေးကအပြစ်တွေရှာပြီး ကောင်လေးကိုငြင်းမယ် ၊ နောက်ဆုံးမှာကောင်မလေးကကောင်လေးကိုကြိုက်မယ် ၊ အဲဝတ္ထုကိုနှင်းက ကောင်လေးနေရာကရေးမယ်၊ ဇေကကောင်မလေးနေရာကနေရေးမယ် ၊နောက်ဆုံးကျမှ ဇေတို့နှစ်ယောက် ကဒီဝတ္ထုကိုဘယ်သူကဘယ်လိုရေးတယ်ဆိုတာရှင်းပြမယ် စာဖက်သူတွေကို အခုတော့ နှင်းစာမေးပွဲရှိတာ နဲ့ရပ်ထားရတာ ပျင်းတဲ့လူတွေများသိသာတယ် ၊ အလုပ်လေးတခုရှိရင်အဲဒါလေးဘဲအကြောင်းပြနေတော့ တာသိလား.။

နောက်တခုက နှင်းကလေတော်တယ် ဇေကတောင်အားကျနေရတာ ၊ ကျောင်းအစောကြီးသွားတယ် ၊ စာဖက်တယ် အင်တာနက်ဆိုင်မှာ အလုပ်လုပ်တယ်သူ့မုန့်ဘိုးကိုသူ့ဘာသာရှာတယ် ၊ နောက်ပြီးစာရေး တယ်ဘလော့တင်တယ် ၊ အစကဆိုဇေမြန်မာစာတွေမေ့နေလို့ သူ့ကစာတွေပြင်ပေးရတယ် အခုဇေစာတွေ သိပ်မမှာတော့ဘူး အဲဒါသူကြောင့်ပေါ့ သိပ်တော်တဲ့နှင်းပါ ၊ စိတ်ဓာတ်ကမာသလားမမေးနဲ့ အစတုန်းက ဇေ ကကိုပြန်ဂျစ်တိုက်နိုင်တဲ့လူမရှိဘူးသူနဲ့ကြမှ ဇေကကျွတ်တာဘဲ ၊ ဟိုတခါစိတ်ညစ်ပြီးလက်ကိုတူနဲ့ထုထား ထားတာ အဲဒါကိုသူက နာနာလေးထုတဲ့ သောက်ကျင့်ကိုမကောင်းဘူး ၊ ဟုတ်ပ ဘယ်လိုဖြစ်ဖြစ်နှင်းကဇေ့ ထက်တော်တာတော့အမှန်ပါဘဲ ၊ သူမရှိကတည်းက စာရေးရတာလဲမကောင်းဘူး ၊ သူရှိရင် သူကစစ်ပေး သေးတယ် ၊ အဲဒါမလို့ နှင်းကအရေးကြီးပါတယ် ၊ ဒါကြောင့်မလို့ တခွန်းထဲကျယ်ကျယ်လေးအော်ခေါ်လိုက် မယ် ၊ နှင်းရေ မြန်မြန်လေးပြန်လာဟေ့ ဇေစာရေးဘို့ပျင်းတယ်ဟ ၊ ဟူ၍ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါ ခင်များ………………..။

3 comments:

သဒ္ဓါလှိုင်း said...

စာမေးပွဲကိုထူးချွန်စွာဖြေဆိုနိုင်ပြီးအောင်မြင်ပါစေ..
ဝတ္ထုလေးကိုမျှော်နေမယ်နော်...

ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲ ဒေါ်ရွှေနှင်း
စာမေးပွဲ မြန်မြန်ဖြေပြီး မြန်မြန်လာပေတော့
ကိုရွှေဇေတို့ မျှော်လှပေါ့..

Myanmar Good Knowledg Co., Ltd said...

အော်...
ဒီလိုလား။
အင်း....
စောင့်နေမယ်။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...