နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 27 July 2010

ခုတလော

ခုတလော ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပေါက်နေတယ်…။ စင်ကာပူက သူငယ်ချင်းတယောက်လဲ ဒီလိုဖြစ်ဖူးတယ်..။ တိုက်ပေါ်က ခုန်ချချင်စိတ်တွေဖြစ်နေတယ်တဲ့ ... သူပြောပြတော့ နင်ကလဲ နင့်ဘ၀က အေးဆေးလေ ကျောင်းမှန်မှန်တက် ပြီး စာမှန်မှန် လုပ်နေရင် ပြီးတာပဲ။။ ငွေကြေးလဲ ဘာမှပူစရာ မလိုဘူးပဲ..။ ဘာကိုများ စိတ်ညစ်နေလဲ .. ပေါ့…။ သူက ဘာဖြစ်မှန်းကို မသိတာတဲ့..။ တခုခုဖြစ်နေတာတော့ သေချာတယ်.. ။ဘာဖြစ်မှန်းကို မပြောတတ်တာတဲ့..။ ပြီးတော့ သူ့ကို စိတ်ညစ်ပြေအောင် စကားလေးဘာလေး ပြောပေးတယ်..။ ဟိုပြောဒီပြောပေါ့…။

 

ခု ကိုယ်လဲ သူ့လိုဖြစ်တော့မှ ကိုယ်ချင်းစာမိတယ်..။ ဘာဖြစ်ချင်မှန်းကို မသိဘူး..။ ပြောရင် စာမကျက်ချင်လို့ အကြောင်းပြတယ်ပြောကြအုံးမယ်..။ တကယ်တော့ စာကျက်နေတယ်..။ မနားတမ်းကို ကျက်နေတာ..။ ဒီကြားထဲ အိမ်ကကိစ္စလေး နည်းနည်းရယ်… ငယ်ပေါင်းသူငယ်ချင်းတစ်ယောက်ရဲ့ လူမှုရေးကိစ္စ ၊ ဟိုကိစ္စဒီကိစ္စ တွေကြောင့်လဲ  စိတ်ရှုတ်နေတယ်..။

 

စာတူတူလုပ်တာက လုပ်လို့ရတယ်..။ သူငယ်ချင်းတွေ နဲ့ စာလုပ်နေချိန်ဆို ဘာမှမဖြစ်ဘူး..။ အိမ်ပြန်ပြီး တယောက်ထဲ နေတဲ့ အချိန်ဆို ဘာဖြစ်မှန်းကို မသိဘူး..။ အထီးကျန်တာရယ်လဲ မဟုတ်ဘူး..။ စိတ်ငြိမ်ဆေးဆိုတာတွေလဲ သောက်တာ အခါအခါပေါ့..။ စိတ်ငြိမ်ဆေးဆိုတာ အိပ်ဆေးလိုကြီးလေ..။ သောက်ပြီးရင် အိပ်ချင်တယ်… ။ ခက်တာက ကိုယ်လဲသောက်ရော အစွမ်းမပြဘူးထင်တယ်..။ လုံးဝ မအိပ်ချင်ဘူး..။ ဆရာဝန် သွားပြတော့ stress တွေများနေတာတဲ့..။

 

ပြီးတော့ ညဘက်ဆို လုံးဝ အိပ်လို့မရဘူး..။ မနက် ၂ နာရီအိပ်တယ်ဆိုတာ အစောဆုံးပဲ..။ မနက်ကျတော့ ကျူရင်တက် ၊ သူငယ်ချင်းအိမ်မှာ စာလုပ်ဖို့ စောစောထရတယ်လေ..။ စောစော မရောက်ရင် စာတွေ မမှီပဲနေမှာကိုလဲ စိတ်ပူသေးတယ်..။ အွန်လိုင်း မသုံးဘူးလို့ စိတ်တင်းထားပင်မဲ့ မရဘူး..။ ခဏတော့ ၀င်ဝင်သုံးဖြစ်တယ်…။ ရူးသွားချင်တယ်… ဒါမှမဟုတ် ဒီလောက မှာနေပျော်ပြီလေ..။ အဖေ နဲ့ အမေ ကိုလဲ ကိုယ့်လုပ်အားခ အပ်ဖူးပြီးပြီ..။ ချစ်ဖူးပြီးပြီး ၊ အသဲကွဲဖူးပြီးပြီ..။ သူငယ်ချင်းကောင်းတွေလဲ အများကြီးရှိဖူးပြီးပြီ..။ သူတို့ကိုလဲ တတ်နိုင်သလောက် ကူညီပေးဖူးပြီ..။  သေပျော်ပြီလို့ ထင်တယ်..။ ဟုတ်တယ်မလားးး …။ လူသိရှင်ကြား ဖြစ်စရာမလိုဘူး..။ တိတ်တိတ်လေး ထွက်သွားတာက အငြိမ်းချမ်းဆုံးလို့ ထင်တယ်..။ ကိုရီးယားမှာ ခုလို susite တွေ ခဏခဏဖြစ်နေတယ်တဲ့..။ သူတို့လဲ ကိုယ့်လိုပဲ ဖြစ်နေတာလားမသိ… ဟိဟိ ။။။။

 

ခုတော့နေမကောင်းဖြစ်နေတယ်…။ မိုးမိတယ်..။ တမင်မိုးရေထွက်ချိုးတာ…။ ပျော်ဖို့ကောင်းတယ်..။ ပြီးတော့သူငယ်ချင်းတွေနဲ့  သီချင်းသွားဆိုတယ်…။ အော်ရ ပေါက်ကွဲရတဲ့ သီချင်းတွေပေါ့ ၊ စိတ်ထဲမှာ ပေါ့သွားတယ်…။ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ..။ ဒီလိုလွယ်လွယ်နဲ့ အရှုံးပေးလို့ ၊ သေလို့ မဖြစ်သေးဘူး..။ အိပ်ပလိုက်တယ်.. တနေကုန်…။ချိုင့်ပြီး ညိုနေတဲ့ မျက်တွင်း နဲနဲပြန်ပြည့်လာတယ်…။ ဘလော့လဲ ရေးချင်စိတ်လေးဖြစ်တာ နဲ့ ရေးလိုက်တယ်..။ ဖတ်ပြီး စိတ်ညစ်သွားရင် တောင်းပန်ပါတယ်…။ မကောင်းတာက ဆန်ပြုတ်သောက်နေရတယ်…။ စားချင်တာက မြေအိုးမြီးရှည်.၊ ရှူးရှဲ သဘောင်္သီးထောင်းးး…၊ ကြာဇံချက်တို့လေ…နေကောင်းမှ အပီစားပစ်မယ်..။

ကဲ စာကျက်တော့မယ်…။ အားလုံးပဲ ပျော်ရွှင်သော ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့…။

ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုးပါ..။

6 comments:

Myanmar Good Knowledg Co., Ltd said...

နှင်းမိုးမိုး
နှင်းမိုးမိုး
xxxxxx
နေမကောင်းနေလို့ သိပ်မပြောတော့ပါဘူး။
အိပ်ရေးဝအောင်အိပ်၊ အားရှိအောင်စား။
ပြောစရာရှိရင်ဘလောက်မှာရေး။
နောက်တစ်ခေါက်လာခဲ့ဦးမယ်။
ဟင်းးးးးးးးးးးးးးးးး

မဗေဒါ(၈၈) said...

ညီမရေ

စိတ်ကို နိုင်အောင်ထိမ်း...။ အရာရာကို လွယ်လွယ်နဲ့ အရူံးပေးစရာမလိုဘူး..။

စိတ်ကိုရှင်းအောင်ထား... နောက်ဆံုးမရရင်. တရားနဲနဲထိုင်ကြည့်ပါလား..။

ကျမ်းမာအောင် နေနော်... ။

ဗေဗေ

Zay Tar Yar said...

သေမှာဖြင့်လဲသေဟဲ့ မြို့မေတ္တာခံမနေနဲ့
သေမှ ဘလော့ကိုအပိုင်ရမှာ ၊ ပေါက်ကရတွေမလုပ်နဲ့
နော် ၊ ဘာစိတ်မာတာလဲ အရူးမရဲ့ အရူးကြီး နေကောင်း
အောင်နေ ၊ မျှော်နေတာ..........။

ညိမ်းနိုင် said...

နှင်းမိုးရေ....လူကြီးတွေကိစ္စ ဘာဖြစ်လို့ ကြားကဝင်
စိတ်ညစ် နေမလဲ...ညစ်ချင်ရင်လဲ စာမေးပွဲ ပြီးမှ
ပို့စ်ရေးပြီး ညစ်...ဟုတ်လား..။
ဖိအားများရင်၊အထီးကျန်သလိုလို...စိတ်ညစ်သလိုလို
ခံစားရတာကတော့ လူတိုင်းလိုလိုရယ်...
ဒီအတွက်တော့ဖြင့်ဘာမှ..သောက ရောက်မနေနဲ့..
အချိန်တန်ရင် ကိုယ့်ဘာသာ စိတ်ပြောင်းသွားလိမ့်မယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း စာမေးပွဲကာလဆို ဒီလိုဖြစ်တတ်ပါတယ်
အဲဒါ စိတ်ဖိစီးမှုကြောင့် ဖြစ်တာပါ...
စိတ်အေးအေးနဲ့ စာကို ဖြေးဖြေးကျက်ပါညီမလေး
အစ်မတို့ စာမေးပွဲတွေ ဖြေတော့လဲ ဒီလိုဘဲ ဖြစ်ခဲ့ဖူးပါတယ်..
စာမေးပွဲပြီးရင်တော့ အားလုံး အေးဆေး ပြန်ဖြစ်သွားပါလိမ့်မယ်

မြစ်ကျိုးအင်း said...

နေမကောင်းချိန်မှာ ဒီလိုပဲ ဟိုတွေးဒီတွေးနဲ့ဖြစ်တတ်တယ်။
စိတ်ထဲမှာ ခံစားရတာတွေကို ခုလို ချရေးလိုက်တော့ ဘာပဲဖြစ်ဖြစ် စိတ်သက်သာ ရာရတယ်။

ည ၂ နာရီလောက်မှ အိပ်ဖြစ်တာ ကျနော်လည်း နှစ်နဲ့ ချီပြီး ဖြစ်ခဲ့ဖူးတယ်။
တော်တော်ဆိုးတဲ့ အကျင့်ပါပဲ။
အဲဒီအကျင့်မစွဲအောင် ကြိုးစားပြုပြင် သင့်တယ်။ စွဲသွားရင် မလွယ်ဘူး။
ကျနော်ဆို နောက်ပိုင်း နေ့နဲ့ညပါ မှားကုန်ရော။
မနက် ၄/၅ နာရီမှ အိပ်ဖြစ်တာ တော်တော် ကြာတယ်။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...