နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 14 July 2010

ကဲပြောလိုက်စမ်းမယ်သောင်းပြောင်းထွေလာ၃

ဒီတပက်တော့နေကလဲမကောင်းပြဿနာတွေကမျိုးစုံ၊တယောက်ထဲဒိုင်ခံဖြေရှင်းနေရတော့စိတ်ကလဲညစ်
လာပြီဗျ၊ဟိုလုပ်ဒီလုပ်ရန်ဖြစ်နဲ့ဘလော့လေးကိုပြစ်ထားမှိတယ်ဒီဘလော့လေးကလဲကံကိုဆိုးပါတယ်၊စောင့်
လျှောက်မဲ့လူကလဲမရှိဖန်တီထားတဲ့ဟိုအမျိုးသမီးဆိုတာကလဲရော်စီကျော်ခံရဘမ်းခံရနဲ့ဆိုတော့မြင်သာမြင်
ပြီးမကြင်ရတဲ့ဘ၀ကိုးကဲပါဗျာဒီတပက်အတွင်းအကြောင်းတွေပြောပါ့မယ်ဒါတွေပြောနေဆုံးမှာမဟုတ်တော့
ဘူး ။

အိမ်ကဖုန်းဆက်လာတာကိုးဇေ့ချစ်သူအကြောင်းကိုပါးကိုပြောပြပြီးသူ့ တို့ပတ်ဝန်းကျင်ကို သွားစုံ စမ်း ခိုင်းတာ၊ကိုယ်လိုချင်တဲ့ခွင်ထဲဝင်မလာဘဲပါးဆိုတဲ့လူကသူ့မဟေသီကိုသွားပြောပြတော့ဟို ဘွားတော် က သူ့စကားနားမထောင်လို့ဆိုပြီးသွေးတတ်ပြတယ်၊ဒါကိုပါးဆိုတဲ့လူကသူ့ဘာသာမဖြေရှင်းဘဲနဲ့ဇေ့ကိုလာနား
ချတယ်မင်းမေမေယူခိုင်းတဲ့လူကိုသာယူလိုက်ပါတဲ့၊ဇေကပြန်မေးတယ်အခုဇေယူမဲ့ချစ် သူကပါးတို့နဲ့ ပေါင်း မှာလား၊ဇေနဲ့ပေါင်းမှာလားလို့၊ဇေနဲ့ပေါင်းမယ်ဆိုရင်ဇေသဘောကျဘို့သာလိုတယ်လို့အခြေအတင်ပြောကြ
တော့၊မိဘတွေကမြင့်မိုရ်ရွှေတောင်မိဘကျေးဇူးတွေနဲ့ကိုင်ပေါက်တာပေါ့ဗျာ၊ဒီကျေးဇူးတရားတွေက လဲ ခတ်လိုက်တာဇေတို့နားလည်ထားတဲ့မိဘကျေးဇူးဆိုတာဇေတို့ကိုသိတတ်ဘို့၊မိဘကျေးဇူးဆိုတဲ့ဟာနဲ့ ကိုင် ပေါက်ပြီးဇေတို့ဘ၀ကိုချယ်လှယ်ဘို့မဟုတ် ဘူးလေမိဘတွေ  အဲလိုလုပ် တာသဘာဝ မကျဘူး သား သမီးတွေအပေါ်ကိုမတရားဘူးလို့ထင်တယ်အားလုံးစဉ်းစားကြည့်ကြလေဗျာ၊ကျေးဇူးတရားရှိလို့သာခံမပြော
ရတော့ဘူးဆိုရင်လောကမှာအမှန်တရားဆိုတာရှိပါ့အုံးမလား။

မိဘကိုပြန်ပြောရတာပက်လက်လန်ပြီးတံတွေးထွေးရသလိုဘဲ၊ကိုယ်ဘဲလူဆိုးလူမိုက်ဖြစ်တယ်၊ဒီကိစ္စကိုမိ
ဘတိုင်းနားလည်သင့်တယ်ပြောလိုက်ရင်မင်းတို့စဉ်းစားအုံးစဉ်းစားအုံးနဲ့မိဘတွေရောစဉ်းစားအုံးလို့ပြန်ပြော
ချင်တာဘဲ၊သူတို့ဘက်ကြတော့အနန္တောအနန္တ၅ပါးတွေရော၊ခင်ပွန်းကြီးဆယ်ပါးဆိုတာတွေရောကာ ကွယ် ပေးမဲ့ဟာအပြည့်အစုံရှိတယ်ဇေတို့ဘက်ကြတော့ဘာမှမရှိဘူးအဲလောက်ကာကွယ်ရေးဘက်မှာအားနဲတဲ့
သားသမီးတွေအပေါ်မှာ မြင့်မိုရ်ရွှေတောင်မိဘကျေးဇူးဆိုတဲ့ဟာ ကြီး ထပ် ဖိပြီး၊ သားသမီးတွေရဲ့ ပြော ရေးဆို ခွင့်ကိုပိတ်ပင်တာတော့မကောင်းဘူးထင်တယ် ဟိုလူကြီးတွေကဒီလိုလူတွေကို အုပ်ချုပ်တာ ဘာ စမ်းတုန်း၊သူ့အိုးသူ့ဆန်တန်သားဘဲပါးစပ်ကသာဒီမိုကရေစီပြောပြီးကိုယ်အုပ်ချုပ် နေတဲ့မိသား စုတွင်းမှာ တောင်တရားမျှတအောင်မအုပ်ချုပ်နိုင်တာဘာကြီးကိုသူတို့တွေက လိုချင် နေကြတာ တုန်းသူတို့ တိုင်း ပြည် အုပ်ချုပ်လဲဒီထက်ဆိုးမှာပေါ့၊ပြောချင်တာသားသမီး အခွင့် အ ရေး ဆို တာလေးကို လဲနားလည် ပေးကြအုံးလို့ဒါကိုပြောချင်တာပါ။

မရွှေနှင်းကိုလဲမပြောချင်ပါဘူးဗျာ၊သူကလဲတမှောင့်ဘယ်လိုမှန်းကိုမသိဘူး၊စာရေးဆိုလဲဘောပွဲ ကြည့်တာ တဲ့မကြည့်နဲ့မပြောပါဘူးကြည့်ကောင်းပါတယ်ကမ္ဘာမှာမိန်းမတွေတအားကြည့်ကြပါတယ် ဘောလုံးပွဲ ကို ဒါပေမဲ့ဗျာ၊အခွင့်ရေးကျတော့ယူပြီးတာဝန်ယူထားတဲ့အလုပ်ကိုလျစ်လျူရှုတာက တော့မှန် ကန်တဲ့ အ လုပ် လို့ဇေမထင်ပါဘူး၊ဒီဘလော့ကိုဘယ်သူကမှသူ့ကိုအတင်းအဓမ္မမလုပ်ခိုင်းပါဘူး၊လုပ်ပြီးသွားပြီဆိုရင်လဲတာ
ဝန်ကျေပါစေပေါ့၊အခုဟာကအပျော်အပါးကြတော့လိုက်စားသဗျ ကစားခုန်စား လဲဝါ သနာ ထုံတယ် အ အိပ်ကျတော့လဲမလျှော့ဘူးစာရေးဆိုတော့ရွှေပျောက်သလိုလို အတိက်မေ့ သလိုလို ဒါမကောင်းဘူး ၊ နောက်တခုကဇေနဲ့သူစကားများရင်ဘယ်လိုချိန်းခြောက်တယ် မှတ်တုန်းဘလော့ ကိုဖျက်ပ လိုက်မယ်၊ မင်းစာတွေကိုကော်ပီကူးပြီးပြန်ပို့လိုက်မယ်အဲလိုချိန်းခြောက် တယ်၊နောက်ဆုံး ဇေကလျှော့ပေးရတယ် အေးပါကွာဇေမှားပါတယ်အဲလိုလုပ်မှအဲဒီမယ်တော်ကအိုကေတယ်၊နင့်ရွတ်တာလောက်တော့ငါကပျင်းသ
တဲ့နင့်ထက်ရွတ်တဲ့လူတွေကိုတောင်ငါကခေါင်း ဆောင်နေတာတဲ့ အဲလိုလေးက လဲကြော်ညာ ၀င်သေး တာ၊ ကဲမမနှင်းရယ်ဇေမှားပါတယ်နောက်မ လုပ်တော့ပါဘူးဆိုမှကျေအေးတော်မူ တယ်ဒါကမ ရွှေနှင်း အကြောင်း။

ချစ်သူလေးအကြောင်းလာမယ်တအားရစ်တယ်၊အသက်က၅နှစ်သာပိုကြီးတယ်အရမ်းရစ်တယ် စကားတ ခွန်းရရင်မဆုံးတော့ဘူးဗျ၊ဘယ်လိုသဘောတုန်း၊ဘယ်လိုအဓိပ္ပါယ်တုန်း၊စိတ်ကုန်တာလား အင်းပေါ့ ဘာ ညာနဲ့မဆုံးတော့ဘူးဘာစကားပြောပြောဒီဘဲပြန်ရောက်တယ်၊မိဘတွေကသဘောမတူဘူးဆိုတော့ဘယ်
လိုလုပ်ကြမလဲဇေရေ့အမတို့စဉ်းစားကြရအောင်ဒီလိုမလာဘူး၊နောက်တ ယောက်ထပ်ရှာရင် ရှာလိုက် လေ၊အမကရုပ်ဆိုးပါတယ်ဘာညာမဟုတ်တာတွေပြောနေတော့တာ ဘာစကားပြော ပြောအဲဒီ ဘဲရောက် တယ်၊အဲဒါနဲ့ဒီကလဲမူးပြီးရစ်လိုက်တာဟီးဟီးလမ်းခွဲကြမတဲ့ သောက် ကျိုးနဲမူး တာ တောင်ဘယ် ရောက် သွားမှန်းမသိဘူးငိုလိုက်ရတာဗျာ၊မနဲတောင်းပန်ရတယ် မထားခဲ့တော် မူပါနဲ့နောက်ကနေ ညီညီ ညွတ် ညွတ် လေးလိုက်ပါရစေဘာညာသာရကာမနေ့ညက ဖြစ်တဲ့ကိစ္စကခုနကမှ ပြေလည်တယ် အဲဒါလေး ကချစ်သူအကြောင်း..။

ဟောမွေးသမိခင်ကြီးကြည့်အုံးမလားလူကြည့်လိုက်ရင်သားမိချင်းတောင်ဇေကနုတ်ဆက်နိုင်မှမေမေနေ ကောင်းရဲ့အင်းဒီထက်ပိုမပြောဘူး၊အဲလိုလူမျိုးအဲလိုကြီးဆိုတော့တော်တော်အေးတယ်မထင်လိုက်ကြ ပါနဲ့ ၊သူကလဲမွှေတယ်သားသုံးယောက်ကိုမိန်းမယူမှာကိုမိုးပြိုမလောက်ကြောက်တယ်၊အကြီးကောင်ကြီး၃၂နှစ်
ရှိနေပြီအလုပ်နဲ့အကိုင်နဲ့ဘာကိုစိတ်မချလို့လဲမသိဘူးမိန်းမမယူပါနဲ့တဲ့အဲဒါကြီးကလဲယူပါဘူးတဲ့ကဲလိုက်ဘူး
လားဗျာ၊သူ့အရပ်နဲ့သူ့ဇာတ်ကိုကိုဇေတို့ကတော့မရဘူးဗျို့မိန်းကတော့လိုချင်တယ်ကယ်အဟုတ်၊သူ့လဲမ
တိုင်ပင်ပါဘူးဖေဖေကိုပြောပြတယ်ဆိုတာချစ်သူရဲ့မိဘတွေကိုစုံစမ်းပြီးတောင်းရမ်းရအောင်အတွင်းစကား
ပြောလိုက်တာဘွားတော်ကကြောက်တယ်ထင်ပါတယ်ချက်ချင်းသံတော်ဦးတင်တာဟိုကဖုန်းတွေဆက်ပြီး
ကောရော၊အကြီးတွေတောင်အေးအေးဆေးဆေးနေတာတဲ့မင်းကငယ်ငယ်လေးနဲ့အပူမရှာနဲ့တဲ့၊မိန်းမယူ
တယ်ဆိုတာအပူထုပ်ကိုခေါင်းပေါ်တင်ထားသလိုဘဲတဲ့၊အော်သနားလိုက်တာဖေဖေရယ်ဖေဖေ့ခင်မျာ အပူ ထုပ်ကြီးကိုနှစ်သုံးဆယ်ကျော်ခေါင်းပေါ်တင်ထားရတယ်၊ဒါဆိုမေမေကအပူထုပ်ကြီးပေါ့လို့ ပြောတော့ဟဲ့ အကောင်စုတ်စကားတွေမရှုတ်နဲ့တဲ့ဒါဘဲတဲ့၊ကဲဘာတွေဖြစ်ကုန်ကြတာတုန်းတကယ်တန်းဆိုသားရယ်မင်း
ကောင်မလေးနဲ့မေမေတို့တွေ့ပါရစေအုံး၊စကားစမြည်လေးပြောပြီးမှမေမေတို့တောင်းရမ်းပေးပါ့မယ်ဒီလိုမ
လာဘူး၊ နောက်ဆုံးပိတ်စ ကားလေးကတအားကြည်ညိုဘို့ကောင်းတယ်သိ လားဒီလောက်ယူ ချင်ရင်ယူတဲ့ အိပ်ပေါ်မတတ် လာနဲ့ အိမ်ပေါ်မတတ်လို့ဇေက ကင်းတဲသွားနေရမှာ လားသောက်ကျင့်ကိုမကောင်းဘူး ၊သတင်း စာက နေမိ ဘ အဖြစ်စွန့်လွတ်ကြောင်းကြော်ညာထည့် လိုက်လို့တခါထဲသွေးတတ်ပြီး၊ စုတိစိတ်ကျ သွားမယ် မလုပ်ချင် လို့ကြနေတာအဟုတ်မှတ်နေတယ် တကယ်ဘဲ၊ ဒါချစ်တာမ ဟုတ်ဘူး၊ အခုနေသာ ဇေသွေးကင်ဆာ လို ရောဂါမျိုးဖြစ်ပြီးနောက်ခြောက်လ လောက်သေမဲ့လူဖြစ်ကြည့်ပါလား၊ မေမေဇေအဲမိန်းမ ကိုလိုချင် တယ် ဆိုရင်သူကိုယ်တောင်ခေါင်းနဲ့ ရွတ်ပြီးဇေ့နဲ့ပေးစားမှာ ဒါဘဲ၊ အဲလိုအချိန်မှတောင် လုပ်ပေးနိုင်ရင် အခု အ ချိန်မှာလုပ်မပေးနိုင်ဘူးဆို တာကိုတွေးလို့ကိုမရဘူး၊ကဲမေမေ ဇေ့ကိုဘဲစဉ်းစားခိုင်းမနေနဲ့ဗျ ၊မေမေတို့ လဲစဉ်းစားကြအုံးမေ မေတို့မိသားစုထဲမှာ လူလာဖြစ်တဲ့သားက စာမတတ်ပေ မတတ်ဦးဏှောက် မရှိတဲ့ မိ သားစုမှာလူ သွားဖြစ်တဲ့လူတွေနဲ့ဘာတွေ ကွာခြားနေသလဲဆိုတာ၊ မေမေတို့မိသားစုကပညာမ တတ် တဲ့ လူတွေ အသိညာဏ်နဲတဲ့လူတွေဆိုရင်ဇေဘာမှမပြောဘူး ၊မေမေကိုတိုင်လဲပညာတတ် မေမေယောကျာင်္း ဇေ့ဖေဖေလဲမဟာဘွဲ့ရထားတယ်၊မေမေသားကြီးကခွဲစိပ်ပါရဂူ၊မေမေ့သားလတ်မဟာတန်းပြီးတဲ့ စစ်ဘက် ဆိုင်ရာဆရာဝန်အဲလိုအသိုင်းအ၀ိုင်းကလူတွေက အဲလိုကြီးပြုမှုပြောဆိုတာဟာ ရီစရာ တော့ ကောင်း တယ်မဟုတ်ဘူးလား၊ အော်မေမေရေ ဟိုဂျင်းရှက်ဆိုတဲ့လူပြောတဲ့စကားတခွန်းရှိသ ဗျ၊(ကိုယ်ကတောင် စတင်မကျင့်သုံးသေးရင်တခြားလူတွေမကျင့်သုံးတာကိုအပြစ်မတင်နဲ့တဲ့)ဒါဘဲ နော်ဘွားတော် အမေ့ထက် သားတလမကြီးချင်ပါဘူး ပညာရှိရင်သတိကင်းတတ်သမို့လူစုံတုန်းရှင်း ပြလိုက်တဲ့သဘောဘဲ။

မေမေ့ယောကျာင်္းကိုလဲပြောလိုက်ဒီညဇေရေးထားတာကိုသွားဖက်ပြီးညကျရင်ပြန်ပြောပြလို့ကဲပရိတ်သက်
တို့ရေကိုကိုဇေဒီတပတ်တော့ဖွတ်တွေရောပဒတ်တွေရောတတ်နေတယ်ဗေဒင်ဆရာကပြောတယ် ကြာ သပတေးဂြိုလ်ထဲရောက်နေလို့မြေ မြင်း မိန်းမနဲ့စကားပြောရမယ်တဲ့မှန်လိုက်တဲ့ ဗေဒင် ဆရာ ဟုတ်ပ မြေကြီးကတော့လက်တလုံးမှမရှိတော့အပြောရဘူး၊မြင်းကလဲအရုပ်တောင်မရှိတော့ဘာမှမဖြစ်ဘူး၊မိန်း မ ကတော့နှင်းရယ်၊မေမေရယ်၊ဇေ့ချစ်သူရယ်ဟွန်းကြာသတေးဂြိုလ်နော်ဟင်းဟင်းဟုတ်ကဲ့ကျွန်တော် ဇေ တာရာပါခင်များ….။

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဇေရေ
ဒေါပွပွနဲ့ ဇေ့အဖေအမေကို ရေးထားတာတွေက နည်းနည်းတော့ လွန်နေသလားလို့ကွယ်...
သွေးအေးသွားရင် ဖြေးဖြေးပြန်ဖတ်ပါဦးနော်..
ဇေ့အဖေအမေမှန်တယ်လို့ သူတို့ဘက်က လိုက်ပြီးမပြောပါဘူး
ဒါပေမဲ့ မိဘတွေဆိုတာကတော့ ကိုယ့်သားသမီးကို နတ်သိကြားနဲ့တောင် တူတယ် တန်တယ် ထင်တာမဟုတ်ကြဘူး..
ဒါဟာ မိဘမေတ္တာသာ ဖြစ်ပါတယ်.. သူတို့အမြင်မှာတော့ ဘယ်သူနဲ့မဆို စိတ်တိုင်းကျနိုင်မှာ မဟုတ်ပါဘူး
ခုသဘောမတူဘူးဆိုတာက ကောင်မလေး ဘယ်သူဘယ်ဝါကြောင့် သိလို့မဟုတ်ဘဲ သားသမီးကို နှမြောစိတ်နဲ့သာ ဖြစ်ပါလိမ့်မယ်..
ပြေပြေလည်လည်လေး ညှိနှိုင်းပါဦးနော်..
ဇေလဲ မိဘနေရာကို တစ်ချိန်ချိန်ရောက်ဦးမှာပါ
အဲဒီခါကျရင်သူတို့ရဲ့ မေတ္တာကို ပိုပြီးနားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်..
ဒီလိုရေးသွာတဲ့အတွက်လည်း စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်နော်..
ခင်မင်စိတ်နဲ့ ရေးသွားတာပါ။

Anonymous said...

မချောပြောတာ မှန်တယ် ...
ဇေ ... နင်တနေ့ ၀ဋ်လည်မယ်...
နင်လဲ တနေ့ မိဘ ဖြစ်လာအုံးမှာနော်...

မောင် လေး said...

ဇေရေ...စိတ်လျော့...စိတ်လျော့...
မိဘဆိုတာ သားသမီး တွေအသက်ဘယ်လောက်ကြီးသွား
သွား သူတို့စိတ်ထဲမှာ ကလေး လေးလိုပဲမြင်တတ်ကြတာ
ဖြေးဖြေး ဖျောင့်ဖျ ပြောပေါ့

Anonymous said...

ဟုတ်ပါရဲ့
အမေကို သောက်ကျင့်မကောင်းဘူးတို့ စုတိစိတ်ကျသွားမယ်တို့ သုံးနှုန်းရေးတာ မကောင်းဘူးထင်တယ်။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...