နင်ပြောတဲ့ အတိတ်တွေက
ငါမေ့ထားခဲ့တဲ့ စာမျက်နှာတွေပါ
ငါကလဲ မချစ်ခဲ့ သလို
သူကလဲ မလွမ်းခဲ့တဲ့ ဒီဇာတ်ကိုမှ
ဘာကြောင့် ကောက်ကြောင်းဆွဲချင်ရတာလဲ ။
ခံရခက်တဲ့ ရိုက်ခတ်မှုတွေနဲ့
ငါ့ရင်ကို နာကျင်စေလို့
ဒေါသနဲ့ ပေါက်ကွဲခဲ့တော့
အနာပေါ် တုတ်ကျတာလားတဲ့ ။
ပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့
ချစ်ချင်းကို သရော်ခဲ့လို့
နှုတ်ခမ်းဝမှာ စကားလုံးတွေ
ပျောက်ဆုံးနေခဲ့ ပြန်တော့
ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းလားတဲ့ ။
အချစ်ထက် နားလည်မှုကို
တန်ဖိုးထားတတ်တဲ့ ငါ့အတွက်
သံသယမီး လောင်မြိုက်နေတဲ့
နင့် နှလုံးသားတစ်ခုက
ဘယ်လိုမှ အရာမ၀င်ခဲ့တော့ဘူး ။
ဒီလမ်းမှားကြီးမှာ
ခွင့်လွှတ်ပြုံးနဲ့
နောက်ပြန်လှည့်တာကပဲ
ခပ်ကောင်းကောင်းပါ………။
3 comments:
တယ်ဟုတ်ပါလား....
ဒါမျိုးလေးတွေလည်း ရတာပဲကိုး...။
ကဗျာလေးသိပ်ကောင်းတယ်
တို့နဲ့ တိုက်ဆိုင်တယ်လို့တောင် တွေးလိုက်မိသေး
ကဗျာလဲ အစပ်ကောင်းသားဘဲနော်..
ချီးကျူးသွားပါတယ်..
လမ်းမှားတာ သေချာရင်တော့ နောက်ပြန်လှည့် တာ အကောင်းဆုံးပေါ့။
Post a Comment