နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 16 July 2010

ကမ္ဘာသုံးပြက္ခဒိန်


နိုင်ငံ အမျိုးမျိုးတို့မှာ သူတို့ရိုးရာအတိုင်း နေ့ ၊ လ ၊ ရက် ၊ နှစ်အမျိုးမျိုးကို သတ်မှတ်ကြတယ်..။ ကျွန်မတို့ မြန်မာမှာလဲ မြန်မာလတွေ ၊ ပွဲတော်ရက်တွေ စတဲ့ ရက်လနှစ်တွေရှိကြတာ အားလုံးသိပြီးဖြစ်မှာပါ ။ မသိရင် အဲအကြောင်းကို ကိုဇေတာရာက မြန်မာလ အကြောင်းကို လစဉ်ရေးမယ်လို့ ကြေငြာထားတယ်လေ.. အဲဒါကြောင့် သူရေးတာစောင့်ဖတ်ပေါ့နော်…။ ခုကျွန်မ ပြောချင်တာက ကမ္ဘာသုံးပြက္ခဒိန် အကြောင်းပေါ့…။ သိသလောက် မှတ်ထားသလောက်လေး ပြောပါရစေ ။
ကမ္ဘာသုံးနေ့များကို အင်္ဂလိပ်လို့တော့ ဆန်းဒေး ၊မန်းဒေး စသဖြင့်ခေါ်ကြတယ် ..။ ဂျာမန်လိုလဲ အဲလိုအသံထွက် ခပ်ဆင်ဆင်လေးတွေ ဆွန်တက်(sontag) ၊ မွန်တက်montag) စသဖြင့်ခေါ်ကြတယ် ။ ပြင်သစ်လဲ အဲလိုပဲ အသံထွက်လေးတွေက ခပ်ဆင်ဆင်ရယ်..။ အဓိပါယ်ကတော့ နေနေ့ ၊ လနေ့ ဆိုပြီးခေါ်ကြတယ်။  အကျယ်တ၀င့် ပြောပြရမယ်ဆိုရင်တော့
Sunday (ဆန်းဒေး)
နေနတ်သားကို အစွဲပြုပြီးခေါ်သော မြန်မာလို တနင်္ဂနွေနေ့ ပေါ့ ။
Monday (မန်းဒေး)
လနတ်သမီးကို အစွဲပြုပြီးခေါ်တဲ့ တနလာင်္နေ့ ။
Tuesday ( ကျူးစဒေး)
အင်္ဂါနေ့ကတော့ စစ်ကိုအစိုးရသော ဂျူပီတာ (Jupiter)နတ်မင်းကိုအစွဲပြုပြီးခေါ်ပါတယ်။
Wednesday ( ၀င်းနစဒေး)
လေမုန်တိုင်းကို အစိုးရတဲ့ ၀ိုဒင် နတ်မင်းကို တင်စားခေါ်ဝေါ်တဲ့ ဗုဒ္ဒဟူးနေ့ ။
Thursday ( သားစဒေး)
ဝိုဒင်ရဲ့သား မိုးကြိုးနတ် သောရ် ကိုခေါ်တဲ့ ကြာသာပတေးနေ့ပါ ။
Friday (ဖရိုက်ဒေး )
သူကတော့ ၀ိုဒင်နတ်ရဲ့ မိဖုရား ဖရစ်ဂါ နတ်သမီးကိုတင်စားခေါ်ဝေါ်တဲ့ သောကြာနေ့ ပါ ။ သောရ်ရဲ့ အမေ ဟုတ်မဟုတ်တော့ မသိဘူး J
Saturday (ဆက်တာဒေး)
ဆက်တန် (Saturn )နတ်မင်းကို အစွဲပြုပြီခေါ်တဲ့ စနေ နေ့ ပါ ။
ခရစ်တော် မပေါ်မီ နှစ်များစွာက အီဂျစ်နိုင်ငံမှာ တစ်လကိုရက်ပေါင်း ၃၀ လို့သတ်မှတ်ပြီး ၁၂ လကို ၁ နှစ်လို့သတ်မှတ်တယ် ။  အဲဒီပြဌာန်းချက်အရ တစ်နှစ်မှာ ရက်ပေါင်း ၃၆၀ ပဲရှိတော့တယ် ။ သူတို့က နေရဲ့ အသွားအလာကို ကြည့်ပြီးတွက်ချက်လိုက်တော့ တစ်နှစ်မှာ ၃၆၅ ရက်ရှိရမယ်ဆိုတော့ လိုနေတဲ့ ၅ ရက်ကပြဿနာတက်နေကြရော..။ သေသေချာချာပြန်တွက်ချက်ကြတော့ ၅ရက်မကဘူး လိုနေတာ ၅ရက်နဲ့ နာရီပိုင်းလောက် လိုနေတာ…။ အဲဒီတော့ တနှစ်ကို ၅ရက်က ပွဲတော်ရက် ၊ နောက် ၄ နှစ်တကြိမ် ၁ ရက်တိုးဆိုတော့ ၆ ရက်ဖြစ်သွားတယ် ။ အဲဒီရက်ပို ၅ရက်တို့ ၆ ရက်တို့ ဆိုတာ နှစ်တိုင်းပွဲတောနေ့ဆိုပြီးသတ်မှတ်ပလိုက်တယ်…။ နှစ်ပေါင်းများစွာကြာလာတော့ အဲဒီရက်ပိုတွေကို တိုးဖို့ မေ့လျော့ခဲ့ကြတယ်တဲ့ ။ ဘာဖြစ်ကုန်လဲ သိလား…။ ရာသီဥတု နဲ့ ရက်လတို့ မှားကုန်တော့တာပေါ့ ။ ပြက္ခဒိန်မှာတော့ မိုးတွင်းလို့ ပြောပြီး တကယ့်အပြင်မှတော့ နွေလိုပူလောင်နေတယ် ..။ နွေလိုသတ်မှတ်ထားတဲ့ ရာသီရောက်တော့ မိုးတွေသဲကြီးမဲကြီးရွာနေတော့ ပြဿနာတွေဖြစ်ကုန်တော့တာပေါ့နော်…။
ဒါနဲ့ပဲ ဥရောပယဉ်ကျေးမှုမြစ်ဖျားခံရာ ရောမပြည်က ရောမလူမျိုးတွေက သူတို့အတွက် ပြက္ခဒိန် တစ်မျိုးတီထွင်ပြန်ရော..။ သူတို့ ပြက္ခဒိန်အရ ဆို တစ်နှစ်မှာ ၁၀ လ ၊ တစ်လမှာ ၃၁ ရက် ၊ ဒါမှမဟုတ် ၂၉ ရက်ဆိုပြီးသတ်မှတ်ပြန်တယ်..။ သူတို့တီထွင်ထားတဲ့ နှစ်လ အစီအစဉ်တွေကတော့
မတ်လ ဟုခေါ်သော ပထမ လတွင် ၃၁ ရက် ၊
ဧပြီလ ဟုခေါ်သော ဒုတိယလတွင် ၂၉ ရက် ၊
မေ ဟုခေါ်သော တတိယလတွင် ၃၁ ရက် ၊
ဇွန်ဟုခေါ်သော စတုတ္ထလတွင်၂၉ ရက် ၊
ကွင်တီးလစ်(Quintilis) ဟုခေါ်သော ပဉ္စမလတွင် ၃၁ ရက် ၊
ဆက္ကဆတီလစ် ( sextilis) ဟုခေါ်သောဆဋ္ဌမလတွင် ၂၉ ရက် ၊
စက်တင်ဘာလ ဟုခေါ်သော သတ္တမလတွင် ၂၉ ရက် ၊
အောက်တိုဘာ ဟုခေါ်သော အဋ္ဌမ လတွင် ၃၁ ရက် ၊
နိုဝင်ဘာ ဟုခေါ်သော န၀မ လတွင် ၂၉ ရက် ၊
ဒီဇင်ဘာဟုခေါ်သော ဒသမလတွင် ၂၉ ရက် နဲ့ ရက်စုစုပေါင်း ၂၉၈ ရက်ရှိတယ် ။ အားလုံးက ညီညီညွတ်ညွတ်နဲ့ တစ်နှစ်မှာ ၃၅၅ ရက်လို့ သတ်မှတ်ထားတဲ့ အတွက် ရက်ပိုတွေ လပိုတွေကို အလျဉ်းသင့် သလိုဖြည့်နေရတာနဲ့ပဲ…နှစ်ပေါင်းကြာလာတော့လဲ … ရက် ၊ လ ၊နှစ်တွေ နဲ့ ရာသီဥတုတွေက မကိုက်ညီတော့ပြန်ဘူး…။ ပညာရှင်တွေ တိုင်ပတ်နေကြပြီလေ..။ အဲဒါနဲ့ပဲ ဒီခေတ် အခေါ် ဇန်န၀ါရီ  နဲ့ ဖေဖေါ်ဝါရီ လို့ခေါ်တဲ့ လနှစ်လကို ထပ်ဖြည့် လေးနှစ်တကြိမ် ပြုပြင်တဲ့ ပြက္ခဒိန်တမျိုး တီထွင်ပြန်တယ်…။  အဲဒီ ပြက္ခဒိန်မှာတော့ ပထမလေးလမှာ ၃၁ ရက် ၊ နောက် ခုနှစ်လမှာ ၂၉ ရက် ၊ ကျန်တဲ့တစ်လ ( ဖေဖေါ်ဝါရီ) မှာတော့ ၂၃ရက် ဖြစ်စေ ၊ ၂၄ ဖြစ်စေ ၊ ၂၇ ၊၂၈ ဖြစ်ဖြစ်ဆိုပြီး နေအသွားအလာကို တွက်ချက်၍ အမျိုးမျိုး သတ်မှတ်ကြတယ်… ဒါပင်မဲ့….လေးနှစ်တစ်ကြိမ်သတ်မှတ်လိုက်တော့ ၄ ရက်ပိုနေပြန်ရော….  ၀ှုးးးးးးးး မောလာပြီ…။ ပြီးတော့မယ်နော်.. ခဏလေး။။။။။
ဘီစီ ၄၅ ခုနှစ်မှာ ရောမဧကရာဇ်ဘုရင် ဂျူးလိယပ်ဆီဇာ က အီဂျစ်နက္ခတ်ပညာရှုင်ဆိုဆီဂင်နီး ( Sosigenes ) နဲ့ တိုင်ပင်ပြီး ဂျူလီယန်ပြက္ခဒိန်ကို တီထွင်ပြဋ္ဌာန်းလိုက်ပြန်တယ်..။ ဤပြဋ္ဌာန်းချက်အရ နှစ်ကို ဇန်န၀ါရီ နှင့် စပြီး မူလက မည့်ခေါ်ခဲ့ တဲ့ ဆဋ္ဌမလ (ဇွန်) လ နှင့် သတ္တမလ ( စက်တင်ဘာ ) လ ကြားမှာဂျူလီယက်ဆီဇာကို ဂုဏ်ပြုသောအားဖြင့် ဇူလိုင်လ နဲ့ သြဂပ်စတက်ဆီဇာကို ဂုဏ်ပြုပြီး သြဂုတ်လ ဆိုပြီး အဲ ၂ လ ကို ထပ်ဖြည့်လိုက်တယ်..။အဲဒီ ပြက္ခဒိန်က စပြီး ယခု ကျွန်မ တို့ သိတဲ့ လ ၁၂ မျိုးအမည်ကိုရသွားတယ်…။  ပြက္ခဒိန်ကို စပြီး သတ်မှတ်တဲ့ နှစ်ဦးကနေ အစပြုပြီး ပထမ ၃ နှစ်မှာ ၃၆၅ ရက် ၊ စတုတ္ထလမှာ ၃၆၆ ရက် ဆိုပြီးသတ်မှတ်တယ်..။ခရစ်တော်ပေါ်သော အခါက အေဒီ လို့ ခေါ်တဲ့ ခရစ်နှစ်ကို ဤဂျူလီယမ်ပြက္ခဒိန် အတိုင်း လက်ခံလာကြတယ်..။ ဒါပင်မဲ့ အမှားမကင်းပြန်ဘူး…။ တနှစ်ကို ၁၁ မိနှစ်လွဲ မှားနေတယ်…။ ဤသို့ လွဲ မှားကြောင်း သိတဲ့ နှစ်မှစပြီး ပြန်တွက် ချက်ကြည့်လိုက်တာ နှစ်ပေါင်း ၁၆၀၀ ကြာရင် ဒီဂျူလီယမ်ပြက္ခဒိန်က ၁၀ ရက်မှားနေမယ်တဲ့…။
ထိုကြောင့် ခရစ် ၁၅၈၂ မှာ တစ်ဆယ့်သုံးဦးမြောက် ပုပ်ရဟန်းမင်း ဂရီဂိုရီ (Gregory Xlll) က ပြက္ခဒိန်ပြန်လည်ပြုပြင်ရေးကို ဆောင်ရွက်တယ်..။ လေးနှစ်တစ်ကြိမ် ဖေဖေါ်ဝါရီလမှာ တစ်ရက် ပိုဆောင်းပေးလိုက်တယ်..။ အဲဒီလေးနှစ်ဆိုတာက ရောက်တဲ့ နှစ်ကို ၄ နဲ့စားလို့ ပြတ်တဲ့နှစ်ကိုယူတယ်..။ကဲ…… ခုကျွန်မတို့ အသုံးပြုနေတဲ့ ကမ္ဘာပြက္ခဒိန်ကို ရဟန်းမင်းကြီးအား အစွဲပြုပြီး ဂရီးဂိုရီယာန် ပြက္ခဒိန်လို့ ခေးတယ်။။။။ ဤတွင် ကမ္ဘသုံးပြက္ခဒိန်ပေါ်ပေါက်လာ ပုံသမိုင်းပြီး၏..။ ခဏလေး ရေသောက်လိုက်အုံးမယ်…။
လတွေရဲ့ အမည်နဲ့ အစွဲပြုရာ အချက်အလက်တွေ ကိုဆက်ပြောမယ်နော်…။
January ( ဇန်န၀ါရီ )  ပထမလ
( ၃၁ ) ရက်ရှိတယ်။။။  မျက်နှာ ၂ ဘက်ရှိသော ကောင်းကင်ဘုံ၏ တခါးဝကို စောင့်သည့် ဂျေနပ် ( Janus ) နတ်ကို အစွဲပြုပြီးခေါ်သည် …။ ဂျေဒိုးနတ် မဟုတ်ပါ…။
February ( ဖေဖေါ်ဝါရီ ) ဒုတိယလ
(၂၈) ရက်ရှိတယ်….။ ရက်ထပ်တဲ့ နှစ်မှာ ၂၉ ရက်ရှိတယ် ။ ဤလ၏ အမည်သည် သန့်ရှင့်စင်ကြယ်ခြင်းဟု အဓိပါယ်ရသည်။။
March (မတ်) တတိယလ
(၃၁) ရက် ။။။။ မားစ် (Mars) အမည်ရှိ စစ်ကိုစစ်ကို အစိုးရသော် ရောမနတ်ကို အစွဲပြ၍ခေါ်သည် ။ ဂျူလီယာန်ပြက္ခဒိန် မပြဋ္ဌာန်းမီက မတ်လသည် နှစ်အစ ပထမ လ ဖြစ်သည် ..။
April ( ဧပြီ ) စတုတ္ထလ
ထိုလသည် လူတွှို အရူးအမူးပျော်ကြာသည့် April Fool’s Day ကိုအစွဲပြုပြီး ဧပြီလဟုခေါ်သည်တဲ့…။ ဒီလမှာပဲ ကျွန်မ တို့ရွှေမြန်မာတွေ လဲ အရူးအမူးပျော်တဲ့ သင်္ကြန်ရှိတယ်နော်…။ရက်ပေါင်း (၃၀) ရက်ရှိတယ်..။
May ( မေ ) ပဉ္စမလ
(၃၁) ရက် ရှိတယ်…။။ မာအိယာ( Maiai) အမည်ရှိ ပထ၀ီမြေသားနှင့် သီးပင်ဝါးပင်ဖြစ်ထွန်းခြင်းကို အစိုးရသော ရောမ နတ်သမီးကို အစွဲပြုပြီးခေါ်သည်..။
June ( ဂျွန် ) ဆဋ္ဌမလ
ဂျူနို ( Juno) အမည်ရှိတဲ့ ရောမနတ်သမီး ကိုအစွဲပြု ပြီခေါ်သည် ..။( ၃၀) ရက်ရှိတယ်…။
July (ဂျူလိုင်) သတ္တမလ
ရက်ပေါင်း ၃၁ ရက်ရှိတယ်..။ မူလက ကွင်းတီလစ်(Quintilis) ဟုမှည်ခေါ်ထားသည်ကို ပယ်ပြီး ဂျူလီယက်ဆီဇာကို ဂုဏ်ပြုသော အားဖြင့် အမည်သစ် ဇူလိုင်ဖြစ်လာသည်…။
August (သြဂုတ်) အဋ္ဌမလ
ရက် ၃၀ ရှိတယ်..။ အရင်တုန်းက ဆက္ကိတီလစ်( sextilis) ဟုမှည့်ခေါ်ထားသော အမည်ကိုပယ်ပြီး သြဂတ်စတပ်ဆီဇာ ကိုဂုဏ်ပြုခေါ်ဆိုပြီး သြဂုတ်လ ဖြစ်သွားတယ်..။
September ( စက်တင်ဘာ )
ရက်ပေါင်း ၃၀ ရှိတယ်.. ။မူလက သတ္တမမြောက်လ ဖြစ်၍ စက်တင်ဘာလ ဟုမှည့်ခေါ်ထားရာမှ အစီအစဉ် အသစ်အရ န၀မ မြောက်လ ဖြစ်လာသော်လဲ စက်တင်ဘာလ ဟုဆက်ပြီးခေါ်တယ်..။
October (အောက်တိုဘာ )
ရက်ပေါင်း ၃၁ ရက်ရှိတယ်. ။အဋ္ဌမ မြောက်လ ကို ဒသမနေရာရွှေ့လိုက်တယ်..။ အောက်တိုဘာလို့ ပဲ ဆက်ခေါ်တယ်..။
November ( နိုဝင်ဘာ )
ရက်ပေါင်း ၃၀ ရှိတယ်..။ န၀မမြောက် လ ကို ဧကဒသမ (၁၁) နေရာရွှေ့လိုက်တယ်..။ နိုဝင်ဘာလို့ ပဲ ခေါ်တယ်..။
December ( ဒီဇင်ဘာ )
၃၁ ရက်ရှိတယ်..။ ဒသမ မြောက်နေရာ ကို ဒွာဒဿမ ( ၁၂ )နေရာကို ရွှေ့လိုက်တယ်..။ ဒီဇင်ဘာလို့ ပဲ ခေါ်တယ်.. ။ ဘာလေးဘာ လကတော့ နေရာရွှေ့ခံရတာပဲ..။ ဘာကိုမှ အထူးပြုပြီး ၊ ဂုဏ်ပြုပြီး အမည်မှည့်တာတွေ မရှိဘူး..။
ဒီ ဂရီဂိုရီယန် ပြက္ခဒိန်ကို ဥရေပြတိကြ် ကက်သလစ် ဂိုဏ်းဝင် နိုင်ငံတွေက စပြီး တညီ တညွတ်ထဲ လက်ခံကြတယ်..။ အင်္ဂလန်မှာရှိတဲ့  ပရိုတက်စတင့် ဂိုဏ်းဝင် တွေကတော့ ၁၇၅၁ မှစပြီးလက်ခံတယ်..။ ရုရှားနိုင်ငံကတော့ ၁၉၁၇ ၊ကျန်တဲ့ ဥရောပ နိုင်ငံ အချို့ကတော့ ၁၉၂၃ မှစပြီးလက်ခံအသုံးပြုကြတယ်..။
ရက်ထပ်နှစ် ဆိုတာက ရောက်တဲ့ နှစ်ကို ၄ နဲ့ စားပြီး ပြတ်တဲ့ နှစ်ကို အကြွင်းမရှိနှစ်ကို သတ်မှတ်တယ်ပေါ့…။ နှစ် ပေါင်း ၁၀၀ ရောက်တဲ့ နှစ်တွေကိုပင် ရက် ထပ်နှစ် မလုပ်ဘူး…။ ရောက်တဲံ နှစ်ကို ၄၀၀ စားမှ ပြတ်တဲ့ ရာပြည့်နှစ်တွေကို ပဲ ရက်ထပ်နှစ်ယူရမယ်လို့ သတ်မှတ်တယ်..။ ဒါကြောင့် ခရစ်နှစ် ၁၆၀၀ နဲ့ ၂၀၀၀ ကရက်ထပ်နှစ်ဖြစ်ပြီး ခရစ်နှစ် ၁၇၀၀ ၊ ၁၈၀၀ ၊ ၁၉၀၀ ကတော့ ရက်ထပ်နှစ်မဟုတ်ပါဘူးတဲ့ ရှင့်…။
ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရတဲ့ ကဗျာလေးကတော့
ရက် ၃၀ မှာ စက်တင်ဘာ ၊ ဧပြီ ၊ ဂျွန် နဲ့ နိုဝင်ဘာ
ကျန်သောလမှာ ၃၁ ၊
ဖေဖေါ်ဝါရီ ၂၈ ၊ရက်ထပ်နှစ်မှာ တရက်တိုး ဖေဖေါ်ဝါရီ ၂၉  တဲ့..။ ဒီပိုစ့်လေးကတော့ ဒီကဗျာလေးကို သတိရပြီး စာတွေရှာ…၊ စာအုပ်တွေ ဖတ် ၊ပြီးမှရေးတာပါ…။ ကိုကိုဇေ က သူက မြန်မာ လတွေရေးမယ်တဲ့..။ ဒီတော့ သူကတောင် ဒီလိုတွေ ရေးရင် ငါလဲ ရေးတတ်တယ်ဆိုတာ ပြတဲ့ သဘောပါ..။ မှားတာတွေ ၊ ရှိကောင်းရှိပါမယ်..။ အချက်အလက်တွေ မမှန်ခဲ့ရင် အားမနာတမ်းပြောပါ..။ ဝေဖန်ပါလို့…။
ဟုတ်ကဲ့ ကျွန်မ နှင်းမိုးမိုး ပါ…။

9 comments:

မာရ်နတ် said...

ပုပ်ရဟန်းမင်းကြီးနဲ့သူ့ပြက္ခဒိန်ကတော့ ဆယ်တန်းသင်ရိုးမှာတုန်းကဖတ်ဖူးပေမဲ့ အဲဒီအရှေ့ကဆီဇာပြက္ခဒိန်ကကြားဖူးယုံပဲကြားဖူးခဲ့တာ အခုမှစုံစုံလင်လင်သိတော့တယ်။ ဒါနဲ့ မနှင်းမိုးတို့ အရွေးခံချင်လွန်းလို့ စာမေးပွဲစောစောဖြေကြမယ်ဆို :P

ယွန်း said...

ဗဟုသုတရစေတဲ့ ပို့ စ်ကောင်းလေးတစ်ပုဒ်ပါပဲ
ဖတ်သွားပါတယ်ရှင်

ခင်မင်စွာဖြင့်
ယွန်း

နတ်ဆိုးလေး said...

မနှင်းမိုးမိုးရေ ပရောက်စီလေး အဆင်ပြေတုန်းလာဖတ်တာ..
ကောင်းတယ် အမ ဆက်ရေးနော်..
အမက တော်ပါတယ်..
ရေးသာရေး.. ဘယ်တော့မှ နောက်မဆုတ်နဲ့နော်
ပြီးတော့ အပြိုင်အဆိုင်ရေးတာလဲ ရေးပေါ့
ဒါပေမယ့် အပြုသဘောနဲ့ ပဲ ပြိုင်ကြပါလို့
အကြံပေးပါရစေ.။

စကားအမှား ပါသွားရင် ခွင့်လွှတ်ပါခင်ဗျာ..
နတ်ဆိုးလေး

ဇော်သိင်္ခ said...

ကျေးဇူးပဲနော်.. ကမ္ဘာသုံး ပြက္ခဒိန် အကြောင်းလေး ကိုစုံစုံလင်လင်လေး သိခွင့်ရတဲ့အတွက်... တစ်နှစ်မှာ ၁၂ လရှိတယ်လို့သာ သိထားတာ..ဘာကြောင့် ၁၂ လဖြစ်သွားတယ်.. ဘာကြောင့် ဘယ်လတွေ တိုးလာတယ်ဆိုတာတော့သေချာ မသိဘူးဗျ..
အခုမှပဲ သိတော့တယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

မှတ်မှတ်သားသားလေး ဖတ်သွားပါတယ်..
ကျေးဇူးပါညီမလေး မသိသေးတာကို သိလိုက်ရလို့ပါ..
ကိုယ့်ဟာကိုယ်ဆို ရှာမဖတ်ဖြစ်ဘူးလေ..

သဒ္ဓါလှိုင်း said...

ဗဟုသုတဖြစ်ဖွယ်ပိုစ့်ကောင်းပါညီမရေ..
ပင်ပင်ပန်းပန်းနဲ့ရှာဖွေစုဆောင်းပေးတာကျေးဇူးနော်.

ခင်တဲ့
သဒ္ဓါ

မောင် လေး said...

ဗဟုသုတ တွေ ယူသွားပြီ၊

မြစ်ကျိုးအင်း said...

ခုမှပဲ သေသေချာချာ သိရတော့တယ်။
စာဖတ်သူတွေအတွက် စေတနာထားတာကို မြင်ရပါတယ်။
တကယ့် သုတ ရစေတဲ့ ပို့စ်လေးပါ။

ကိုကိုးအိမ် said...

နှင်းရော မိုးရော ရောနေတဲ့ ဆောင်းမိုးရာသီရေ ပို့်စ်လေးအရမ်းလန်း
ဗဟုသုတအရမ်းရ ကျေးဂျူးအရမ်းတင်
ကလေးတွေပြန်ပြောပြရအောင်မှတ်သွား
တာ့တာ

ကိုကိုးအိမ်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...