နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Thursday 26 August 2010

SO CALL

ဒီဘလော့လေးမှာ စာစတင်ရေးတော့မယ် ဆိုတော့ နှင်းကိုဇေက ဂတိတခုတောင်းလိုက်တယ် ၊ ဒို့ဘလော့မှာ ၊  ဘာသာရေးနဲ့ ပတ်သက်တဲ့ဘလော့ ရယ်မတင်ဘူး ဆိုရင် မင်းရဲ့ဘလော့မှာ ဇေသိသလောက်လေး တွေကူရေးမယ်လို့ ၊ အဲလိုဂတိ တောင်းတော့ နှင်းကပြောတယ်  နင်ကဘာသာမဲ့မို့လား တဲ့ မဟုတ်ဘူးလို့ အကုသိုလ်မများချင် လို့ဟလို့ ၊ နှင်းသဘောပေါက် သလား မပေါက်ဘူးလား တော့ဇေမသိခဲ့ပါဘူး ၊ ဇေကတော့ ကိုယ့်စကား ကိုကိုယ်သိတယ် ဘလော့ဆိုတာ ပြည်ပမှာနေတဲ့လူ တိုင်းဖုန်းတလုံးနဲ့ ကွန်တလုံးရှိသူ တိုင်းရေးလို့ရတော့ လူတိုင်းရေးကြမယ် ရေးပြီဆိုရင် ဆွေးနွေးဘို့ ဖြစ်လာပြီး စတင်ဆွေးကြတယ် ၊ ဥပမာ ပညာရေး ၊ စီးပွားရေး ၊ လူမှု့ရေး အဲလိုအရေးတွေကို ဆွေးနွေးကြတယ် ဆိုရင် ဖက်ရတဲ့လူရော ၊ ရေးတဲ့လူရော အကျိုးအင်မတန်ရှိပါတယ် ၊ ဇေကိုယ် တိုင်က အဲလိုဘလော့လေးတွေ ရှာဖွေဖက်တယ် ။

ဘလော့တွေမှာ တချို့ဘလော်ကာကြီးတွေ နိုင်ငံရေးအကြောင်းရေးကြတယ် ၊ သိပ်ပြီးတော့ သ ဘောကျတယ် ၊ ကိုယ့်အမြင်သူ့အမြင် ဆွေးနွေးဖလှယ်ကြတယ် အတုခိုးစရာသိပ်ကောင်းပါ တယ် ၊ ငယ်နိုင်ဘလော့ကာနဲ့ နော်ဝေကမဗေဒါကြီးတို့ ဘလော့တွေမှာများ တခါတရံဆွေးနွေး ထားတာ အတုယူဘို့တအားကောင်းတယ် ၊ ခတ်တာက အဲဒီပိုစ့်တွေအောက် ဟိုမရောက်ဒီမ အောက်ကလိအာ တွေတောင်အော် မြောက်အော်တွေ တွေ့မှိတော့ တော်တော်လေးစိတ်ဆင်းရဲရ တယ် ၊ နောက် ဆုံးဆဲဆိုရေရွတ်ကြလို့ ၊ ဆဲတဲ့ကွန်မင့်တွေကို ဖျက်မယ်လို့တောင် စာကပ်ရတဲ့ အထိဖြစ် လာတယ် ၊ အဲလိုကိစ္စတွေ ဘလော့လောကမှာ အများကြီး  ။

နောက်တခုက ဘာသာရေး လူတွေဘာသာရေး ရေးတာကို အပြစ်မြင်တာမဟုတ်ပါ ၊ ကျွန်တော် ဗုဒ္ဓဘာသာ မဟုတ်ပေမဲ့ ပရိတ်ကြီး၁၁သုတ်လုံးကို အလွတ်ရပါတယ် ၊ ငါးပါးသီလကို ကိုယ့်ဘာသာ ကိုယ်တောင်းတတ်ပါတယ် ၊ လှူဒါန်းပြီးရင် နိဗ္ဗာနဿ ပစ္စယော ဟောတု  သံဃဿ ဒေမ စတဲ့ အလှူအတန်းနဲ့ စပ်ဆိုင်တဲ့ ဝေါဟာရတွေကိုသိပါတယ် ၊ နတ်မောက်လမ်းက မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကြီးမှာ ပါးနဲ့တစ်လ တရားစခမ်းဝင်ဘူးပါတယ် ၊ ၀က်သကင်တောရ မှာသတင်းသုံးနေတဲ့ (ယခုပျံလွန်တော်မူသွားပြီ) ရွှေတောင်တတ်ဒဿန ရေးတဲ့ ဆရာကြီးဦးဆန်း လွင် ဘုန်းကြီးဘွဲ့ အရှင်အာဒိစ္စရံသီ ဆီမှာ ၃ရက် တရားလိုက်နာဖူးပါတယ် ၊ မဟာမြိုင်ဆရာတော် ဘုရား အရှင်ဇောတိက ရေးတဲ့ ဘ၀ဆိုတဲ့ကျောင်း စာအုပ်ကနေ တွေးရတာပျော်တယ်အထိ ၂၂အုပ် စီးရီးလိုက်ဖက်ဘူးပါတယ် ၊ သစ္စာဒီပကဆရာကြီးဦးကြည်ရဲ့ ဒိဋ္ဌဓမ္မော ကနေ ဓမ္မာနုပဿ နာကျမ်းကြီးထိ ၁၀ အုပ်စီးရီးလိုက် ဖက်ဖူးပါတယ် ၊ ဒါပေမဲ့ တခါမှ ဘာသာရေးအကြောင်း မငြင်းခုန်ဘူးပါ ၊ ထိုင်းမှာနေစဉ်က ဇေ့ကိုတေးထပ် မကျည်းရွတ် ထပ်ပုံနည်း သင်ပေးတဲ့ ဦးပညာ ဗလဆိုတဲ့ ဘုန်းဘုန်းလေးဟာ ပီယာနိုတီးတတ်ပါတယ် ၊ တယောထိုးတတ်ပါတယ် ၊ ဇေတို့ကဆို တယ်သူကထိုးတယ် တီးတယ်လုပ်ပါတယ် သူကတောင်တခါတရံ ရှက်နေလို့ စောင်းဆရာ ဣန္ဒသက္ကဟာ မန္တလေးမှာ ဘုန်းကြီးဝတ်နဲ့ စောင်းသင်ပေးပါတယ် ဘယ်သူမှမကဲ့ရဲ့ပါဘူး လူထုဒေါ် အမာကတောင် မဟာဂီတဆိုတဲ့ စာအုပ်ထဲမှာ တခန်းတနား ထည့်ရေးထားသေးတယ် ဘာညာနဲ့ ပြောတော့မှ သူကတယောထိုးတာ သင်ပေးတာကိုး အဲလိုတွေရင်းနှီး ကျွမ်းဝင်ပေမဲ့ သူ့ကိုဘုန်းကြီး မဟုတ်ဘူး အတုအယောင် ဘာညာဒီလိုအတွေး မျိုးတခါမှ မ၀င်ခဲ့ဘူးပါဘူး သူ့အလုပ်သူလုပ် နေတာဘဲလို့မြင်ပါတယ် ။

ဇေတို့အိမ်ရှေ့မှာ ၀ိဇ္ဇာသိပ္ပံဆိုတဲ့ကျောင်းရှိတယ် ၊ ဘုန်းကြီးတွေ တခါတရံ ညနေစာစားနေတာ မြင်ခဲ့ဘူးသားဘဲ ချက်တောင်ကြွေးဖူးသေးတယ် ဒါပေမဲ့စိတ်ထဲမှာ သူ့တို့ကိုလေးစားမှုလျှော့မ သွားဘူး ၊ သူ့တို့အလုပ်သူတို့ လုပ်တယ် ညဘက်၁၁နာရီလောက်ထိ စာအော်ကျတ်ကြတယ် ၊ ဇေတို့အိပ်ယာ တောင်မထသေးဘူး သူတို့စာတွေကျတ်နေပြီ တခါတရံဘုန်းကြီးတွေကလဲ ကျတ်လိုက်တာ လွန်တာဘဲလို့တောင် တမှိပါရဲ့ ၊ ညနေဘက်ကြုံလို့ မုန့်ဝယ်ခိုင်းတယ် သွားဝယ်ပေးလိုက်တာဘဲ သူ့အလုပ်ကိုသူလုပ်နေ တဲ့လူတွေ ဒို့လိုအလုပ်လက်မဲ့တွေ မဟုတ်ဘူး သူ့တို့ရဲ့အသိုင်း အ၀ိုင်းကို သူတို့ရဲ့လုံးလတွေနဲ့ ထိန်းကြောင်းနေသူတွေ လို့ဘဲမြင်ပြီး ကိုယ့်ဘာသာ ကိုယ်နေခဲ့တာ ၊ တခါမှ ဘာညာမပြောဘူးပါ ၊ သူငယ်ချင်းအောင်ခန့်က ဘုန်းကြီးတ ပါး  ညနေဘက်မုန့်တွေ ၀ယ်နေတာတွေ့လို့ ဇေ့ကိုလာပြောတော့ မင်းအဖေ ဘယ်ဋ္ဌာနမှာ လုပ်သလဲလို့ မေးကြည့်လိုက်တယ် မြို့တော်စည်ပင်က လမ်းတံတားအင်ဂျင်နီယာ ဋ္ဌာနမှာတဲ့ မင်းတို့အိမ်ကနေ မင်းအဖေ နေ့စဉ်ပုံမှန် ရုံးကိုဘယ်အချိန်သွားလဲလို့ထပ်မေးလိုက်တော့ ၁၀နာရီ လောက်ပုံမှန်သွားတတ်တယ်တဲ့ ဟရုံးက ၉နာရီတတ်တာလေ ဘာလို့၁၀နာရီမှ အိမ်ကထွက်သ လဲလို့ထပ်မေးတော့ အဲကောင်မဖြေနိုင်ဘူး အဲဒါနဲ့ဇေကပြောပြတယ် မင်းအဖေက နိုင်ငံဝန်ထမ်း ကွ လစာရတယ် အရာရှိမို့လို့ ရုံးနောက်ကျရင်လဲ ဒဏ်ရိုက်မဲ့လူမရှိဘူး ၊ ငါးပါးသီလမလုံလဲ ဘယ်သူမှ အကြည်ညိုမပျက်ဘူး ၊ ဟိုကသာသနာဝန်ထမ်း လစာမရဘူး သီလတွေတပုံတပင်နဲ့ မင်းလမ်းမှာ တွေ့ခဲ့တဲ့ဘုန်းကြီး ရဲ့သီလကို မင်းရေကြည့်ရင်တောင် လက်နဲ့ခြေထောက်မလောက် ဘူး ၊ သီလပျက်တယ်လို့ သတင်းကြားတာနဲ့ လှူမဲ့တန်းမဲ့လူ တွေကမလှူတန်းတော့ဘူး ၊ အဲလိုမှန်း သိရက်နဲ့ သူလူမြင်ကွင်းမှာ ဒီလိုဝယ်တယ်ဆိုတာ ဘာလို့လဲ မင်းထမင်းစားတာမှန်ရင် စဉ်းစားပေါ့လို့ ဇေပြောလိုက်တော့ အဲကောင်တခွန်းမှမပြောတော့ဘူး ၊ ၀န်ထမ်းလောကမှာ ရုံးပုံ မှန်တတ်တဲ့ ၀န်ထမ်းတွေရှိသလို ၊ မင်းအရှေ့မှာ ညနေဘက်မုန့်ဝယ်နေတဲ့ ဘုန်းကြီးလို ဘုန်းကြီး တွေလဲ သာသနာဝန်ထမ်းလောကမှာ ပေါမှပေါ လို့ ၊ ဒါလေးကိုမြင်တာနဲ့ မဆိုင်တဲ့လူတွေမထိ ခိုက်စေနဲ့ လို့ဇေက ပြောလိုက်ဘူးပါတယ် ။

ယနေ့တိုင် ဇေဗုဒ္ဓဘာသာလို့မခံယူထားသေးပါဘူး ဒါပေမဲ့ ဘုန်းကြီးတွေနဲ့ပတ်သက်လာရင်တော့ ဇေ့ခံယူချက်ကတမျိုး ၊ လူဟာလူဘဲ လူကိုဘာအ၀တ်ကြီး ပတ်ထားထား လူ့မှာဖြစ်ရမဲ့စိတ်ဟာ ဖြစ်ကိုဖြစ်ရမယ်လို့ အဲလိုဘဲထင်မှတ်ထားပါတယ် ၊ သူ့အလုပ်သူလုပ်ဘို့ သာလိုတယ်လို့မြင်ပါ တယ် ၊ ဘုန်းကြီးဝတ်ပြီး ချဲရောင်းတာ ဗေဒင်တွက်တာ ၊ ဒါတော့သီးမခံနိုင်ဘူး ၊ ဇေ့အမ၀မ်းကွဲ မော်လမြိုင်က လာတော့ ဦးဇင်းတပါးနဲ့ ကြိုက်တယ် ၊ အိမ်ကို ကိုးမိုင်မဟာစည်ကျောင်းက တပါးကြွတယ် ၊ ကန်ဦးဇေတ၀န်စာသင်တိုက်က ၃ပါးကြွတယ် ၊ ၀ိဇ္ဇာသိပ္ပံကျောင်းတပါးကြွတယ် အားလုံးပေါင်း ၅ပါး ၊ အဲဒါနေ့တိုင်း စနေနေ့က ဖေဖေ့မွေးနေ့မို့လို့ စာတမ်းလေး တခုချိပ်ပြီး စနေနေ့ တိုင်းဆွမ်းခံ ကြွပါဘုရားလို့ ချိပ်ထားတယ် အဲနေ့ကျရင် လမ်းထဲကြွသမျှကို လောင်းတယ် ၊ မမလေးနဲ့ ကြိုက်တဲ့ ကိုယ်တော်က အမြဲတမ်းကြွနေတဲ့ ကိုယ်တော်ပါ ၊  မမလေးကိုစာပေးတာ ဇေနဲ့ဖေဖေ တိုက်ရိုက်မြင်တယ် ၊ လူပြောသူပြောနဲ့ မြင်တာမဟုတ်ဘူး ဖေဖေက မမလေးကို မော်လမြိုင်ပြန်ခိုင်းတယ် ၊ အိမ်မှာလူစုံတုန်း ဒီစကားပြောတော့ မေမေကလွဲ ရင် ကိုယ်တော်လေးကို ဆွမ်းခံဆက်ပင့်ဘို့ တအိမ်လုံးက သဘောတူတယ် ၊ ဖေဖေကပြောတယ် လူဟာလူဘဲတဲ့ ကိုယ်တော်လေးဟာ အရွယ်ရောက်နေတဲ့ အရွယ်ဖြစ်လို့ မဆင်မခြင်လုပ်မှိတာ တဲ့ ဒို့တွေပြုပြင်ပေးလိုက်ရင် ဘုန်းကြီးလေးတပါးဖြစ်လာမယ်တဲ့ သူကဓမ္မာစရိယ တန်းကိုဖြေနေတာ မအောင်သေးဘူး ၊ နောက်နေ့တွေဆွမ်းခံ ကြွတော့ဖေဖေက အဲကိုယ်တော်လေးကို အိမ်ရှေ့က တန်းယားမှာ မထိုင်စေတော့ဘဲနဲ့ အိမ်ထဲကိုပင့်တယ် ၊ ဇေတို့တွေနဲ့မိတ်ဆက်ပေးတယ် ၊ ပစ္စည်း လေးပါး လိုတာအလှူခံတော်မူပါ ၊ စာအုပ်စာတမ်း ငွေကြေး အလှူခံတော်မူပါ ၊ တပည့်တော်တို့ မှာအမှားရှိရင် ခွင့်လွတ်ပါ အပြစ်ရှိရင်ဆုံးမပါ နဲ့ အဲနေ့ကစပြီးလျှောက်တယ် ၊ မမလေး ကိုလဲမော် လမြိုင်ကို ပြန်လွတ်လိုက်တယ် ၊ ပါးက ကိုယ်တော်လေးကို တော်တော်ကရုစိုက်တယ် ၊ ၀ါဆိုလ ရောက်ရင် အဲကိုယ်တော်လေးကို သင်္ကန်းတစုံလှူတယ် ၊ ကထိန်ကျရင်လဲ လှူတယ် ၊ စာမေးပွဲ တွေရောက်ရင် ၊ သူကိုဆွမ်းအုပ်ပို့ပေးတယ် ၊ စာဖြေပြီးလို့ ရွာကိုပြန်တော့မယ်ဆိုရင် လမ်းစရိတ် လှူတယ် ၊ သူကလဲ ရွာကပြန်လာရင် လဲငရံ့ခြောက်လေး တွေပါးအတွက် လာပေးတယ်၊ အဲလိုနဲ့ အဲကိုယ်တော်လေးနဲ့ ဇေနဲ့ရင်းနှီးသွားတယ် ၊ တနေ့ကျတော့ ဥပုဿ်နေ့တဲ့ အားတယ်လာ လည်ဆိုလို့ ၊ ကိုယ်တော်လေးရှိတဲ့ စာသင်တိုက်ကိုသွားလည်တယ် ၊ သူကဟတ်ပီးဝါးကို သွားမလို့ တဲ့ ၊ လိုက်ခဲ့ပါလား ဆိုပြီးခေါ်တာနဲ့ ဇေကသူနဲ့တူတူဟတ်ပီးဝါးသွားတယ် ။

ဟိုရောက်တော့ သူကဇေ့ကို တိုက်ကားစီးပြခိုင်းတာနဲ့ တိုက်ကားစီးတယ်ဇေက သူကအပြင်ကနေ စောင့်ပြီး နောက်တသုတ်စီးဘို့ ပြင်နေတယ် ၊ ဇေလဲစီးပြီးအပြင်ထွက်လာတော့ ခုနကရပ်နေတဲ့နေ ရာမှာ ၊ သူ့ကိုမတွေ့တော့ဘူး ကိုယ်တော်လစ်သွားတာ ဘယ်လစ်သွားမှန်းမသိဘူး ၊ ပြီးမှ ဇေလိုက်ရှာတော့ ဟတ်ပီးဝါး ထိပ်က ၀ါးဟားဟားရေခဲမုန့်ဆိုင်ကနေ လှမ်းခေါ်တယ် ၊ ဘာလို့လဲ မစီးတော့တာလဲ လက်မှတ်ကြီးဖြတ်ထားတယ်မဟုတ်လား မေးတော့ တော်ပြီကွာတဲ့ လမ်းကျမှ ပြောပြမယ်ဆိုပြီး ပြန်လာကြတာ လမ်းရောက်တော့ ပါးကိုတွေ့လိုက်လို့တဲ့ ၊ အာဦးဇင်းကလဲ ပါးတွေ့တာ ဘာဖြစ်တုန်း မဟုတ်ဘူး ငါကျန်တဲ့ ဒကာတွေထက် မင်းဖေဖေကိုကြောက်တယ်တဲ့ ဇေတော်တော်လေး ပျော်သွားတယ် ပါးကဘာမှမလုပ်ဘဲနဲ့ ပါးကိုတအားရှိန်နေတာဆိုတော့ ပျော်မှိ တာပေါ့ ညကျတော့ ပါးကိုပြောပြတော့ ပါးက တအားသဘောကျသွားတယ် ၊ အခုတော့ ကိုယ်တော်လဲ ဓမ္မာစရိယပြီးသွားပါပြီ ၊ သူနေတဲ့ ပဲခူးတိုင်းဝေါမြို့နယ်က ကျောင်းတကျောင်းမှာ ကျောင်းထိုင်ဆရာတော်လေးဖြစ်သွားပါပြီ ၊ စာသင်းကျောင်း ပေါက်စလေးဖွင့်ပြီး ခလေး ၇၀ လောက်ကို နှစ်တိုင်းသူ့ပိုက်ဆံနဲ့ ဆရာမငှားပြီးစာသင်ပေးပါနေပါတယ် ၊ သူ့စာသင်တိုက် ပို့ထား တဲ့ကိုရင်လေးကိုလဲ အိမ်မှာဆွမ်ခံခိုင်းထားပါတယ် ၊ ကထိန်ရောက်တိုင်း အိမ်ကိုဖိတ်လို့ တခါလိုက် လည်ဘူးပါတယ် ၊ ရွာကအကြီးကြီးပါ ညောင်ခါးရှည်လို့ခေါ်ပါတယ် ၊ ဇေတို့ရောက်တော့ ရွာကဒ ကာကြီးတွေ ဒကာမကြီးတွေက ထမင်းဖိတ်ကြွေးပြီး သူ့တို့ကိုယ်တော်လေး တော်ကြောင်း ၀ိနည်းလေးစားကြောင်း တရားဟောကောင်းကြောင်းတွေ ချီးမွမ်းနေကြပါတယ်..ဒီနယ်မှာ သူ့တို့ကိုယ်တော်လေး တပါးသာ ဓမ္မစရိယ အောင်တယ်တဲ့ အခြားကိုယ်တော်တွေက  အကြီးတန်း ဘဲအောင်တယ်လို့ ပြောဆိုချီးမွမ်းနေကြပါတယ်…..။

ဖေဖေနဲ့ဇေသာ မမလေးကို စာပေးတာနဲ့ တန်းပြီး ကိုယ်တော်ဆွမ်းခံမကြွ ခိုင်းလိုက်ရင် ၊ ဒါမှမဟုတ် ဆိုင်ရာ ဘုန်းတော်ကြီးကိုသွားတိုင်လိုက်ရင် ၊ ဒါမှမဟုတ် မလိုမနှစ်မြို့တဲ့  အရိပ်နိမိတ် တွေပြလိုက်ရင် ၊ ဒါမှမဟုတ် နီးစပ်ရပ် ရပ်ဆွေရပ်မျိုးတွေကို ဒီကိုယ်တော်လေး အကြောင်းပြန်ပြီး ဖောက်သယ်ချလိုက်ရင် ၊ ဘလော့မှာ တင်လိုက်ရင် ၊ စာနယ်ဇင်း တခုခုမှာ ရေးသားလိုက်ရင် ဒီလိုဖြစ်လာ မယ်ထင်ပါသလား? စာရှုသူတို့

ဘာသာရေးနဲ့ ပတ်သက်ပြီး ရှုံ့ချရေးသား တတ်တဲ့ဘလော်ကာ တွေဟာ သာသနာအတွက်ပါ ဒီလိုလူတွေကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ရင့်ရင့်သီးသီး ပြောဆိုရေးသားတတ်ကြပေမဲ့ သူတို့တွေကိုယ်တိုင်က ဓမ္မစကြာ သုတ်ကို စာအုပ်ကြည့်ဆိုတာတောင် အသံမှန်မထွက်တတ်ပါ ၊ နေ့စဉ်ဘုန်းကြီးကို ၀တ္တရားတခုအနေနဲ့ ဆွမ်းလောင်းဘူးသူမပါပါ ၊ ဒက်ပေါက်နေတဲ့ ကိုရင်ကို အိမ်မှာ ဆွမ်းခံကြွတုန်း ဖန်းဂီဒန် မလိမ်းပေးဘူးပါ ၊ ယုတ်စွအဆုံး အဲဒီဘလော်ကာ တွေရဲ့အိမ်မှာ သတင်းသုံးတဲ့ ဗုဒ္ဓရှင်ပင်တောင် အာရုံဆွမ်းနေ့ဆွမ်း မှန်ဘို့ဝေးစွ ၊ သောက်တော်ရေပင် မှန်ပါလေ စဟု မေးရလောက်လုနီးနီး ဖြစ်နေပေမဲ့ သာသနာအတွက် အရှက်ကိုမငဲ့ကွတ်ဘဲ ဘာညာဆိုတဲ့စ ကားတွေပြောထွက်တာ အံ့သြစရာကောင်းလှပါတယ်…။

ဒီလိုလူတွေ ကြောင့် သာသနာမှာ မျက်နှာပျက်ရတယ် ဘာသာခြားတွေထဲမှာ ရှက်ဘွယ်ကောင်း တယ်နဲ့ အော်ဟစ်တတ်ကြပါသေးတယ် ၊ ခင်များတို့ ဘလော့ပေါ်မှာ ရေးသလိုမျိုး ဘယ်ဘာသာခြား ဘလော်ကာတွေရေးတာမြင်ဘူးပါသတုန်း ၊ မူစလင်တွေရေးတာတွေ့ဘူးသလား ခရစ်ယာန်တွေရော ၊ ဂျိမ်းတွေ ၊ ဖာတေစီတွေ ဘယ်သူတွေ ခင်များတို့လိုရေးကြပါသတုန်း ၊ ခင်များတို့ရေးတာက ခင်များတို့ကိုးကွယ်တဲ့ သသနာတော်ဆိုတာကြီး အတွက်ရေးပါတယ်ဆိုပေမဲ့ လက်တွေ့မှာ ခင်များတို့စီ လာမန့်တဲ့ ဘလော်ကာတွေ စီဘောက်ပိတ်လိုက်ရတယ် ၊ ဘုန်းကြီးနဲ့ လူနဲ့ဘုန်းကြီး လူ့တော်သလင်းပွဲလိုဖြစ်ကုန်တာဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျုပ်တေင်ရှက်တယ် ခင်များတို့ကတော့ အေးဆေးဘဲ ၊ ဘလော့လူစည်ရင်ပြီး စတမ်းဆိုရင် အခြားဟာတွေရှိပါတယ် ညစ်ညမ်း စာပေရေးတင်ကြပါ ၊ ရာဟုမောင်မောင်ဆို စည်မှစည် ၊ ခင်များတို့ အဲလို ဘုန်းကြီးကို ခွေးနဲ့နှိုင်းပြောလိုပြော ၊ သြကာသတောင် လိပ်ပတ်မလည်သူတွေက သာသနာအတွက် ဆိုပြီး ၈၈လူသတ်ပွဲလို ရိုက်မယ်ပုတ်မယ် လုပ်လိုလုပ် ဘာသားခြားတွေက တအားရီမယ် အဲဒီမြင်ကွင်း တွေကို ၊ ထိုင်းက မြန်မာမူစလင်တစ်ယောက်က ပြောတယ် ဗုဒ္ဓဘာသာတွေ စခွက်လုနေသတဲ့ ကိုယ်က ဗုဒ္ဓဘာသာမလုပ်ပေမဲ့ မိဘတွေနဲ့ အကိုတွေအတွက်နာတယ်ဗျ ၊ ကျွန်တော်ကတော့ရှင်း တယ် ၊ ဘာသာသနာအတွက်ပါဆိုရင် ပရိတ်ကြီး၁၁သုတ်ရရမယ် ၊ အဲဒါမရဘဲ ရေးရင် ခပ်ရိုင်းရိုင်းစကားလုံးနဲ့ပြောရင် SO Call ပေါ့ဗျာ ၊ ဘုန်းကြီးဆွမ်းမလောင်းဘူးဘဲနဲ့ ရေးရင်လဲ အဲလိုဘလော်ကာကိုလဲ SO Call ပါဘဲ ၊ အခုလို ကုသိုလ်မရ ငရဲရှာစာပေတွေ ရေးနေမဲ့အချိန်မှာ ဘုရားတန်ဆောင်းတခုခုမှာ ၊ သွားပြီးတံမြတ်စည်းလှဲရင် သိပ်ကောင်းပေါ့ဗျာ ၊ ကိုရင်လေးတွေ ၀တ်တဲ့ သင်္ကန်းတွေ လျှော်ပေးလိုက်ရင် သိပ်ကောင်းပေါ့ ၊ ခင်များတို့ ဒိုမိန်းဝယ်ပြီး အဲဒါရေးမဲ့အစားဗျာ ၊ ခင်များတို့ပြောပြောနေတဲ့ သာသနာဆိုတဲ့ ဟာကြီးကို နောင်တချိန်မှာစောင့် လျှောက်မဲ့ ခေါင်းမှာဒက်တွေဝဲတွေပေါက်နေတဲ့ ကိုရင်လေးတွေကို ဆေးဘိုးလှူပြစ်ဘို့ကောင်း တယ် ၊ 


ရွှေတိဂုံဘုရားမှာ ရွှေပိဿာ ရာချီရှိပေမဲ့ စာပေတွေကျတ်မှတ်နေရတဲ့ ကိုရင်လေးတွေ ခဲတံနဲ့ ဗလာစာအုပ်မရှိတာကတော့ တော်တော်ဝမ်းနည်းစရာပေါ့ ၊ နာမည်ကျော် ဆရာတော် ကြီးတွေကို ကားသိန်းထောင်ချီတန်တွေ အစီးမထပ်အောင် လှူထားကြပေမဲ့  ဘုန်းကြီးစာသင် တိုက်တွေက ကိုရင်လေးတွေ ဖိနပ်စီးစရာမရှိဘူး ၊ အဲဒါလေးတွေ ကိုဖြည့်စွတ်လှူဒါန်း ပြီးသာသာ သနာအတွက် ဘာသာအတွက်လို့အော်ကြပါလားခင်မျာ ၊ အခုတော့ နာမည်ကြီး ဘုန်းကြီးဖြစ်မှ ပိုက်ဆံလေး တသိန်းလောက်လှူဘူးတာကို သာသနာဒါယကာကြီး လုပ်ပြီး ဟိုအော်ဒီဟစ်နဲ့ ခင်များတို့ ပြောတဲ့ သာသနာအတွက်ကြီးကလေ  ခင်များတို့အော်တာနဲ့ ကိုဒုက္ခရောက်တော့မှာ ဟိုတလောက မဟ၀ါနဲ့ ငါးတပိုင်းဖားတပိုင်း ကိစ္စကို တကယ့်သာသနာဆိုင်ရာ ပရော်ဘရန် ကြီးလုပ်နေပြီး ၊ ဆဲလိုက်တာဆိုတာ ဘာပြောကောင်းမလဲ ၊ ကမ္ဘာပေါ်မှာ အရိုင်းဆုံးလို့ ဗုဒ္ဓဘာသာ အမြင်ကမြင်ထားတဲ့ ရှီးဟိုက်မူစလင်တွေတောင် အဲလောက်မဆဲဘူးမှတ်တာဘဲ ဖက် တောင်မဖက်ရဲဘူး ၊ တော်ပါပြီဗျာ ပြောတော့ပါဘူး အဲဒီတော့ဗျာ စကားပုံလေးတခုပေး ချင်ပါတယ် ကြိုက်ရင်ယူသွား ၊ မကြိုက်ထားခဲ့ပါ  နွားကောင်းကိုင်ချင်ရင် ၊ နွားကိုင်ကောင်းရတယ်တဲ့ ပြောဆိုရေးသားခွင့် ဟူသော လူသားအခွင့်အရေးအတိုင်း ရေးသားခြင်းဖြစ်ပါ၏ မည်သူ့မဆို ပြန်လည် အမှားထောက်ပြပြီး ပြောဆိုရေးသားနိုင်ပါသည် ၊ ကျွန်တော့်အမြင် ကျွန်တော်အတွေး မှန်သည်ဟု မဆိုလိုပါ ၊ မိမိနားလည်သလိုတင်ပြထားခြင်းသာ ဖြစ်ပါသည် ၊ ဟုတ်ကဲ့ ကျွန်တော် ဇေတာရာပါခင်မျာ ။


မှတ်ချက်
စီဘောက်တွင် ဆဲတုတ်ခြင်း သီးခံပါ ၊ မည်သူမဆိုကွန်မင့်ပေးနိုင်ပါသည် ၊ သင့်တော်လျှောက်ပတ် အပ်စပ်သော ကွန်မင့်များကို ပြန်လည်ဆွေးနွေးပါမည် ၊ မသင့်တော် မလျှောက်ပတ် မအပ်စပ် သော ကွန်မင့်များအား အသေ၀နာစ ဗာလာနံ ဟူသော မင်္ဂလာတရားတော်နှင့်အညီ အရေးယူ သွားမည် ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်…။


ပုံ
ဇေတာရာ

3 comments:

ဗေဗေ said...

မောင်ဇေ..

ဖတ်ပြီးတော့ အကြောင်းအရာက ၃ ခု လို့ နားလည်တယ်..။

၁ ကတော့ မောင်ဇေ ညွန်းတဲ့ ဘလော့ကနေ ဘာသာရေးဆိုင်ရာကိစ္စတွေကို တောင်မြောက်ရေးနေတာကတော့ အထူးပြောစရာမလိုဘူးပေါ့နော်.. အမှန်ကတော့ သူများ ဘာသာကို မစော်ကား သင့်သလို ကိုယ့်ဘာသာမှာလည်း ဘုရားဟောတာတွေနဲ့ တလွဲ ဖြစ်နေတာ တနည်းအားဖြင့် အားနည်းချက် .. စတာတွေကို သိဖို့ဆိုတဲ့ အကြောင်းလို့မြင်ပါတယ်တော်..။

၂ က အပေါ်က ၁ နဲ့ ဆက်စပ်ပြီး တော့ ဘုရားဟော သိတဲ့အခါ အခြားဘာသာ မဆိုနဲ့ လူတယောက်ကိုပင် စော်ကား ရန်စောင်ဖို့ မလွယ်ကူ.. မလုပ်သင့် မဖြစ်သင့်လို့ မှတ်ယူပါတယ်..။

၃ ကတော့ အောက်ဆုံးအပိုဒ် .. ရွေတိဂုံ ကို လှူထားတာတွေဟာ ဗုဒဘာသာဝင်တွေရဲ့ ဘာသာအပေါ် သက်ဝင်ယုံကြည်တဲ့စိတ်.. ဒါန လို့ မှတ်ယူတာမို့ လှူတာတော့ ကောင်းပါတယ်.. ဘုန်းကြီးကျောင်းများ ဆင်းရဲတာ... ကတော့ ဘာသာကို တကယ်မြှင့်တင်ချင်တဲ့ အစိုးရမှသည် လူတယောက်ချင်းစီရဲ့ တာဝန်လို့မှတ်ယူပါကြောင်း အကြောင်း ပြန်အပ်ပါတယ်ရှင်..။

နေကောင်းလား စိတ်ကောင်းလား မောင်ဇေ

ဗေဗေ

ကိုကိုးအိမ်(မန္တလေး) said...

အင် ဇေရေ မခံနဲ့ အဲဒါဗေ ဇေ့ကိုကောသွားတာ နေကောင်းလားစိတ်ကောင်းလားတဲ့။ သူပြောသင့်လား။..
ဟိဟိ ရန်တိုက်ပေးတာ ရန်ဖြစ်ကြနော်...။
အင်း... ဇေရေ အမှန်တွေသိပ်မပြောနဲ့ဟ
မှန်တာပြောရွာ့ပြင်ထုတ်ခံရတယ်တဲ့ ...
ကိုယ်ကတော့ ဇေ့အဆိုကိုလက်ခံတယ်။..
ဒါကြောင့်ကိုယ်လည်းနောက်ပိုင်းသိပ်မရေးဖြစ်တော့ဘူး.။
ဒါနဲ့ဇေကဘာကိုယုံကြည်ပါလိမ့်... အင်း..........

Zay Tar Yar said...

ဟုတ်ပ ကိုကိုးရေ ဇေကတော့သူ့ကိုနိုင်အောင်မပျော် နိုင် ပါဘူးဗျ သူကသာ နိုင်စားတာပါ ၊ သူ့ဘဲနဲ့တိုင်မယ် လို့ စဉ်းစားထားတာဘဲ ဟီဟိ ၊ ဘာသာရေးကတော့ ခရစ် ယာန်ဘာသာကို စိတ်ဝင်စားတယ် ဗုဒ္ဓဘာသာစာပေနဲ့ အတွေးအခေါ်ကိုကြိုက် မကြိုက်ဆုံးဘာသာကတော့ ဗုဒ္ဓဘာသာတွေကိုဘဲဗျ ၊ သိပ်ရှက်တယ် အဲလိုတွေအ ကြောင်းပြောရရင် ။

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...