နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Monday 9 August 2010

လု့အခွင့်ရေးကြေညာစာတမ်းနိဂုံး(၂၀-၃၀)

လူ့အခွင့်ရေးကြေညာစာတမ်းကို အပြီးသက်ပါပြီ ၊ အားလုံးကိုတစုတစည်းတည်း PDF လုပ်ပြီးတင် အုံးမယ် ၊ ယူကြမယ်မလား အားပေးမဲ့လူရှိရင် zaytaryar@gmail.com ကိုမေးလ်ပို့ကြပေါ့ ၊   ကျေးဇူးတင်စကားလေးပြောပါအုံးမယ် ၊ ဗွီဒီယိုဇာတ်ကားတွေမှာဆိုရင် ဒီဇာတ်ကားပြီးမြောက် အောင်အဖက်ဖက်မှ ကူညီအားပေးကြသောပုဂ္ဂိုလ် ကျေးဇူးတင်ရှိပါသည်ဟု စာတမ်းလေးထိုးပြီး ကျေးဇူးတင်စကားပြောပါရစေ ၊ ဘာသာပြန်တုန်းက ဟိုလူ့မေး ဒီလူ့မေးနဲ့စမ်းတ၀ါးဝါးလုပ်ရတာ ကိုး ၊ကိုယ်ကအီးမှမပါတာ ၊ အီးအပါနဲတော့ လူလည်ကလဲ  လုပ်ချင်ပြန်ဆိုတော့ ခပ်တည်တည်နဲ့ စာမတတ်လမ်းဖက်ဆိုတော့ ၊ လျှောက်မေးတာ ဖြေပေးကြပါတယ် အဲလူတွေကိုကျေးဇူးတင်ပါ တယ် ၊ အစိမ်းရောင်လွင်ပြင်က အပျိုကြီးမမချော ကျေးဇူးတင်ပါတယ် ၊ ကိုကိုနှစ်ယောက်ကျေးဇူး တင်ပါတယ်၊သူငယ်ချင်းမျိုးမင်းထက်(ခ)ငပြူးမရှိမဲ့ရှိမဲ့ဂုဏ်လေးထုတ်ကြွားပါဆိုရင်  သူ့ညီမလေး တွေကတော်တော်လေးချောတော့ညီမချောလေးများရဲ့ကိုကိုပေါ့၊ကျေးဇူးတင်ပါတယ်ယောက်ဖရေ နောက်တယောက်ကဆရာဝန်ဖြစ်ပြီးဆမလက်မှတ်မရလို့နေ့မအားညမအား လူကြီးတကာကို လိုက်ပြီးလာဒ်ထိုးနေတဲ့ ၊ ဒေါက်မတ တတာလေး ညီမပေးယောက်ဖ ဘုဏ်းနေထူး (သူပေးတာ) ဇေကညီကိုယ်သုံးယောက်ဘဲရှိတာ တော်ကြာယောင်ယောင်မှားမှားတွေထင်ကုန်မဆိုးလို့၊မအား တဲ့ကြားကနေမေးသမျှကို စိတ်ရှည်လက်ရှည်နဲ့လက်ဆောင်တောင်းပြီး ရှင်းပေးတဲ့ ယောက်ဖ ကိုကျေး ဇူးတင်ပါတယ် ။

အွန်လိုင်းစွယ်စုံကျမ်းနဲ့မြန်မာဝီခီ တို့သို့လဲလှူဒါန်းပါမည် ၊ သာဓုခေါ်ကြပါခင်များ ၊ သာဓုသာဓု သာဓု။ ကိုယ့်ဘာသာခေါ်လိုက်တာက ကြိန်းသေတယ် ၊

Article (21.1)

Everyone one has the right to take part in the government of his country, directly or through freely chosen representatives.
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
Article (21.2) Everyone has the right of equal access to bublic servece in his country.
(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.
(၃)ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင်
ထင်ရှားစေရမည်။ ရွေးကောက် ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။ 

Article (22)

Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,
အပိုဒ် ၂၂
လူတိုင်းတွင်လူ့အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးအနေနှင့်လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့်အပြင်နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။ 

Article(23.1)

Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment.
အပိုဒ် ၂၃
(၁)လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
Article(23.2) Everyone, without any discrimination, has the right to equal pay for equal work.
(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
Article(23.3) Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.
(၃)အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
Aricle(23.4) Everyone has the right to form and to join reade unions for the protection of his interests.
(၄)လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။ 

Article(24)

Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.
အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။


Article(25.1)
Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.
အပိုဒ် ၂၅
(၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊
မကျန်းမမာဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာ ရှာမှီးနိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။ 


 
Article(25.2) Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.
(၂)သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။ 

Article (26.1)

Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.
အပိုဒ် ၂၆
(၁)လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.
(၂)ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.
(၃)မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။
Article(27.1)
Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits. 

အပိုဒ် ၂၇

(၁)လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမပညာရပ် များကို လွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
Article(27.2) Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.
ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။ 

Article(28)

Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.
အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။ 

Article(29.1)

Everyone has duties to the community in which alone the free and full development this personality is possible.
အပိုဒ် ၂၉
(၁)မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်း အတွက်လူတိုင်း၌ တာဝန် ရှိသည်။
Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.
(၂)မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ရိုသေ လေးစားစေရန်အလို့ငှာလည်း ကောင်း၊ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာ ယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့် ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.
(၃)အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။ 

Article(30)

Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.
အပိုဒ် ၃ဝ
ဤကြေညာစာတမ်းပါအခွင့်အရေးနှင့်တကွလွတ်လပ်ခွင့်များပျက်စီးရာပျက်စီးကြောင်းတို့ကိုရည် ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ ။


ယူတော်မူကြပါခင်မျာ............
The Universal Declaration of Human Rights-1                                                                   

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

လူ့အခွင့်အရေးကြေညာပြီးသွားပြီပေါ့..
ကဲ... ပြီးရင်ရော.. အချစ်အကြောင်း လာတော့မယ်ဆိုပါတော့း)

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...