နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Friday 6 August 2010

ကြေညာစာတမ်း (၁၁-၁၂)

လူများရှေ့မှောက်ဥပဒေအတိုင်းစစ်ဆေး၍၊ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားစီရင်ခံရသည့်အချိန်ထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်းခံရသူတိုင်းအပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့်ရေးရှိသည်၊အမှုစီ ရင်နေ သည့် ကာလအတွင်း၊မည်သည့်နည်းနှင့်မဆို နှိပ်စက်ညှင်းပန်းခွင့်မရှိစေရ၊ ထိုအမှုအတွက် လိုအပ်သော ခုခံ ချေပနိုင်ရန်တရားခံဘက်မှ အခွင့်ရေးရှိသည် ၊ ထိုထိုအချက်တို့ကိုရီရွယ်၍ ကြေညာစာတမ်း၏ ၊ ဧကာဒသမအပိုဒ်၏ အပိုင်း၁ တွင်ဤကဲ့သို့ဖော်ပြသည်…။ 


Article (11)
Every one charged with a penal offence has the right to be presumed innocent until proved guilty according to law in a public trial at which he has all guarantees necessary for his defence.
အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။  


အပိုဒ်ခွဲ၂တွင်လည်း ၊ လူတဦးတယောက်သည် ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပြစ်ဟု ယူဆမထားသော လုပ်ရပ်များ လူထုဟောပြောပွဲ ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်း ၊ အများပြည်သူ ကိုမထိခိုက်စေသောအပြောအဆိုအရေးသားတို့အတွက် တစုံတရာသောအဖွဲ့အစည်းကဖြစ်စေ လက်နက် ကိုင်တပ်ဖွဲ့ကဖြစ်စေ ၊ တရားစီရင်ရာဋ္ဌာနကဖြစ်စေ ရာဇ၀တ်မှုဟူ၍သက်မှတ်ခြင်းမရှိစေ ရ၊ထိခိုက် သောအပြုအမှုအပြောအဆိုဖြစ်ခဲ့ပါကဥပဒေကပြဋ္ဌာန်းထားသော ပြစ်ဒဏ်ထက်ပိုလွန်ပြစ် ဒဏ် ပေး ခြင်းမရှိစေရ ၊ ထိုအကြောင်းအရာတို့ကိုတားမြစ်သောအားဖြင့်ကြေညာချက်တွင်ဤကဲ့သို့ ဖော်ပြသည်..။ 

Article(11.2) No one shall be held guilty of any penal offence on account of any act or onnission which did constitute a penal offence, under national or international law , at the time when it was commited .Nor shall a heavier penalty be imposed than the one that was applicable at the time the penal offence was committed.
(၂)လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။ 

အေးချမ်းစွာနေထိုင်သူများ၏ အ၀န်းအ၀ိုင်းကို မီးကွင်းပြစ်ဖမ်းခြင်း၊ ဘိန်းထုတ်ပြစ်ဖမ်းခြင်း၊ ဘုန်း တော်ကြီးကျောင်းများအတွင်းသို့ ထမိန်ထုတ်ပြစ်ခြင်း ၊ ကာမဆက်ဆံသောvcdချပ်များ၊ ကွန်ဒုံးများ ပြစ်၍ ဖမ်းဆီးခြင်း၊ရိုက်နှက်ခြင်း၊သာသနိအဆောက်အအုံများကိုချိပ်ပိတ်ခြင်းမပြုလုပ်ရ ၊အေးချမ်း သောလူ့အသိုင်းအ၀ိုင်းတွင် တဦးတစ်ယောက်ချင်း၏ စာပေးစာယူကိစ္စများကို အိမ်သို့မရောက်မှီ နိုင်ငံတော်လုံခြုံရေးအရဟူသောအကြောင်းပြချက်ဖြင့်ဖောက်ဖက်ခြင်း ၊ဖုန်းခိုးနားထောင်ခြင်းမပြု လုပ်ရ ၊ ပြုလုပ်ခဲ့ပါသော် ပြုလုပ်ခံရသူများမှ ဥပဒေအရအရေးယူတရားစွဲဆိုခွင့်ရှိသည် ၊ ထို ကြောင့် ဒွါဒသမအပိုဒ်တွင် ဤကဲ့သို့ရေးသားထားသည်..။


Article (12)
No one shall be bjected to arbitrary interference which his privacy, fanily, home or correspondence, nor to attacks upon his honour and reputation.Every one has the right to the protection of the law against such interference or attacks.
အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အဝန်းကို သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ် ပိုင်ခွင့်ရှိသည်။  


ဆက်လက်ဖော်ပြပါမည်……………………………။

No comments:

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...