နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Tuesday 17 August 2010

ဝေနေယျ တစ်ယောက် ကျွတ်ရှာပြီ


ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးနဲ့ အကြမ်းတမ်းဆုံးအားကစားသမားအဖြစ် နာမည်ကျော် ထင်ရှားသူ ဟဲဗီးဝိတ် ကမ္ဘာချန်ပီယံဟောင်းကြီး ၊ မိုင်တန်စန် (ခ) သံမဏိမိုက် တစ်ယောက် အကျွတ်တရား တွေတအားရပြီး ၊ မြန်မာနိုင်ငံမှာ သာသနာပြုမယ်လို့ ဖတ်လိုက်ရတော့ ၀မ်းသာ လိုက်တာတာ တအားပါဘဲခင်မျာ ၊ ဒီလူမိုက်ကြီးတောင် အသိတရားရှိနေပြီ ကိုး ။

တချိန်တခါက ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC)၊ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် (WBA) နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ် (IBF) တို့တွင် မိုက်တိုင်စန်သည် ကမ္ဘာ့အသက်ငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းတင်ခံခဲ့ရပြီး။ ဟဲဗီးဝိတ်ကမ္ဘာချန်ပီယံ ဖြစ်ချိန်မှာတော့ အသက် ၂၀မျှာသာ ရှိသေးတဲ့ အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ ကြီးအဖြစ် ဂင်းနစ်မှတ်တမ်းမှာ မှတ်တမ်းဝင်ထား သူ ။


၁၉၉၂ ခုနှစ်တွင် အလှဘုရင်မ ဒက်စရီ ဝါရှင်တန်ကို မုဒိမ်းပြုကျင့် ခဲ့မှုဖြင့် တရားစွဲဆို ခံရသူ။ တရားခွင် အတွင်း ဂျူရီ လူကြီးများ၏ ၁၀ နာရီကြာ သုံးသပ်မှု အပြီးတွင် အပြစ်ရှိကြောင်း ထင်ရှား သဖြင့် မိုက်တိုင်စန်သည် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသူ။ 


၁၉၉၇ ခုနှစ်၊ အီဗန်ဒါ ဟိုလီဖီးလ်နှင့် ယှဉ်ပြိုင် ထိုးသတ် ခဲ့ရာတွင် ဟိုလီဖီးလ်၏ ညာဘက် နားရွက်ကို ကိုက်ဖြတ်ခဲ့မှု ကြောင့်လည်း ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ရသူ ။


၎င်း၏ လက်ဝှေ့သမား ဘဝအတွင်း ဝင်ငွေ ယူရို သန်းပေါင်း ၂၆၀ ကျော်ရရှိ ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ဒေဝါလီ ခံလိုက်ရပြီး လူမွဲစာရင်းဝင်သွားသူ။ 


အခုတော့ မကောင်းမှု့တွေရဲ့ ဒဏ်ရာဒဏ်ချက် မျိုးစုံကို ခါးစီးခံပြီး ဘုရားကု ကုချင်လို့ မြန်မာ နိုင်ငံမှာ တဲလေးထိုးနေပြီး သာသနာပြုအုံး မယ်လို့ဆိုပါတယ် ၊ သူမှားခဲ့တဲ့ အမှားများစွာကို လဲနောင်တ ရနေပြီလို့ ဆိုပြန်ပါတယ် ။ 


“ဘုရားသခင်ဆီမှာရော၊ တခြားဘာသာတွေမှာရော ကျနော့်နာမည် မပါရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့်လူ့ဂုဏ်သိက္ခာဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ကျနော့်နာမည်ကိုကျန်ခဲ့စေချင်ပါတယ်”လို့Express သတင်းစာမှာ  ပြောကြားသွားပါရောလား ကျွတ်တာ ကျွတ်တာ ဘာသာမဲ့တွေ များတဲ့ အနောက်နိုင် ငံကြီးတွေမှာ လူမိုက်တစ်ယောက် သံဝေဂရ တာ အချိန်၈နှစ်ဘဲ ကြာပါတယ် ၊ ၈နှစ် အတွင်း ထူးထူးခြားခြား ပြောင်းလွဲသွားတယ် ၊ ဘာသာတရား ထွန်းကားလှတဲ့ နိုင်ငံတွေမှာ တော့ လူမိုက်တွေ ၂၀နှစ်ကျော် တာတောင်သမ္မာဒိဋ္ဌိ မဖြစ်သေးတာတော့ အံ့စရာပေါ့ ။

 
လူမိုက်သည် မိမိကိုယ်ကိုယ်မိုက်လျှင် မိုက်သည်ဟု သိလျှင် လိမ်မာသူဟုဆိုရာ၏ လို့လောကနီ မှာရှိသမို့လား ၊ အမှားကိုအမှားမှန်းသိ လို့ပြင်တယ်ဆိုတာ ကောင်းလှပါတယ် ၊ မိုက်တန်စန်လို လူမိုက်ကြီးက မြန်မာပြည်ကိုသွားတယ် ၊ တချို့လူမိုက်တွေ ဗုဒ္ဓဂယာကို သွားတယ် ၊ ဘယ်လိုပင် သွားကြစေကာမူ ၊ သွားတာချင်းတူပေမဲ့ ၊ သွားပုံချင်းမတူ ကြပါဘူး ၊ မိုက်တွင်းနတ်တဲ့လူဟာ ဘယ်ကိုသွားသွား ၊ ဘာမှမထူးလာပါဘူး ၊ နောင်တလေးရမှ သံဝေဂလေးပါမှ သွားတဲ့ခရီးဟာ တန်ဘိုးကြီး ပါတယ်ခင်မျာ ၊ ဒါကြောင့်မန်လည် ဆရာတော်ဘုရားကြီးရဲ့ ၊ မဃဒေ၀ လကာင်္ကျမ်းမှာ ။ 


သတ္တ၀ါတစ်ယောက် ၊ ယူမှားမှောက်ကို ၊ သိန်းလောက်ဘုရား ၊ မှန်သောအားဖြင့် ၊ ဟောကြားချေ ချွတ် ၊ ဖြေမလွတ်ဘူး ၊ အကျွတ်မရ ၊ နိယတဖြင့် ၊ ၀ါဒအလို ၊ မြေကြီးမျိုလဲ ၊ ယူကိုစွန့်ဘဲ ၊ အကျင့်လွဲ၍ ၊ ငရဲခံလိမ့်မည်သောကြောင့် ၊ လို့ဆိုထားတော်မူပါတယ် ၊ ကျွတ်ထိုက်တဲ့လူကိုဆိုတာ သံဝေဂ ရှိတဲ့လူ များကိုဆိုလိုပါတယ် ၊ သံဝေဂရှိတဲ့လူကို ဝေနေယျ လို့ တိပိဋက ပါဠိမြန်မာအဘိဓာန် မှာဖွင့်ဆိုပါတယ် ၊ မကျွတ်ထိုက်တဲ့ ဟာတွေကိုတော့ သတ္တ၀ါလို့ ခေါ်ပါသတဲ့ ဘယ်လိုပင် ဖြစ်စေကာမူ မိုက်တန်စန်ဟာ ဝေနေယျ များဖြစ်နေမလားဘဲခင်မျာ ၊ ဇေအပါဝင် စာရူသူအားလုံး ၊ လူဆိုးကြီး မိုက်တန်စန်ကို အတုယူပြီး အမှားများကို ပြန်လည်ဝေဘန် စမ်းစစ်ပြီး ဝေနေယျ လမ်းစဉ် လိုက်ပါကြပါစို့လို့ ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာပါခင်များ………..။ 


ဘိုလိုဖက်ချင်သူများက ဒီကိုကြွ

MIKE TYSON TO BECOME MISSIONARY

Your browser may not support display of this image.
Mike Tyson says he wants to live in a hut in Burma
Monday August 16,2010

By Lizzie Catt

MIKE TYSON, once “the baddest man on the planet”, is set to become a missionary, saying he wants to go and “live in a hut” in Burma.
The troubled former heavy- weight boxing champion says that he hopes helping people in need will give him back his pride.
For many years “Iron Mike” took his hard-man image out of the ring and into his personal life.
In 1992 he was convicted of raping beauty queen Desiree Washington after a jury deliberated for nearly 10 hours. He served three years in prison.
Then in 1997 he caused a furore when he bit off part of boxer Evander Holyfield’s right ear during a bout.
His fortune disappeared as quickly as his reputation and he was declared bankrupt in 2003 after earning more than £260million during his prestigious but infamous career.
Now the 44-year-old says he is full of shame and is determined to do some good. “I want to count for something. Not in the name of God or any religion but in the name of self-dignity.
“I feel I’m a clown, I’m a joke. I just want to do nice things so my kids can respect me.”
Mike has already worked out where he wants to do his work. “I want to live in a hut in Burma,” the wannabe missionary tells Sports Illustrated magazine.
Mike credits third wife Kiki with making him a better person and a decent husband, saying: “I realised that if I wanted to have a healthy life and if someone was willing to love me then she deserved the best I had to offer, physically, emotionally and spiritually.

သူ့ရဲ့သမိုင်းကြောင်းလေးတွေသိချင်ရင်ဒီမှာဖက်လို့ရတယ်

4 comments:

ကိုကိုးအိမ်(မန္တလေး) said...

အင်း မိုက်တိုင်စံကတော့ကျွတ်သွားရှာပြီ။ ဇေကော ဘယ်တော့ကျွတ်မှာလည်း။ အင်း လွယ်တော့လွယ်ဦး မယ်မထင် ဟီး...။ ကျွတ်အောင်တော့ ချွတ်ဦးမှနော်။ မြဲမြဲဝတ်ထား...။ အွတ်

ခင်မင်လျှက်
ကိုကိုးအိမ်

သဒ္ဓါလှိုင်း said...

အကျွတ်တရားရကြတဲ့သူတွေအတွက်တော့ ချီးကျူးမိ
ပါတယ်..။ ငါလုပ်တာမှန်တယ်လို့ဇွတ်မှိတ်ပြီး လိမ်လည်
နေတဲ့သူတွေအတွက်တော့..

ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အော်အော
ဇေကရော ဘယ်တော့ ကျွတ်မလဲ
အဲ ဇေက စောစောစီးစီင်္း ကျွတ်သွားပါပြီလေ
လူပျိုဘ၀ကနေ ပြောပါတယ်..း)

မဗေဒါ (၈၈) said...

မောင်ဇေ..

အနှစ် ၂၀ တောင် မကျွတ်ဘူးဆိုတာ ဘယ်သူ့ကို ပြောတာတုန်း..စာရေးရင် ကောင်းကောင်းရေးပါ..။

မိုက်တိုက်ဆင်က ဘာကြောင့် မြန်ပြည်ကိုမှ သွားရတာတုန်း.. နားမလည်ဘူး.. ဘာသာရေး လိုက်စားဖို့ဆိုလည်း ဘယ်မှာ လုပ်လုပ် ရတယ်မဟုတ်လား..။

နေပါအုံး လူမိုက်တွေပဲ ဗုဒဂါယာ သွားကြတာလား.. ဗေဗေတို့လို နဲနဲကောင်းတဲ့ လူတွေရော မပါဘူးလား.. ပါမယ်ထင်ပါတယ်ကွယ်..။

မောင်ဇေလည်း ကျွတ်စေသတည်းပါကွယ်.. ။

ဗေဗေ

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...