နေ့စဉ် နေ့တိုင်း
ကိုယ့်အသက်ကို ပြန်ကယ်ဖို့ထက်
ငွေရဲ့ အသက်ကိုသာ
အလုအယက်ကယ်နေမိ
ရှိပါစေတော့ ။
အဲဒီ ရှိပါစေတော့ ဆိုတဲ့ သက်ပြင်းချသံကလည်း
မရိုးနိုင်တဲ့ ဓာတ်ပြားဟောင်းတစ်ချပ်ပါပဲလား ။
အဓိပါယ်တွေအစား
စာလုံးတွေသာ ရေးနေမိပြန်ပေါ့ ။
ခံစားချက်တွေ အစား
အရသာတွေကိုသာ ဟစ်အော်မှာကြားနေမိပါပေါ့ ။
ဒီလိုပြုမိမှားတာလည်း
ရှိပါစေတော့ပေါ့ ။
ပါရမီရှိရင်
မေ့ပြစ်ချင်တာတွေကို မေ့ပစ်ချင်တယ် ။
ရယ်စရာ အဖြစ်အပျက်များကို
သတိရပါသည်
ဒါပင်မဲ့ မရယ်နိုင်ပါ
ဥတုရာသီဖောက်ပြန်သဖြင့် မရယ်နိုင်ပါ ။ ။
3 comments:
ညီမနှင်းမိုး
ဘာရာသီဥတုတုန်း..
ဗေဗေ
ခုလက်ရှိကတော့ မုတ်သုန်ရာသီဥတုပဲဘွားဗေရ
အင်း မုတ်သုံရာသီဥတုပဲဖြစ်မှာပေါ့....
ဟင်းဟင်း သိနေတယ်နော်..................
ခင်မင်လျှက်
ိကိုကိုးအိမ်
ဒီကဗျာက မရီရတာကိုပြောတာလား။
ရာသီဥတုကို ပြောတာလား။
ဒါပေမယ့် တစ်ခုခုကိုပြောတယ်ဆိုတာတော့သိတယ်။
ခင်လို့နောက်တာနော်။
Post a Comment