နှင်းမိုး ရဲ့ ဘလော့လေးမှ ကြိုဆိုပါတယ်...

Wednesday 11 August 2010

မေမေနှင့် အရှင်မဟာမောဂ္ဂလာန်

ဘာမှမဆိုင်ဘူးမို့လားအိမ်ကမေမေနဲ့ဗုဒ္ဓရှင်ပင်ရဲ့လက်ဝဲတော်ရံရှင်မဟာမောဂ္ဂလာန်နဲ့ကမဆိုင် တော့မဆိုင်ပါဘူး၊ဒါပေမဲ့ရှင်မဟာမောဂ္ဂလာန်ကြောင့် ဇေအိမ်ပေါ်ကဆင်းရတယ်လေဘုန်းကြီး ကျောင်းသွား အိပ်လိုက် ရသေးသပေါ့ ၊ ဖြစ်ပုံကဒီလိုပါ …။

ဇေတို့မေမေဟာ အရမ်းကိုးရီးယားကားကြိုက်ပါတယ် ၊ တရုပ်ကားဆိုလဲနှစ်သက်ပါတယ် ၊ အိုရှင် လို ဂျပန်ဇာတ်လမ်းတွဲလိုဟာလဲ လက်မလွတ်ဘူးလို့ပြောလို့ရပါတယ်၊ အဲလိုဒါနသီလဘာဝနာတွေ စီးဖြန်းပွား များခြင်းကိုအနှောင့်အယှက်ဖြစ်ဖြစ်စေမဲ့အနုသုခုမတွေကိုသုံးသပ်ဖန်များလာတော့ သား အကြီးဆုံးဖြစ်တဲ့ ကိုကိုကြီးဟာ မေမေရဲ့နောင်တမလွန်ခရီးကိုသားကြီးသြရသပီသစွာ ပူပန်ရှာပါ တယ် ဒါကြောင့် အကြီးကောင်ကအပြင်ကပြန်လာတိုင်း တရားစာအုပ်ခလေးတွေဝယ်လာတယ်၊ တရားစီဒီတွေဝယ်လာ ဘယ်လိုပင်ဝယ်လာငြားသော်လည်း၊မေမေဟာ ဓမ္မမိတ်ဆွေကြီးရဲ့ဓမ္မစာပေ များကိုသုံးသပ်ရန်အချိန်မပိုပါ ၊ တနည်းတရားစာအုပ်ဖက်လောက်အောင်ထိအချိန်မလောက်ငှပါ..။


သူ့မှာနေ့စဉ် မိုးကာလ များကလွဲလို့ နေ့စဉ်ဖေဖေနဲ့ ဝေလီဝေလင်းမှာ လမ်းလျှောက်ထွက်ကြပါ တယ် ပြန်လာရင် မိသားစုတွေအတွက် နံနက်စောစော စားဘို့အစားအစာတွေ သားတွေမှာကြား တဲ့ အတိုင်းလုပ်ပေး ပြီးရင်ဖေဖေကိုဆေးတိုက် သားတွေကိုနိုး ပြီးရင်သူလဲစားသောက်ဆေးကြော နေ့လည်စာချက် သားကြီးနှစ်ယောက်က သူ့အတွက် သနပ်ခါးတုန်းသွေးပေးထား သူတို့တွေက ဆိုင်ရာရုံးတွေကိုတတ်ကြ နောက်ဆုံး ဇေနဲ့မေမေဘဲကျန်ခဲ့တယ် မေမေက နေ့လည်စာချက်ပြီး ရင်ရေချိုး ၊ သနပ်ခါးလူး နောက်ကြောတွေ လက်နဲ့မမှီတဲ့ နေရာတွေဆိုရင် ဇေ့ကိုလိမ်းခိုင်း ပြီးရင် ဆံထုံးအကြီးကြီးထုံး ၊ ဆံပင်ကတအားသန်တော့ ခေါင်းတည့်တည့်မှာဆံထုံးတင်ထားပုံက ဘာနဲ့ တူသလဲဆိုရင် နှစ်လုံးချက်ဒန်အိုးမဲမဲလေးကို ခေါင်းပေါ်မှာ မှောက်ပြီး တင်ထားသလိုကြီးနေတယ် ဆံထုံးပြီးတာနဲ့ ဇေမေမေကို ရီမုပေးပါကွယ် ညကဇာတ်လမ်းလေး နခမ်းသတ်လိုက်မလို့ အဲလိုက နေစပြီး တရုပ်ကား ကိုးရီးယားကား တွေစတင် သုံးသပ်လိုက်တာ နေ့လည် ၁နာရီကျော်ကျော် လောက်မှာ ပြီးဆုံးသွားပါတယ် မနက်စာဇေနဲ့တူတူစားပြီးပြန်တော့ နောက်ထပ်ဇာတ်ကား အသစ် တကားကို အစပျိုးပါတယ် ၊ အဲသလောက် တရုပ်ကိုးရီးယားကျပန် နိုင်ငံများကထွက်တဲ့ ဇာတ်ကား တွေကို အားပေးပါသော်လည်း အားရတင်းတိမ်ခြင်း အလျှင်းမရှိတတ်ပါ ၊ ဒီကားပြီးလို့ နောက်ကား ကြည့်စရာ မရှိတော့ရင် “ဇေသားလေး မေမေကိုဇာတ်ကားသွားဝယ်ပေးပါလား” အိုဗျာ မေမေက လဲ နေပူကပူနဲ့ “အောင်မလေးအားကိုမကိုးရဘူး ဒါလေးများလုပ်မပေးချင်နေဟေ့” ကိုယ့်ဘာသာ သွားဝယ်မယ်ဘာညာနဲ့မပြီးတော့ဘူး အဲဒါဆိုရင်ဇေကသွားဝယ်ပေးရတယ် အဲလိုအချိန်တွေကျမှ မေမေက စာအုပ်ဖက်တယ် ၊ဆရာမဒေါ်ခင်ခင်ထူးရဲ့မအိမ်ကံတို့ ဆရာကြီးရန်အောင်ရဲ့ အညာ သားလေးတို့ အဲလိုအတွဲများတဲ့စာအုပ်တွေဖက်တတ်တယ် မေမေကအတွဲ သိပ်ကြိုက်တယ် စားတဲ့အသီးတောင် စပျစ်သီးလိုဟာကို ပိုစားတယ် ဇာတ်လမ်းဝယ်လာပြန်တော့ မင်းသားနဲ့မင်းသ မီး ချောဘို့က ဇာတ်လမ်း ကောင်းမကောင်းထက် အရေးပိုကြီးတယ် မင်းသားချောချော မင်းသမီး ချောချောလေးတွေကို တအားချစ်တတ်တယ် အဲဒါကြောင့် သူ့အချစ်တော်ကြီး နှစ်ယောက် သူ့ကို တအားစိတ်ပူတယ် “မေမေတရားစာအုပ်လေးတွေဘာလေးတွေဖက်ပါလား” အဲလိုအကြီးကောင် တိုက်တွန်းတဲ့အခါများမှာတော့ “ဟဲ့အကြီးကောင် မင်းကိုငါမွေးတာလား မင်းကငါ့ကိုမွေးတာလား” မေမေက သားကိုမွေးတာပါ အေးဟယ်ပြီးရောပေါ့ ဟိုလူတခါတည်း အသံပါမထွက်တော့ပါ ..။


တနေ့ကျတော့ဟိုအကြီးကောင်က တန်ခိုးပြင်းထန်ရှင်မောဂ္ဂလာန်ဆိုတဲ့ စာအုပ်ကိုဝယ်လာတယ် ၊ ပြီးတော့သူဖက်ပြီး ဧည့်ခန်းထဲထားခဲ့တယ် အဲဒီနေ့ကလဲဇေကဘဲ ကံဆိုးချင်လို့လားမသိနိုင်ဘူး မေမေကြည့်နေဆဲ ကိုးရီးယားကားက ပြီးသွားတယ် ဇေလဲအပြင်ရောက်နေတာနဲ့ ဇာတ်လမ်းဝယ် ပေးမဲ့လူက မရှိဘူးဖြစ်နေတာပေါ့ အဲဒါနဲ့ အကြီးကောင်ဝယ်လာတဲ့ တန်ခိုးပြင်းထန်ရှင်မဟာမောဂ္ဂ လာန် ဆိုတဲ့စာအုပ်ကို မေမေအိပ်ယာထဲမှာ သုံးသပ်တော်မူတယ်ထင်ပါတယ်၊ ဇေအပြင်ကပြန်လာ တော့မေမေ ကနှပ်ချေးတွေ လိမ့်ညစ်ပြနေတယ် ၊ သဘောကတော့ အေးဆေးနေကြပေါ့ ငိုထားတယ် သိပ်စကားမပြောချင်ဘူးပေါ့ ဇေကလဲစချင်တာနဲ့ မေမေ ကိုးရီးယားကား ကောင်းတယ်ထယ်တယ်နော် “ဟဲ့ကောင်လေးဒါဘာစကားတုန်း မင်းဟာလေ မိဘမိဘမှန်းမသိ စလိုစ နောက်လိုနောက် မင်းတို့သားတွေကိုမွေးထားရတာစိတ်သိပ်ဆင်းရဲတာဘဲ” အယ် ဇေက ဇတ်ကားကြည့်ပြီး ခါတိုင်းလိုငိုစရာပါလို့ ငိုနေတယ်ထင်လို့ပါ “ဟဲ့ ပြောနေတာကို မင်းဘယ်လိုမှ နားမလည်ပါလား ဟင် တော် ” သိဘူးလေ ခါတိုင်းလဲ ဒီလိုငိုနေကျမို့လား ဒီနေ့ငိုပုံကထူးလို့ ဇေစ ကားတောင်မဆုံးသေးဘူး “ဟီးဟီး ရွတ် ပလွတ် ဗြွတ် ” စုံနေတာဘဲအသံကတော့နှပ်ချေးညစ်တာ ရောဘာရော စုံစိနေတာဘဲ “သားတွေမွေးရတာ ရင်တထိတ်ထိတ်နဲ့ ဟီးဟီး ဘယ်တော့ငါ့ကိုမိန်း မစကားနားယောင် ရိုက်ကြမလဲဆိုတာအမြဲတွေးနေရတယ်” အာမေမေကလဲဗျာ အသားလွတ်ကြီး တော်ပါတော့လူကြားရှက်စရာ “ဟဲ့ဘာရှက်တာတုန်း မှန်တာပြောတာဟဲ့ နင်တို့လိုပုထုဇဉ်လေး တွေမပြောနဲ့ ဟိုမှာ ရဟန္တာဖြစ်မဲ့လူတောင် မိဘကို မိန်းမစကားနားယောင်ပြီး မိဘကိုသူခိုး ယောင်ဆောင်ပြီးရိုက်တယ်ဟဲ့” အာဘာစကားတွေတုန်းဗျာ စိတ်ညစ်လိုက်တာ မေမေအေးဆေး နေနော် ကွိုင်မရှာနဲ့ အပြင်ကပင်ပန်းလာတာ “အောင်မလေးတော် မိန်းမတောင်မရသေးဘူးမိဘ ကိုခံပြောနေလိုက်တာ ဟီးဟီး” ဟာခတ်ပြီ ဒုက္ခဘဲ ကဲငိုငိုငိုဝအောင်ငို ဇေဘောသွားကန်လိုက်အုံး မယ် ။


ဟဲ့မသွားနဲ့ ဘာလုပ်မလို့တုန်း ပြဿနာမရှာနဲ့နော် စိတ်ညစ်လို့အေးဆေးငို နားညီးတယ် “အောင်မလေးခံပြောနေလိုက်တာ သွားနင့်အကိုတွေခေါ်ခဲ့” ပြောစရာရှိတယ် ဟာဒုက္ခပါဘဲမေမေ ရာ ဘာမှန်းကို မသိဘူး စိတ်ညစ်လာပြီ “ဟေ့ အကြီးကောင်နဲ့ အလတ်ကောင်ရေ လာဟေ့ အရေးသိပ်ကြီးနေပြီ ဒို့အိမ်မှာ မြန်မြန်လာကြဟလို့ ဘုန်းကြီးကျောင်းထဲမှာဘောကန်နေတဲ့ နောင်တော် နှစ်ပါးကို နင်းကန်အော်လိုက်တော့” ဟိုနှစ်ကောင်လဲ အသားကုန်လွတ်သုတ်လာပါ တယ် ၊ ဇေဘာဖြစ်တာလဲ မသိဘူးဟေ့ ငါတော့ရှင်းမပြ တတ်လောက်အောင် ရှိလှတယ် မင်းမေမေ ကိုသာမင်းမေးလိုက် အကြီးကောင် “မေမေ ဘာဖြစ်လို့လဲ ဇေစတာလား” ဟေ့လူဇေ့စွဲ မထည့်နဲ့ ဇေတို့ကအဲလိုကိစ္စတွေမပတ်သက်ဘူးကွ ကင်းကင်းရှင်းရှင်း နေတာပေါက်လား “အောင်မလေးပြောလိုက်တာ အောင်မလေးဟီးဟီးဟီး” ဟေ့ဇေ တော်တော့ကွာ မင်းကတမှောင့် မေမေဘာဖြစ်တာလဲအဲလိုအသဲအသန်မေးလေ ငိုကောင်းလေထင်ပါတယ် တော်တော်နဲ့ စကား မရဘူး တော်တော်လေးကြာမှာ ဟိုစာအုပ် ဘယ်စာအုပ်တုန်း “ရှင်မောဂ္ဂလာန်”အဲ ညီကိုယ်သုံး ယောက် တော်တော်လေးရီချင် သွားပါတယ် တယောက်ကိုတစ်ယောက် ပြုံးကြည့်နေတုန်း “မင်းတို့ ကတော့ရီနိုင်တာပေါ့ ငါကမွေးထားရတာဟဲ့ ငါကခံစားရတယ်” အိုဗျာ မစီမဆိုင် ဟဲ့ကောင်လေး မင်းပါးစပ်ပိတ်ထား ငါကအမေဟဲ့ ဟုတ်တယ်လေ မေမေကိုဘယ်သူက အဖေလို့ ခေါ်နေလို့လဲ ၊ ကြည့်ပါလားတခွန်းမခံဘူး ခံစရာလား မေမေကိုယ်တိုင်က မဟုတ်တာ စာအုပ်ဖက် ပြီးဇာတ်ကောင်လိုက်ရှာနေတယ် ၊ အောင်မလေး သားတွေသားတွေ ခံပြောနေကြတာ ဟေ့ကောင် ဇေတော်တော့ကွာ ငါရူးချင်လာပြီ ဟဘာလို့တိက်ရမတုန်းဟ ငါကဘာလုပ်လို့လဲ အစကတည်းက မခံစားချင်ရင် သမီးမွေးပေါ့ ၊ တော်စမ်းကွာ ကဲပါမေမေရာ တိက်တိက် ဟဲ့အကြီး တောင်တို့ အလတ်ကောင်တို့ မိန်းမယူကြဘူး မို့လား ဟုတ်မယူပါဘူး (သံပြိုင်) မိဘဆိုတာပြန် မရိုက်ရဘူးဟဲ့ ဟုတ်ကဲ့ပါ ၊ ဟေ့ နားကြားမြင်းကပ်တယ်ဟေ့ ဘယ်သူကရိုက်နေလို့တုန်း ဘယ်သူ ကမိန်းမစကား နားယောင်ပြီး ဘယ်မိဘကိုရိုက်နေလို့တုန်း ဟုတ်ပ ဇေကလူပျိုဟာကြီး ရိုက်စရာလား ဇာတ်ကောင်မရှာနဲ့နော် ဒီမယ်ဟေ့ တခါတည်းပြောထားလိုက်မယ် ဇေတို့ကမိန်းမ မယူဘဲမနေ နိုင်ဘူး ကြိန်းသေကိုယူမယ် ပါးစပ်ကဒါပြောပြီ လက်ကဟိုဟာလုပ် ဒါလုပ်အဲဒီအစား ထဲမပါဘူး နားလည်လား နားညီးတယ်ကွာ မုန့်သွားဝယ်စားတာကောင်းတယ် ၊ ဇေလဲပြောဆို စောင့်အောင့်ပြီး မုန့်ဆိုင်ထွက် စီဒီခွေငှားပြီးအိမ်ပြန်လာတယ် ၊ အိမ်ရောက်ရင်နှပ်မယ်ပေါ့ အိမ်လဲ ရောက်ရော …..။


ပါးကလဲပြန်ရောက်နေပါပြီ ၊ ဇေ့ကိုတအိမ်လုံးက ရန်သူကြီးလိုဝိုင်းကြည့်နေကြပါတယ်၊ဘယ်သူ ကြည့်ကြည့်ကရုမစိုက်ပါဘူးကိုယ့်ဘာသာအေးဆေးနေတာ၊သူများလိုရစ်တဲ့ ကောင်မှမဟုတ်တာ ပါးဘယ်တုန်းကရောက်တုန်း စကားပြန်မရပါ ၊ ပါးဘယ်တုန်းကရောက်တုန်း ပြန်မပြောပါ အဲဒါနဲ့ စိတ်ကလဲချင်သွားတယ် ဖေဖေဘယ်တုန်းကရောက်တုန်းဗျာ ၊ အခုဘဲဇေရဲ့ ဇေလာအုံးပါးမင်းကို ပြောစရာရှိလို့တဲ့ ၊ ဇေ့ကိုပါးခေါ်ချိန်မှာတော့ မျက်ရေမျက်ခွက်မပျက်တဲ့နောက်ပိုင်းမင်းသမီးကြီးကို သားတော်နှစ်ပါးက တစ်ခန်းရပ်ပြဇာတ်ပြီးဆုံးလို့ အခန်းထဲကိုသွင်းနေကြပါပြီ ။

ဇေကပါးခေါ်တာနဲ့ ၊ ပါးနဲ့တူတူထိုင်ပြီးစကားပြောတော့မင်းမေမေကိုဘာသွားပြောလဲတဲ့ဟင့်အင်း ဇေဘာ မှမပြောပါဘူး ပါးဘာဖြစ်လို့လဲ ၊ ဇေသဘောပေါက်လိုက်ပါပြီ ဇေမရှိခင် ပါးကိုဟိုသုံး ယောက်ပို့ထားတာ၊ ပါးကအဲဒါကိုအတည်မှတ်ပြီး ဇေ့ကိုဆူမလို့ပြင်နေတာပါ ၊ ဇေကမိန်းမယူမယ် လို့ဘဲပြောတာပါဘာလို့လဲ ၊ မင်းမေမေစိတ်ဆိုးနေတာကိုမင်းအဲလိုမပြောရဘူးလေ ၊ အာပါးဘဲစဉ်း စားကြည့်လေဗျာ ၊ သူဖက် တဲ့စာ အုပ်ထဲကလူက သူ့အဖေအမေတွေကို ရိုက်တာနဲ့ဇေမိန်းမ ယူမယ်ပြောတာနဲ့ဘာဆိုင်တုန်းပါးရဲ့၊ အင်း လေမင်းတို့အတွက်ပြောတာဘဲ မင်းကိုကိုတွေတောင် ဘာမှမပြောတာမင်းကခံပြောတော့၊ မင်း မေမေ က၀မ်းနည်းတာပေါ့ ဇေရဲ့ ၊ ဘာမှကိုမဆိုင်ဘူးပါးရဲ့ဆိုင်ကိုမဆိုင်တာ ၊ တော်တော့ဇေ မင်းဟာဘယ် လိုပြောပြောရမဲ့လူမဟုတ်ဘူး ၊ သွားမင်းမေမေ ကိုမိန်းမယူပါဘူး ခုနကနောက်ပြီးပြောတာပါလို့သွားပြော လိုက်သွား၊တောင်းပန်လိုက် မတောင်းပန် ဘူးဗျာ ၊ ပါးကပါဇေ့ဘက်ကမနေဘဲနဲ့ပါးမိန်းမဘက် က ဘဲလိုက်တယ် ၊ မတောင်းပန်ဘူး ဇေလဲ တင်းတာနဲ့ရှိတာတွေလိုက်ရိုက်ခွဲပြီး ၊ ဟေ့ ဟို အိပ်ခန်းထဲက နပုန်း ၊ ပဏ္ဍုပ်တွေ မင်းတို့ကမိန်းမ မကျယောကျာင်္းမကျတွေ ၊ မာမီတွေ ဂျော်ရကီးတွေ မိန်းမမယူဘူး ဆိုတော့ ဘာလုပ်ကြမှာတုန်းမယူဘူးဆိုတော့ဘုန်းကြီးဝတ်ကြဟေ့ ၊ ငါကမိန်းမယူမှာ ငါကမိန်းမယူဘဲမနေနိုင်ဘူး၊ ဒါကြောင့်မို့ မင်းတို့လိုသူတောင်စင်တွေနဲ့မနေနိုင်ဘူး၊ ငါကသူယုတ်မာ အဲတော့ဒီသူတော်စင်ဂေဟာကနေ ဆင်းမယ် ၊ မင်းတို့သူတော်ကောင်းသူမြတ်လောင်းကြီးတွေသီတင်းသုံးကြ ၊ စာအုပ်တွေဖက်ကြရစ် ကြ ၊ ကတိအမျိုးမျိုးတောင်း ပေးတဲ့လူတွေကလဲပေးကြ မိုက်တယ်ဟေ့ ၊ ဘုန်းကြီးရူးနဲ့လှေလူး ဟိုအမျိုး သမီးကြီးကလဲဒီလောက်တောင်ငိုချင်နေရင် နောက်ပိုင်း မင်းသမီး လုပ်စားဘို့ကောင်းတာ ဒါမှမဟုတ်လဲ ဧယာဉ်ကျုးမင်းသမီးလုပ်စားဟေ့ ၊ လိုက်လဲလိုက်ပါ့ဗျာ ကြောင်ခံတွင်းပျက်နဲ့ဇရက် တောင်ပံကျိုး ၊ ကိုယ့် ဘာသာကိုယ်နေလဲမရဘူး အဲတော့ဆင်းပြီဟေ့ ဘိုင်ဘိုင် လိုက်မခေါ်ကျနဲ့ နော် ၊ အဆိပ် သောက် ပလိုက်မှာဗျ ကြည့်လုပ်ကြ မလုပ်ဘူးတော့မထင်နဲ့ ဟင်း……။


ဟေ့ဇေ ပြန်လာခဲ့ ဘယ်တုန်းဒါက မှောင်နေပြီ ၊ ဘယ်ဖြစ်ဖြစ်ဗျာ ၊ ပါးကိုပြန်အောင်ရတာ စိတ်တော့ မကောင်းပါဘူး ၊ ဒါပေမဲ့ သူလဲလူကောင်းမဟုတ်ဘူး နဲနဲစဉ်းစားပေါ့ ရှင်မောဂ္ဂလာန်နဲ့ ဇေတို့နဲ့ ဘာဆိုင်တုန်း၊ မဆိုင်တာကို ဘလိုင်းကြီးလာလုပ်တာတင်းတော့တာပေါ့ ၊ ဟိုခွေးမသားသူ တော်စင် နှစ်ကောင်သိမယ် ၊ အိမ်ပေါ်ကိုမိန်းမခေါ်ရဲခေါ်လာကြည့်သိမယ် ၊ အဲဒါနဲ့ဘုန်းကြီး ကျောင်းကိုသွားပြီး ၊ ကိုကိုကြီးဦးဇင်း ဦးဇာဂရနဲ့သွားအိပ်ရတယ် ၊ ဖုန်းဆက်တယ် မကိုင်ဘူး ဦးဇင်းက အိမ်ကိုဖုန်းဆက်ပြောလိုက်တာလား အိမ်ကဦးဇင်းကိုလှမ်းဆက်တာလားမသိဘူး ၊ မိုး လင်းတော့ ပါးကလာချော့တာနဲ့ ၊ အိမ်ပြန်ရောက်လာတယ် ၊ ဇေပြောချင်တဲ့ ရှင်မောဂ္ဂလာန်အ ကြောင်းကတော့အဲဒါဘဲ ၊ မေမေတွေ မေမေဖြစ်မဲ့လူတွေဒီစာကိုဖက်မှိရင်အဲလိုမလုပ်ကြနဲ့ပေါ့၊ ဖေဖေတွေ ဖေဖေ လုပ်မဲ့ လူ တွေပါရင်တော့ ပါးလိုမလုပ်ကြနဲ့ပေါ့ ၊ ဟုတ်ကဲ့ ကျွန်တော်ဇေတာရာ ပါခင်မျာ ။

4 comments:

မဗေဒါ (၈၈) said...

အမယ်လေး မောင်ဇေ..

ဖတ်ပြီးတော့ စားထားတဲ့ ထမင်းဟင်း (ပေါင်မုန့်.. သရက်သီး အမှည့်) တွေ ပြန်ထွက်မလာအောင် မနည်းထိမ်းဖတ်ရတယ်..။ စာကို အဲလောက်တောင် အပြတ်အတောက်.. ပြောတဲ့စကားကို ကွင်းလေးထဲ ထည့်ရေးပါတော့လား..(ဆရာလုပ်နေတာ)..။ အခုတော့ ရင်ပါစို့တယ် စာတွေကြပ် နေလို့..။

အင်း ဇေ့အမေ့ကလည်း အင်မတန်နူးညံ့တဲ့ နုလုံးသားပိုင်ရှင်ပါပဲ.. မင်းတို့ ငါတို့ သားသမီးတွေကတော့လည်း တရားသဘောနဲ့ ပြောရင် `အဟောသိကံ `လေးတွေပါပဲ..။ အဲဒါကို မိဘဆိုတဲ့ သူများက မျှော်လင့်ချက်တွေနဲ့ ဝမ်းနည်း.. စိတ်ဆိုး ရတာတွေနဲ့ အစဉ်နိုင်သလောက် ဖြည့်ပေးတာကလည်း လောဘတဏှာပါပဲ.. (တရားပေးသံ) တကယ်တော့လည်း ရင်မောစရာပဲနော်..။

မောင်ဇေကတော့ ဟိုစာအုပ်ထဲကလို မဖြစ်တောင် အနဲဆုံးတော့ ၅ နှစ် လောက် နေမှ ထမင်း (ဟင်းမပါ) တခွက်.. ဒါမှမဟုတ်လည်း အဝေး အနီးကနေ အမေကို ပြန်ခံပြောမှာတော့ သေချာသလောက်ပဲ..။ မိန်းမကြောင့်တော့ဟုတ်ဘူး.. အခုကတည်းက ပြန်ပြောနေပုံကိုထောက်ပြီး ဟောပေးတာ.. ဟဲ..။

အဖေနဲ့ အမေကို များများချစ်ပါ..သူတို့ ပြောတာ မှားနေတယ် တဘက်သက် လို့ ယူဆရင်လည်း အပြုသဘော အကောင်းဘက် ဦးတည် ဆွေးနွေးပေါ့..။ ဒါ အိမ်က သမီးကို ပြောနေကျလေသံပဲ..။

ခင်တဲ့ ဗေဗေ

ချော(အစိမ်းရောင်လွင်ပြင်) said...

မြင်ပါတယ် မြင်ပါတယ်....
မကြာခင်မှာ မိဘနေရာ ကိုယ်တိုင် ရောက်လာတော့မှာပါ.. ဒီတော့မှ မိဘမေတ္တာကို ကောင်းကောင်းကြီး သဘောပေါက်လာပေဦးမယ်.. ခုချိန်မှာတော့ တရားမဟောတော့ဘူး .. တော်ကြာ မချောက ဘာညာဆိုပြီး ဘလော့ပေါ်တင်နေဦးမယ်း)
အရာရာကို အချိန်လေးတစ်ခု ပေးလိုက်တဲ့အခါမှာ မှန်ကန်တဲ့ အသိအမြင်လေးတွေ ရရှိလာမှာပါ.. အချိန်တစ်ခုတော့ လိုပေလိမ့်မယ်.. အဲဒီအချိန်က ကိုယ့်သားသမီးတွေ ရလာတဲ့အချိန်ပေါ့...

ကိုကိုးအိမ်(မန္တလေး) said...

အားလားလား စာရေးတာတော့ ဖလန်းဖလန်းထနေ တာပဲဗျို့။ ဒါပေမယ့် ဖြတ်မရေးတော့ မျက်မှန်တပ်ပြီး ကွန်ပျူတာကိုကပ်ဖတ်ရတယ်။ အိမ်ကအမေလည်း အဲဒီလိုပဲဗျို့။ ဟိုကဒီကနေ ဇာတ်ကြောင်းလေးမကြား လိုက်နဲ့။ ရပ်ကွက်ထဲကကောင်လေးမိန်းမခိုးသွားလည်း နင်တို့က ဆိုပြီးဆူ၊ အရပ်ထဲကကောင်လေးတစ် ယောက်စာမေးပွဲကျလည်း နင်တို့က ဆိုပြီးဆူနဲ့ပါဗျာ။ အင်းလေ ၀ါသနာကိုး.. ချစ်တော့လည်း အလိုလိုက်ရ တာပေါ့နော့ .. ကိုးက အမေချစ်လေ.. အဟဲ

ခင်မင်လျှက်
ကိုကိုးအိမ်

Myanmar Good Knowledg Co., Ltd said...

ကိုဇေ
မဗေဒါဆုံးမတာ တကယ်ကောင်းတယ်နော်။

အခုတော့ သားသမီးပေါ့။

ဒီပို့စ်ကိုနောက် အနှစ်၂၀မှာရေးမယ့် ကိုဇေရဲ့ ပို့စ်နဲ့ ပြန်လာဖတ်ချင်သေးတယ်။

ခင်မင်စွာဖြင့်

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ပါစေနော်...